koko

koko

Thursday, February 2, 2012

သျှမ်းနီရွာသားတစ်ဦးကို မြန်မာ့တပ်မတော်သား ထိုးကြိတ်


မိုးညှင်းခရိုင်၊ အုန်းစံဆိုင်ကျေးရွာသား တစ်ဦး ထင်းခွေသွားရာမှ ပြန်လာစဉ် အနိုင်ကျင့်ထိုးကြိတ်ခံရမှု တစ်ခု ဖြစ်ပွားခဲ့သည်။

ထိုးကြိတ်သူမှာ လေကြောင်းရန်ကာကွယ်ရေးတပ်မတော် လျှပ်စစ်ထိန်းသိမ်းရေးတပ်မှ တပ်ကြပ်ကြီးတစ်ဦးဖြစ်သည် ဟု အဆိုပါရွာသားတစ်ဦး က ပြောသည်။

ယခုလ (၂၇) ရက်နေ့က အုန်းစံဆိုင်ကျေးရွာသားတစ်ဦးဖြစ်သူ ဖြိုးမောင်မောင်သည် သူငယ်ချင်း (၅) ယောက် နှင့်အတူ လယ်ယာသုံးထော်လာဂျီနှစ်စီးဖြင့် တောအတွင်းရှိ ခွေထားသောထင်းများကို တင်ဆောင်၍ ပြန်လာစဉ် တပ်မတော်မှ တပ်ကြီးကျော်စွာထူးက ထိုးကြိတ်ခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
“ထော်လာဂျီနဲ့ သွားတာ။ သူက ရှေ့ဆုံးမှာဆိုတော့ သူတို့တားတာမမြင်ဘူး။ ထော်လာဂျီက အသံလည်းဆူတော့ သူတို့ပြောတာမကြား တာလည်းပါတာပေါ့။ နောက်ပြီး သူတို့က အရပ်ဝတ်နဲ့လေ။ သတိမထားမိဘူးပေါ့”
ဟု ၎င်းင်းကဆိုသည်။

ရွာသားများသည် ထင်းခွေပြန်လာရာမှ မိုးညှင်း၊အုန်းစံဆိုင်ရွာ နှင့် အင်းတော်ကြီး၊ နမ့်မွန်းကျေးရွာဘက်သို့ သွားရာလမ်းအနီးရှိ လေကြောင်းရန်ကာကွယ်ရေးတပ် အတွက်တည်ဆောက်ထားသော လျှပ်စစ်စက်ရုံအနီးသို့ အရာက်တွင် ထိုကဲ့သို ထိုးကြိတ်မူ ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
“ဆယ်ချက်လောက်ရှိတယ် ထိုးခံရတာ။ မျက်နှာမှာဖူးယောင်နေတာ''
ဟု ၎င်းက ဆိုသည်။

ထို့ပြင် ထင်းကားများကိုလည်း စခန်းသို့မောင်းခိုင်းပြီး ထိန်းသိမ်းထားသည် ဟု ဆိုသည်။
ဖြိုးမောင်မောင်အား ဆဲဆိုထိုးကြိတ်သောအချိန်၌ အနီးအနားတွင် အခြားစစ်သားများနှင့် အတူပါလာသော အုန်းစံဆိုင်ရွာသား သူငယ်ချင်းများလည်းရှိသည် ဟု ဆိုသည်။
ရွာသားများခုတ်ယူလာသောထင်းများမှာ ရွာသားများခုတ်ယူနေကြဖြစ်သောတော၌ပင် ခုတ်ယူလာခြင်းဖြစ်ပြီး အိမ်သုံးအတွက်ခုတ်ခြင်းဖြစ်သည် ဟု ဆိုသည်။

အဆိုပါ လျှပ်စစ်စက်ရုံသည် ဟိုပင်နှင့် အင်းတော်ကြီးသို့ သွားရာလမ်းအနီးရှိ တောင်ထိပ်တွင်တည်ဆောက်ထားသော လေကြောင်းရန်ကာကွယ်ရေးတပ်အတွက် လျှပ်စစ်ပေးနိုင်ရန် (၂၀၀၉) ခုနှစ်မှစ၍ တည်ဆောက်ထားခြင်းဖြစ်သည် ဟု ဆိုသည်။

၎င်းလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်သည့် အချိန်မှစ၍ အဆိုပါကားလမ်းသို့ ကားကြီးများသွားလာခွင့်မရှိတော့သော်လည်း ကားငယ်များမှာသွားလာလျက်ရှိသည်ကို ၎င်းလမ်းပိုင်းသို့ေ ရာက်ရှိစဉ်က တွေ့မြင်ခဲ့ရသည်။

အဆိုပါလမ်းအား မြတ်နိုးသူကုမ္ပဏီမှ (၂၀၀၈) ခုနှစ်တွင် သစ်လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းလမ်းပိုင်း၌ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီးသည်မှစ၍ လမ်းသွားလာခွင့်ပိတ်ခြင်း မကြာခဏပြုလုပ်တတ်သော်လည်း ယခုအခါ၌ ကြိုတင်အကြောင်းကြားထားခြင်းမရှိ ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ဒေသတွင်းတပ်နယ်မှူးအား  ယနေ့တိုင်ကြားထားသည် ဟု အဆိုပါရွာသားက ဆိုသည်။ ၎င်းဖြစ်ရပ်ဖြစ်ပွားပြီးနောက် အဆိုပါလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းသိရသည်။

အဆိုပါလမ်းသည် မိုးညှင်း မှ အင်းတော်ကြီးဘက်သို့လည်းကောင်း ဖားကန့်-ဝေခါ ဘက်သို့သွားလာရာတွင်လည်းကောင်း အဆင်ပြေဆုံးလမ်းတစ်လမ်းဖြစ်ပြီး၊ တောင်ပေါ်လမ်းမှာ တောင်ကုန်း၊ တာင်တက်ခြောက်ကမ်းပါးများဖြင့် အန္တရာယ်များရုံသာမက လမ်းလည်း အလွန်ကြမ်းသည်။

အဆိုပါနေရာ၌ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ထားသော်လည်း ၎င်းစက်ရုံအနီးရှိ အိမ်ခြေငါးရာကျော်ရှိသော အုန်းစံဆိုင်ကျေးရွာမှာ လျှပ်စစ်ဓာတ်အားရရှိသေးခြင်း မရှိပေ။

အုန်းစံဆိုင်ကျေးရွာသည် ရှမ်းနီသမိုင်း၌ ဘီလူးမြို့ နှင့် အတူထင်ရှားသော ကျေးရွာတစ်ရွာဖြစ်ပြီး၊ တိုင်းလိုင်(ရှမ်းနီ)လူမျိုးများနေထိုင်၍ ရှမ်းနီစကားကိုကျင်လည်စွာပြောဆို သုံးစွဲနေကြဆဲဖြစ်သည့် ရှမ်းနီရွာဖြစ်သည်။