koko

koko

Saturday, February 4, 2012

သမိုင်းစာမျက်နှာ

သမိုင်းဟူသည် သက္ကဋ္ဋ(ပါဠိ) ဘာသာအရ က္ကတဟာသဟူ၍ ဆို၏။ မြန်မာလဘာသာ အဆိုအရ သိသမျှသတိရသော အကြောင်းအရာများကို အစဉ်အဆက်မှတ်သားရ လွယ်ကူစေရန် မှတ်တမ်းတစ်ရပ် ရေးမှတ် တည်ရစ်သည်ဟူ၍ အဓိပ္ပယ်ရ၏။ အကြောင်းခြင်းရာတစ်ခုခုကို (ကျောက်စာ၊ ပေစာ၊ စက္ကူစာစသည့် အမှတ်အသား တစ်ခုဖြင့် စာကမည်းရေးထိုး) မှတ်သားအပ်သည်ကို သမိုင်းဟူ၍ ဆိုလိုခြင်းဖြစ်သည်။

ထို့ကြောင့် စေတီ၊ ပုထိုး၊ တာရိုး၊ ဘုရား၊ တံတား၊ ဂူကျောင်း၊ တန်းဆောင်း၊ ပြာသာဒ်၊ ဇရပ် သုဓမ္မာ၊သာလာဓမ္မ၊ တရေတွင်း မယွင်းပြည်ရွာ တဖြာ ပုဂိုတ်ထူး၊ ကြောင်းထူးအံ့ရာ အဖြာဖြာတို့နှင့် စပ်လျဉ်း၍ (စကားပြော၊ စကားပြင်၊ စကားပြေ၊ ပျို့၊ လင်္ကာစသည့် တို့ဖြင့် သီကုံးကာ) ရေးသားတင်ပြ မှတ်ထားအပ်သည်ကို သမိုင်းဟူ၍ခေါ်ဆိုသည်။
သမိုင်းမှတ်တမ်းတင်သူတွေဟာ အဂတိ မလိုက်ရဘူး။ ချစ်လို့မြှောင့်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ဝန်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ်ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ဂတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီး လေ့လာပါလို့ပြောချင်တာ။ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအ ဘူးပေါ့။  
(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
"သမိုင်းဆိုတာကို မသိလေ တုံးလေ ဖြစ်မယ်၊ အစိုးရက တုံးတဲ့ တိုင်းသူပြည်သားတွေ ဖြစ်အောင် ဖန်တီးတာပဲ ဖြစ်တယ်။"
အငြိမ်းစား သမိုင်း ပါမောက်ခ ဒေါက်တာ အေးကျော်
 


သမိုင်း ဆိုတာ တစ်ဦးတစ်ယောက်တည်းရေးလို့ ရတဲ့အရာလို့မထင်ပါ။ အပို ၊ အလို မရှိတဲ့ သမိုင်းအချက်လက် တွေဟာလည်းဘဲ ပညာရှင် တစ်ဦး တစ်ယောက်တည်းပေါ်မှာ မူတည်နေမယ်လို့မထင်ပါကြောင်း။


သမိုင်းဆရာအမြင်ဆိုသည်မှာ မိမိတို့မျက်မောက်ကာလ တွေ့မြင်ရသော အထောက်အထား သက်သေများကို စိစစ်သုံးသတ်၍ မိမိ၏ထင်မြင်ချက်ကို ထုတ်ဖေါ်သုံးသတ်မှုသည် ထိုပုဂ္ဂိုလ်၏သမိုင်းရေးရာ အမြင်ဖြစ်၏ သို့သော သမိုင်းဆိုင်ရာ အထောက်အထား အသစ်များ ပေါ်ပေါက်လာကြသောအခါ ထိုအထောက်အထားများ မပေါ်ခင်က သမိုင်းအမြင်သည် ဖျက်သိမ်းခံရစမြဲဖြစ်ပါသည်။

 မြစေတီကျောက်စာ
..........................................
ကမ္ဘာ့သမိုင်းတလျှောက်အာဏာတည်ဆောက်မှုများ
ကမ္ဘာ့သမိုင်း တလျှောက်မှာ အာဏာ တည်ဆောက်မှုများ ဘယ်လိုပြောင်းလည်း လာခဲ့သလဲဆိုတာကိုဖော်ပြဖို့
Alvin Tolfer က ဒီအဆို အမိန့်သုံးကြောင်းကို ကိုးကားခဲ့တယ် Alvin Tolfer ဆိုတာFuture Shock Third Wave နဲ့ PowerShift ဆိုတဲ့ အရောင်းသွက်စာအုပ် သုံးအုပ်နဲ့ နာမည်းကြီးခဲ့တဲ့ အမေရိကန် စာရေးဆရာတဦးပါ လူသမိုင်းမှာ စိုက်ပျိုးရေးခေတ်၊ စက်မှုခေတ်နှင့် သတင်းခေတ်ဆိုတဲ့ ယဉ်ကျေးမှုကြီး သုံးခုဟာ လှိုက်းလုံးကြီးတွေလို စီးဆင်းဝင်ရောက်လာခဲ့တယ်။ စိုက်ပျိုးရေးခေတ် ကာလမှာ လူတွေဟာ ကာယဗလကို ကိုးစားခဲ့တဲ့အလျှောက် ပြဿနာတွေကို အင်အားသုံး အကြမ်းဖက်ဖြည်ရှင်းပြီး အာဏာကို တည်ဆောက်ခဲ့ကြတယ် ဒုတိယခေတ်ဖြစ်တဲ့ စက်မှုခေတ် (တနည်း အရင်းရှင်ခေတ်) မှာတော့ငွေတာလျှင် ပဓာန၊ ငွေကြေး ပဓာနနဲ့ အာဏာကိုတည်ဆောက်ခဲ့ကြတယ်၊ တတိယလှိုင်းနဲ့ ၀င်ရောက်လာခဲ့တဲ့ ၂၀ ရာစုလွန် သတင်းခေတ်မှာတော့ အသိပညာသည်သာ တန်ခိုးအာဏာရဲ့ အသက်သွေးကြောဖြစ်လာလိမ့်မယ်လို့ Tolfer ကခန့်မှန်းခဲ့တယ် သူ့ရဲ့အတွေးအခေါ်ဟာ ကမ္ဘာသမိုင်းဖြစ်စဉ် တခုလုံးမှာ ဘယ်လောက်အထိ မှန်သလည်းဆိုတာ ဝေဖန်ဖို့ခက်ကောင်း ခက်ပါလိမ့်မယ်၊ ဒါပေမဲ့ လူတဦးခြင်း စီရဲ့ သမိုင်းမှာတော့ ပြဿနာတွေကို Violence, Wealth, Knowledge ဆိုတဲ့ နည်းလမ်းသုံးသွယ်ထဲက ဘာကိုသုံးပြီး ဖြေရှင်းလေ့ရှိသလဲ ဆိုတာကို ပြန်လည်စမ်းစစ်ပြီး၊ မိမိရဲ့တိုးတက်မှု ဖြစ်စဉ်ကို အကဲဖြတ်နိုင်ပါလိမ့်မယ် ။
ဧရာ (မန္တလေး)

ယဉ်ကျေးချင်ရင် သမိုင်းသင်
ဒီနေ့ခေတ် လူငယ်တွေက သမိုင်းစာအုပ်မြင်ရင် နှာခေါင်းရူံ့ ပြတတ်ကြတယ်။ အဟောင်း အမြင်တွေ ပြန်လှန်နေလို့ ဘာအကျိုး ရှိမှာလည်း၊ လက်ရှိဖြစ်နေတာကိုပဲ ကြည့်ပါလို့ ပြောလေ့ရှိတယ်၊ သူတို့က အတိတ်ကို ပြန်မကြည့် ချင်သလို အနာဂတ်ကို လှမ်းမျော် ကြည့်တာလည်း မကြိုက်ကြဘူး၊ စိတ်ကူး ယဉ်နေလို့ အိပ်မက်တွေ မက်နေလို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး  *"۩"* 

*ပြည်ထောင်စုသား လူမျိုးများ

ရှေးမြန်မာ *-အပြည့်စုံသို့


ရာမညမြေ*-အပြည့်စုံသို့


ကရင်အစည်းရုံး*-အပြည့်စုံသို့


ရိုးမမြီ*_အပြည့်စုံသို့


စောကရင်*_အပြည့်စုံသို့



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်