koko
koko
Wednesday, February 1, 2012
တိမ်မြုပ်နေသော ဒို့သျှမ်းပြည်
 ဒို့သျှမ်းပြည်
 Ã လေါင်လုံစည်ခမ်းခေါ် - အင်းတော်ကြီးရေလည်ဘုရား
အထက်မြန်မာပြည် မြောက်ပိုင်းတွင် နေထိုင်ကြသော သျှမ်းလူမျိုးများသည်  မြန်မာပြည်ဟုသီးခြား မပေါ်ပေါက်မှီ ကာလှကထဲက သီးခြား နေထိုင်းလာခဲ့ကြသော လူမျိုးများ ဖြစ်ကြောင်း သမိုင်းသက်သေ ထောက်အထားများ ခိုင်လုံစွာရှိသော သျှမ်းလူမျိုးများ ဖြစ်သည်။ ပူတာအို မိုးကောင်း မိုးးညင်း မိုးမိတ် ကော်လင်း  ၀န်းသို စသော် မြို့များသည် သျှမ်းနာမည်နင့် သျှမ်းများ တည်ထောင်ခဲ့သော မြို့ပြနိုင်ငံ များသာဖြစ်သည်။ ယခုအချိန်ထိလည်း သျှမ်းများနှင့် သျှမ်းလို့ခံယူနေသူ များလည်း ဒုနဲဒေးရှိနေပါသည်။
မြန်မာနိုင်ငံဟု ခေါ်တွင်သော ယနေ့ နိုင်ငံတော် တည်ဆောက်ရာတွင်လည်း ပါဝင်ပတ်သက်ခဲ့သော သျှမ်းများသာပင်ဖြစ်သည်။ ယခုဆိုလျှင် ယင်းဌာနေသျှမ်းများသည် မိမိစာပေ မပြောနှင့် စကားပင် ကွယ်ပျောက်လုနီးနီးပင်ဖြစ်သည်။ မျိုးဆက် တခုကျော် အတွင်းမှာပင် သျှမ်းကြာဗမာဖြစ် ဆိုသည့်အတိုင်း ဗမာဖြစ်သွားသူများက များပါသည်။ လူမျိုးရေး အမြင်ကျဉ်းမြောင်း၍ ပြောနေခြင်းမဟုတ်ပါ လူမျိုးတိုင်းဟာ မိမိအမျိုးကိုချစ်တဲ့ သူများဖြစ်သည်။
အထူးသဖြင့်   ကျနော်တို့လူမျိုးများသည် ရောင့်ရဲတင်းတိမ် တတ်ကြလို့ပါ ရောင့်ရဲ တင်းတိမ်ခြင်းသည်။ အခြားသူများ ၀ါးမြိုခြင်းကို လမ်းဖွင့် ပေးခြင်းသာဖြစ်သည်။ မြန်မာ့သမိုင်းနှင့် မြန်မာ့ဘုရင်စနစ်မှာလဲ ပါဝင်ပါတ်သက်ခဲ့သလို ကိုလိုနီခေတ် လွတ်လပ်ရေး ခေတ်မှာလဲ ပါခဲ့သူတွေ အများအပြားရှိခဲ့သည်။ 
အထူးသဖြင့် ဖဆပလ ခေတ်မှာအများအပြား ဗန်မော်နယ်ဖက်က ဗိုလ်အုံးကြိုင် ဆိုလျှင်ပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အရင်းနှီးဆုံးသူ တယောက်ပါ ပြည်ထောင်စု အတွတ် ပြည်နယ်များ တောင်းဆို ကြရာတွင် ဗိုလ်အုံးမှ သျှမ်းနီလူမျိုးများ သည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်နယ် ရသင့်ကြောင်း ပြောရာ ဗိုချုပ်မှ မင့်လူမျိုးတမျိုးထဲကို မကြည့်နဲ့ တတိုင်းလုံးတပြည်လုံးကို ကြည့်ပါလို့ ပြောဆို လိုက်ရာ ဗိုလ်အုံးသည်လည်း ပြည်ထောင်စုကို ရှေ့ရူကာ ရေငုံနုတ်ပိတ် နေလိုက်ခြင်း သည်၊ ကြီးစွာသော ဆုံးရူံးမကြီးပင်ဖြစ်သည်။
လွတ်လပ်ရေး ရရှိ၍ ပြည်ထောင်စု တည်ဆောက်ကြတဲ့ အချိန်မှာ ယင်းဌာနေ သျှမ်းများမှာတော့ ပြည်နယ်မပြောနှင့် အမျိုးသားရေး လက္ခဏာများ ပပျောက်ခါ သျှမ်းစကားပင် တတ်ရှာတောပါ ယနေ့စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် ဗမာရောင်ရောင်နဲ့ ကိုယ့်ကိုကိုယ် ဘာမှန်းမသိတဲ့ သျှမ်းတွေဟာ လူဦးရေအရ အများဆုံးပါ ကိုယ့်ဘေး ကိုယ့်ဘွား ကိုယ့်သွေး ကိုယ့်သားကိုမှ မချစ်ကြရင် ဘယ်သူလာချစ်ကြလဲ ဒို့ဘိုးဘေးတွေဟာ သျှမ်းဆိုတဲ့သွေးနဲ့ နယ်ချဲ့ ကိုလိုနီကို တွန်းလှန်ခဲ့ကြတာပါ လွတ်လပ်ရေးရမှ ဌာနေသျှမ်းတွေဟာ ပြည်နယ်မပြောနှင့် ကိုယ့်စကားတောင် မတတ်အောင်ဖြစ်နေကြပါသည်။
ယနေ့ပြောဆိုနေကြတဲ့ တိုင်းရင်းသားများအပါဝင် အခြားလူမျိုးများ လိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဆိုတာ ဘယ်ဟာလည်းလို့ စမ်းစစ်ဖို့တော့ လိုမည်ထင်ပါသည်။ ပထမ ပြည်ထောင်စုအစ ဖယ်ဒရယ်မှာတော့ သျှမ်းနီလူမျိုးတို့သည် အမျိုးသားရေး လက္ခဏာများ ပျောက်ဆုံးကာ ဗမာရောင်ရောင် ဖြစ်ခဲ့ရပေသည်။
 အထူးသဖြင့်နယ်စပ် အခြေစိုက် တိုင်းရင်းသား သင်တန်းများတွင် သျှမ်းဆိုသည့် အဖွဲ့တွင်လည်းမပါ ကချင်စတိတ် ကိုယ်စားပြုတဲ့  သင်တန်းများတွင်လည်း မည်သူမှ ခေါ်ယူပေးခြင်းများမရှိခဲ့ပါ..
ဖယ်ဒရယ် စနစ်တို့တက်လှမ်း နေကြသော တိုင်းရင်းသား ညီအကိုမောင်နှများအား တင်ပြလိုသည်မှာ
၁၉၄၇ အခြေခံဥပဒေ ဆိုတာဘာလဲ ဥပဒေအရ ဘယ်သူတွေ ဘယ်လူမျိုးတွေ တောင်းဆိုခဲ့ဘူးကြပါသလဲ..
ရွှေမရှိတဲ့ဘုရား အများမရိုသေ သူပုန်မရှိတဲ့လူမျိုး အများမကိုးစားပေဆိုတာမျိုးပါ..
အမှန်စင်စစ် မြန်မာ့လွတ်လပ်ရေးဟာ ပင်လုံကြောင့်ရတာပါ ပင်လုံကြောင့်လဲ သျှမ်းနီတွေ သျှမ်းစကားမတတ် ဗမာရောင်ရောင် ဖြစ်ခဲ့ရတာပါ ဘယ်လိုပဲဖြစ်ဖြစ် အ တယ်လို့ပဲဆိုဆို ကိုယ့်ကိုကိုယ် သျှမ်းနီလို့ ခံယူသူတွေရှိနေသရွေ့ ကမ္ဘာတည်တရွေ့ရှိနေမှာပါ.. သျှမ်းနီစာဟာ ကိုလိုနီ ခေတ်မှ နေခြင်း ညခြင်း ပေါ်ပေါက်လာတာ မဟုတ်ပါ..
တိုင်းရင်းသား လူမျိုးတမျိုးလို့ သတ်မှတ်ခြင်း မခံခဲ့ရသူများမှာတော့ ပင်လုံရဲ့ အနက်အဓိပ္ဗါယ်ဟာ ဘာလဲတော့မသိ....
ကျနော်သိတာက...
ဦးထွန်းရင်သည် ၁၉၄၇ ခုနှစ်တွင် အတည် ပြုပြဌာန်း ခဲ့သော နိုင်ငံတော် ဖွဲ့စည်းပုံ မှုကြမ်း ရေးဆွဲစဉ် ကာလက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းလျဲန်(ရှမ်းနီ) အမျိုးသား တဦးဖြစ်ပါသည်။
၁၉၇၄ ခုဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မရှင် အဖွဲ့ဝင် တဦးလည်းဖြစ်ပါသည်။ ၎င်း ပုပုဂ္ဂိုလ်သည် လူမျိုးတမျိုဟု သတ်မှတ်ခေါ်ဆိုနိုင်သည့် အမျိုးသား လက္ခဏများဖြစ်သော ပြောဆိုသည့်စကား ကိုယ်းကွယ်သည့် ဘာသာ၊ ရိုးရာစာပေ ယဉ်ကျေးမှု၊ နေထိုင်ရာ တဆက်တည်းသော နယ်မြေ၊ တူညီသော သမိုင်းအစဉ်အလာ၊ တူညီသော အခြေခံစည်းပွားရေး၊ စသည့်အချက်များနှင့် ပြည့်စုံသော အထက်မြန်မာနိုင်ငံ ဧရာဝတီနှင့် သလ္လာဝတီ (ချင်းတွင်း) မြစ်ရိုး မြေပြန့်ဒေသရှိ သျှမ်းအမျိုးအ နွယ်များ၏ နယ်မြေကိုစုစည်း၍ ပြည်ထောင်စု အဖွဲ့ဝင် မြေလပ်သျှမ်းပြည်နယ် (တိုင်းလျဲန်ပြည်နယ်) သတ်မှတ်ဖွဲ့စည်းပေးရန် ဖွဲ့စည်းပုံ အခြေခံဥပေဒေ ရေးဆွဲရေး ကော်မရှင်သို့ ၂၄-၂-၇၂ ရက်နေ့စွဲပါ စာတမ်းဖြင့် တရားဝင်အဆိုပြု တင်ပြခဲ့ သူဖြစ်ပါသည်။
ထိုစဉ်ကာလတွင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများသည် ကချင်ပြည်နယ် အတွင်းသို့ သွတ်သွင်း သတ်မှတ်ခြင်း ခံခဲ့ရသော သျှမ်းဒေသမှ သျှမ်းလူမျိုးများနှင့် အခြားလူမျိုး များအား အစုလိုက် အပြုံလိုက် နှိပ်စက်ညှင်းဆဲ သတ်ဖြတ် ချုပ်ချယ်ခြင်းကို ခံခဲ့ရပါသည်။ တောတွင်း အဖွဲ့အစည်းများ နှိပ်စက်ညှင်းပမ်း ချယ်လှယ်ခြင်းကို မခံနိုင်၍ ဘေးရန်ကို ကာကွယ်ခုခံရန် လက်နက် ရရှိရေးအတွက် လူတစုက ပြည်ပြေး သောင်းကျန်းသူ အဖွဲ့သို့ သွားရောက်ဆက်သွယ်ခဲ့ပါသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဦးထွန်းရင်အား နိုင်ငံတော် သစ္စာဖေါက် ကျူးလွန်သည်ဟု ၆-၁-၇၆ ရက်နေ့တွင် မန္တလေးအရှေ့တောင်တရား သူကြီးရုံးမှ စီရင်ဆုံး ဖြတ်၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းခံခဲ့ရပါသည်။
ယင်းဆုံးဖြတ်ချက်ကို မကြေနပ်၍ ဗဟိုတရားရုံး (မန္တလေးရုံးတိုင်း) သို့အယူခံခဲ့ရာတွင် ဦးထွန်းရင်သည် ကချင်ပြည်နယ်အတွင်းသို့ သွတ်သွင်း သတ်မှတ်ခြင်း ခံရသော သျှမ်းနယ်များကို စုစည်း၍ မြေပြန့် (မြေလပ်) သျှမ်းများအတွက် ပြည်နယ်သစ်တခု သတ်မှတ်ပေးရန် တင်ပြတောင်းဆိုခြင်းမှာ ဥပဒေအတွင်းမှ တင်ပြခြင်းသာ ဖြစ်ကြောင်း ဤကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်ကို သစ္စာဖေါက် ပုန်ကန်သည်ဟု မဆိုနိုင်ကြောင်း ဗဟိုတရားရုံးမှ သုံးသပ်ခဲ့ပါသည်။
၎င်းအပြင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများကို တိုက်ခိုက်ရန် လက်နက် ၀ယ်ယူရေး ကိစ္စတွင် ပြည်ပြေးအဖွဲ့နှင့် ဆက်သွယ်သူ တို့မှာလည်း ဦးထွန်းရင်နှင့် လုံးဝ ပတ်သက်ခြင်း မရှိသည့် အတွက် ဦးထွန်းရင်အပါဝင် ဦးစိန်တိုး၊ ဦးထွန်းဖေတို့အား ၁-၄-၇၇ ရက်နေ့တွင် ဗဟိုတရားရုံးမှ အပြီးအပြတ်လွှတ်ခဲ့ပါသည်။  ၁-၄-၇၇ ရက်နေ့စွဲပါ ၁၉၇၆ ခုနှစ်ပြစ်မှုဆိုင်ရာ အယူခံမှု အမှတ်-၁ ဗဟိုတရားရုံး (မန္တလေးရုံးထိုင်)၏ အစီရင်ခံချက်
မိတ္တူမှကောက်နှုတ်ချက်
အထက်မြန်မာပြည်သျှမ်းမျိုးနွယ်ဝင်းများ
အထက်မြန်မာနိုင်ငံ(ဧရာဝတီ) နမ့်ကျိုနှင့် သလ္လာဝတီ (နမ့်တာလုံခေါ် ချင်းတွင်း) မြစ်ရိုး မြေပြန့်ဒေသနှင့် ပူတာအိုခန္တီးလုံ ကုန်းပြင်မြင့် ဒေသတို့တွင် နှစ်ရာစုများစွာကပင် မြို့ပြည်ရွာများ တည်ထောင်ကာ နေထိုင်ခဲ့ကြသော၊ နေထိုင်ဆဲဖြစ်သော သျှမ်းမျိုးနွယ် ၀င်များမှာ တိုင်းလျဲန်(သျှမ်းနီ) တိုင်းလုံ (သျှမ်းကြီး) တိုင်းနေ (အထက်သျှမ်း) တိုင်းခန္တီး၊ တိုင်းမွန်၊ တိုင်းဂတူး၊ တိုင်းကနန်း၊ တိုင်းဆာခေါ် မိုင်းသာသျှမ်း စသည်တို့ ဖြစ်ပါသည်။ လူဦးရေအားဖြင့် ကချင်ပြည်နယ်ဟု သတ်မှတ်ထားသော သျှမ်းနယ်မြေစု အတွင်း ငါးသိန်းခွဲ(၇-သိန်းခွဲ)ခန့်ရှိပြီး ကချင်လူမျိုး ထက်များပါသည်။ စစ်ကိုင်းတိုင်းအတွင်း သတ်မှတ်သည့် ချင်းတွင်းမြစ်ရိုးနှင့် ကသာခရိုင်တွင် ခန့်မှန်းလူဦးရေ ဆယ်သိန်း(၁၀-သိန်း) ကျော် ရှိပါသည်။ လူဦးရေ အများဆုံးမှာ တိုင်းလျဲန်ခေါ် သျှမ်းနီလူမျိုး များဖြစ်ပါသည်။
တိုင်းလျဲန် လူမျိုးများသည်  အထက်မြန်မာနိုင်ငံ ဧရာဝတီမြစ်ရိုး တလျှောက် ကသာ၊ ၀န်းသို၊ အင်းတော်၊ ဗန်မောက်၊ပင်လယ်ဘူး နယ်မှစ၍ စင်းခန်း၊ စာဝတီ၊ ကောင်းတို၊ ဗန်းမော်၊ ကျွန်းကြီး မိုင်းကာ၊ မြစေတီ၊ ဆင်ဘို၊ တာလောကြီး၊ ခတ်ချို၊ ၀ိုင်းမော်၊ မိုင်းနားမြို့နယ် ကျေးရွာနယ်မြေစု ဒေသတွင် နေထိုင် လျှက်ရှိပါသည်။ ၎င်းအပြင် မြစ်ကြီးနား နမ္မတီး၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ အင်းတော်ကြီး နယ်တို့တွင် လည်းကောင်း ချင်းတွင်မြစ်ရိုး တလျှောက် ကလေး၊ သောင်သွပ်၊ ဟုမ္မလင်း၊ ဆင်ကလိန်ခန္တီးနယ်တွင် လည်းကောင်း ရွှေလီမြစ်ရိုး မိုးမိတ်၊ မဘိန်းမြို့နယ်တွင် လည်းကောင်း၊ မန်သာ၊ မန်လ၊ ငအူ၊ ငံခမ်း ကားလမ်းတလျှောက်တွင် လည်းကောင်း သျှမ်းမြို့ သျှမ်းရွာအမည်များဖြင့် မြို့ရွာတည်ဆောက်၍ အခြေချ နေထိုင်သူများ ဖြစ်ကြပါသည်။
တိုင်လျဲန်ခေါ် သျှမ်းလူမျိုးများသည် မြန်မာနိုင်ငံ၏ သမိုင်းအပြောင်း အလဲအရ မြန်မာစကား၊ မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှု တို့ကို တဖြည်းဖြည်း ၀ါးမျိုးခြင်းခံရကာ လက်ခံကျင့်သုံးရင်း မိမိကိုယ်ပိုင် သျှမ်းစကား၊ သျှမ်းစာပေ၊ သျှမ်းယဉ်ကျေးမှုများ တဖြည်းဖြည်း တိမ်မြုပ် ပျောက်ကွယ်နေသည့် အခြေနေသို့ ဆိုက်ရောက်နေပါသည်။
ဤသို့ဖြင့် သမိုင်းဝင် သျှမ်းအမျိုးနွယ်စုကြီး  ၏ရိုးရာ အစဉ်အလါ သမိုင်းမွေအနှစ် များကို ထိမ်းသိမ်း စောင့်သင့်လှပါသည်။ မြန်မာဆန်သော သျှမ်းများဖြစ်၍ ယေဘူယျအားဖြင့် သျှမ်းဗမာများဟု လွယ်လွယ်ကူကူ ပြောဆိုလက်ခံလာကြရင်း မိမိလူမျိုးအမည်ရင်း တိမ်မြုပ်ကွယ်ပျောက် နေသော သျှမ်းမျိုးနွယ်ဝင် လည်းဖြစ်ပါသည်။ သျှမ်းကြာဗမာဖြစ်သည် ဆိုသော ဆိုရိုးစကား သာလျှင်ရှိသည် ဗမာကြာ၍ သျှမ်းမဖြစ် လါပါ မိမိအမျိုးသာလျှမ် တိမ်ကော ပျောက်ကွယ် ဖို့သာရှိသည် ဆိုသည့်အချက်ကို တိုင်းလျဲန်ခေါ် သျှမ်းနီလူမျိုးများ အမြဲမတွေ မှတ်သားထား ရမည်ဖြစ်သည်။
တိုင်းခန္တီးခေါ် ခန္တီးသျှမ်းများသည် မြန်မာနိုင်ငံမြောက်ဖျား  ခန္တီးလုံဒေသ ပူတာအိုနယ်တွင် လည်းကောင်း ဆက်ကလိန်း ခန္တီးနယ်တို့တွင် အများဆုံး နေထိုင်ကြသည်။ ယခုအခါ စည်းပွားရေး၊ လူမှုရေးအခြေအနေ အရပ်ရပ်ကြောင့် မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဟိုပင်များတွင်လည်း လူနည်းစု လူမျိုးတမျိုးအဖြစ် စုစည်းနေထိုင် လျှက်ရှိသည်။ ပုဂံခေတ် ကျောက်စာတွင် ခန္တီးသျှမ်းများ၏ အမည်ကို အကြိမ် နှစ်ဆယ်ထက် မနည်း တွေ့ရကြောင်း  ဒေါက်တာ သန်းထွန်းရေး ရှေးဟောင်းမြန်မာ ရာဇ၀င်တွင် ဖေါ်ပြထားပါသည်။
တိုင်းလုံ (သျှမ်းကြီး) သျှမ်းလူမျိုးများသည် ကချင်ပြည်နယ် သတ်မှတ်ထားသည့် မြေပြန့်ဒေသ မြို့နယ် တိုင်းတွင် သျှမ်းကြီးရွာများသည် အနည်းနှင့်အများ တွေ့ရပြီး အထက်မြန်မာနိုင်ငံ သျှမ်းမျိုးနွယ်စုတွင် ဒုတိယ အများဆုံးဖြစ်ပါသည်။ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားတွင် နေထိုင်လျှက်ရှိပါသည်။ မှုလက သျှမ်းပြည်ဟုခေါ်တွက်သော ဒေသတွင်နေထိုင်ကြပြီး နှစ်ရာစုအနည်းငယ်လောက်တွင် တစတစ ပြောင်းရွေ့လာသူများ ဖြစ်ပါသည်။ ကိုယ်ပိုင်စကား၊ စာပေ၊ ယဉ်ကျေးမှုများကို ထိမ်းသိမ်းမှုရှိ၍ လူမျိုးမပပျောက်ခဲ့ပါ။
တိုင်းနေ သျှမ်းများသည် ဗန်မော်ခရိုင်၊ မိုးမောက်မြို့နယ်တွင်၎င်း မြစ်ကြီးနားခရိုင် ၀ိုင်းမော်မြို့နယ် တွင်၎င်း မိုးညှင်း၊ ဟိုပင်၊ တွင်၎င်း အများဆုံးနေထိုင်ကြပြီး၊ ဒေသအသီးသီးတွင်လည်း လူနည်းစုအဖြစ် နေထိုင်လျှက်ရှိသည်၊ ကချင်တို့၏ ကချင်ရိုးရာငွေဒါးနှင့် ငွေထည်ပစ္စည်းများ ထုတ်လုပ်သူများဖြစ်သည်။
တိုင်းကတူး၊ တိုင်းကနန်း၊ လူမျိုးစုများသည် စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။
တိုင်းမွန်ခေါ် မွန်သျှမ်းမှာ မြစ်ကြီးနားခရိုင်အတွင်း ဧရာဝတီမြစ်ရိုး ဆင်ဘိုနယ်မြေဒေသတွင် နေထိုင်သော လူနည်းစု သျှမ်းမျိုးနွယ်ဝင် များဖြစ်ပါသည်။ ကိုယ်ပိုင် ဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမှု နည်းပါး၍ မကြာမီ တိမ်မြုတ် ပျောက်ကွယ် သွားနိုင်သည့် လူမျိုးတမျိုးဖြစ်သည်။
တိုင်းဆာ ခေါ် မိုင်သားသျှမ်းမှာ မိုးမောက်မြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မိုးကုတ်မြို့နယ်တွင် နေထိုင်ကြပြီး၊ လူနည်းစုသျှမ်း မျိုးနွယ်တမျိုးအဖြစ် နေထိုင်ကြသည်။ ပန်ပဲနှင့် သံရည်ကျို အတတ်တွင် ပြိုင်ဖက်ရှားသော လူမျိုးတမျိုးဖြစ်ပါသည်။ ပန်းပဲနှင့်သံရည်ကျို အတတ်တွင် ကျွမ်းကျင်ပြီး ဂျိမ်းဖောလူမျိုးတို့ ရိုးရားအဆောင် အယောင်ဖြစ်သော ငွေဓါးလွယ်ကို တာဝန်ခံ ထုတ်လုပ်ပေးသော လူမျိုးဖြစ်ပါသည်။
ကိုလိုနီခေတ်သျှမ်းပြည်အားပိုင်းခြားအုပ်ချုပ်ပုံ
အင်္ဂလိပ်တို့သည် မန္တလေး နေပြည်တော်ကို သိမ်းပိုက်ပြီးနောက် အထက်မြန်မာနိုင်ငံ သျှမ်းမျိုးနွယ်ဝင် ဗန်မော်၊ မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ ဒေသတို့အား ဆက်လက်သိမ်းပိုက်ခဲ့သည်။ ၎င်းတို့ တိုက်ခိုက် သိမ်းပိုက်ထားသည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရိုးဒေသ သျှမ်းတို့၏ဒေသကို ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အုပ်ချုပ်ပုံ ဥပဒေဇယား(၂) အပိုင်းဒေသ အဖြစ်သတ်မှတ်ကာ ခွဲခြားအုပ်ချုပ်ခဲ့သည်။
၎င်းသျှမ်းတို့၏ ဒေသကို အောက်မြန်မာနိုင်ငံ ပြည်မတွင် ကျင့်သုံးခဲ့သော ဥပဒေနည်းတူ အုပ်ချုပ်ခဲ့ပြီး ကချင်တောင်တန်း ဒေသကိုမှု ကချင်တောင်တန်းသားများ ဥပဒေသီးခြားပြဌာန်းကာ ခွဲခြားအုပ်ချုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံအရှေ့ဖက် သျှမ်းကုန်းပြင်မြင့် သျှမ်းတောင်းတန်းဒေသရှိ သျှမ်းပြည်များကိုမှု ၁၈၈၆ ခုနှစ်မေလ(၃) ရက်နေ့တွင် ဗြိတိသျှတို့က အိန္ဒိယပြည်နယ်အဖြစ် သိမ်းပိုက်ပြီး ဗြိတိသျှအစိုးရက ကြေညာခဲ့သည်။
၁၈၈၇ ခုနှစ်တွင် သျှမ်းကုန်းပြင်မြင့်ရှိ သျှမ်းနယ်များကို သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်မြေလပ်ပိုင်း သျှမ်းပြည်တောင်ပိုင်းဟူ၍ အပိုင်းသုံးပိုင်းခွဲကာ မြောက်ပိုင်းဒေသကို သျှမ်းပြည်ဥတ္တရတိုင်း ၀န်ရှင်တော်မင်းကြီးက၎င်း တောင်ပိုင်းနှင့် မြေလပ်ပိုင်းဒေသကို ဒုတ္ခိဏတိုင်း ချုပ်ဝန်နှင့် နိုင်ငံရေးရာရှိက ၎င်းအုပ်ချုပ်ခဲ့သည်။
၁၉၂၂ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် သျှမ်းကုန်းပြင်မြင့်သျှမ်းတောင်တန်းဒေသရှိ ပဒေသရာဇ် သျှမ်းပြည်နယ်စု ဟုခေါ်တွင်စေရန် ဗြိတိသျှဘုရင်ခံချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းနယ်မြေများအား တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မြေလပ်ပိုင်း ပဒေသရာဇ် သျှမ်းနယ်များဟူ၍ ပိုင်းခြားသတ် မှတ်ကာ သျှမ်းစော်ဘွား၊ မြို့စား၊ နယ်စားများ အသီးသီး အုပ်ချုပ် စေခဲ့ကြောင်းတွေ့ရှိရပါသည်။
ယင်းကဲ့သို့ သမိုင်း၏ အပြောင်းအလဲကို ခံခဲ့ရသော အထက်မြန်မာနိုင်ငံ ဧရာဝတီမြစ်ရိုးနှင့် ချင်းတွင်းမြစ်ရိုး သျှမ်းနွယ်ဝင်များ၏ ရှေးဟောင်း သျှမ်းပြည်ကြီးမှာ သျှမ်းပြည် အမည် ပျောက်ခဲ့ရသည်။ မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းရှိ သျှမ်းတောင်တန်းဒေသ သျှမ်းပြည်ကမှု ကိုလိုနီခေတ်ထိ ပဒေရာဇ်ပြည်အဖြစ် ဆက်လက် တည်ရှိခဲ့ပါသည်။
ယနေ့ သျှမ်းပြည်တောင်ပိုင်၊ မြောက်ပိုင်း ဆိုသည်မှာလည်း ဗြိတိသျှခေတ်က ပိုင်းခြားသတ်မှတ်သော အုပ်ချုပ်ရေး သတ်မှတ်ချက်များသာဖြစ်သည်။
အင်္ဂလိပ်ခေတ်က သျှမ်းစာနဲ့ထုတ်ဝေခဲ့သော ငွေစက္ကူ
တိမ်မြုတ်နေသောသျှမ်းပြည်
ယခု မျက်မှောက် ကာလတွင် သျှမ်းပြည်(သို့) သျှမ်းပြည်နယ်ဟု ဆိုလိုက်သည်နှင့် တပြိုင်နက် မြန်မာနိုင်ငံအရှေ့ ဖက်ရှိ သျှမ်းတောင်တန်းဒေသနှင့် သျှမ်းကုန်းပြင်မြင့်ဒေသကို ဦးစွာလှမ်းမျှော် ကြည့်ကြ မည်ဖြစ်ပါသည်။ ၎င်းဒေသမှာ အုပ်ချုပ်ရေး နိုင်ငံရေး ယဉ်ကျေးမှု အစရှိသည်တို့မှာ  သျှမ်းအမျိုးသား လက္ခဏာရပ်များ စဉ်ဆက်မပြတ် ဖေါ်ဆောင်ခွင့်များ ထင်ရှားခဲ့ကြ၍လည်း ဒေသခံက ၎င်းတနိုင်ငံလုံးက၎င်း သျှမ်းပြည် သျှမ်းဒေသ ဟု အသိမှတ်ပြု နေဆဲဖြစ်ပါသည်။
သို့ရာတွင် သျှမ်းကုန်းပြင်မြင့်နှင့် သျှမ်းတောင်တန်း ဒေသရှိ သျှမ်းမြို့ သျှမ်းရွာများထက် သမိုင်းအစဉ် အလာစောစွာ တည်ထောင်ခဲ့သော ရှေးဟောင်းသျှမ်းဒေသကိုမှု သျှမ်းပြည်ဟု သတ်မှတ်မရ နိုင်လောက်အောင် ကိုယ်ပိုင်အမျိုးသား လက္ခဏာများ တိမ်မြုတ် ကွယ်ပျောက်ခြင်းခံခဲ့ ရပါသည်။ မည်သို့ပင်ဆိုစေ ဒေသ၊ လူမျိုး၏ သမိုင်း အစဉ်အလာကို လေ့လာကြည့်ရှုပါလျှင် သျှမ်းပြည်နယ် သျှမ်းမျိုး နွယ်ဝင်များသာ ဖြစ်ကြောင်း ထင်ရှားစွာတွေ့ရှိ ရမည်ဖြစ်ပါသည်။
ရှင်းလင်းချက် (၂)
သျှမ်းဗမာလူမျိုးဟုဆိုရာ၌ သျှမ်းနှင့်ဗမာ ပေါင်းစပ်ထားသော လူမျိုးမဟုတ်ပါ တိုင်းလျဲန်(သျှမ်းနီ) လူမျိုးကိုသာ ဗမာတွေက ဗမာဇာတ်တွင်း ရည်ညွန်းခေါ် ဆိုခြင်းသာ ဖြစ်ပါသည်။ မြန်မာဆန်သော သျှမ်းများ ဖြစ်၍ သျှမ်းဗမာလူမျိုးဟု ခေါ်ဆိုကြသော်လည်း အမှန်စင်စစ် ထိုသူများသည် သျှမ်းများသာ ဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁- စာမျက်နှာ ၄၅၀ တွင်ဖေါ်ပြထားပါသည်။
မိဘ ဘိုးဘွားလက်ထက်တွင် သျှမ်းဘာသာစကားကို ပြောဆိုကြ သေးသော်လည်း နောက်လူငယ်များသည် သျှမ်းစကား၊ သျှမ်းစာပေကို တတ်ကျွမ်းနား လည်သူ တဖြည်းဖြည်း နည်းပါးလာပါသည်။
သျှမ်းတရုတ် ဆိုရာ၌လည်း ဒေသခေါ် တိုင်းနေ (အထက်သျှမ်း) လူမျိုးသာဖြစ်ပါသည်။ သျှမ်းလူမျိုးနှင့် တရုတ်လူမျိုးစပ်သည့် ကပြားလူမျိုးမဟုတ်ပါ။ ကိုယ်ပိုင်သျှမ်းစကား၊ သျှမ်းစာပေများရှိသော သျှမ်းမျိုးနွယ်များဖြစ်သည်။ သျှမ်းတရုတ် ဟူသောအခေါ်မှာ ဗမာများက ခေါ်တွင်သော အမည်သာဖြစ်ပါသည်။
တိုင်း(တီး) ခေါ်သျှမ်းလူမျိုး
သျှမ်းလူမျိုးများသည် မိမိတို့သျှမ်းများကို သျှမ်းဘာသာစကားဖြင့် တိုင်း(တီး) ဟုခေါ်ကြသည်။ နေထိုင်ရာဒေသ၏ ပထ၀ီအနေအထား၊ ရာသီဥတို၊ ပန်ဝန်းကျင် ကွဲပြားမှုကြောင့် ပြောဆိုသည့် စကားများ၊ လေယူလေသိမ်း အလေးအပေါ့ကွဲပြားမှု၊ ရာသီဥတို၏ ၀န်းကျင်ကြောင့် ၀တ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးစံများ အနည်းငယ်ကွဲပြားစေကာမှု သျှမ်းလူမျိုး အနွယ်ဝင်များသည် သျှမ်းလူမျိုးတမျိုး အဖြစ်လက်ခံယုံကြည်လျှက် ရှိသည်။
ဗမာပဒေရာဇ်နှင့် သျှမ်းပဒေသရာဇတို့၏ တန်းခိုးသြဇာပြိုင်ဆိုင်မှု သျှမ်းနယ်မြေစုများနှင့် သျှမ်းနယ်မြေစုများကို စုစည်းဦးဆောင်နိုင်သော သျှမ်းမင်း၊ သျှမ်းစောဘွား ပေါ်ပေါက် လာသောအခါ သျှမ်းပဒေသရာဇ် ပြည်ထောင်စု(သို့) သီးခြားလွတ်လပ်သော နိုင်ငံထူထောင် လာခဲ့သည်။ ထူထောင်ရန် ကြိုးစား လာခဲ့ကြပါသည်။
ထိုသို့ သောကာလတွင် အောက်မြန်မာနိုင်ငံ ရှိ မြန်မာမင်း ပဒေသရာဇ်များနှင့် တန်းခိုးသြဇာ ပြိုင်ဆိုင်မှုများ နယ်မြေချဲ့ထွင်မှုအတွက် ကပြန်အလှန် တိုက်ခိုက်မှုများ ပေါ်ပေါက် လာခဲ့သည်ကို တွေ့ရပါသည်။ သို့ဖြစ်၍လည်း ပုဂံခေတ်အနော်ရထာ(အနုရုဓ္ဒ) မင်း (AD-1044-1077) လက်ထက်တွင် မြန်မာတို့ အုပ်ချုပ်သော ပုဂံနေပြည်တော်၏ အရှေ့ဖက်နှင့် မြောက်ဖက်တလွားမှ သျှမ်းများ၏ ရန်ကိုကာကွယ်ရန် အလိုငှါး သျှမ်းတောင် တန်းခြေရင်းနှင့် ဧရာဝတီမြစ်ရိုး တလျှောက်တွင် နယ်ခြေားစောင့်တပ် (43) မြို့ကိုတည်ထောင် ခဲ့ရခြင်း။
သျှမ်းပဒေရာဇ်များ၏ တံခိုးသြဇာ လွှမ်းမိုးသောခေတ် (AD-1526-) ခုနှစ်တွင် မိုးညှင်းစော်ဘွား စစ်လုံနှင့် သားသိုဟန်ဘွား (ဆေဟန်ဖ) တို့ဦးဆောင်၍ အင်းဝနေပြည်တော် ရွှေနန်းကျော့ရှင်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး၊ မြန်မာ့အစဉ် အလာအရ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် သျှမ်းမင်းများ အနှစ် (50) ခန့် အုပ်စိုးခဲ့ခြင်း၊ (မြန်မာ့စွယ်စုံ ကျမ်း အတွဲ ၁၁၊ စာမျက်နှာ-၁၄၇)
တောင်ငူခေတ် ဘုရင့်နောင်လက်ထက်တွင် အထက်မြန်မာနိုင်ငံ သျှမ်းပြည်များဖြစ်သော မိုးညှင်း၊ မိုးကောင်း၊ ကသာ၊ဗန်မော်၊ ကလေး၊ မိုးမိတ်၊ သီပေါ၊ သုံးဆယ် စသောနယ်များကို တိုက်ခိုက် သိမ်းပိုက်ပြီး၊ မြန်မာမင်းတို့၏ သစ္စာကို ခံယူစေခဲ့ပါသည်။
ထိုခေတ် ကာလတွင် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ ကလေး၊ တောင်သွပ်၊ ညောင်ရွှေ၊ သိန္ဒီ၊ သီပေါ၊ မိုးဗြဲ၊ မိုးနဲ ဟူသော သျှမ်းကိုးစော်ဘွားနယ် များကို သီးခြားထားပြီးလျှင် ထိုနယ်ရှ င်စော်ဘွားများကို မြန်မာမင်းတို့က စော်ဘွားကြီး များ၏ အစီးအနင်း အဆောင်အရွက်များကို ခွင့်ပြုခဲ့ပါသည်။ နောင်မြန်မာမင်း အဆက်ဆက်တို့ကလည်း ထီးရံ၊ နန်းရံ လက်နက်နိုင်ငံများအဖြစ် အသိမှတ်ပြုလေသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁၊ စာမျက်နှာ ၃၈၈)
တောင်ငူမင်းဆက် မဟာဓမ္မရာဇာမင်း  (AD-1733-52) လက်ထက်တွင် မြန်မာမင်းတန်းခိုးသြဇာ ကျဆင်း၍ သျှမ်းနယ်မှ သျှမ်းစောဘွားများသည် မြန်မာမင်းများ၏ သြဇာကို မခံယူတော့ဘဲ သျှမ်းပြည်ထောင် များသည် သီးခြားလွတ်လပ်သော သျှမ်းပြည်ထောင်များ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ကုန်းဘောင်မင်းဆက် ကိုထူထောင်သော အလောင်းမင်းတရားအမည်ခံ ဦးအောင်ဇေယျ (AD-1752-60) လက်ထက် ရောက်သော အခါတွင် သျှမ်းနယ်များကို တိုက်ခိုက် သိမ်းပိုက်စုစည်းခဲ့ရပြန်သည်။
ဤသမိုင်းဖြစ်စဉ် များသည် အထက်မြန်မာနိုင်ငံအတွင်း သျှမ်းဒေသနှင့် သျှမ်းမျိုးနွယ်ဝင်များ၏ သမိုင်းအခန်း ကဏ္ဍကို ထိန်ချန် ပယ်ဖျောက်၍ မရသောသာဓက များလည်းဖြစ်ပါသည်။
မြန်မာမင်းများ လက်ထက် သျှမ်းပြည်ေ တာင်တန်း များအား ပိုင်းခြားသတ်မှတ်မှု
မြန်မာမင်းများ တန်ခိုးသြဇာ လွမ်းမိုးသော တောင်ငူခေတ်တွင် မြန်မာမင်းများသည် သျှမ်းကုန်ြး   ပြင်မြင့် တောင်တန်းရှိ သျှမ်းပြည်များနှင့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ သျှမ်းပြည်များကို လက်အောက်ခံ စော်ဘွားများ အုပ်ချုပ်သော သျှမ်းပြည် အဖြစ်အသိ အမှတ်ပြုခဲ့သည်။ တောင်ငူခေတ်တွင် မြန်မာနိုင်ငံ၏ အရှေ့ဖက်ဒေသနှင့် အထက်ပိုင်း ဒေသတို့မှာ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ကလေး(တောင်သွပ်) ညောင်ရွှေ၊ သိန္ဒီ၊ သီပေါ၊ မိုးဗြဲ၊ မိုးနဲ၊ ပါဝင်သော သျှမ်းကိုပြည်ထောင်(၉)နိုင်ငံ အဖြစ်တည်ရှိနေသည်ကို တွေ့ရှိရပါသည်။
ကုန်းဘောင်မင်းဆက်ကို ထူထောင်သော အလောင်းမင်းတရား အမည်ခံ ဦးအောင်ဇေယျ ဦးဆောင်၍ သျှမ်းနယ်များကို သိမ်းပိုက်စုစည်းလိုက်သည် နောက်ပိုင်းတွင် သျှမ်းနယ်များကို အောက်ပါအတိုင်း နယ်မြေပိုင်းခြား သတ်မှတ်ခဲ့ကြောင်း မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ် အင်းဝဆင်ဖြူရှင် ထိုးမှတ်သော ရွှေဘုံစံတုလွှတ်ကျောင်း ကျောက်စာတွင် တွေ့ရပါသည်။
(က) မိုးနဲ၊ ညောင်ရွှေ၊ ရပ်စောက်၊ မိုးဗြဲ၊ သိန္ဒီ၊ ကိုင်းမား၊ သီပေါ၊ မိုးမိတ်၊ မိုင်းလုံ၊ သုံးဆယ် ဟူသောမြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော စော်ဘွားအပေါင်းတို့ နေရာကို ကမ္ဘောဇတိုင်း ဟုလည်းကောင်း၊
(ခ) မိုးတား၊ မိုးမိတ်၊ မိုးညှင်း၊ မိုးကောင်း၊ ခန္တီး၊ ထက်ခေါင်၊ မိုင်းလုံ ဟူသောမြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သည့် သုံးဆယ်သောသျှမ်းစော်ဘွားတို့နေရာဖြစ်သော အာဠ၀ီတိုင်း ဟုလည်းကောင်း၊
 (ဂ) မိုင်းမော၊ စည်ခွင်၊ ဟိုသာ၊ လသာ၊ မိုင်းနား၊ စန္ဒာ၊ မိုးဝန်းစသော မြို့ကိုးမြို့ဖြင့် တန်ဆာဆင်အပ်သော သျှမ်းတို့နေရာ မောကိုးခွင်ဟူသော မောရိယတိုင်း (ယခု ယူနန်ပြည်နယ်)
(ဃ) ကထိုး၊ ၀ိုးငံ၊ ဆေးသင်၊ ကောင်းစင့်၊ ငရင်း၊ ငရုန်း၊ ယင်းကပ်၊ ဟူသောမြို့ကြီးအပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော၊ ဗန်းမော၊ သျှမ်းစော်ဘွားတို့နေရာကို နံ့တိုင်း ဟုလည်းကောင်း၊
  (င) မိုးကုတ်ကြပ်ပြင်၊ ရေလျှံစသော မြို့ငယ်အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော ငို့သူကြီးတို့နေရာကို မဟိသကတိုင်း ဟုလည်းကောင်း၊
(စ) ကလေး၊တောင်သွတ်၊ ထီးလင်း၊ ယော၊ ဆော၊ စကု၊ စလင်း၊ မဖဲ၊ မင်းတုန်း စသော (၂၇)မြို့ဖြင့် တန်ဆာဆင်အပ်သော သုနာပရန္တတိုင်း စသည်ဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် အထက်ပိုင်း သျှမ်းပြည်တို့ ကိုပိုင်းခြား သတ်မှတ် ခဲကြောင်းတွေ့ရှိပါသည်။
ကုန်းဘောင်ခေတ်တွင် မြန်မာနိုငံကို မြန်မာနယ်၊သျှမ်းနယ်ဟူ၍ခွဲခြားပြီး မြန်မာနယ်ကို ခရိုင်ဆယ်မှူးရုံးဟု အောက်ပါ အတိုင်းခွဲခြား အုပ်ချုပ်ခဲ့ကြပါသည်။
(က) ပဌမ ဌာန--- ရွှေကြိုးသတ်နယ်မြေ- ရွှေမြို့တော်ခရိုင်
(ခ) ဒုတိယ် ဌာန---အ၀မြို့ခရိုင်
(ဂ)တတိယ ဌာန---တောင်ငူခရိုင်
(ဃ) စတုတ္ထဌာန---တောင်တွင်းကြီးခရိုင်
(င) ပဉ္စမ ဌာန---အောက်မြင်စဉ်ခရိုင်
(စ) ဆဌမ ဌာန---စစ်ကိုင်းခရိုင်
(ဆ) သတ္တမ ဌာန စစ်ကိုင်းခရိုင်
(ဇ) ဆဌမ ဌာန---စစ်ကိုင်းခရိုင်
(ဈ) အဌမ ဌာန---ရတနာသိင်္ဃခရိုင်
(ည) ဒဿမ ဌာန--- အညာမြင်းစဉ်ခရိုင်တို့ဖြစ်ပါသည်။
ယနေ့ သျှမ်းပြည်ဟုခေါ်သော သျှမ်းကုန်းပြင်မြင့် သျှမ်းတောင်တန်း ဒေသရှိ သျှမ်းပြည်များကို အုပ်ချုပ်သော သျှမ်းစော်ဘွားများ တို့အပေါ်တွင် မြန်မာမင်းတို့က သိန္နီတပ်ရုံး၊ မိုးနဲတပ်ရုံး၊ မိုးဗြဲတပ်ရုံး၊ ဟူ၍ တပ်ရုံးသုံးရုံးဖွင့် လှစ်၍ အုပ်ချုပ်စေခဲ့သည်။
တောင်ပိုင်း မိုးမိတ်၊ ၀န်သို၊ တောင်သွပ်၊ ကလေးမြို့များသို့ စော်ဘွားများကို ဦးထိုက်တမ်း မှတ်သား၍ သီးခြားဆင့်ဆို အုပ်ချုပ်စေခဲ့ကြောင်းနှင့် မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်စသောမြို့ရွာများကို သျှမ်းစော်ဘွားများ မထားတော့ဘဲ မြန်မာအဝေးရောက်မြို့ဝန်များ ခန့်ထားစေလွှတ် အုပ်ချုပ်စေခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁၊ စာမျက်နှာ ၃၉၀တွင် လေ့လာတွေ့ရှိ ရပါသည်။
ယင်းကဲ့သို့ သမိုင်းအပြောင်းအလဲ ကိုခံရသည် ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း စသောသျှမ်း မျိုးနွယ်စုများ၏ ဒေသများသည် မှုလက သျှမ်းစော်ဘွားများ၊ အုပ်ချုပ်ခဲ့သော သျှမ်းပြည်အဖြစ် တည်ရှိခဲ့သော်လည်း နောက်ပိုင်းမြန်မာမင်းတို့ စေလွှတ်သော မြန်မာ အဝေးရာက် မြို့ဝန်များ အုပ်ချုပ်ခဲ့သော သျှမ်းပြည်ဖြစ် ခဲ့ရကြောင်းတွေ့ရှိပါသည်။
တဖန်ကုန်းဘောင် မင်းဆက် သီပေါမင်းမှ 1882 ခုနှစ် မြန်မာ၁၂၄၄ ခုနှစ်တွင်  ပေါမိုင်း ထမုံ သူကြီး ခေါင်းကြီးရွာအုပ်တို့မှစ၍ သဘော တူညီကြချက်အရ စ၀်အောင်မြတ်အား ၀န်းသို့စော်ဘွားအရာ ခန့်အပ်ပြန်သည်။ သောင်သွတ် နှင့် ခန္တီးနယ်များ တွင်လည်း စော်ဘွားများ ရှိကြပြီးဖြစ်သည်။  မြန်မာဘုရင် လက်အောင်ခံ စော်ဘွားများဟု ဆိုပေမဲ့ ယင်းစော်ဘွား အုပ်ချုပ်ရာ ဒေသမျးမှ  အချုပ်အခြာ အာဏာ အားလုံးသည် စော်ဘွားကြီးလက်ထဲ မှာသာလျှင်ရှိသည်။
ဖက်ဒရယ် ပြည်ထောင်စုသို့ ချီတက်နေကြသော တိုင်းရင်းသာ ညီအကိုများမောင်နှမများနှင့် အနာဂတ် သျှမ်းလူငယ်များ သျှမ်းအမျိုးသားထု တရပ်လုံးတို့အား ရည်စူး၍ စုစည်းတင်ပြလိုက်ရပါသည်။ အိပ်ပျော်နေသော ကျားများလည်း နိုးထနိုင်ပါစေ... ခေးဆေ ယါငေ့
ကျားပေါက်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်