သတင်းဆိုသည်မှာ ယနေ့မျက်မှောက် ကာလ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေသော အရာအာလုံးတို့အား လူသားတို့ ကြားသိမြင်တွေ့နိုင်အောင် ပြန်လည်ရေးသား တင်ပြ ထုတ်လုပ်သော ပညာရပ်ဖြစ်သည်။
ကမ္ဘာ့သမိုင်း တလျှောက်မှာ အာဏာ တည်ဆောက်မှုများ ဘယ်လိုပြောင်းလည်း လာခဲ့သလဲ ဆိုတာကိုဖော်ပြဖို့ Alvin Tolfer က ဒီအဆို အမိန့်သုံးကြောင်းကို ကိုးကားခဲ့တယ် Alvin Tolfer ဆိုတာFuture Shock Third Wave နဲ့ PowerShift ဆိုတဲ့ အရောင်းသွက်စာအုပ် သုံးအုပ်နဲ့ နာမည်းကြီးခဲ့တဲ့ အမေရိကန် စာရေးဆရာတဦးပါ လူသမိုင်းမှာ စိုက်ပျိုးရေးခေတ်၊ စက်မှုခေတ်နှင့် သတင်းခေတ်ဆိုတဲ့ ယဉ်ကျေးမှုကြီး သုံးခုဟာ လှိုက်းလုံးကြီးတွေလို စီးဆင်းဝင်ရောက်လာခဲ့တယ်။ စိုက်ပျိုးရေးခေတ် ကာလမှာ လူတွေဟာ ကာယဗလကို ကိုးစားခဲ့တဲ့အလျှောက် ပြဿနာတွေကို အင်အားသုံး အကြမ်းဖက်ဖြည်ရှင်းပြီး အာဏာကို တည်ဆောက်ခဲ့ကြတယ် ဒုတိယခေတ်ဖြစ်တဲ့ စက်မှုခေတ် (တနည်း အရင်းရှင်ခေတ်) မှာတော့ငွေတာလျှင် ပဓာန၊ ငွေကြေး ပဓာနနဲ့ အာဏာကိုတည်ဆောက်ခဲ့ကြတယ်၊ တတိယလှိုင်းနဲ့ ၀င်ရောက်လာခဲ့တဲ့ ၂၀ ရာစုလွန် သတင်းခေတ်မှာတော့ အသိပညာသည်သာ တန်ခိုးအာဏာရဲ့ အသက်သွေးကြောဖြစ်လာလိမ့်မယ်လို့ Tolfer ကခန့်မှန်းခဲ့တယ် သူ့ရဲ့အတွေးအခေါ်ဟာ ကမ္ဘာသမိုင်းဖြစ်စဉ် တခုလုံးမှာ ဘယ်လောက်အထိ မှန်သလည်းဆိုတာ ဝေဖန်ဖို့ခက်ကောင်း ခက်ပါလိမ့်မယ်၊ ဒါပေမဲ့ လူတဦးခြင်း စီရဲ့ သမိုင်းမှာတော့ ပြဿနာတွေကို Violence, Wealth, Knowledge ဆိုတဲ့ နည်းလမ်းသုံးသွယ်ထဲက ဘာကိုသုံးပြီး ဖြေရှင်းလေ့ရှိသလဲ ဆိုတာကို ပြန်လည်စမ်းစစ်ပြီး၊ မိမိရဲ့တိုးတက်မှု ဖြစ်စဉ်ကို အကဲဖြတ်နိုင်ပါလိမ့်မယ် ။
ဧရာ (မန္တလေး)
Saturday, February 4, 2012
kyar Pauk