koko

koko

Wednesday, February 1, 2012

သျှမ်းနီလူမျိုးတို့၏ စည်တော်နိုင်ငံ

တိုင်းလျဲန်ခေါ် သျှမ်းနီ တိုင်းရင်းသား လူမျိုးများသည် မိုးကောင်း ၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသို့  သျှမ်းအခေါ် မိန်းကောင်း (အိုးစည်မြို့)၊ မိန်းယမ်း (ဗျိုင်းမြို့)၊ မိန်းမိတ် (ဓါးမြောင်မြို့) ၀မ်းဆေ (ကျားကွင်းမြို့) စသည့် မြို့ပြ လက်နက်နိုင်ငံငယ် ( City State ) များကို ထောင်လာ ခဲ့သော သျှမ်းညီနောင် သုံးဦးမှ ဘိုးတော် ဂနာလရာဇ်တိုင်း ရွီးရွှမ်း ဘုရင်မင်းမြတ် ဦးတည်မင်းထံ လူသူ လက်နက်များ တောင်ခံကာ စတင်တည်ထောင် လာခဲ့ကြရာမှ ပေါက်ဖွားဆင်းတက် လာသော သျှမ်းမျိုးနွယ်စု များဖြစ်သည်။ (သျှမ်းသမိုင်းက အခိုင်အမှာပြဆိုသည်။)

ရှေးသမိုင်း သက်သေ အထောက်အထား အခိုင်အမာရှိခဲ့သော သျှမ်းနီလူမျိုးများ အကြောင်းကို တင်ပြရပါလျှင်..

သျှမ်းနီနိုင်ငံတော်ကို အချို့သမိုင်းဆရာများက မိုးကောင်းခေတ် ဟုခေါ်ဆို ရေးမှတ် ခဲ့ကြသည်။ မြန်မာ့သမိုင်း တလျှောက်တွင် မိုးကောင်း မိုင်းညှင်း၊ မိုးမိတ်၊ သောင်သွတ်၊ ခန္တီးလုံ၊ ဟုမ္မလင်း၊ တွင်နေထိုင်ကြသော သျှမ်းနီ များကို မောသျှမ်းကြီးများဟုလည်း ရေးလေ့ရှိသည်။

ရှေးခေတ် ဝေါဟာရအားဖြင့် ကျိုင်းဟုန်ဟု ခေါ်သော မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မီ ၁၄၈ (ခရစ်သက္ကရာဇ် မတိုင်မီ ၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယ ဥက္ကဌ (၂) နိုင်ငံခြား ဘာသာ သိပ္ပံကောလိပ် ကျောင်းအုပ်ဟောင်း ဆရာကြီး ဒေါက်တာ စိုင်းအောင်ထွန်း   ရေးသားပြုစုသော တိုင်းလူမျိုးစုများ ပြန့်နှံ့ နေထိုင်ပုံ သမိုင်း စာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)တွင် စကုဒေသသည် AD 1120 မှစ၍ ခန္တီးသျှမ်းတို့ နေထိုင်ရာဒေသ ဖြစ်   ကြောင်း       ဖော်ပြထားသည်။

ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာ့ ရာဇ၀င်တွင် ပုဂံကျောက်စာများ၌ “ခန္တီး”ဟူသော ဝေါဟာရကို အကြိမ် (၂၀)ထက်မနည်း တွေ့ရှိရကြောင်း ဖော်ပြထားသည်၊

၁၈၃၃ တွင် မဏိပူရသို့ ရောက်ခဲ့သော မေဂျာပင်ဘာတန်သည် သျှမ်းသမိုင်း မှတ်တမ်းတစ်စောင်ကို ရရှိခဲ့ပြီး ဘာသာပြန်ဆိုခဲ့ရာ ၎င်းမှတ်တမ်းအရ ပေါင်မင်းနိုင်ငံ အမည် ပေါ်ထွက်လာရခြင်းဖြစ်သည်။ အဆိုပါ မှတ်တမ်းအရ ၁၃၃၂ တွင် ပေါင်မင်းနိုင်ငံကို အုပ်စိုးသူ (မိုးကောင်းစော်ဘွား ) ကိုဆိုလိုခြင်းဖြစ်သည်။

သျှမ်းစည်တော်နိုင်ငံ (Country of Drum)


လူ့အဖွဲ့အစည်း၊ လူ့သမိုင်းတိုးတက် ပြောင်းလဲလာမှုကို လေ့လာရာတွင် မိသားစု အစုအဝေးမှ တဖြည်းဖြည်း တိုးတက်လာပြီး မြို့ပြနိုင်ငံ (City State )၊ မင်းပြည်ထောင် (King Dam)၊ လက်နက်နိုင်ငံ (Empire)၊ ဟူ၍ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။

1.သျှမ်းလူ့အဖွဲ့အစည်း (Shan Society)

2.အုပ်ချုပ်သူလူတန်းစား ( Nobility Class) ဟူ၍လူတန်းစား     နှစ်ရှိသည်။

အုပ်ချုပ်သူကို စော်ဘွား (Soahpa) မျိုးရိုးသည် တော်ဝင်မိသားစုဖြစ်သည်။

မျိုးရိုးအမည်ကို နာမည်ရှေ့တွင် (Soa, Hkun, Nang) စေ၀်၊ ခွန်၊ နန်း စသည်ဖြင့် အမည်မှည့်ခေါ်သည်။

Tai Leng သျှမ်းနီ စော်ဘွားများသည် Golden Tiger (Hkam Hso) ရွှေရောင်ရှိသော ကျား အမည်ကို ခံယူ သည်။ စော်ဘွား အခြေစိုက်နေထိုင်ရာနေရာကို (Haw) (ဟော်) ၊ ဟုခေါ်သည်။

 မြို့(Mo”ng) ကိုမိန်း ရွာကိုဘန့်  သို့မဟုတ် မှန့် နှင့်  (Bann / Mann) ရွာများကို အုပ်ချုပ်သည်။

အမတ် (Amat) များကို အတွင်း၊ အပြင် ခန့်ထား၍ ၎င်းတို့အောက်တွင် စော်ဘွားခန့်ထားသော ရွာကြီးအမှူး (Paw Maing) ပေါ်မိန်း များကို ၊ ဟိန် (Assistant Administrative Officer) များခန့်ထား အုပ်ချုပ်သည်။

 စော်ဘွားနှင့် အမတ်များသည် မျိုးရိုးစဉ်ဆက် ဆက်ခံနိုင်သည်။

မိုးကောင်းစော်ဘွားပိုင်နယ် (ဥဒေဂရိတိုင်း) တွင် မိုင်း ၉၉ လုံးရည်။ အမှတ်တံဆိပ်မှာ သျှမ်းအိုးစည် ဖြစ်သည်။ မိုင်းညှင်းစော်ဘွားပိုင်နယ် (အာဋ၀ီရတိုင်း) တွင် မိုင်း ၃၃ လုံးရှိသည်။

အမှတ်တံဆိပ်မှာ ဗျိုင်းဖြစ်သည်။

2.သာမန်လူတန်းစား (Ordinary Clss)
လူဦးရေ အများဆုံးဖြစ်သော လယ်သမားများ ဖြစ်သည်။ နား (Na) ခေါ် လယ်မြေများကို စိုက်ပျိုးကြသည်။

3. အနှိမ့်ဆုံးလူတန်းစား (Lower Class)
ငါးဖမ်းသူ၊ ၀က်မွေးသူ၊ အရက်ရောင်းသူ၊ သားသတ်သမားများ ပါဝင်သည်။

အမည်မှည့်ခေါ်ပုံနှင့် ရိုးရာ


အမိအဖ မျိုးရိုးနှင့် အကြိမ်အရေအတွတ်ကို လိုက်၍ “လံရေ၊ လအီ၊ လအမ်၊ လအို့၊ လအစ်၊ လပို၊ လမို”   ဖြင့်၎င်း၊ သားသမီးများအား အိုက်၊ ယီ၊  နန့်အီ (ဒုတိယသမီး)၊ နန့်အိုင် (စတုတ္ထသမီး) ဟူ၍၎င်း၊   ယောင်္ကျားလေးများကို အိုက်ညီ၊ အိုက်ဆယ်၊ အိုက်ပန် ဟူ၍ ကြီးစဉ်ငယ်လိုက် မည့်ခေါ်သည်။



နှစ်သစ်ကူးကာလသည် နတ်တော်လ (လင်းစိန်း) ဖြစ်ပြီး၊ နောက်ဆုံးလမှာ တန်ဆောင်မုန်းလဖြစ်သည်။ အရှေ့နွယ် တိုင်းလျဲန် (သျှမ်းနီ) အမျိုးသားများသည် သျှမ်းဘောင်းဘီ ရှည်ကို၎င်း၊ အနောက်နွယ် တိုင်းလျဲန်တို့သည် ပုဆိုးကို၎င်း ၀တ်ဆင်သည်။ အင်းကွတ်၊ ထိုးကွင်း၊ မင်ကြောင်ကု အမျိုးသားများတွင် ထိုးကြသည်။
                                                               ရိုးရာနတ်များ


ဆောက်ဆန်လုံနတ် (မိုးကောင်းအရှင်ကြီး) သည် စောမောင်အိုင်နှင့် အကိုစောလုံ ငန်းဘွတို့ တမလွန်တွင် သျှမ်းရိုးရာတန် အဖြစ် ကိုးကွယ်သည်။ နတ်ကွန်းကို တဆောင်စီ သီးခြင်းဆောက်လုပ်၍ ကျွဲကို သတ်ကာ အူ၊ အသဲ အမြှစ်၊ အသားများကို တွဲလောင်းချိတ်ပြီးပူဇော်ပသသည်။ ၎င်းနတ်ကို သျှမ်းပြည် အရှေ့ပိုင်း တွင်လည်း ပူဇော်ပသ၏။

မိုးကောင်းမြို့စောင့်နတ် (Mong nat of Mogaung) များမှာ-
Chow Pya Ho Seng
Chow Su Kap Ha
Chow Sam Loung Hue Mong ဟူသော ညီအကို ၃ ပါးကို ၀ါးနှင့် ပြုလုပ်သော နတ်စင်သီးခြား စီဆောက်၍ ကိုးကွယ်ကြသည်။ မြို့ကိုကာကွယ် စောင့်ရှောက်သည်ဟု ယုံကြည်လက်ခံ ထားသည်။
သျှမ်းတို့ရွှေ့ပြောင်းရခြင်းအချက်များ


၁. နေရာသစ်ရှာ၍ အခြေတကျနေထိုင်လိုခြင်း။


၂. ပင်ကိုယ်စိတ်၌ စစ်တိုက်ခိုက်လိုစိတ်ရှိခြင်း။


၃. မြောက်ဖက်အရပ်မှ တိုက်ခိုက်လာမည့် ရန်ကြောင့် ယူနန်တောင်ဖ်နုင့် အနောက်ဖက်ကို   ရွှေ့ပြောင်း သည်။    ပထမအကြိမ်ရွှေ့ပြောင်းသော (Tai Long/ Great Tai) သျှမ်းကြီးများ၊ နောက်အကြိမ်   ရွှေ့ပြောင်းသော ( Tai Noi/ Little Tai) သျှမ်းကလေးများဟူ၍ နှစ်မျိုးအနက် သျှမ်းကများရွှေ့ပြောင်းမှုက သမိုင်းတွင် ပို၍အရေးပါသည်။



တရုတ်သမိုင်းဦးဖော်ပြချက်အရ 128.BC တွင် မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်၍ အန္ဒိယ- ယူနန် သွားရန် လမ်းကြောင်းကို ဖော်ပြသည်။ AD.69 ၌ Yung Ch’ang ကို ယူနန်နယ်တွင် ထူထောင်သည်။

AD.342 ၌ Yung Ch’ang ကို  (Han dynasty) တရုတ်တို့သိမ်းသည်။

 ယူနန် အနောက်ပိုင်း ဖြစ်သော   မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသမှ ကြံ၊ ဆင်၊ လိပ်ခွံ၊ ကျောက်စိမ်း၊ ပယင်း၊ ရွှေ၊ ငွေ၊ ဆား၊ သစ်ကြပိုး၊ ၀ါဂွမ်း တို့ထွတ်ရှိသည်။

AD.650 ၌ နန်ချောင် (Nan Mao) မြို့တော်ကို တာလီ (Tali)  တွင် Hsi-Nu-Lo ကထူထောင်သည်။ 

AD.750 ၌ နန်ချောင်ဘုရင် ကူလူဖန် (Ko-lo-feng) လက်ထက်တွင် ပျူနိုင်ငံကို   ဖြတ်သော အန္ဒိယ၊ ယူနန်သွားရာလမ်း များစွာပွင့်သွားသည်။

၎င်းလက်ထက်တွင် ခန္တီးလုံဒေသကို တိဘက်ရန်ကာကွယ်ရန် ခံမြို့အဖြစ်တည်ထောင်သည်။ AD.1000 ၀န်းကျင်၌ ခန္တီးလုံသည် နန်ချောင်တို့၏ လက်အောက်ခံပြည်နယ် တခုဖြစ်လာသည်။



AD.832 ၌ နန်ချောင်တို့ ပျူ (သရေခေတ္တရာ) နှင့် AD.835 မွန်(ပဂေါ်) ကိုဝင်ရောက် ဖျက်ဆီးသည်။ 
AD.1010 ၌ သျှမ်းများသည် ရမည်းသင်း၊ ပျဉ်းမနား၊ မိတ္တီလာ၊ မကွေး၊ ကျောက်ဆည်၊ မန္တလေးနှင့်   မြောက်ဖက်နယ်များကို လွှမ်းမိုးခဲ့သည်။

AD.1253 တွင် ကူဗလိုင်ခန် (Kublikhun) သည် နန်ချောင်နှင့် AD.1287 ပုဂံ (Pagn Dynaty) ကို ၀င်ရောက်သိမ်းပိုက်သည်။

ထိုအချိန်မှ သျှမ်းတို့တောင်ဖက်နှင့် အနောက်ဖက်သို့ ရွှေ့ပြောင်းရာ 
AD.1285 တွင် ဗန်းမော် (Man Maw) ကို၎င်း၊ မိုးမိတ် (Mong Mit)၊ အုန်းဘောင် (On Baung)၊ Hsenwi မြို့များကို တည်ထောင်သည်။ ထိုမှ မိုးကောင်း (Mong Kawng)၊ မိုးညှင်း (Mong Yang)၊ ၀န်းသို (Waing Hso)၊ ကသာ (Kat Hsa) မြို့များ တည်ထောင်သည်။ 

AD. 1296 ခန့်လောက်တွင် မိုးညှင်းသို့ သံစေလွှတ်ခြင်းကို တရုတ်မှတ်တမ်း များတွေ့ရှိရသည်။
Tai Leng စော်ဘွားဆက်များ

(AD. 1340-1371) Sao Hso Khan Pha/ Hso Kip Hpa (Si Ke- Chinese text) မိုင်းမောကို အုပ်စိုးသည်။

 ကျောက်ဆည်နယ်တွင် အခြေချသော သျှမ်းညီနောင်သုံးဦးကို ဇင်းမယ်ကကူသလို၊ မိုင်းမောသည် စစ်ဆောင်ပန္နားနှင့် မဟာမိတ်ဖွဲ့သည်။ ၎င်း၏ညီဖြစ်သူ Sao Hsam Long Pha သည်

ဗန်းမော်မှတဆင့် မိုးကောင်းတွင် တပ်မကို အခြေချပြီး ဒုတိယမြို့တော် တည်ထောင်သည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်ကို ဖြတ်ပြီး ကဘောချိင့်ဝှမ်း (Kabaw Valley)၊ ချင်းနယ်မြောက်ပိုင်း၊ မဏိပူရ၊ ကချာ၊ အာသံ (Ahon) ကို သိမ်းသွင်းအခြေချ နေထိုင်ခဲသည်။

Sao Hsam Long Pha လက်ထက် မိုးကောင်းကို ဗဟိုပြု၍ မိုင်း ၉ ၉  လုံးအုပ်ချုပ်သော မြောက်ပိုင်းသျှမ်းများသည် ၎င်းတို့ကိုယ်ကို TAI LENG ( သျှမ်းနီ) ဟုခေါ်သည်။

အခြားသူများက  မြန်မာဆန်သော Tai Leng သျှမ်းနီများကို ၁၉၆၂ နေ၀င်းအစိုးရမှ သျှမ်းဗမာ (Shan B’mah) ဟုခေါ်သည်။ ၎င်းမျိုးနွယ်စုမှ မြောက်ဖက်စွန်းသို့ ရွှေ့ပြောင်းနေထိုင်ကြသူများကို Tai Khamti တိုင်းခန္တီးဟုလူသိများသည်။



Tai Long, Tai Mao နှင့် Tai Nu စသော သျှမ်းမျိုးနွယ်များသည် ဗန်းမော် (Man Maw)၊ မိုးမောက် (Mong Mauk)၊ ၀ိုင်းမော်(Waing Maw)၊ ခပ်ချို (Kat Kiao)၊ နမ္မား(Nan Ma)၊ နမ္မတီး(Nan Ti)၊ မိုးကောင်း၊ မိုးညှင်း စသည့် ဒေသများတွင် နား(Na)ခေါ် လယ်ယာမြေများ ဖော်ထုတ်လုပ်ကိုင်ကြသည်။



AD.1364 တွင်  ပင်းယဘုရင်မှ တိုက်ခိုင်းသဖြင့် စော်ဘွား၏ညီဖြစ်သူ သိုချည်ဘွား (Sao Hsam Long Pha) သည် စစ်ကိုင်းကိုတိုက်သည်။ မကူညီသောကြောင့် တဆက်တည်း ပင်းယကို တိုက်၍ ဘုရင် မိုးကောင်းသို့   ခေါ်ဆောင်သည်။ မှန်နန်းတွင် မောပါနရသူ ဟုခေါ်သည်။ ထိုနှစ်တွင် သတိုးမင်းဖျား အင်းဝ ကိုတည်ထောင်သည်။ 



AD.(1413-1445/6) တွင် မိုးကောင်းစော်ဘွား (စော်ဘွားဟူသော စကားသည် သျှမ်းလို စောက်ဖှ သည်    မြန်မာပြန်သော မြေကြီးနဲ့ကောင်းကင်ကို စိုးမိုးသောသခင်) သိုငံဘွား (Sao Ngan Pha/ Hso Wen Hpa) ဖြစ်သည်။ ၎င်းလက်ထက်တွင် ယူနန်အနာက်ပိုင်းကို ထိပါးသဖြင့် တရုတ်တို့နှင့် စစ်ဖြစ်သည်။ မင်မင်းဆက် (Mai Dynaty) သမိုင်းအရ ၀မ်ချီ (ဆင်ရွှေဝင်း- မှန်နန်း) စစ်သူကြီးသည်

သိုငံဘွား (Sa Ren Fa-Chinese text) နှင့် သားဖြစ်သူ သိုချည်ဘွား (Si Ji Fa-Chinese text) ကိုယူနန်၊ မြန်မာနယ်ခြားဒေသမှ ဧရာဝတီမြစ် အနောက်ဖက်ကမ်း မိုးညှင်းနယ်အတွင်း (AD.1445မှ 1450) ထိအောင်တိုက်ခိုက်ကြသည်။ 


AD(1445/6-1449) တွင် သားဖြစ်သူ သိုချည်ဘွား (Sao Ki Pha / Chau Si Pha) သည် ဖခင်ကျဆုံးပြီး   စော်ဘွားအရာကို ရသည်။

တရုတ်တို့နှင့် စစ်ဆက်လက်တိုက်ခိုက်ရာတွင် ကျဆုံးသည်။

AD.(1449-?စီစစ်ဆဲ)တွင် မိုးကောင်း စော်ဘွား အဖြစ် Si Bu Fa (Chinese-text) ဟော်နန်း ဆက်ခံသည်။

AD.(1475-?စီစစ်ဆဲ)တွင် မိုးကောင်းနှင့် မိုးညင်း   စော်ဘွားများ စစ်ဖြစ်သည်။

AD.(?စီစစ်ဆဲ-1532)တွင် ကျွမ်းစည်စား မိုးညှင်းစလုံး (Sawlon) (Hso Long Hpa) (Si Lun Fa-Chinese text) သည်။

မိုးကောင်းမင်းတရားကြီးဘွဲ့ ကိုခံယူ၍ မိုးကောင်းစော်ဘွားအဖြစ် ဟောနန်းဆက်ခံသည်။

ညီဖြစ်သူကို ကျမိုင်းရာထူး (Heir Apparent) အပ်နုင်းထားသဖြင့် သားဖြစ်သူ အရွယ် ရောက်သောအခါ   ဟောနန်း   ပေးစရာ  မရှိပေ၊ စစ်တိုက်ရာတွင် ဗျိုင်းအာင်လံကို အသုံးပြုသည်။ အခြားစော်ဘွား ပြည်နယ်များနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ် (Feudal Federation) ဖြင့် သျှမ်းအိုးစည်နိုင်ငံအား မိုးကောင်းကို ဗဟိုပြု၍ တည်ထောင်သည်။



AD.(1503-1507,1518)တွင် မြေဒူးကို၎င်း၊ (AD.1512)၌ ဗန်းမော်၊ (1520)တွင် ကလေး၊ (1522)၌ မင်းကင်း စသည့် စောဘွားများကို၎င်း၊ (1525)တွင် စစ်ကိုင်း၊ AD.1527တွင် အင်းဝကို သိမ်းပိုက်ပြီး သားဖြစ်သူ သိုဟန်ဘွား (Thohanbwa) အား အင်းဝထီးနန်းကို ဆက်ခံစေသည်။  AD.1532၌ သားဖြစ်သူ သိုဟန်ဘွားနှင့်အတူ ပြည်ဘုရင်ထွေးကို သွားရောက် ဖမ်းဆီးပြီးနောက် စစ်ကိုင်းတွင် လွှတ်ပေးသသည်။

ယင်းမှအပြန်လမ်း အမတ်များ လုပ်ကြံခြင်းခံရသည်။

 AD.1543တွင် အင်းဝ ဘုရင် သိုဟန်ဘွား လုပ်ကြံခံရသည်။  AD.1555တွင် မိုးကောင်းစော်ဘွားနှင့် အုန်းဘောင်စော်ဘွား စစ်ဖြစ်သည်။

AD.(1557) မိုးကောင်းစော်ဘွား Sao Peng လက်ထက်တွင် ဘုရင့်နောင် (Bayinnaung)သည် မိုးကောင်းအပါအ၀င် သျှမ်းပြည်အားလုံးကို သိမ်းသွင်းသည်။ စော်ဘွား Sao Peng ကိုပင် စော်ဘွားအရာ ဆက်ပေးသည်။



18-ရာစု ကုန်းဘောင်းခေတ်တွင် အာသံ (Ahom)၊ ဟူးကောင်းချိုင့်ဝှမ်း (Hukawng Valley)နှင့် ခန္တီးလုံဒေသ တို့ကို မိုးကောင်း စော်ဘွား Chow Ta Khuen Meng ကစုစည်း၍ “Kingdom of Nora” ကိုထူထောင်သည်။



AD(1761-1777) တွင် စော်ဘွား စောရွှေမော်၏သား စောဟော်ခန်း (Haw Hseng)က ၁၆ နှစ်ဖြစ်၏
 AD(1761-1783)တွင် စော်ဟော်ခန်း၏ ညီစောခိုင်သည် ဟော်နန်းသက် ၆နှစ်တွင် ဖယ်ရှားခံရသည်။
 AD(1783-1787)တွင် စောဝျံခံသား စောဖြူက ဟော်နန်းသက် ၄နှစ်ဖြစ်၏


AD(1787-1795)တွင် စောဖြူညီ စောကျော်က ဟောနန်းသက် ၈နှစ်ဖြစ်၏ 
AD(1795-1810)တွင် စော်ဟော်ခန်း၏ညီ စောခိုင်သည် မိုးကောင်းဟော်နန်းကို သား၊ မြေးများ အကူညီနှင့် ပြန်ဆက်ခံသည်။ ၎င်းလက်ထက်တွင် တတိယမြောက်မိုးကောင်းမြို့ ပျက်စီးသည်။ 

လွှဲလော ရွှေကျောင်း ဆရာတော်၏ လက်ရေးမှုအရ ယင်းနေရာ မိုင်းကောင်း၊ ကားမိုင်းလမ်းနှင့် မြစ်ကြီးနား၊ မန္တလေး ကားလမ်းဆုံရာတွင် ဖြစ်သည်။ ယနေ့တိုင် မိုးကောင်းမြို့ဟောင်းဟု ခေါ်ဆိုနေကြပါသည်။ ယခုမိုးကောင်းနှင့် ၈မိုင်ခန့်အကွားတွင်ရှိသည်။ မိုးကောင်းစော်ဘွား ၂၉ ဆက် ဆက်ခဲ့သည်။

၁၂ နှစ်ကြာသော စော်ဘွားမရှိခဲ့ပေ။

AD(1822-1827)တွင် စော်ဘွားခွန်ကောင်းဆိုင် (စောငန်းမိုင်းလုံ)က ဘုရင်မှပေးသော စောဆုဆုင်ခက်ဘွ ဘွဲ့တော်ဖြင့် လက်ရှိ မိုးကောင်းမြို့ကို တည်၍ ဟော်နန်းပြန်စိုက်ခဲ့သည်။

၎င်းစော်ဘွားလွန်သော စော်ဘွားဆက်ပြတ်ပြီး မြို့ဝန် (၅၄ ဆက်) ကို မြန်မာဘုရင်က တိုက်ရိုက်ခန့်ထား အုပ်ချုပ်ခဲ့သည်။ 

AD(1883)တွင် စော်ဘွား စော်ဟော်ခန်း၏ အဆက်အနွယ်မှ မောင်ရွှေလီ ဦးဆောင်၍ ပုန်ကန်ရာ တိုင်းလျဲန်မျိုးနွယ် ၀န်းသိုစော်ဘွား ဦးအောင်မြတ်   နှိမ်နှင်းနိုင်သဖြင့် သိုဟုံဘွားဘွဲ့ကို သီပေါဘုရင်မှ ချီးမြင့်ပေးအပ်သည်။ ထိုသို့နှိမ်နှင်းမှုကြောင့် မြစ်ကြီးနားဒေသတွင် တိုင်းလျှဲန်ရွာများ ဖျက်ဆီးခံထား ရပြီး

AD.(1890) တွင်  အင်္ဂလိပ် စစ်မှတ်တမ်းများအရ တိုင်းလျှဲန်ရွားပေါင်း ၁၈ ရွာကျန်ရှိနေသည်။



အထက်မြန်မာပြည် မြောက်ပိုင်းတွင်နေထိုင်သော  ဒေသခံသျှမ်းအမျိုးအနွယ် များမှာ တိုင်းလျဲန် (သျှမ်းနီ) တိုင်းခန္တီး (ခန္တီးသျှမ်း)၊ တိုင်းနေ (သျှမ်းတရုတ်)၊ တိုင်းလုံ (သျှမ်းကြီး) တိုင်းဂဒူး၊ တိုင်းဂဏန်း၊ တိုင်းဖွန်း၊ တိုင်းဆာ(ခေါ်) မိုင်းသာသျှမ်း တို့ဖြစ်သည်။  တိုင်းလုံ (သျှမ်းကြီး) မှလွဲ၍ ကျန်အားလုံးတို့ တိုင်းလျဲန်အုပ်စုဝင် များပင်ဖြစ်သည်။

မိုးကောင်းမြို့ကို ရှေးယခင်းက မိန်းကောင်းဟု ခေါ်ဆိုခဲ့ကြသည်။ “မိန်းကောင်း” (Ming Gawng) သျှမ်းဘာသာ စကားဖြစ်သည်။ မိန်းသည်= မြို့တော် ဟုအဓိပ္ပါယ် ရပြီး ကောင်းမှာ = အိုးစည် ဟုအဓိပ္ပါယ် ရသဖြင့် မိန်းကောင်း ကို“အိုးစည်မြို့တော်” ဟု အဓိပ္ပါယ် ရသည်။ ကာလကြာ လာသောအခါ  “မိန်းကောင်းမှ   မိုးကောင်းဟို“ တွင်လာခြင်းဖြစ်ပါသည်။

မိုးကောင်း လေးကြိမ် လေးနေရာ ပြောင်း၍ တည်ခဲ့ ကြောင်းမှတ်တမ်း များအရ သိရသည်။   ရှေးလူကြီးများ၏ ပြောကြားချက်ကို ဆက်စပ်ညှိနှိုင်း မှုအရ ပထမ မိုးကောင်းမြို့၏တည်နေရာမှာ သျှမ်းဘာသာ စကားအရ ပူကမ်းမြို့ ခေါ်သော ကားမိုင်းမြို့ ဖြစ်သည်။ ဒုတိယ မိုးကောင်းမြို့ ၏တည်နေရာမှာ ကားမိုင်းမြို့အနီး ပတ်လှော် နေရာဖြစ်သည် ဟုဆိုပါသည်။

တတိယ မိုးကောင်းမြို့ ၏တည်နေ ရာသည် ယခုမြို့ဟောင်းနေရာ ဖြစ်ပြီး၊   စောဘွားကြီး ခွန်ကောင်းဆိုင်း ကတည်ခဲ့ခြင်းဖြစ်သည်။ မြို့အမည်မှာ “မိန်းကောင်းဆိုင်း” ဖြစ်ပါသည်။ ကျောင်းကန် ပုထိုးများဖြင့် ထင်ရှားပြီး ဘာသာ သာသနာ ရောင်ဝါ ထွန်းလင်းခဲ့ပါသည်။
ညောင်ရမ်းမင်းတရားကြီး လက်ထက် ကောဇာ(၉၆၁) လက်ထက်တွင် “တတိယ မိန်းကောင်း (မိုးကောင်း)” ပျက်သုန်းခဲ့ပါသည်။

စတုတ္ထမိုးကောင်းမြို့ကို ကောဇာ(၁၁၅၃)ခုနှစ် နတ်တော်လဆန်း (၁၂)ရက်၊ အင်္ဂါနေ့ နံနက် အာရုဏ်တက် ချိန်   တွင် မြို့ဟောင်း စော်ဘွားကြီး၏သား စောက်မောင်ဆိုင် နန့်ရင်းချောင်းနှင့် နန့်ကောင်းဆုံရာတွင် မြို့စတင် တည်ခဲ့ပါသည်။ မိုးကောင်းမြို့သည် ကောဇာသက္ကရာဇ် (၁၁၅၃)ခုနှစ်ကို မှတ်သားရ လွယ်ကူ   စေရန်      “အိမ်အောက်မြစိမ်း မိုးကောင်းကိန်း” ဟုစပ်ဆိုခဲ့ပါသည်။

ရာဇ၀င်မှတ်တမ်းများ၌ တွေ့ရသော သိုဟန်ဘွားမင်းစော(ဆိုခန်ဖှ) သည်တစ် ဦးတည်း မဟုတ်ဘဲ နာမည်တူများ (ဆိုမိသားစုမင်းမျိုးနွယ်စုဝင်များ) ဖြစ်ကြပြီး၊ သက္ကရာဇ်ကာလအားဖြင့် ကွဲပြား၏။ နန်ချို သျှမ်းဧကရာဇ်မင်းဆက်(AD 650-1252 ) နှောင်း၌တစ်ဦး၊ မောသျှမ်းတိုင်းပြည် စယ်လန့် ဧကရာဇ် မင်းဆက်(AD 1300-1772 ) ၌တစ်ဦး၊ မိုးညှင်းမင်းတရားကြီး စ၀်စောလုံ၏သား အာဝနန်းရှင် သိုဟန်ဘွား (AD 1505-1547 ) ကတစ်ဦးဖြစ်ပါသည်။ သူတို့အားလုံးသည် “ဆို” မင်းနွယ်ဝင် များမှ   ဖြစ်ကြပါသည်။


နန်ချို  ဧကရာဇ်     (ရှစ်ရာစု)    လည်းရောက်ခဲ့သည်။ (AD 1321 ) ကာလ၊ မောသျှမ်းဧကရာဇ် သိုဟန်ဘွားကိုယ်စား သူ၏ ညီတော် စ၀်ဆမ်လုံး သွားရောက်ခဲ့သည်။ အသွားအပြန် ခရီးသုံးနှစ် ကြာခဲ့သည်။ စ၀်ဆမ်လုံသည် အပြန်ခရီး မိုးကောင်း(Mong Kong )၌ တစ်ထောက်နားစဉ် အဆိပ်မိ၍ ကွယ်လွန်ခဲ့သည် သူ၏နောက်လိုက် စစ်တပ်ဗိုလ်ပါ ပေါင်းသည် မောသျှမ်းဧရာဇ်ပြည် စယ်လန့်သို့မ ပြန်ကြတော့ဘဲ ယခုရောက်ရှိ သျှမ်းတွေရှိရာ နေရာ၌ပင် မြို့တည်လယ်လုပ်၍ နေထိုင်လာကြတော့သည။ယခု မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသို ဟုခေါ်တွင်လျှက်ရှိသော သျှမ်းမျိုး   နွယ်စုများ၏ မြို့ပြ နိုင်ငံငယ်များသည် နှစ်ပေါင်းသုံးထောင် နီးပါးရှိပြီ   ဖြစ်သဖြင့် ဤနယ်ဒေသတို့ သျှမ်းမျိုးနွယ်စု များဝင်ရောက်   နေထိုင်လာခဲ့သည် မှာလည်း  နှစ်ပေါင်း သုံးထောင်ထက် မနည်းတော့ကြောင်း သုံးသပ်ရပါသည်။

<-- စ၀်ဆန်လုံ အရိုးအိုးစေတီတော် မိုးကောင်းမြို့နယ် နမ္မတီးမြို့

အာသံသည် ဗမာဧရာဇ်၏ စောင့်ရှောက်ခံ နေရသည့်ကာလ ရှိပါသည်။ သျှမ်း ဧရာဇ်များ၏ စောင့်ရှေက်ခံနေရသည့် ကာလက ပို၍များပါသည်။ ဝေးလံခေါင်ဖျားဒေသဖြစ် သော အာသံ (ဝေသာလီကြီး) သို့ မောသျှမ်း ဧကရာဇ်များ သူ့ခေတ်နှင့်သူ ရောက်ခဲ့ကြသည်။

စာရေးသူ ကျားပေါက် ငယ်စဉ်က ယခုမိုးကောင်းမြို့  ဘုံသားကျောင်း ဆရာတော် ဦးမေဒါမှ ကြီးမှုး ကျင်းပသော မိုးကောင်းမြို့ ရာတုလေးလီ ရာလေးလီ ပွဲတော်ကြီးတွင် ရှင်လောင်း အပါးတထောင်ကျော်  ရှင်ပြုရဟန်းခံပွဲတော်ကြီး ကျင်းပပေးခဲ့ပါသည်။

အထက်မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့ပြ နိုင်ငံငယ်များ၊ ရှေးဟောင်း သျှမ်း မင်းပြည်ထောင်များ ဖြစ်သော တကောင်း၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသို၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်း၊ မောင်းခမ်း၊ တမန်သီ၊ သောင်သွတ်၊ ဆင်းကလိန်း ခန္တီး၊ ဗန်းမော်၊ ခတ်ချို၊ ၀ိုင်းမော်၊ ခမ်းတီးလုန် (ပူတာအို) ဖားကန့် ၊ ကားမိုင်း စသည့် အမည်များမှာ ဒေသခံ သျှမ်းလူမျိုးများ အစဉ်ဆက် သျှမ်းဘာသာဖြင့် အမည်သတ်မှတ်ခေါ်တွင် ခဲ့သည်ကို တွေ့ရှိရပါသည်။

လူ့အဖွဲ့အစည်း၊ လူ့သမိုင်းတိုးတက် ပြောင်းလဲလာမှုကို လေ့လာရာတွင် မိသားစု အစုအဝေးမှ တဖြည်းဖြည်း တိုးတက်လာပြီး မြို့ပြနိုင်ငံ (City State )၊ မင်းပြည်ထောင် (King Dam)၊ လက်နက်နိုင်ငံ (Empire)၊ ဟူ၍ အဆင့်ဆင့်   ပြောင်းလဲလာခဲ့သည်။

သျှမ်းညီနောင်သုံးဦး တည်ထောင်ခဲ့သော မြို့သုံးမြို့တွင်း မိန်းကောင်း ခေါ် မိုးကောင်းမြို့သည် အကြီးဆုံး မြို့ဖြစ်ပြီး အရံမြို့ငယ် ၉၉  မြို့ရှိကြောင်းသိရသည်။

ရှေ့ခေတ်သျှမ်းလူမှုအဖွဲ့စည်း သျှမ်းနိုင်ငံတော်များ ၀တ်စားဆင်ယင်ပုံ မိုးကောင်းမြို့ တောင်ပေါ်ကျောင်း ဆရာတော်ကြီး က သက္ကရာဇ် ၁၂၆၃ ခုနှစ် ပထမ၀ါဆို လဆန်း ၄- ရက်နေ့တွင်  စတင်ရေးသားသည့် ဥတ္တရဂုရုဥတီရဌ ခေါ် မောကိုးပြည်ထောင် သမိုင်းမှတ်တမ်းတွင် 

- အရှေ့ပိုင်း သျှမ်းနိုင်ငံတော်တွင် နေထိုင်ကြသော တိုင်းလုံခေါ် တိုင်းဖိတ် တို့သည် အကိုအကြီးဆုံးဖြစ်ပြီး အင်္ကျီဖြူ၊ ဘောင်းဘီဖြူ၊ ခေါင်းပေါင်းဖြူ ၀တ်ဆင်ကြသည်။

- အလယ်ပိုင်း နိုင်ငံတော်တွင် နေထိုင်ကြသော တိုင်းကမ်ခေါ် တိုင်းခွမ်သည်။ ညီအကိုသုံးဦးတွင် အလတ်ဖြစ်ပြီး အင်္ကျီ၊ ဘောင်းဘီ၊ ခေါင်းပေါင်း အနက်ရောင်ဝတ်ဆင်ကြသည်။

- အနောက်ပိုင်း နိုင်ငံတော်တွင် နေထိုင်သော တိုင်းလျဲန်ခေါ် သျှမ်းနီတို့သည် ညီအကို သုံးဦးတွင် အငယ်ဆုံးဖြစ်ပြီး စစ်တိုက်ရာတွင် ထူးချွန်ထက်မြက်ပြီး နီသွေးသော သတ္တိနှင့်ပြည့်စုံပြီး အသားအရောင် အနည်းငယ်လတ်၏ အင်္ကျီ၊ ဘောင်းဘီ၊ ခေါင်းပေါင်း အနက်ရောင် ၀တ်ဆင်ကြသော်လည်း အနားပတ်မှာ အနီရောင်တပ် ၀တ်ဆင်ပြီး၊ ခေါင်းပေါင်း၊ ခါးဆီးကြိုး အနီရောက်ကိုသာ ၀န်ဆင်သည်။ အထူးသဖြင့် စစ်တိုက်ရာတွင် ထူးချွန်သော နီရဲသော သတ္တိနှင့် ပြည့်စုံသောကြောင့် တိုင်းလျဲန် အမည်တွင်လေသည်။ 
သျှမ်းနီလူမျိုးများ 

စစ်တိုက်ထွက် အက

၁၉၄၇ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံမှုကြမ်း ရေးဆွဲစဉ်ကာလက  ဦးစောထွန်းရင်သည် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းလျဲန်(ရှမ်းနီ) အမျိုးသား တဦးဖြစ်ပါသည်။  ၎င်း ပုဂ္ဂိုလ်သည် လူမျိုးတမျိုးဟု သတ်မှတ်ခေါ်ဆိုနိုင်သည့် အမျိုးသားလက္ခဏာများဖြစ်သော နေထိုင်ရာ တဆက်တည်းသောနယ်မြေ၊ တူညီသော သမိုင်းအစဉ်အလာ၊ တူညီသော အခြေခံစီးပွားရေး စသည့် အချက်များနှင့် ပြည့်စုံသော အထက်မြန်မာနိုင်ငံ ဧရာဝတီနှင့် သလ္လာဝတီ (ချင်းတွင်း) မြစ်ရိုးမြေပြန့်ဒေသရှိ သျှမ်းမျိုးနွယ်ဝင်များ၏ နယ်မြေကို စုစည်း၍ ပြည်ထာင်စုအဖွဲ့ဝင် မြေလပ်သျှမ်းပြည်နယ် (တိုင်းလိုင်   ပြည်နယ်)   သတ်မှတ်ဖွဲ့စည်းပေးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကော်မရှင်သို့ ၁၂. ၂. ၇၂ ရက်နေ့စွဲပါ စာတမ်းဖြင့် တရားဝင် အဆိုပြုတင်ပြခဲ့သူဖြစ်ပါသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ဦးထွန်းရင်အား နိုင်ငံတောသစ္စာဖောက် ပုန်ကန်မှုကျုးလွန်သည်ဟု ၆. ၁. ၇၆ ရက်နေ့တွင် မန္တလေးအရှေ့တောင်မြို့နယ် တရားရုံးမှ စိရင်ဖြတ်၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းခံခဲ့ရပါသည်။

ယင်းဆုံးဖြတ်ချက်ကို မကျေနပ်၍ ဗဟိုတားရုံး (မန္တလေးရိုးထိုင်) သို့ အယူခံခဲ့ရာ ဦးထွန်းရင်သည် ကချင်ပြည်နယ် အတွင်းသို့ သွတ်သွင်းသတ်မှတ်ခြင်းခဲ့ရသော  သျှမ်းနယ်များကို စုစည်း၍ (မြေလတ်) သျှမ်းများအတွက် ပြည်နယ်သစ် သတ်မှတ်ပေးရန် တင်ပြတောင်းဆိုခြင်းမှ ဥပဒေဘောင်အတွင်း မှတင်ပြ ခြင်းသာဖြစ်ကြောင်း၊ ဤကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်ကို သစ္စာဖောက် ပုန်ကန်သည် ဟုမဆိုမနိုင်ကြောင်း ဗဟိုတရားရုံးမှ သုံးသတ်ခဲ့ပါသည်။ 

ဦးထွန်းရင် အပါဝင် ဦးစိန်တိုး၊ ဦးထွန်းဖေ တို့အား ၁. ၄. ၇၇ ရက်နေ့တွင် ဗဟိုတရားရုံးမှ အပြီးလွတ် ခဲ့ပါသည်။ ( ၁. ၄. ၇၇) ရက်နေ့စွဲပါ ၁၉ ၇၆ ခုနှစ် ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် - ၁ ဗဟိုတရားရုံး (မန္တလေး ရုံးထိုင်)၏ စိရင်ချက် မိတ္တူမှ ကောက်နုတ်ချက်)

 
အင်္ဂလိပ်ကိုလိုနီခေတ်တွင် သူကျွန်မခံလိုသော သျှမ်းနီမျိုးချစ် ခေါင်းဆောင်ကြီးများ

ဗိုလ်ဖိုးစောနှင့် မြန်မာပြည်မြောက်ပိုင်းအင်အားစု *"۩"*

ဝန်းသိုစော်ဘွားကြီး စ၀်အောင်မြတ် *"۩"*

မင်းသား စောရန်ပိုင်နှင့် စောရန်နိုင် *"۩"*

မိုးလှိုင်း စော်ဘွားကြီး စ၀်ခမ်းလှိုင် *"۩"*

ရဲဘော်သုံးကျိပ်ဝင် သျှမ်းလူမျိုးများ *"۩"*

ပင်လုံမှလာသော မီးပွား *"۩"*



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်