koko

koko

Saturday, February 4, 2012

တိုင်းလျှဲန် (သျှမ်းနီ)၊ ခန္တီးတို့၏ သမိုင်းအကျဉ်း--ဆက်



မွန်ဂိုလွိုက် အနွယ်ဝင် ဖြစ်သော Tai (ခေါ်)သျှမ်း မျိုးနွယ် စုကြီးသည် အာရှတိုက် အနောက်ပိုင်း အလယ်ပိုင်း တွင် ပေါက်ဖွားပြီး ယခု တရုတ်ပြည် ပြည်မ တွင်းသို့ ၀င်ရောက်ကာ အခြေချ နေထိုင် ခဲ့ကြသည်။ ထိုမှ အာရှတိုက် ရှေ့တောင် ဒေသ အနှံ့အပြားသို့ ပျံနှံ့လာ ခဲ့သည်။
တရုတ်တို့၏ (TS'U) ဇူ လက်နက် နိုင်ငံတော်နှင့်(TS'-in ) ဇင် ခေတ်လေါက်ကပင် တရုတ်ပြည် အနှံ့အပြား၌ Tai(ခေါ်)သျှမ်း မျိုးနွယ်စုများ နေထိုင်ကြပြီး ဖြစ်သည်။

ထိုခေတ်က ဇူ တို့ပြောဆိုသော ဘာသာစကားသည် Tai (ခေါ်)သျှမ်း တို့၏ ပြောဆိုသော ဘာသာစကားနှင့် အတူတူပင် ဖြစ်ခဲ့သည်။

ခရစ်မပေါ်မီ ကာလကပင် တရုတ်နှင့် Tai (ခေါ်) သျှမ်းတို့သည် တန်းခိုးအာဏာ ပြိုင်ဆိုင်မှု စစ်ပွဲကြီးများ အဆက်မပြတ် ဆင်နွဲခဲ့ကြသည်။ ဦးစွာရောက်နှင့်ပြီး ဖြစ်သော တိုင်း (ခေါ်)သျှမ်းတို့၏ အခြေချရာ နယ်မြေအတွင်း တရုတ်တို့ ၀င်ရောက်လာခြင်း ကြောင့်ဖြစ်သည်။ နောက်ဆုံးတွင် Tai (ခေါ်)သျှမ်းတို့သည် တရုတ်ပြည်မတွင်း၌ ဇူဝ်၊ ပံ့ ၊ပါ ၊လန့် ၊နန်ချောင် ၊မိုင်းမော ၊ဆယ်လန့် ၊ဆင်းန်ဝီ စသော လက်နက်နိုင်ငံများ ထူထောင်ခဲ့ ကြသည်။

ထိုခေတ် ကာလများက တရုတ်ပြည်အတွင်း Tai (ခေါ်) သျှမ်းတို့ အခြေချနေထိုင် ခဲ့သောဒေသ များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ကွမ်စီပြည်နယ်ဒေသ၊
ကွေ့ချောင် အရှေ့တောင်ဒေသ၊
ရှန်စီပြည်နယ်ဒေသ၊
ဟူပေ ပြည်နယ်ဒေသ၊
အန်ဟွေပြည်နယ်ဒေသ၊
ဟိုနန်ပြည်နယ်ဒေသ၊
ကွမ်တုံပြည်နယ်ဒေသ၊
စီကိုင်တောင်ကြားဒေသ၊
စီချွမ်ပြည်နယ်ဒေသ၊
ယူနန်ပြည်နယ်ဒေသ၊
ကွမ်နန်ဒေသ တို့ဖြစ်ကြသည်။

အာရှ အရှေ့တောင်ပိုင်း၌လည်း နေထိုင်ခဲ့သော နေရာများကိုလည်း အောက်ပါအတိုင်း တွေ့ရှိရပါသည်။ ဟိုင်နန်ကျွန်း၊ တုံကင်အထက်ပိုင်း၊ လောပြည်၊ ယိုးဒယားပြည်၊ အာသံပြည်၊ မဏိပူရပြည်၊ ကမ္ဗောဒီးယားပြည်၊ အထက်မြန်မာပြည်၊ အောက်မြန်မာပြည်၊ အရှေ့ပိုင်းမြန်ပြည် တို့ဖြစ်ကြသည်။

ဤသို့Tai (ခေါ်)သျှမ်းတို့သည် လမ်းကြောင်း အသွယ်သွယ်မှ ဆင်းသက်လာကြပြီး မြန်မာပြည်တွင်း၌လည်း ချင်းတွင်းမြစ် အထက်ပိုင်းဒေသ၊ ဥယုမြစ်ဝှမ်းနှင့် ကဘော်ချိုင့်ဝှမ်းအပါဝင် သလ္ထာဝတီ အနောက်ဖက်ဒေသ၊ ဟူကောင်းချိုင်းဝှမ်း၊ ပူတာအို လွင်ပြင် အပါဝင် အနောက်မြောက်ဖက်ဒေသ၊ ဧရာဝတီ မြစ်ဝှမ်းအထက်ပိုင်းဒေသ၊ တာပိန် ရွှေလီမြစ်ဝှမ်းဒေသ၊ အသီးသီးတို့တွင် သျှမ်းတို့အခြေချ နေထိုင်ရာဒေသဖြစ် တည်ရှိနေတော့သည်။

ယေဘုယျအားဖြင့် ဆိုသော် အရှေ့ဖက်သျှမ်းပြည်နယ်မှ လွဲ၍ မြန်မာပြည် မြောက်ပိုင်းဒေသ တစ်ခုလုံးနီးပါးသည် သျှမ်းတို့အခြေချရာ ဖြစ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။

“သျှမ်း”ဟူသောဝေါဟာရ ကိုစမ္ပါမြို့ဟောင်း (ထိုင်းနိုင်ငံ) တွင်း AD 1052- ခုနှစ်က တူးဖော်ရရှိသော ကျောက်စာ၌ အထင်ရှား တွေ့ရှိရသည်။ သက္ကတဘာသာ စကားဖြစ် ၍ “အဖြူ ၊ ဖြူစင်ခြင်း ဟုအဓိပ္ပာယ်ရသည်။

ဆရာ့စတော့၏ The Burma ဟူသောစာအုပ်တွင် သျှမ်းတို့ခရစ်မပေါ်မီ နှစ်ပေါင်း (၁၀၀)ခန့်ကတည်းက ၀င်ရောက်နေထိုင်ပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။ ကာနယ်ရီဂျီနို ကလည်း မောသျှမ်းတို့သည် BC 400 လောက်ကပင် ရွှေလီမြစ်ဝှမ်း နေထိုင်နေကြပြီးဖြစ် ကြောင်းဖော်ပြ ရေးသားထားသည်။

မိုးမိတ် ရာဇ၀င်တော်ကြီး ၏ စာမျက်နှာ (၆၅)တွင်း သျှမ်းတို့သည်ယခု ယူနန်ဒေသ၌ နန်ချို မောသျှမ်းနိုင်ငံတော် အထင်အရှား မရှိသေးမီကပင် တာပိန်၊ ရွှေလီမြစ်ဝှမ်းတစ် လျှောက်၌ အခြေချနေထိုင်ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

ကုန်းဘောင် ရာဇ၀င် အရ ရွှေလီမြစ်အထက်၊ လက်ယာဘက်ကမ်းရှိ (မှု- အန်- မော) မိုင်းမောဝ် နယ်တွင် ထီးနန်းစိုးစံသော စော်ဘွားများမှစ၍ သျှမ်းပြည်ထောင်စုများပျံ့ ပွားခဲ့သည်။ ထိုပြည်ထောင်စု အားလုံးကို မိုင်းမေ၀် ပြည်ထောင်စု ခေါ်တွင်သည်ဟု သိရသည။်

မေဂျာဒေးဗစ် ရေးသားသော ယူနန်ပြည်စာအုပ်တွင် ယူနန်သည် သျှမ်းဝေါဟာရ ဖြစ်ကြောင်း ယူနန်-နေထိုင်သည်၊ နမ်-များပြားခြင်း။ ထို့ကြောင့် ယူနန်များပြား ကျယ်ပြန့်စွာနေထိုင်သော လူမျိုးတို့နေရာ၊ ပြည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ထိုလူမျိုးတို့သည် အနောက်ဖက် အာသံသို့တိုင်အောင် ပျံ့နှံ့နေထိုင်ခဲ့ကြကြောင်း (၁၃)ရာစုတွင် အာသံကို သိမ်းပိုက်ပြီး အာဟုမ္မမင်းဆက် ကိုတည်ထောင်ခဲ့ကြောင်း အာဟုမ္မပူရံဂျီခေါ် အဟုမ္မသမိုင်း တွင်ရေးသားထားသည်။

ဗြိတိန်ရှိ အာရှတိုက်ဆိုင်ရာ အဖွဲ့ဝင် ဒဗလျူတော့ကရိန်း က(၁၉၀၅)ခုနှစ်တွင် The Shan ဟူသော သျှမ်းလူမျိုးများ သမိုင်းစာအုပ်ကို ရန်ကုန်မြို့၌ထုတ်ဝေခဲ့သည်။ ထိုစာ အုပ်တွင် သျှမ်းလူမျိုးတို့သည် သျှမ်းပြည်နယ်တွင် သာမက ဗမာပြည် တစ်ဝှမ်းလုံးတွင် ပျံ့နှံ့နေထိုင်သည်။ အထက်ပိုင်း ဟူးကောင်းမြေပြန့်ဒေသနှင့် ခန္တီးလုံမှစ၍ အောက်ဖက် မြိတ် အထိ သျှမ်းလူမျိုးများကို တွေ့ရသည်။ အထူသဖြင့် မြန်မာပြည်မြောက်ပိုင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် အင်းမြေနှင့် မြစ်နှစ်မွှာအကြား မူမြစ်ဝှမ်းအထိ တစ်ဆက်တည်း တွေ့ရသည်။ ဗမာပြည်အောက်ပိုင်းဒေသ သထုံ၊ ရန်ကုန်၊ တောင်ငူ၊ ပျဉ်းမနားအချို့ ဒေသများတွင် အစုအဝေးဖြင့် နေထိုင်ကြသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)တွင် စကုဒေသသည် AD 1120 မှစ၍ ခန္တီးသျှမ်းတို့ နေထိုင်ရာဒေသ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာ့ ရာဇ၀င်တွင် ပုဂံကျောက်စာများ၌ “ခန္တီး”ဟူသော ဝေါဟာရကို အကြိမ် (၂၀)ထက်မနည်း တွေ့ရှိရကြောင်း ဖော်ပြထားသည်၊

မြန်မာအစ -တကောင်းက ဟုဆိုရာ၌ တကောင်းသည် သျှမ်းဘာသာစကားဖြစ်သည်။ တာ-ဆိပ်ကမ်း ၊ ကောင်း - အစုအပုံ ဖြစ်၍ “စုပုံသည်” ဟုအဓိပ္ပာယ်ရှိသည်။ ဧရာဝတီမြစ်သို့ ရောက်ရှိဆင်းသက်ပြီး “အစုလုက်အပုံလိုက် နေထိုင်ရာဆိပ်ကမ်း” ဟု ဆိုလိုရင်းဖြစ်သည်။
..တကောင်းသည် သျှမ်းတို့မှည့်ခေါ်ခဲ့သော အမည်၊ သျှမ်းတို့စတင် နေထိုင်ခဲ့ပြီး သျှမ်းတို့ တည်ခဲ့သော မြို့ဖြစ်သည်။ တကောင်သို့ “သာကီဝင်မင်းမျိုး အဘိရာဇာ မရောက်မီကပင် သျှမ်းတို့ရောက်ရှိ နေထိုင်ပြီးဖြစ်သည်။

ဟူးကောင်းလွင်ပြင် ဒေသသည် -ပတ်ကွိုင်တောင်တန်းကြီးနှင့် ရိုးမ တောင်တန်းများ ၀န်းရံလျက် ရှိသည်။ မြောက်ဘက်တွင် တိဘက်၊ အရှေ့ဘက်တွင် နန်ချောင်နိုင်ငံ၊ အနောက်ဘက်တွင် မာဂဓသေဒတို့ ပေါက်ရောက်နိုင်သည်။ ခေါ်သလ္လာဝတီမြစ်နှင့် ခေါ် ဧရာဝတီမြစ်ဖျားခံရာ နေရာလည်းဖြစ်သည်။

AD -9 ရာစုတွင် ဟူးကောင်းလွင်ပြင်၌ မုံးနေသျှမ်း များရောက်ရှိနေ ကြပြီးဖြစ်သည် ဟုမှတ်တမ်းများ၌ ဖော်ပြသည်။ သျှမ်းတို့သည် ခရစ်မပေါ်မီကပင် ဝေသာလီ၊ ဆာဒီယ၊ တိဘက်သို့ ရောက်ပြီးဖြစ်သဖြင့် ထိုကာလနှင့် တစ်ချိန်တည်း၌ပင် ဟူးကောင်း ပြင်လွင်သို့ ရောက်ရှိလာကြပေသည်။
AD-13ရာစုတွင် မုံးစေခွန် သျှမ်းများ ရောက်ရှိလာပြီး မုံးနေ သျှမ်းများနှင့် ပေါင်းမိကာ ခန္တီးသျှမ်းခေါ် ခန္တီးဒေသနေသျှမ်း ဖြစ်လာသည်ဟု မှတ်တမ်းများက ဆိုသည်။
ဟူးကောင်း လွင်ပြင် ဒေသမှ ထွက်ခွာ ခဲ့ကြပြီး အချို့မှာ လတ္တီတွဒ် ၂၆ံ ၃၆” နှင့် လောင်ဂျီတွဒ် ၉၆ံ ၃၀” ကြား၊ ဟူးကောင်း တောင်ကြားရှိ နိမ်ပြင်(Neng Pyin ) ဒေသတွင် ကျန်ရစ်ခဲ့သူ များလည်းရှိသည်။ အချို့မှာ တောင်ဘက် ပယင်းတွင်းရှိရာ သို့ရောက်ရှိပြီး၊ အချို့မှာ ကင်းတော်၊ တာရိုး နှင့် ခန္တီး (ယခု ခန္တီး)သို့ ရောက်ရှိသွားကြသည်။

ဟူးကောင်းလွင်ပြင်ရှိ သျှမ်းနိုင်ငံတော်ကြီးသည် AD -649 တွင် အရှေ့ဘက် နန်ချိုသျှမ်း နိုင်ငံတော်ကြီး၏ သျှမ်းပြည်ထောင်စု (၉)ခုတွင်ပါဝင်ခဲ့သည် နန်ချို ဧရာဇ် ခွန်လူဖုန်း (AD -753 – 763 )သည် တိုင်းခမ်းလှည့်လည်ရင်း ဟူးကောင်းလွင်ပြင်သို့ ရောက်ရှိစဉ်ပ ဆား၊ ရွှေ၊ ပယင်း၊ ကျောက်စိမ်းရတနာများ ထွက်ရှိသည့် ခန္တီးဒေသကို နိုင်ငံ တော်ဘဏ္ဍာမြေအဖြစ် စောင့်ရှောက်ရန် ပူတာအို တွင်တ AD -စခန်းချ၍ စီစဉ်ခဲ့သည်။

AD -1311မိုင်းမောဝ် ခေတ်တွင်လည်း မိုင်းမောဝ် သျှမ်းပြည်ထောင်စု ဧကရာဇ် နိုင်ငံတော်ကြီး တွင် ပါဝင်ခဲ့သည်။ မိုးကောင်း (Mo Gaung ) မိုးညှင်း(Mo Hnyin) တို့မှတဆင့် အခွန်ဘဏ္ဍာဆက် နိုင်ငံတစ်ခုအဖြစ် အုပ်ချုပ်ခဲ့သည်။ တိုင်းခန္တီး၊ တိုင်းလျှဲန်(သျှမ်းနီ) တို့သည် မိမိ၏ ဘုရင်(စ၀်ဖှလုံ) များဖြင့် ပြည့်စုံခိုင်မာသော သျှမ်းလူမျိုးများအဖြစ် အရှည်သဖြင့် ရပ်တည်ခဲ့ပါသည်။

တိုင်းခန္တီး၊ တိုင်လျှဲန် တို့သည် နန်ချိုဟုခေါ်သော ရှမ်းဧကရာဇ်နိုင်ငံကြီးမှ ရှစ်ရာစုဝန်းကျင်က ယခုနေထိုင်ရာ ဒေသသို့ နန်ချိုမှ ထပ်မံအင်အားဖြည့် ရောက်ရှိခြင်းဖြစ်သည်။ နန်ချိုသျှမ်းဧကရာဇ် နိုင်ငံတော်ကြီးသည် ယခုအာသံခေါ် အဟွမ်နိုင်ငံထိ ရောက်အောင် ကျယ်ပြန့်ကြီးမားခဲ့သည်။ Dorathy Woodman, Trager, တို့၏မှတ်တမ်း စာအုပ်အရလည်းကောင်း၊ တရုတ်မှတ်တမ်း၊ သျှမ်းမှတ်တမ်း (မွန်ဂိုမင်းမှတ်တမ်း) အရလည်းကောင်း၊ နန်ချို သျှမ်း အင်ပါရာကြီးသည် လောနိုင်ငံ၊ ချိမ်းမိုင်၊ မော်လမြိုင်၊ ဧရာဝတီ၊ အာသံ၊ ဟူးကောင်းဒေသ တို့ကို စုစည်းပေါင်းစပ်၍ အုပ်ချုပ်ခဲ့သည်ဟု မှတ်တမ်းပါရှိသည်။

နန်ချို အာသံ (အဟုံမ်) ကိုသွားရောက် သိမ်းစဉ်က လမ်းတလျှောက်ရှိ ဆို (-ကျား) မင်းမျိုး မင်နွယ်စုများသည် အုပ်ချုပ်သူများအဖြစ် ထားရစ်ခဲ့သော၊ စစ်တပ်အုပ်စုအပါဝင်ဖြစ် သော သျှမ်းလူမျိုးများဖြစ်ပါသည်။ သျှမ်းမင်း နေထိုင်ရာဒေသတိုင်း၌ လယ်ယာဖြင့် အလုပ်ကြွေး ပြုသော စိုက်ပျိုးရေးအဖွဲ့အစည်းပါစမြဲဖြစ်ပါသည်။ ယနေ့ထိ အာသံ၌ သျှမ်းလူ မျိုးများစွာရှိနေပါသည်။ မျက်နှာသည် သျှမ်းမျက်နှာ၊ သွေးသည် သျှမ်းသွေးဖြစ်ပြီး၊ နာမည်မှာမှု ပါဠိနာမည်များ(ကုလားနာမည်များ) ဖြစ်နေကြပါသည်။ သုတို့ကိုယ်သူတို့ သျှမ်းတွေမှန်းသိနေဆဲ အသိအမှတ်ပြုနေဆဲဖြစ်ပါသည်။

ရာဇ၀င်မှတ်တမ်းများ၌ တွေ့ရသော သိုဟန်ဘွားမင်းစော(ဆိုခန်ဖှ) သည်တစ် ဦးတည်း မဟုတ်ဘဲ နာမည်တူများ (ဆိုမိသားစုမင်းမျိုးနွယ်စုဝင်များ) ဖြစ်ကြပြီး၊ သက္ကရာဇ်ကာလအားဖြင့် ကွဲပြား၏။ နန်ချို သျှမ်းဧကရာဇ်မင်းဆက်(AD 650-1252 ) နှောင်း၌တစ်ဦး၊ မောသျှမ်းတိုင်းပြည် စယ်လန့် ဧကရာဇ်မင်းဆက်(AD 1300-1772 ) ၌တစ်ဦး၊ မိုးညှင်းမင်းတရားကြီး စ၀်စောလုံ၏သား အာဝနန်းရှင် သိုဟန်ဘွား(AD 1505-1547 ) ကတစ်ဦးဖြစ်ပါသည်။ သူတို့အားလုံးသည် “ဆို” မင်းနွယ်ဝင်များမှ ဖြစ်ကြပါသည်။

အာသံသည် ဗမာဧရာဇ်၏ စောင့်ရှောက်ခံ နေရသည့်ကာလ ရှိပါသည်။ သျှမ်း ဧရာဇ်များ၏ စောင့်ရှေက်ခံနေရသည့် ကာလက ပို၍များပါသည်။ ဝေးလံခေါင်ဖျားဒေသဖြစ် သော အာသံ (ဝေသာလီကြီး) သို့ မောသျှမ်း ဧကရာဇ်များ သူ့ခေတ်နှင့်သူ ရောက်တတ်ကြ၏။ နန်ချို ဧကရာဇ်(ရှစ်ရာစု) လည်းရောက်ခဲ့သည်။ (AD 1321 ) ကာလ၊ မောသျှမ်းဧကရာဇ် သိုဟန်ဘွားကိုယ်စား သူ၏ ညီတော် စ၀်ဆမ်လုံး သွားရောက်ခဲ့သည်။ အသွားအပြန် ခရီးသုံးနှစ် ကြာခဲ့သည်။ စ၀်ဆမ်လုံသည် အပြန်ခရီး မိုးကောင်း(Mong Kong )၌ တစ်ထောက်နားစဉ် အဆိပ်မိ၍ ကွယ်လွန်ခဲ့သည်။ သူ၏နောက်လိုက် စစ်တပ်ဗိုလ်ပါ ပေါင်းသည် မောသျှမ်းဧရာဇ်ပြည် စယ်လန့်သို့မ ပြန်ကြတော့ဘဲ ရောက်ရာနေရာ၌ပင် မြို့တည်လယ်လုပ်၍ နေထိုင်လာကြတော့သည်။

ဗန်မော် (၀မ့်မို့)၊ ကောလင်း (ကော်လန်းင်)၊ ၀န်းသို(၀န်းဆို)၊ ဟုမ္မလင်း (ဟုံမလန်းင်)၊မော်လိုက်(မိုတ်း)၊ သောင်သွပ်(ဆောင်ဆူပ်း) ၊ဖေါင်းပြင် ကိုင်း လွင် ပြင် ။ ပန်င်ပေါင်း= )၊ဟူးကောင်း တို့၌ ယခင်ရှစ်ရာစုမှစ၍ သျှမ်းပြည် မြို့ရွာတည် ရှိခဲ့ပြီး၊ ၁၄ ရာစုတွင် နောက်ဆုံးတစ်ကျော့ စယ်လန့်မှ ထပ်မံအားဖြည့် ရောက်ရှိလာ ကြခြင်းဖြစ်သည်။ စ၀်ဆမ်လုံသည် မောသျှမ်းတို့၏ ခေါင်းဆောင်ဖြစ် သကဲ့သို့၊ တိုင်းခန္တီး၊ တိုင်းလျှဲန်(သျှမ်းနီ) တို့၏ ခေါင်းဆောင်ကြီး အစစ်လည်း ဖြစ်တော့သည်။ သူ၏ သင်္ချိင်းဂူသည် ယနေ့တိုင် မိုးကောင်းမြို့နယ် နမ့်တီးမြို့ (သကြားစက်ဝန်း)တွင် ရှိနေပါသည်။ တန်ဖိုးကြီးမားလှသော သမိုင်းမှန်တိုင် ဖြစ်သောကြောင့် စ၀်ဆမ်လုံ၏ဂူကို အမြဲမပြတ် မွမ်းမံထိန်းသိမ်း ထားသင့်လှပါသည်။

 

 စ၀်ဆမ်လုံ၏ အရိုးအိုး စေတီတော်


(AD 1321 ) ကာလ၊ မောသျှမ်းဧကရာဇ် သိုဟန်ဘွားကိုယ်စား သူ၏ ညီတော် စ၀်ဆမ်လုံး အာသံ (ဝေသာလီကြီး) သို့ သွားရောက်ခဲ့သည်။ အသွားအပြန် ခရီးသုံးနှစ် ကြာခဲ့သည်။ စ၀်ဆမ်လုံသည် အပြန်ခရီး မိုးကောင်း(Mo Gaung )၌ တစ်ထောက်နားစဉ် အဆိပ်မိ၍ ကွယ်လွန်ခဲ့သည် စ၀်ဆမ်လုံသည် မောသျှမ်းတို့၏ ခေါင်းဆောင်ဖြစ် သကဲ့သို့၊ တိုင်းခန္တီး၊ တိုင်းလျှဲန်(သျှမ်းနီ)တို့၏ ခေါင်းဆောင်ကြီး အစစ်လည်း ဖြစ်တော့သည်။ သူ၏ သင်္ချိင်းဂူသည် ယနေ့တိုင် မိုးကောင်းမြို့နယ် နမ့်တီးမြို့ (သကြားစက်ဝန်း)တွင် ရှိနေပါသည်။ ယင်းဂူဗိမာန်ကို ခန္တီးဆရာတော်ဘုရား ဦးဆောင်၍ စေတီတော် အဖြစ်တည်ထားလေသည်။ Â


တိုင်းခန္တီးနှင့် တိုင်းလျှဲန်(သျှမ်းနီ) တို့သည် စယ်လန့် သျှမ်းများဟုဆိုလျှင်မမှားနိုင်ပေ။ ယနေ့ ဆွေမျိုးများ လိုက်ရှာလျှင်ပင် ရှိနိုင်တွေ့နိုင်ပါသေးသည်။ ကတုးသျှမ်း (တိုင်းကတူး)၊ ကနန်းသျှမ်း (တိုင်းကနန်း) တို့သည်လည်း၊ စ၀်ဆမ်လုံနုင့် အတူပါလာသော စယ်လန့်သျှမ်းများ သာဖြစ်ပါသည်။ တိုင်းခမ်းတီ၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်းတို့သည် မောသျှမ်းတိုင်းနေ အုပ်စုကြီးမှ သျှမ်းများသာဖြစ်ပါသည်။ မိုးညှင်း၊ ၀န်းသိုမှအစ ခန္တီးသျှမ်း တိုင်းလျှဲန်(သျှမ်းနီ) သျှမ်းတို့၏ ဘုရင် စ၀်ဖှ များအားလုံးသည်(ဆို) မိသားစုဝင် မင်းမျိုးများသာ ဖြစ်ကြသည်ဟု မှတ်တမ်း များ၌အခိုင်မာ ဆိုထားပါသည်။

တရုတ်ပြည်သို့ လည်းကောင်း၊ နန်ချိုသျှမ်းဒေသသို့ လည်းကောင်း၊ ထေရ၀ါဒဗုဒ္ဓဘာသာသည် ၆ ရာစုကတည်းက ရောက်ရှိနေကြောင်း တရုတ်မှတ်တမ်း(DAI ARCHITECTURE ) ၌ပါရှိသည်။ ချိန်းမိုင်၊ ကမ္ဘောဒီးယားမှတစ်ဆင့် ပင်လယ် လမ်း(သီဟိုဠ်) မှလာခြင်းဖြစ်သည်ဟု ပါရှိသည်။

“ထိုငေါက်” (ပဲပင်ပေါက်)သျှမ်းစာမူသည် ထိုအချိန်မှ ရှိလာသည်ဟု ဆိုပါသည်၊ ထိုကာလ၌ သျှမ်းများဗုဒ္ဓဘာသာဝင် ဖြစ်လာသည် အလျှောက် ဗုဒ္ဓ၀င်သျှမ်းစာ၊ သျှမ်းကဗျာ၊ သျှမ်းတရားတော်များ ရှိလာရပြီ။ ထို့ကြောင့် ၈-ရာစု အာသံ (အဟုမ်) ကိုသွားရောက်သိမ်းယူစဉ် ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓ၀င်သျှမ်းစာ၊ တရားစာများ ပါသွားမည်မှာ မလွဲပေ။ ထို့ကြောင့် ယနေ့ထိ တိုင်ခန္တီး၊ တိုင်းလျှဲန် သျှမ်းများ၏ ဘုရားရှိခိုးသံ၊ ဗုဒ္ဓ၀င်ဇာတ်တောများ ရွတ်ဖတ်သံတို့သည် သျှမ်းပြည် ကျေးလက် ဒေသ၊ ကျိုင်းတုံ၊ သိန္နိ(ဆင်န်ဝီ)၊ ကျိုင်းဟုံဒေသရှိ ပါဠိရွတ်ဖတ်သံတို့နှင့် ယနေထိအတူတူ ပင်ဖြစ်သည်။

သီဟိုဠ်သံစစ်စစ်များ(နိုင်ငံတကာသုံး)ဖြစ်နေကြသည်။ ဥပမာ-“ကန်တောခ၊ ကန်တောပတ်၊ ကန်တောမွန်၊ ကန်တောဆင်န်၊ ကန်တောပုတ်ထ အစိန္တေယ” စသည့်ဘုရားရှစ်ခိုး ကဗျာကြီးသည် တစ်မူတည်း တစ်စောင်တည်းကသာ ထွက်ရှိ၍ဒေသ အနှံ့သုံးနေခြင်း သာဖြစ်ပါသည်။ သျှမ်းလူမျိုးများ အားလုံးသည် ဘုရားရှစ်ခိုးသံ တစ်သံတည်း သုံးခဲ့ကြသည်။ အင်းလေးသျှမ်း၊ဓနုသျှမ်းများလည်း အများစု သျှမ်းများနည်းတူ “သ”သံမရှိသော သီဟိုဠ် ပါဠိသံသာသုံးသည်။ ရေသောက်မြစ်သည် တစ်နေရာတည်း မှသာလာ ခဲ့ခြင်းဖြစ်သည်။

၁၄- ရာစု၌ ယနေ့ ကျိုင်းတုံ၊ ကျိုင်ဟုံတွင်တွေ့မြင်နေရသော သျှမ်းဓမ္မ(ထမ်း)စာ၊ ယွန်း စာ၊ မုံးစာ၊ ဂုံစာ ဟူသည် တစ်ခုတည်းသော သျှမ်းဗုဒ္ဓဓမ္မစာအဖြစ် သျှမ်းများအားလုံး (ခန္တီး၊ တိုင်းလျှဲန်၊ မောသျှမ်း၊ တိုင်းနေ အပါဝင်)၊ တအာင့်(ပလောင်)၀ လူမျိုးများပါ “သျှမ်းထမ်း” စာကိုသာသုံးခဲ့၊ သုံးနေဆဲဖြစ်ပါသည်။

အင်္ဂလိပ်ရေးသော မြန်မာနိုင်ငံ တောင်တန်းမှတ်စု တစ်ခု၌ ခန္တီးသျှမ်းစုသည် နာဂမျိုးနွယ်” ဖြစ်သည်ဟူ၍ ပါရှိ၏ ဤသို့မှားရွင်းစွာ ဖော်ပြခြင်းသည် လူမျိုးတစ်မျိုး၏ သမိုင်းဆိုင် ရာ အချက်လက်များကိုဖုံးကွယ် ဖျောက်ဖျက်ပြစ် ခြင်းသာဖြစ်ပေသည်။ နာဂများပြောဆို နေသော စကားနှင့် ခန္တီးသျှမ်းများ ပြောဆိုနေသောစကား တို့သည်မည်းတို့မျှ ဆက်စပ်မှုမရှိပါ သျှမ်းအနွယ်ဝင် အားလုံးတို့သည် အခြေခံစကားများ အားလုံးတူညီ၍ ဗုဒ္ဓဘာသာကိုသက်ဝင် ယုံကြည်ကြသူများသာ ဖြစ်သည်။

ခန္တီးသျှမ်းသည် စယ်လန့် မောသျှမ်းဒေသမှ အရင်းခံသာ ဖြစ်ပါသည်။ သျှမ်းကိုးပြည်ထောင်ဆိုသည်မှာ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ သောင်သွပ် ၊သိန္နီ ၊ညောင်ရွှေ ၊မိုးဗြဲ ၊မိုးနဲ ၊သီပေါ ၊စသည့်သျှမ်း ဘုရင်နိုင်ငံတို့ကို ဆိုလိုခြင်းဖြစ်သည်။ ဤမောသျှမ်း ပြည်ထောင်စုကြီး တစ်ခုတည်းအဖြစ် စုစည်းနေလာခဲ့ရာမှ (AD 1295 ) တွင် ဘုရင်ကြီး စ၀်ခွန်ဖှန်ခမ်း အနိစ္စရောက်သွားရာ နန်းရိပ်ရာနန်းလျာ ငယ်လွန်းသည့် အရေးနှင့် ကြုံနေခဲ့သည်။

ဘုရင်ကြီး နတ်ရွာမစံမှီကပင် မိဘုရားကြီး နန်းအီခမ်းလိုင်က တိုင်းရေးပြည်ရာကို ကူညီဆောင်ရွက်ခဲ့ရ သောကြောင့်၊ နန်းအီကိုပင် ဘုရင်မကြီးအဖြစ် ဘိသိက်ခံယူ စေခဲ့သည်။ အမျိုးသမီးအုပ်ချုပ်သော နိုင်ငံမတိုးတက် မကြီးပွားနိုင်(ကြက်မတွန်၍ မိုးမလင်း) ဟုဆိုကာ ယင်းကိုးပြည်ထောင် အစုအစည်းမှ သီးခြား ကိုးဘုရင် ကိုးနိုင်ငံအဖြစ်သို့ ပြိုကွဲသွား စေတော့သည်။ လွတ်လပ်သော(အခွန်မပေးသော၊ အစောင့်အရှောက်ခံ မဟုတ်သော) သီးသန့် ပြည်ထောင်စုများ ဖြစ်ပေါ် လာတော့သည်။

မောသျှမ်းနိုင်ငံကြီး (ယခုရွှေလီမြစ်ချိုင့်ဝှမ်း)၌ အမျိုးသမီး နန်းအီဘုရင်မ အဖြစ် အုပ်ချုပ်မှု မစတင်မှီ၊ ပေါက်ကန်အနီး စပါးပေါကြွယ်သော မြစ်သာဒေသသည် သျှမ်းသုံးညီနောင်(AD 1284 ) ကပင် အုပ်ချုပ်နေခဲ့လေပြီ။
မွန်ဂိုး တာတာတို့ကြောင့် ပေါက်ကန် ပျက်ပြီး၊ တလုတ်ပြေးမင်း၏သား ကျော်စွာကို တာတာတို့ နန်းပြန်တင်ခဲ့သောကာလ၌ သျှမ်းသုံးညီနောင် တန်ခိုးကြီးထွား လာကြခြင်းဖြစ်သည်။ သူခိုးဓါးပြများကို ကျော်စွာက မနိုင်ဘဲ၊ သျှမ်းညီနောင် သုံးဦးကသာ နှိမ်နှင်းပေးနေရသည့် ကာလဖြစ်သည်။

ပေါက်ကန်နန်းတွင်း မှူးမတ်များနှင့် ပြည်သူများ၏ သဘောတူညီမှုဖြင့် သျှမ်းညီနောင်သုံးဦးမှ ညီထွေးသီဟသူအား ပေါက်ကန်၏ ဘုရင် ဧကရာဇ်အဖြစ်(ကျော်စွာကိုနန်းချ၍) နန်းတင်ကြလေသည်။ ထိုအချိန် သီရိရာဇာ ဆိုသူမင်းမျိုးတစ်ဦးသည် ကျောက်ဆည်၌ လူသူစုစည်းပြီး သျှမ်းမင်းကိုပုန်ကန်၏။ သီဟသူက ဇင်းမယ်(ချင်းမိုင်) ဘုရင်ပပိုင်ဆီဖူး၏ အကူညီယူ၍ ပုန်ကန်မူကို ဖြိုခွင်းလိုက်သည်။ ထို့ကြောင့် ပိုမိုကျယ်ပြန့်သော နယ်မြေကို သိမ်းသွင်းလိုက်နိုင်သည်။

ထိုကာလ၌ မွန်ဂိုတာတာ တင်မြှောက်ထားသော ကျော်စွာကိုဖြုတ်ချ သောကြောင့်မွန်ဂိုးတို့က မကျေနပ်ဘဲ ပြန်လာကြ၏။ သီဟသူက မှူးမတ်များနှင့် တိုင်ပင်ပြီးသီဟ သူပလ္လင်ပေါ်မှ ဆင်းပေးခါ၊ စောနစ်ကို တင်မြှေက်လိုက်ကြ ပြန်သည်။
မွန်ဂိုးတို့က သူတို့နန်းတင်ခဲ့သော ကျော်စွာ၏သား ပဉ္စင်းဝတ်နှင့် ရှိသော ကုမာရကဿပကိုပါ ခေါ်ဆောင်လာလျှက် သျှမ်းမင်း အုပ်ချုပ်သော
မြင်စိုင်းကို AD 1300- January -25 -ရက်သည်။ သျှမ်းညီနောင်သုံးဦးတို့ ခံစစ်ပြုထား၍ တရုတ်တို့ မြို့ကိုသိမ်းရန် February -28 -ရက် အားသွန်ကြိုးစား တိုက်သော်လည်း မအောင်မြင်ချေ။ March -12ရက်တွင် ခွန်အိုက်ဆိုင်ခိုင်(ခွန်ဆိုင်ခမ်းဖန်း ခေါ်သင်္ခဗိုလ် )=အသင်္ခယာ စေ့စပ်ရန်စကား ကမ်းလမ်းလိုက်သည် မွန်ဂိုးတရုတ်ကို မောင်းထုတ်ခဲ့၍ သျှမ်းညီနောင်များ တလုတ်ကန်မင်း ဟုနာမည်ရလာသည်။

နောက်ပိုင်း၌ သီဟသူက မွန်ဂိုးများနှင့် မိတ်ဖွဲ့လာသည်။ မွန်းဂိုးတပ်၌ သျှမ်းတပ်မူးကြီး ခွန်ယီကွဲခမ်း၊ ခွန်တောင့်နွဲ့ လည်းပါလာ၍ သူတို့၏ ကူညီဖြောင်းဖျပြောဆို ထောက်ခံမှုကြောင့် မွန်ဂိုးဗိုလ်ချုပ်နှင့် ပြေလည်လာ၏။ မွန်းဂိုးများက 1303 -April -4-ရက်တွင် သီဟသူကိုပင် ပေါက်ကန်၏ ဘုရင်ဧကရာဇ်အဖြစ် အသိအမှတ်ပြုကာ ပြန်သွားကြတော့သည်။

သျှမ်းညီနောင် သုံးဦးမှာ သျှမ်းမှူးမှတ် မျိုးထဲမှဖြစ်ပြီး ဖခင်မှာ ခွန်ဆိုင်ခမ်းဖန်း ဖြစ်၏ ပေါက်ကန်နန်းတော်ကို ဆန်ရေ စပါးအများဆုံး ပံ့ပိုးသော ဤသျှမ်းမိသားစုကို ပေါက်ကန်ရှင်ဘုရင် (တလုတ်ပြေးမင်း) ကဘွဲ့သစ်များဖြင့် ချီးမြှင့်မြှောက် စားလေသည်


အဖေ ခွန်ဆိုင်ခမ်းဖန်း = သင်္ခဗိုလ်
သား ခွန်အိုက်ဆိုင်ခိုင်=အသင်္ခယာ မြင်စိုင်းစား
သား ခွန်ယီဆိုင်ကမ် =ရာဇသင်္ကြန် မက္ခရာစား
သား ခွန်ဆမ်ဆိုင်ဆိုင် =သီဟသူ မြစ်သာစား 


ပေါက်ကန်ဘုရင် သီဟသူက ပင်းယမြို့သစ် ကိုတည် ထောင်သည်။ ပင်းယ ဆိုသည်မှာ မြစ်ငယ်နှင့် ပန်းလောင် မြစ်တို့ ဆုံရာ၌ ရှိ၏။ 1315တွင် သီဟသူ၏ သားက စစ်ကိုင်းစေကိန်း = မကျည်းတောမြို့ ကို တည်ထောင်၍ အုပ်ချုပ်၏။ သို့သော စစ်ကိုင်းသည် ပင်းယ၏ အစောင့် ရှောက်ခံသာ ဖြစ်ရ၏ 1322 တွင်စစ်ကိုင်း ပင်းယကို အခွန်အခ မဆက်သ တော့ဘဲ သီးခြားနေ လာတော့၏။ အေဒီ 1354 ခုနှစ်၌ စစ်ကိုင်း သျှမ်းမင်းနှင့် ပင်းယသျှမ်းမင်း နရသူတို့ စစ်ဖြစ်၏။ မိုးညှင်း မင်းတရားကြီးက စစ်ချီလာပြီး နှစ်ဖက်စလုံးကို တိုက်ပစ် လိုက်လေသည်။ ပင်းယနရသူကို မိုးညှင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွား၏။ သူတို့မြေးတော် သတိုးမင်းစောသည် အင်းဝကို တည်ထောင် အုပ်ချုပ်၏ ဤဒေသတို့ကို သျှမ်းမင်းဆက်များ 1555ထိဆက်တိုက် မင်းလုပ်အုပ်ချုပ် လာခဲ့ကြလေသည်။

ဤဖြစ်ရပ်များကို ကြည့်လျှင် မောသျှမ်းမင်းတရားကြီး ခွန်ဖှန်ခမ်းအထိ မောကိုးပြည်ထောင် (မိုးကောင်း၊ မိုးညှင်း၊ သောင်သွပ်အပါဝင်)သည် အလွန်ကျယ်ပြန့်သော နိုင်ငံကြီးဖြစ်ခဲ့သည်။ ၀န်းသို (၀န်းဆို )ပင်လျှင် သောင်သွပ် အောက်တွင်ရှိခဲ့သည်။ စောဘွား အမျိုးမျိုးရှိ၍ စောဘွားကြီး၊   သောင်သွပ် စောဘွားကြီးသည် ဘုရင်ပင် ဖြစ်တော့၏။ ဤဖြစ် ရပ်များကြား၌ ယနေ့ သျှမ်းနီ(တိုင်းလျှဲန်)၊ ခမ်းတီးသျှမ်း(တိုင်းခန္တီး) တို့၏ ဘိုးဘေးများကိုယ်တိုင် ပါဝင်ပတ်သက် ခဲ့သော ဖြစ်ရပ်မှန်များ ပင်ဖြစ်ပါတော့၏။ “တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်း တို့၏ဇစ်မြစ်သည် မောသျှမ်းပြည်ကြီး စယ်လန့်မှ လာခြင်းဖြစ်သည်မှာ အလွန်ခိုင်မာသော အထောက်အထားပင် ဖြစ်တော့သည်။


စောဝ်ဆေခန်ဖှ ရုပ်ထုတော်


သျှမ်းလူမျိုများအားလုံး အင်းတော်ကြီး အင်းလေး သျှမ်းနီ၊ ခန္တီးသျှမ်း အပါဝင် ထေရ၀ါဒဗုဒ္ဓဘာသာကို (၆)ရာစုကပင် လက်ခံ ကျင့်သုံးခဲ့ကြပြီး သီဟိုပါဠိသံကို တစ်သံတည်း အတူအသုံးပြုခဲ့ကြ၏။ ဥပုဒ်ဆောက်တည်ရာ ၀ါတွင်းကာလ ကျေင်းဇရပ်သို့ သွားအိပ်သည့် အလေ့အထ၊ နတ်တော်လဆန်း ၁-ရက် သျှမ်းကောက်သစ်စားပွဲ၊ သျှမ်းနှစ်သစ်ကူး ပွဲတော်တွင် အတူတကွ သီးနှံဝေမျှ၍ ပျော်ရွှင်မြူးတူး ကြသည့်အပြင် ထူးခြားမှုမှာ လူကြီးများစုဝေး၍ ဆွေမျိုးရင်းမြစ်များ ပြန်ဖေါ်ပြန်ရှာသည့် အလေ့အထလည်း ဖြစ်လေသည်။
ကျိုင်းတုံ၊ ကျိုင်းဟုံ မိုင်းမော မှုစယ် နမ့်ခမ်းတို့၌ ယနေ့တိုင်ကင်စိန် ပွဲရှိပါသည်။ မောက်ဆွပ်ဆစ် တွတ်ဂွမ်း ၊လိမ်းဂုတ်း များရှိနေဆဲ၊ ကစားနေဆဲဖြစ်ပါသည်။

ဤသို့ မြန်မာနိုင်ငံဟု ခေါ်တွင်သော အထက်မြန်မာပြည် မြောက်ပိုင်းသို့ သျှမ်းမျိုးနွယ်ဝင်များ မည်သည့် ရာစုနှစ် သက္ကရာဇ် လောက်တွင် နေထိုင်ခဲ့သည်ဟူသော အထောက်အထား မတွေ့ရသေးပါ၊ (သမိုင်းဆိုင်ရာ အချက်အလက် အထောက်ထားများ ရှာဖွေဖေါ် ထုတ်သင့်ပေသည်) မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ဟူသောသျှမ်းမြို့ သုံးမြို့ကို သျှမ်းညီနောင်သုံးဦးက တပြိုင်တည်း တည်ထောင်ခဲ့ကြောင်း ရေးအကျဆုံးသော မိုးမိတ်ရာဇာဝင်တော် သမိုင်းမှတ်တမ်းကဆိုသည် သျှမ်းဘာသာစကား ဖြင့်ဝိန်းဆေ ဟုခေါ်သော ၀န်းသိုမြို့သည် မြို့သည် ၎င်းသုံးမြို့ ထက်ပင် ရှေးကျသောမြို့ဖြစ်သည်။

ရှေးခေတ်ဝေါဟာရအားဖြင့် ကျိုင်းဟုန်ဟုခေါ်သော မိန်းမိတ်ပြည်ကို သာသနာသက္ကရာဇ်မတိုင်မီ 992 ခုနှစ် တွင်တည်ထားခဲ့ရာ နှစ်ပေါင်း သုံးထောင်းနီးပါး ရှိပြီးဖြစ်ပါသည်။ ၎င်းသမိုင်းသာဓကများကို ထောက်ရှုရလျှင် မြန်မာနိုင်ငံဟု ခေါ်တွင်မည့် နယ်မြေ
ဒေသအတွင်းသို့ သျှမ်းနွယ်ဝင်များ စတင်ဝရောက် နေထိုင်လာကြမှာ နှစ်ပေါင်းသုံးထောင်ထက် မနည်းတော့ကြောင်း သုံးသပ်ရမည်ဖြစ်ပါသည်။

-------စိုင်းဆန်အိုက်ရေး ဆိုမိသားစုနှင့် တိုင်းလျဲန်(သျှမ်းနှီ)နှင့် ခန္တီးမှ ထုတ်နှတ် တင်ပြလိုက်ရပါသည်။

**သျှမ်းနီ(သို့မဟုတ်)တိုင်းလျဲန် ဟူသော ဝေါ်ဟာရမှာ အချို့သျှမ်းသမိုင်းပညာရှင်များက (နမ့်မယ်လျဲန်မြစ်) သျှမ်းဘာသာ (မြစ်နီ) ကို အစွဲပြု၍ နေထိုင်လာခြင်း ကြောင့်၎င်း အချို့ပညာရှင်များက စစ်တအားတိုက်၍ (နီရဲသော သတ္တိနှင့် ပြည်စုံခြင်း)တို့ ကြောင့်၎င်းခေါ်ဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။ ယင်းတို့သည် မောသျှမ်းတိုင်းနေအုပ်စုမှ သျှမ်းသာဖြစ်သည်

**ခန္ခီိးသျှမ်း(သို့မဟုတ်)တိုင်းခမ်းတီး ဟူသော ဝေါ်ဟာရမှာ ခမ်းသည် သျှမ်းဘာသာ ( ရွှေ )တီးသည် သျှမ်းဘာသာ ( နေရာ ) ထို့ကြောင့် (ရွှေနေရာ မှာ နေထိုင်သော သျှမ်း) များဟု အဓိပါပ္ပါယ်ရပါသည်။ ယင်းသျှမ်းသည် မိန်းဆေခွန်နှင့်

တိုင်းကတူး (သိုမဟုမ်) သျှမ်းကတူး ဟူသော ဝေါ်ဟာရမှာ ကပ်တိုက် ဟူသော စကားမှ ကတူး ဟု ဆင်းတက် လာခြင်း ဖြစ်သည်။ ရှေးယခင် မောသျှမ်း ကြီးများ ကုန်ရောင်း ၀ယ်ထွက်ကြရာမှ အထက်ဈေး တွင်ရောင်း သောသူများကို ကပ်တိုက် ခေါ်ဆိုသည်။ သျှမ်းဘာသာ အားဖြင့် (ကပ်သည် -ဈေး)၊ (တိုက်သည် -အောက်) ဖြစ်သည် - ထို့ကြောင့် ကပ်တိုက် အောက်ဈေးတွင် ရောင်းသော သျှမ်းများဟု ခေါ်ဆိုရာမှ ကာလကြာရှည်လာသောအခါ ကတူး ဟု ပြောင်းလည်းလာခြင်းဖြစ်သည်။

တိုင်းကနန်း (သိုမဟုမ်) သျှမ်းကနန်း ဟူသော ဝေါ်ဟာရမှာ ကပ်နေဟူသော စကားမှ ကနန်းဟု ဆင်းတက် လာခြင်းဖြစ်သည်။ ကပ်နေသည် သျှမ်းဘာသာ အားဖြင့်(ကပ်သည် -ဈေး) (နေသည် -အပေါ်သို့မဟုတ် အထက်) ဖြစ်သည်။ ထို့ကြောင့် ကပ်နေ -အထက်ဈေးတွင် ရောင်းသော သျှမ်းများ ဟုခေါ်ဆိုရာမှ ကာလကြာရှည်လာသောအခါ ကနန်း ဟုပြောင်းလည်းလာခြင်းပင်ဖြစ်သည်။

သျှမ်းနီ၊ ခန္တီးသျှမ်း တို့သည် ရှေးနှစ်ပေါင်း များစွာကပင် ကိုယ်ပိုင်စာပေ ကိုယ်ပိုင် ယဉ်ကျေးမှုများ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများဖြင့် စဉ်သဖြင့်နေထိုင် လာခဲ့သောသူများ ဖြစ်ကြသည်။ ၎င်းသျှမ်းမျိုးစုတို့သည် ကချင်ပြည်နယ်တွင် (၇)သိန်းကျော်နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမှဆင်ကလိမ် ခန္တီးထိ (၁၅) သိန်းကျော်ရှိပါသည် ယနေ့ပြည်နယ်ဟု သတ်မှတ်ထားကြသော အချို့လူမျိုးများထက် များစွာသာလာလွန်နေသည်ကို တွေ့ရှိရသည်၊


 မိုးကောင်း(မိန်းကောင်)၊ မိုးညှင်း (မိန်းယမ်း)၊ မိုးမိတ်(မိန်းမိတ်)၊ ၀န်းသို(၀မ်းဆေ)၊ ဗန်မော် (၀မ့်မို့)၊ ကောလင်း (ကော်လန်းင်)၊ ဟုမ္မလင်း (ဟုံမလန်းင်)၊မော်လိုက်(မိုတ်း)၊ သောင်သွပ်(ဆောင်ဆူပ်း) ၊ဖေါင်းပြင် ကိုင်း လွင် ပြင်  ပန်င်ပေါင်း= )၊ဟူးကောင်၊ ပူတာအို (ပူတောင်း)၊ ခတ်ချို (ခါးခရို)၊ ၀ိုင်းမော် (၀ိမ်းမိုင်)၊ ဖါးကန့် (ဖါကမ့်)၊ ကားမိုင်း (ကာမိုင်း) ခန္တီးလုံ (ခမ်းတီးလုံ)၊ ရွှေကူ (ဝှေကူ” “မိန်ကူ”) မန်စီ (“ မန်စေ) စသည်။ သျှမ်းနာမည်နှင့် မြို့များ သျှမ်းလူမျိုးများ တည်ထောင်ခဲ့သော မြို့များ တိုင်းပြည်များသာဖြစ်သည်။ ယနေ့တိုင် နေထိုင်ဆဲလည်းဖြစ်သည်။
ဝမ်းနည်းဘွယ် ကောင်းသည်မှာ ၁၉၄၇ ခုနှစ်နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ပုဒ်မ -၆ အရ ပြည်နယ်အဖြစ် သတ်မှတ်ခြင်း မခံရရှာသော သူများဖြစ်သည်။ ယခုသျှမ်းနီ အများစုသည် မိမိစာပေ တတ်မြောက်သူ မရှိသလောက် ရှားပါးလာနေပြီ ဖြစ်သည်။ အချို့ဆိုလျှင် မိမိဘာသာ စကား ကိုပင်လျှင် မသတ်မြောက် ကြတော့ပေ စာပေပျောက်ပါက လူမျိုးပါပျောက် မည်အလွဲ ဖြစ်ပါကြောင်း သင်ပြ လိုက်ရပါသည်။ ကျားပေါက်တို့ ဘိုးဘွားများ အမြဲပြောလေ့ရှိသော စကားပုံ တခုရှိသည် သျှမ်းကြာတော့ ဗမာဖြစ်သည် ဟူ၏။ ယနေ့ အထက်မြန်ပြည်ရှိ သျှမ်းလူငယ် အများအပြားတို့ မိမိဘာသာစကား ပြောရမည်ကို ရှက်သလို ကြောက်လို့ အခြားသူများ မထင်သေးမည်ဟု စိုးရိမ်၍ မိမိတို့၏ ဘာသာစကားပင်လျှင် မေးမိန်ပျောက်ကွယ်လု ဖြစ်နေလေပြီ အခြားသူများမေးလျှင် ဗမာဟုပင် လွယ်လွယ်ဖြေရှင်း လိုက်ကြသည်။ ဤသို့အားဖြင့် နှောင်မျိုးဆက် သုံးဆက် လက်ထက်ရောက်ပါက သျှမ်းနီ၊ သျှမ်းကတူး၊ ကနန်း တို့သည် ဒဏ္ဍာရီထဲက သျှမ်း များ ဒဏ္ဍာရီထဲက ကျားများသာ ဖြစ်နေမည်မှာ ဧကံမုချ မလွဲတော့ပေ။ မြန်မာနိုင်ငံ၌ ပျူလူမျိုးများသည် ကိုယ်ပိုင်စာပေ ယဉ်ကျေးမှု ထီးနန်းနှင့် တည်ရှိခဲ့ သော်လည်း လူမျိုး ပါပျောက်ဆုံးခဲ့သည့် အဖြစ်သည် သမိုင်းတွင် ကျန်ရစ်ခဲ့ပေသည်။

အနာဂတ် သျှမ်းလူငယ်များအတွက် သိမှတ်စရာ ကျားပေါက်တို့ သျှမ်းအမျိုးသားများသည် နယ်ချဲ့ကိုလိုနီကို တွန်းလှန်တော့လည်း ရှေ့တန်းက ဖက်ဆစ်ဂျပန်တွန်းလှန်တော့လည်း ရှေ့တန်မှ လွတ်ရေးရရှိပြီး သောအခါကတော့ ပြည်နယ်မပြောနှင့် မတ်ပုံတင်ကဒ်တွင် ကိုယ့်လူမျိုးဖြစ်တဲ့ သျှမ်းနီဟု၍ ထဲ့ခွင့်မရရှိကြပါ သျှမ်းဗမာဟု၍ ထဲ့မှသာလျှင် မှတ်ပုံတင်ရသည်၊ သျှမ်းဗဟုထဲ့ ခိုင်းရခြင်းအကြောင်းမှာ နောင်ဆယ်စု နှစ်များကြားလျှင် သျှမ်းနှင့်ဗမာ ပေါင်းစပ်ပေါက်ပွါး လာခြင်းကြောင့် သျှမ်းဗမာဖြစ်ဟုထင်းမှားစရာ ဖြစ်အောင်ပြုခြင်း၊ ရည်ရှေတွင် အလိုလိုဗမာများဖြစ်လာအောင် ပြုလုပ်နေခြင်းဖြစ်သည်။ (မြေမျို၍ လူမျိုးမကုန် လူမျိုမှ လူမျိုးကုန်မည်) သျှမ်းဗမာ ဟုဆိုရာတွင် သျှမ်း ဗမာဆန်ဆန် ၀တ်စားဆင်ယင် နေထိုင်ခြင်း၊ တို့ကြောင့် သျှမ်းဗမာဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း စင်စစ်သော်ကါ သျှမ်းများသာဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်း၌ အခိုင်အမာပြဆိုထားသည်၊
မည်သို့ပင်ရှိစေကာမှု မိမိတို့လူမျိုး မိမိဇာတိဂုဏ်ကို မိမိတို့ကာကွယ် ထိမ်းသိမ်းမှသာလျှင် မိမိတို့မျိုးနွယ်ကို ၀ါးမျိုခြင်းသက်သာပေလိမ့်မည် များသောအားဖြင့် လူမျိုးကြီးများသည် ဘာသာတရားနှင့်သော်လည်းကောင်း ၊ ယဉ်ကျေးမှုနှင့်သော်လည်းကောင်း၊ သွေးနှော၍သော်လည်းကောင်း၊ ဥစ္စာဓနနှင့်သော်လည်းကောင်း ၀ါမျိုနေကြပါသည်။ သျှမ်းတရုတ် ဆိုခြင်းသည် သျှမ်းတရုတ်ကပြားများ မဟုတ်ပါ သျှမ်း တရုတ်ပြည်မှာ နေထိုင်းခြင်း (တရုတ်ပြည်ဟု ဆိုရာ၌ ယူနန်တပြည်နယ်လုံးသည် တချိန်က သျှမ်းပြည် တရုတ်ကိုစစ်ရှုံးလိုက်တော့ တရုတ်လက်အောက်ရောက်လာကာ တရုတ်ပြည် ဖြစ်သွားခြင်းကြောင့်ဖြစ်သည်။) ထိုနည်းတူစွာ အထက်မြန်မာပြည် မြောက်ပိုင်းဒေသ များပြည်များသည်လည်း အင်းဝတွင် မင်းအုပ်ချုပ်ခဲ့သူများဖြစ်၍ နောင်တွင်ဘကြီးတော်ဘုရားကို စစ်ရှုံးရာမှ စော်ဘွားနယ်အစား အချို့နယ်များကို အဝေးရောက်မြို့ဝန် အဖြစ်ခန့်အပ်ခဲ့ရာမှ ယနေ့အခြေနေတို့ ဆိုက်ရောက်လာရခြင်းဖြစ်သည်။ ယနေ့ပင်လုံစာချုပ်အရ သျှမ်းပြည်နယ်ဟု သတ်မှတ်ထားသော ဒေသမှ သျှမ်းများသာလျှင် သျှမ်းဖြစ်သည်ဟူသော အယူအဆကို ကိုဗာတို့ရိုက်သွင်းနေပြီဖြစ်ကြောင်း နှောင်သျှမ်းလူငယ်များ သိဖို့ရာ (ကယ်၍ ပင်လုံစာချုပ်သာ မဖြစ်ပေါ်ခဲ့လျှင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတို့ ဆိုသည်များ ပေါ်ပေါက် လာနိုင်မည်လော .. ပင်လုံစာချုပ်ကို လေ့လာကြည့်လျှင် ပြည်နယ်ခွဲဝေ ခဲ့ခြင်းမဟုတ်ပါ တောင်းတန်းသားနဲ့ ပြည်မပူးပေါင်း လွတ်လတ်ရေး အတူရယူရန်သာ ဖြစ်ပါသည်း ) မြန်မာနိုင်ငံဟုခေါ်မလား ဗမာနိုင်ငံဟုပြောမလား သေခြာတာကတော့ သူတို့ပြောတဲ့ ၁၃၅ မျိုးရှိသည် ဆိုသော လူမျိုးတွေထဲမှာ ဘုရင်အဖြစ်နှင့် နေထိုင်ခဲ့သော မွန်၊ သျှမ်း၊ ရခိုင်၊ ဗမာလူမျိုး လေးမျိုးသာလျှင် အခိုင်အမှာရှိသည်။ **တော်ဝင်ပန်းမို့ မနွမ်းစေခြင်**၊ အနာဂတ်သျှမ်းလူငယ်များ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် ထိမ်းသိမ်းစောင့်ရှောက်ရင် အချင်းချင်း ရိုင်းပင်ကူညီ လက်တွဲလုပ်ကိုင် နိုင်ကြပါစေ။

အမျိုးပျောက်မည် ဆိုးကြောက်သည်ဖြစ်၍ သင်ပြလိုက်ရပါသည်။


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်