koko

koko

Saturday, February 4, 2012

သျှမ်းနီမြို့များအကြောင်း

**ပူတာအိုမြို့ဖြစ်စဉ်သမိုင်း**




à ပူတာအို ကောင်းမှုးလုံ စေတီတော်
ပူတာအိုမြို့သည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံး မြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ ၁၄၈၀ တွင်တည်ရှိသည်။ မြစ်ကြီးနားမှ (၁၁၈)မိုင် အကွာတွင် တည်ရှိသည်။ ပူတာအိုသည် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ ဆက်သွယ်သွားလာရေး ခက်ခဲပြီး နွေရာသီအတွင်းသာ ကားလမ်းဖြင့် သွားလာနိုင်ပြီး လေယာဉ်ဖြင့်သာ ဆယ်နှစ်ရာသီ သွားလာနိုင်သည်။ တောင်တန်းများဖြင့် ၀ိုင်းရံထားသော ပူတာအို ချိုင့်ဝှမ်းဒေသတွင် တည်ရှိသော မြို့ဖြစ်သည်။ တစ်နှစ်ပတ်လုံး အေးမြသည်။ ဆောင်းရာသီတွင် ရေခဲတောင်များ ၀ိုင်းရံထားသည့် မြို့ဖြစ်သည်။ ပူတာအိုဆိုသည်မှာ ခန္တီးသျှမ်းစကား ပူတောင်း မှ ပြောင်းလဲလာ ခြင်းဖြစ်သည်။ ပူ=အဖိုး၊ တောင်း=စောင့်၊ မျှော်သည်ဟု အဓိပ္ပါယ်သဖြင့် ပူတောင်း=အဖိုးမျှော်သည့်နေရာ ဟုဆိုနိုင်သည်။ မြို့ကိုစတင် ဖွဲ့စည်းစဉ်က ပူတောင်းမြို့ဟု ခေါ်ဆိုခဲ့ကြသည်။ ပူတောင်းကို အင်္ဂလိပ်ဘာသာဖြင့် (PUTAO) ရေးရာမှ မြန်မာအသံထွက်မှာ ပူတာအိုဖြစ်သွားသည် ဟုဆိုသည်။ ကမ္ဘာပေါ်တွင် ရှားပါးသော တာကင်ခေါ် သားမင်းကောင်၊ တောင်ဆိတ်နှင့် ကတိုးကောင် တို့ကို ရင်းပူတာအို ခရိုင်တွင်တွေ့ရသည်။  ရုပ်ပျိုကိုယ်နုဆေးအဖြစ် ဈေးကောင်းပေးဝယ်ယူလျက်ရှိသော ရှီးပဒီး (ခေါ်) ပိုးဆေးနွယ်ရှင် (cordyceps) များကို ရုပ်ပျိုကိုယ်နုဆေးအဖြစ် ပြည်တွင်းပြည်ပ ကုန်သည်များ၊ ဆေးပညာရှင် များက ဈေးကောင်းပေးဝယ်ယူလျက်ရှိသည်၊ အမျိုးနုသေး သောကျောက်စိမ်း ရတနာများလည်း ထွက်ရှိကြောင်း သိရှိရပါသည်။
ပူတာအိုဒေသမှာ နေထိုင်ကြသော တိုင်းရင်းသား ညီအကိုမောင်နှမများ  

**၀ိုင်းမော်မြို့နယ်ဖြစ်စဉ်သမိုင်း**
ဝိုင်းမော်မြို့ ခေါင်ဖူးဘုရား (kungpuea) Â ၀ိုင်းမော်ဟူသော စကားသည် ၀ိန်းမောဝ် ဟူသော သျှမ်းဘာသာ စကားဖြစ်သည်။ ၀ိန်း = အကာ၊ အရံတံတိုင်း၊ မောဝ် = အသစ်ဟု အဓိပ္ပါယ်ရသဖြင့် ၀ိန်းမောဝ်ကို တံတိုင်းကာရံ ထားသော မြို့သစ်ဟု ဆိုနိုင်ပါသည်၊ ဆင်ဖြူရှင် မင်းလက်ထက်တွင် ၀ိုင်းမော် အထက်သို့ တရုတ်စစ်သည်များ ၀င်ရောက်လာကြပြီး ဧရာဝတီမြစ်ကို တံတာခင်း၍ ဖြတ်ကူးရန် ကြိုးပမ်းခဲ့ကြသည် ဧရာဝတီမြစ် အတွင်းသို့ လူအင်အားဖြင့် ကျောက်တုံး ကျောက်ခဲများချ၍ ကျောက်တန်း တံတားကြီးခင်းခဲ့ကြသည်။ မြန်မာစစ်တို့က မြစ်ကြီးနား အောက်ဘက်ရှိ ကျွန်းပင်သာ အရပ်တွင်တပ်စွဲပြီး ကျူးကျော်စစ်သည် များတံတားခင်းရန် ကြိုးပမ်းနေသည်ကို အပြင်အထန် တိုက်ဖျက်ခဲ့ကြသည်။ ထို့ကြောင့် ကျူးကျော်စစ်သည် တို့ဆုတ်ခွာ လက်လျော့ခဲ့ရသည်။ ထို့ကြောင့် ၀ိုင်းမော်သည် မြန်မာ့သမိုင်းတွင် ထူးခြားစွာ မှတ်တမ်းတင် နေခြင်းဖြစ်သည်။ ၀ိုင်းမြို့သည် ကုန်းဘောင်ခေတ်ထဲကပင် ခတ်ချို၊ မိုင်းနား၊ ၀ိုင်းမော်၊ မိုင်းမော် ဟူ၍လေးမြို့ ရှိခဲ့ပြီးထင်ရှား သောမြို့များဖြစ်ခဲ့သည်၊ မြန်မာသက္ကရာဇ် (၉၀၀) ခန့် လွန်ခဲ့သော နှစ်ပေါင်း (၄၀၀)ကျော်ကပင် စေတီပုထိုးများ ဖြင့်စည်ကား ဖွင့်ဖြိုးခဲ့ကြောင်းကို ဘုရားစေတီဟောင်း ဌာပနာတိုက်များမှ ရရှိခဲ့သည့်၊ ရွှေပေ၊ ငွေပေများ တွင်ရေးသား ဖေါ်ပြထားသည်ကို တွေ့ရပါသည်။ 

**မြစ်ကြီးနားမြို့ဖြစ်စဉ်သမိုင်း**

à မြစ်ကြီးနားမြို့ ဆုတောင်းပြည့် စေတီတော် ဟုဆိုသည်။ရှေးလူကြီးများက မြစ်ကြီးနားတည်နေရာတွင် ခြင်နှင့်မက်များ အလွန်ထူပြောပြီး ကိုခဲလွန်းသောကြောင့် မကြဲနာ(ဂျိမ်းဘောအခေါ်) ဟုခေါ်ဆိုရာမှာ မြစ်ကြီးနားဟု ဖြစ်လာသည်ဟု ဆိုပါသည်။ ယခင် သျှမ်းရွာ ဆာယာကုန်း (သာယာကုန်း) အနီးတွင် ဗန်မော်ဘက်မှာဆန်တက်လာသော လှေသမာန်များ နားရာအနီး မြစ်အတွင်းရှိ သစ်ငုတ်၌ ကျီးငှက်များ နားလေ့ရှိသဖြင့် ကျီးနား ဟုခေါ်ဆိုလာမှ မြစ်ကြီးနားဖြစ်လာသည် မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) တွင် ထိုမြို့သည်မြန်မာ့ ဘုရင်များ လက်ထက်ကပင် တည်ရှိခဲ့သည် ၁၈၉၂ ခု မတိုင်မီက သျှမ်းမြန်မာ ရွာများသာဖြစ်၍ မြစ်ကြီးနားဟု ခေါ်တွင်ခဲ့သည် မှာလည်း ဧရာဝတီမြစ်ကြီးနားတွင် ရှိသောကြောင့်ဟုဆိုသည်။ ဗြိတိသျှအစိုးရတို့ သိမ်းပိုက်ပြီးနောက် တဖြည်းဖြည်း အရေးပါလာ၍ ဗြိတိသျှတို့ အုပ်စိုးသော အချိန်တွင် အရေးပိုင်ရုံး ဖြစ်ခဲ့သည်ဟု ဖေါ်ပြထားသည်။
**မိုးကောင်း (Mu Gawng) မြို့နယ်ဖြစ်စဉ်သမိုင်း**
ကချင်ပြည်နယ် မိုးကောင်းမြို့စတုတ္ထမိုးကောင်းမြို့တည် စော်ဘွားကြီး စောဝ်မောင်ဆိုင် ၏တူ ဆရာတော် ဦးမေဒါ တည်ထားကိုးကွယ်သော မိုးကောင်း ရွှေသာလျှောင်း ဘုရာ Â မိုးကောင်းမြို့ကို ရှေးယခင်းက မိန်းကောင်းဟု ခေါ်ဆိုခဲ့ကြသည်။ မိန်းကောင်း (Ming Gawng) သျှမ်းဘာသာ စကားဖြစ်သည်။ မိန်းသည်= မြို့တော် ဟုအဓိပ္ပါယ်ရပြီး ကောင်းမှာ = အိုးစည် ဟုအဓိပ္ပါယ် ရသဖြင့် မိန်းကောင်း ကိုအိုးစည်မြို့တော် ဟုအဓိပ္ပါယ်ရသည်။ ကာလကြာ လာသောအခါ မိန်းကောင်းမှ မိုးကောင်းဟု တွင်လာခြင်းဖြစ်ပါသည်။ မိုးကောင်း လေးကြိမ် လေးနေရာ ပြောင်း၍ တည်ခဲ့ ကြောင်းမှတ်တမ်းများအရ သိရသည်။ ရှေးလူကြီးများ၏ ပြောကြားချက်ကို ဆက်စပ်ညှိနှိုင်းမှုအရ ပထမ မိုးကောင်းမြို့၏တည်နေရာမှာ သျှမ်းဘာသာ စကားအရ ပူကမ်းမြို့ ခေါ်သော ကားမိုင်းမြို့ဖြစ်သည်။ ဒုတိယ မိုးကောင်းမြို့ ၏တည်နေရာမှာ ကားမိုင်းမြို့အနီး ပတ်လှော် နေရာဖြစ်သည် ဟုဆိုပါသည်။ တတိယ မိုးကောင်းမြို့ ၏တည်နေရာသည် ယခုမြို့ဟောင်းနေရာ ဖြစ်ပြီး၊ စောဘွားကြီး ခွန်ကောင်းဆိုင်း ကတည်ခဲ့ခြင်းဖြစ်သည်။ မြို့အမည်မှာမိန်းကောင်းဆိုင်း ဖြစ်ပါသည်။ ကျောင်းကန် ပုထိုးများဖြင့် ထင်ရှားပြီး ဘာသာ သာသနာ ရောင်ဝါ ထွန်းလင်းခဲ့ပါသည်။ ညောင်ရမ်းမင်းတရားကြီး လက်ထက် ကောဇာ(၉၆၁) လက်ထက်တွင် တတိယ မိန်းကောင်း (မိုးကောင်း)ပျက်သုန်းခဲ့ပါသည်။ စတုတ္ထမိုးကောင်းမြို့ကို ကောဇာ(၁၁၅၃)ခုနှစ် နတ်တော်လဆန်း (၁၂)ရက်၊ အင်္ဂါနေ့ နံနက် အာရုဏ်တက်ချိန် တွင် မြို့ဟောင်း စော်ဘွားကြီး၏သား စောက်မောင်ဆိုင် နန့်ရင်းချောင်းနှင့် နန့်ကောင်းဆုံရာတွင် မြို့စတင် တည်ခဲ့ပါသည်။ မိုးကောင်းမြို့သည် ကောဇာသက္ကရာဇ် (၁၁၅၃)ခုနှစ်ကို မှတ်သားရ လွယ်ကူစေရန် အိမ်အောက်မြစိမ်း မိုးကောင်းကိန်း ဟုစပ်ဆိုခဲ့ပါသည်။
**မိုးညှင်း(Mu Myi) မြို့နယ်ဖြစ်တည်သမိုင်း**
à မိုးကောင်း၊ မိုင်းညှင်း၊ မိုင်းမိတ်၊ ၀န်းသို၊ သျှမ်းလေးမြို့ ညီနှောင်စော်ဘွားများ၏ ဖခမည်းတော် စောဝ်ဆေဖိတ် (အကျားဖြူမင်း)၏ အရိုးဖြင့် တည်ထားကိုးကွယ်ခဲ့သည့် ဓိကရေးပါလှသော် သျှမ်းနီး-ခန္တီး ၊ ကတူး၊ ကနန်းတို့၏ သမိုင်းဝင် အထင်ကရ ကျားဖြူဘုရာ (သျှမ်းတို့က ဘုရားဆေဖိတ်ဟုခေါ်သည်)
မိုးညှင်းမြို့ ကို ရှေးယခင်က မိန်းယန်းမြို့ ဟုခေါ်ဆိုခဲ့ကြသည်။
မိန်းယန်း(Mig Yang) သည် သျှမ်းဘာသာစကား မှ ဆင်းတက်လာခြင်းဖြစ်သည်။ မိန်း (Mig) မြို့တော်၊ ယန်း (Yang)သည် ဗျိုင်းဟု အဓိပ္ပါယ်ရသဖြင့် ဗျိုင်းမြို့ဟု အဓိပ္ပါယ်ရသည်။ မိုးညှင်းမြို့တည်သော အခါ ဆင်ဦးကောင်းတွင် ဗျိုင်းလာနားသည် ကိုအကြာင်းပြု၍ မိန်းယန်းမြို့ ဟုခေါ်ဆိုခြင်းဖြစ်သည်။ (မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ် သျှမ်းမင်းသား ညီနောင် သုံးဦးရာဇာဝင်) ယင်းသည် ပထမ မိုးညှင်းမြို့ (မိန်းယန်း) ဟုခေါ်သည်။ သာသနာ သက္ကရာဇ် ၉၇၃ ခု၊ ဘီစီ ၃၃၃၀ ခု နှစ်တွင် မဇ္ဈိမဒေသ၊ ရာဇဂြိုလ်ပြည့်ရှင် နာဂဒါမင်းသား၏ သားတော် ဥပတိသ မင်းသားသည် ကောက်ကွေ့ချောင်းပေါက်ဝ၌ ကျခတ်မြို့ကို တည်ထောင်ခဲ့သည်။ ထိုအချိန်တွင် မောသျှမ်း (၂၉) ခရိုင်ကို ရန်သူတို့ တိုက်ခိုက်လေသည်။ ထိုနယ်မှ မောသျှမ်းတို့သည် ဧရာဝတီမြစ် ကိုကူး၍ ဥပတိသထံ ခိုလုံလာကြသည်။ ဤသည်ကို အကြောင်းပြု၍ ရှေးသူဟောင်း တို့သည် မိုးညှင်းအစ ကျခတ်က ဟုဆိုစမှတ်ပြုကြသည်။ မိန်းယန်းမြို့ ကို အေဒီ (၁၁) ရာစုနောက်ပိုင်းမှ  ဒုတိယ မိုးညှင်းကို ပြန်လည် တည်ထောင်ခဲ့သည်။
**ဖာကန့်မြို့**
ဖာကန့်ကျောက်တွင်းÂ ဖာကန့်ဟူသော စကားသည် သျှမ်းဘာသာ စကားဖြစ်ပြီး (HAP) =
ကျောက်ဖျာပြိုကျ (Kan) ခြင်းဟု အဓိပ္ပါယ် ရသဖြင့် ဖာကန့် သည် ကျောက်ဖျာပြိုကျသောနေရာဟုဆိုနိုင်သည်။ ဖာကန့်၏ ပထမ ဦးဆုံးမှာ အောင်မင်္ဂလာ ရွာဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၉၄ ခုနှစ် ခရစ်နှစ် ၁၈၃၂ ခုနှစ်တွင် ဦးပူလွယ်ဟိန်း နှင့်(၆)အဖွဲ့သည် မျောက်ဖြူချောင်း ပေါက်ဝထက်၌ အောင်မင်္ဂလာကျေးရွာ ကိုတည်ထောင်ခဲ့ကြသည်။ ချောင်းပေါက်ဝ အနီးတွင် ကျောက်ဖျာတောင်ကြီး တတောင်လည်းဖြစ်သည် အောင်မင်င်္ဂလာရွာကို တည်သောအဆိုအမိန့်မှာ ကိုးကေန၀စတု၊ လူတွေစု တည်ပြုရွာ အောင်မင်္ဂလာ ဖာကန့်ပထမရွာ ဟုတွင်လာခြင်းဖြစ်သည်။ ရွာတည် နှစ်များမကြမီ ကျောက်ဖျာတောင် ပြိုကျသည်ကို အကြောင်းပြု၍ ဖာကန့်ဟု တွင်လာခြင်း ဖြစ်သည်။
**တနိုင်းမြို့နယ်သမိုင်းဖြစ်စဉ်**
à တနိုင်းဈေး ရှေးယခင်က မပေါ်ပေါက်သေးဘဲ ဟူးကောင်းချိုင့်ဝှမ်း ဒေသဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဤဒေသသို့ နာဂနှင့် ခမော်ခမန်း (ခေါ်) မွန်လူမျိုးတို့ စတင်နေထိုင် လာခဲ့ကြသည်။ ထို့နောက် မိုးကောင်းသျှမ်း အနွယ်ဝင်များက မိုးကောင်း စော်ဘွားလက်ထက် ဟူးကောင်းဒေသ နယ်ဘက်သို့ စတင်ဝင်ရောက်နေထိုင်လာခဲ့ကြရမှ ဟူးကောင်းဟု သမုတ်ခဲ့သည်။
ဟူးကောင်း (Hu gawng) အဓိပ္ပါယ်မှာ သျှမ်းဘာသာ စကားဖြစ်သည်။ မိုးကောင်း တည်ထောင်စဉ်က စည်တော် ဦးခေါင်း ရှိရာအရပ်ကို အစွဲပြု၍ ခေါ်တွင်ခဲ့သည်ဟု သိရသည်။ ဟူး ၏အဓိပ္ပါယ်မှာ မြန်မာ ဘာသာအရ ဦးခေါင်း၊ ကောင်း ၏အဓိပ္ပါယ်မှာ စည်တော် ယင်းနှစ်ခုကို ပေါင်းစပ်ကာ စည်တော်နယ် ဟုအဓိပ္ပါယ်ရပါသည်။ ဤသို့ဖြင့် သျှမ်းဘာသာ စကားရ ဟူးကောင်းဟု သုံးစွဲလာခဲ့ခြင်း ဖြစ်သည်။ တနိုင်းမြို့နယ်ဖြစ်စဉ် တနိုင်းဟူသော အမည်သည် တနိုင်းချောင်း ကို အစွဲပြု၍ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ တနိုင်းမြို့နယ်သည် ဟူးကောင်းချိုင်းဟု ထင်းရှားခဲ့သော ဒေသဖြစ်သည်။ ယခင်က ပယင်းတွင်း ဒေသဟုလည်း ခေါ်တွင်ခဲ့သည်။
**ဗန်းမော်မြို့ သမိုင်းဖြစ်စဉ်**
ဗန်းမော်မြို့ ရွှေကျီးနားဘုရား Â
ဗန်းမော် ဟူသော ဝေါ်ဟာရသည် သျှမ်းဘာသာ စကား မန်မော် မှ ဆင်းတက်လာသော စကားဖြစ်သည်။ မန်း (Man)= ရွာ၊ မော် (Maw)=
အိုးရွာဟုအဓိပ္ပါယ်ရသဖြင့် အိုးလုပ်သော ရွာဟုဆိုနိုင်ပါသည်။ စမ္ပာနဂိုလ် မင်းပျက်ပြီးနောက် သက္ကရာဇ် (၄၀၀) ကျော်တွင် စောဘွား သိုဟန်ဘွားသည် ရှေးမင်းမြတ်တို့၏ နေရာတွင် မနေ၀ံ့၍ မြို့ဆင်ခြေဖုံးဖြစ်သော ဗန်းမော်သို ပြောင်းရွှေ့လာခဲ့ပြီး မြို့ပြတည်ထောင်ပြီး အုပ်စိုးသည်။ မိုးမိတ်သမိုင်းအရ ခရစ်နှစ် (၆၈၉) ခုနှစ်တွင် စော်ဘွားစစ် ပုတ်ဖထံ လာရောက်ပြီး စောဘွားဆက် တောင်းခံသည်။ မိုးမိတ်စောဘွားက တူတော်ကြီး ခမ်းရွက်ဖအား ဗန်းမော် စောဘွားဖြစ် အုပ်ချုပ်ရန် စေလွတ်ကြောင်း ဖော်ပြထားသည်။ ဗန်းမော်မြို့တွင် စောဘွားပေါင်း(၂၃)ဆက် နှစ်ပေါင်း(၃၅၀) အုပ်စိုးခဲ့သည်။ 
 
**မိုးမောက်မြို့ ဖြစ်စဉ်သမိုင်း**
ဗန်းမော်ဒေသတွင် စမ္ပာနဂိုရ်မင်း တိုင်းပြည်အုပ်စိုးစဉ်က သားတော်ကြီး စိတ္တရာဇာနှင့် သားငယ် ပုတ္တရာဇာတို့ ထွန်းကားခဲ့ကာ ခမည်းတော် နတ်ရွာစံပြီးနောက် နောင်တော် စိတ္တရာဇာက ထီးနန်းကိုဆက် ခံခဲသည်။ ညီတော် ဂုတ္တရာဇာ တစ်ထီးတစ်နန်းတည်ထောင်ရန် ယခုမိုးမောက်တောင်ဘက် (၂) မိုင်ခန့် နေရာတွင် မြို့တည်ခဲ့ပြီး စမ္ပာနဂိုရ်ပြည်ကို တိုက်ခိုက်ရန် လူသူလက်နက်စုဆောင်းပြီးပြည့်စုံသော အခါမှ ယခုမိုးမောက်တည်ရာ ကုန်းမြင့်ရွာမှ ဆက်သားစေလွတ်၍ စစ်ယှဉ်ပြိုင်ရန် နောင်တော် စိတ္တရာဇာထံ အကြောင်းကြားခဲ့သဖြင့် ၎င်းဆက်သားနေထိုင့်သည့် ယခု မိုးမောက်မြို့အား သျှမ်းဘာသာ စကားဖြင့် (မန်မောက်ရွာ) မြန်မာဘာသာဖြင့် (သတင်းပို့သည့်ရွာ) ဟုခေါ်ဝေါ်ခဲ့သည်။ (၁၇၆၅) ခုနှစ်တွင် ဆင်ဖြူရှင်မင်းလက်ထက် ဗန်းမော်မြို့ဝန်သည် ဗန်းမော်သို့ ကုန်စည်ကူးသန်း ရောင်ဝယ်ရန်လာသည့် တရုတ်ကုန်သည်များအား ဗန်မော်သို့ တိုက်ရိုက်ဝင်ခွင့် မပြုဘဲ ယခု မိုးမောက်တည် ရှိရာ ရွာငယ်၊ သျှမ်းဘာသာဖြင့် “ပန်ကော်စခန်း” မြန်မာဘာသာဖြင့် (သစ်အယ်ပင်စခန်း) မှ တစ်ထောက် ရပ်နား သတင်းပို့စေခြင်းကြောင့် “သတင်းပို့သည့်ရွာ” ကို သျှမ်းဘာသာဖြင့် “မန့်မောက်ရွာ” ဟုခေါ်ဝေါ် ခဲ့ကြောင်းရွာ၏ အရှေ့ဘက်တွင် ချေင်းတစ်ခုစီးဆင်းပြီး ရွာသားများ လယ်ယာစိုက်ခင်းများ လုပ်ကိုင်ကြရာတွင် ၎င်းချောင်းမှရေကို ၀ါးရေတံလျှေက်ဖြင့် သွယ်ယူအသုံးပြုခဲ့သဖြင့် ၀ါးရေတံလျှောက်ကို အစွဲပြု၍ ၎င်းချောင်းကို သျှမ်းဘာသာဖြင့် “နန့်မောက်ချေင်း” ဟုခေါ်ဝေါ်ခဲ့သည်။ နယ်ချဲ့အင်္ဂလိပ် တို့အား တတွန်းလှန်စစ်ဆင်နွဲရာတွင် ရွှေဘိုဒေသမှ ဗမာတိုင်းရင်းသား တို့သည် နယ်ချဲ့ကို တွန်းလှန်ရှောင်တိမ်းရင်း “မန့်မိန်းမောက်ရွာ” သို့ ရောက်ရှိ နေထိုင်ခဲ့ကြကြောင်း၊ ဗမာတို့က သျှမ်းဘာသာ “မန့်မိန်းမောက်” ကိုဗမာသံဖြင့် “မိုးမောက်” ဟုခေါ်ဆိုကြရာမှ ယနေ့တိုင် “မိုးမောက်” ဟုခေါ်ဝေါ်ခဲ့ကြကြောင်း သိရှိရပါသည်။
 
** ရွှေကူမြို့နယ်ဖြစ်စဉ်သမိုင်း**
ရွှေကူမြို့သည် သမိုင်းတွင်ထင်ရှားခဲ့သော မြို့တစ်မြို့ ဖြစ်သည်။ ပုဂံခေတ်တွင် အနော်ရထာ မင်းကြီးသည် ပုဂံနိုင်ငံတော် တမ္ပဒီပတိုင်းနှင့် ကမ္ဘောဇတိုင်းကို သီးခြား ဖြစ်စေရန် ကင်းမြို့ (၄၃)မြို့ကို တည်ထားခဲ့ရာ ရွှေကူသည် ကင်းမြို့ဖြစ် ထင်းရှားခဲ့သည်။ တန်းခိုးကြီး ရွှေပေါ်ကျွန်းဘုရားကို အကြောင်းပြု၍ လည်းကောင်း၊ မွန်ဂို ကျူးကော်မှု၊ မန်ချူး ကျူကျော်မှု တွန်းလှန်တိုက်ပွဲတို့ကို ချီတက်ရာတွင် ရွှေကူမြို့သည် အထောက်အကူစခန်းတစ်ခု ဖြစ်ကြောင်း တွေ့ရှိရသည် ရွှေကူမြို့နေရာသည် လူနေဒေသအဖြစ် စတင်ဖြစ်ပေါ်လာသည်မှာ ဘီစီ (၂၆၀) လည်းကောင်း၊ မွန်ဂို ကျူးကော်မှု၊ မန်ချူး ကျူကျော်မှု တွန်းလှန်တိုက်ပွဲတို့ကို ချီတက်ရာတွင် ရွှေကူမြို့သည် အထောက်အကူစခန်းတစ်ခု ဖြစ်ကြောင်း တွေ့ရှိရသည် ရွှေကူမြို့နေရာသည် လူနေဒေသအဖြစ် စတင်ဖြစ်ပေါ်လာသည်မှာ ဘီစီ (၂၆၀) ခုနှစ်တွင်ဖြစ်ကြောင်း အထောက်အထားများ၌ တွေ့ရှိရသည်။ ရွှေကူမြို့ဟုခေါ်ဆိုရခြင်းမှာ မော်လမြိုင်တောရပ်မှဂူ၊ မန်ပိန်းဂူ လွင်ပြင်မှဂူ၊ တောပုန်းရွာ ဂူကြီးကုန်းမှ ဂူဟူသော ဂူသုံးဂူတို့ကို အကြောင်းပြု၍ ရွှေကူဟုခေါ်ဆိုခဲ့ကြောင်းကို မန်လည်ဆရာတော်ဘုရား ရေးသားတော်မူ ခဲ့သော် ၀ါဆိုသိမ်ကျောင်း အဆိုအရ သိရှိရသည်။ ရွှေကူမြို့သည် ယခင်က မိုးမိတ်၊ မိုးကောင်း၊ ဗန်းမော်၊ သုံးပြည်ထောင်နယ်စပ်တွင် ဖြစ်ပြီး ချောက်တို့ကိုဖို့၍ ခံတပ်မြို့တည်ဆောက်ခဲ့သည်။ ခံတပ်ကို ရုပ်သိမ်းသွားသောအခါ သျှမ်းတို့က “မိန်ကူ”ဟူ၍ လည်းကောင်း၊ “ဝှေကူ” ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ သျှမ်းဘာသာတွင်“ ဝှေ” ၏ အဓိပ္ပာမှာ “ ချောက်” ဖြစ်ပြီး၊ “ ကူ” = ရုပ်သိမ်းခြင်းဟု အဓိပ္ပါယ်ရသဖြင့် “ချောက်ကိုဖို့၍ ခံတပ်ရုပ်သိမ်းရာနေရာ ” ဟုဆိုလို သည်။ “ဝှေကူ ” ဟူသော သျှမ်းစကားမှ ရွှေကူဟု ပြောင်းလည်းခေါ်ဝေါ် လာကြသည်ဟု လည်းကောင်း၊ ရွှေပေါ်ကျွန်းဘုရား သမိုင်းတွင် ဖော်ပြထားသည်။ မြို့တည်စဉ်က ငွေကြေးမလုံလောက်မူကြောင့် နယ်ရှင်စောဘွားတို့က မြန်မာမင်းအား ရွှေအခွန်တော် ဆက်သွယ်ကူညီ ရေသောကြောင့် ရွှေကူဟု ခေါ်တွင်လာသည်ဟူ၍ လည်းကောင်း၊ ရွှေကူမြို့အထက် ရွှေပေါ် ကျွန်း မှ အရောင်းအဆင်း တောက်ပပြီး အုန်းသီးလုံးအရွယ် ပမာဏရှိသော ရွှေလုံးကြီးတစ်လုံးသည် ဧရာဝတီမြစ်ကို ဖြတ်ကျော်လျက် ရွှေကူမြို့ တည့်တည့်ဘက် သို့မကြာခဏ ကူတတ်လာသည်ကို ကြောင်းပြု၍ ရွှေကူမြို့ ဟူ၍လည်းကောင်းမှတ်တမ်း၌တွေ့ရှိရသည်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက် မြန်မာသက္ကရာဇ် (၃၉၇) ခုနှစ် တပေါင်းလဆန်း (၁၂)ရက်နေ့တွင် ကင်းတပ်မြို့ကို တည်ဆောက်ခဲ့ရာ ရွှေကူမြို့လည်း ကင်းတပ်အဖြစ် ပါဝင်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၁၁၅) ခုနှစ်တွင် နန္ဒပေါ်ထင်ဘွဲ့ခံ စက္ကဗလအမည်ရ ငမန်းထွေးသည် ရွှေကူမြို့ကို အလောင်းမင်း တရားကြီးထံမှ ခြားနားခဲ့သည်။ (၁၁၄၃) ခုနှစ် ပဒုံမင်းလက်ထက် သားတော် မင်းရဲကျော်စွာ အားရွှေကူမြို့ကို အပိုင်စားစေခဲ့သည်။
 
**မန်စီမြို့ဖြစ်စဉ်သမိုင်း**
မန်စီဟူသော အမည်သည် သျှမ်းဘာသာစကား “ မန်စေ ”မှဆင်းသက်လာခြင်း ဖြစ်သည်။ မန်စေသည် “ မိုင်းကိုင် စက္ကူလုပ်သောရွာ ”ဟုအဓိပ္ပါယ်ရပါသည်။ မန်စီမြို့သည် မြန်မာသက္ကရာဇ် (၁၂၄၇) ခုနှစ်ခန့်တွင် မိုးကောင်းမြို့မှ သျှမ်းလူမျိုး ဦးစံကောင်းဆိုသူ နယ်သစ်ရှာဖွေရင်း ယခုမန်စီမြို့မှ မြောက်ဘက် (၅)မိုင်ခန့်အကွာ သိန်လိန်ရွာ (ဗန်းမော်မြို့နယ်) တွင် အိမ်ခြေ(၂၀)ခန့်ဖြင့် အခြေချနေထိုင်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် (၁၂၇၇) ခုနှစ်တွင် ယခုမန်စီမြို့၊ မောရ၀တီကွက်သို့ ပြောင်းရွှေ့လာပြီး မိုးမိတ်စော်ဘွား အတည်ပြုချက်ဖြင့် ရွာ စတင်တည်ထောင်ခဲ့ပါသည်။ ၎င်းရွာကိုလည်း သျှမ်းအမည်ဖြင့် “မန်စေ ”ဟုခေါ်ဝေါ်ခဲ့သည်။ ကာလရွှေ့လျား၍ “ မန်စေ” မှ “ မန်စီ” ဟုပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
 
**ဟုမ္မလင်းမြို့ ဖြစ်စဉ်သမိုင်း**
ဟုမ္မလင်း ဟူသော အမည်သည် သျှမ်းဘာသာစကား ဟုံး =(ညောင်)၊ မလင်း =(ပိန္နဲပင်) ဟူသော အဓိပ္ပါယ်အားဖြင့် အဓိကပေါက်ရောက်နေသော ညောင်ပိန္နဲပင်ကြီး ကိုအစွဲပြု၍ ဟုမ္မလင်း ဟုဒေသခံသျှမ်းတို့ မှည့်ခေါ်ထားခြင်းဖြစ်သည်။ သျှမ်းရွာငယ်တစ်ရွာ အဖြစ်စတည် ခဲ့သောမြို့ဖြစ်သည်။ ဟုမ္မလင်းအစ ခေါ်ခမ်းက ဟုဆိုရလောက်အောင် “ခေါင်ခမ်း” ကျေားရွာ အုပ်စုဝင်ဖြစ်၍ မိုးညှင်းခေတ်ဦး ကပင်ရှိခဲ့သည်။ မိုင်းမောဝ်ခေတ်၊ စော်ဘွားကြီး စောဝ်ဟော်ဆိုင် လက်ထက်တွင် မိုးညှင်းအမတ်ကြီး မယ်နယ်ခွန်ခမ်းနှင့် ကသာအမတ်ကြီး တို့သည် ဥရုမြစ်အတိုင်း တိုင်းခန်းလှည့်လည်လာကြရာ ယခု ဟုမ္မလင်းအရပ်၌ နောင်ပကျစ်တောင်ပေါ် ခေါ် ကျဲဆာ အရပ်တွင် ရောက်ရှိစခန်းချသည်။ ထိုမှ ယခု ခေါင်းခမ်းရွာကို တည်တော်မူသည်။ ခေါင်= ပိုင်ဆိုင်ခြင်း၊ ခမ်း=ရွှေ ဟူသော အဓိပ္ပါယ်ဖြင့်။ “ရွှေရှင်- ခေါင်ခမ်း ဟုအမည်ပေးခဲ့သည်။ ဟုမ္မလင်းမြို့ကို ဗြိတိသျှအစိုးရ လက်ထက်တွင် (၁၈၉၈) ခုနှစ်တွင် ရဲဥပဒေ The Police Act အခန်း(၁၄) အရ လည်းကောင်း၊ ၁၈၉၉ တွင် မြေစာရင်းလက်စွဲ ဥပဒေ အရလည်းကောင်း မြို့အဖြစ် တင်ကြေငြာခဲ့သည်။ 
**ကသာမြို့ဖြစ်စဉ်သမိုင်း**

à ဓါတ်ပုံ shankalay13.blogspot.com
ကသာမြို့ကို ရှေးယခင်က ကပ်ဆာဟုခေါ်သည် ကပ်ဆာမှာ သျှမ်းစကားဖြစ်သည်၊ ကပ်ကား - ဈေး၊ ဆာယာ - မိန်းသာ၊ မိန်းသာဈေး ဟုဆိုလိုသည်။ ရှေးဦးအစ မိန်းသာ သျှမ်းလူမျိုးများသည် မြစ်ကြီးနား၊ ဗန်းမော်မှ လာသော သစ်ကျားသီး စသော ကုန်များကို ၎င်းနေရာ၌ ဈေးခင်း၍ ရောင်းချသောကြောင့် ထိုနေရာကို ကပ်ဆာ ဟုခေါ်သည်။ (သို့) မိန်သာဈေး ဟုခေါ်ဆိုသည်။ ထိုအချိန်က စ၍ ကာလရှည်လျား လူစည်ကားလာပြီး ဒိစတြိတ် (ခရိုင်) ရုံးစိုက်၍ ယခုအခါ ကသာမြို့ဟုခေါ်ကြသည်။
**၀န်းသိုမြို့ဖြစ်စဉ်သမိုင်း**
သျှမ်းညီနှောင်သုံးဦးဖြစ်သော သိုကော်ဘွား (ခွန်ရံ)၊ သိုငံဘွား (ခွန်ကံ)၊ သိုကျည်ဘွား (ခွန်အွမ်)၊ စသည့် မိုးကောင်း (မိန်းကောင်)၊ မိုးညှင်း (မိန်းယမ်း)၊ မိုးမိတ် (မိန်းမိတ်) မြို့တည် သျှမ်းစော်ဘွားများ၏ ဖခမီးတော် ကျးဖြူမင်းနှင့် မယ်တော် နန်းမွန်တို့ တည်ရှိရာ ကောဇာ သက္ကရာဇ် ၃၀၃ ခုနှစ်လောက်တွင် သိုဟုံဘွား လက်ထက် မြို့တည်ရန် ရွေးချယ် ကြည့်ရှု့ကြ သောအခါ ဖိုခနှောက်တွေ့ရှိသည်ကို အကြောင်းပြု၍ ဖိုခနှောက် ကို - ကြိုင်း အဖကျားဖြူကြီးကို အကြောင်းပြု၍ ဆေဟု ရှေးဦးစွာ ကြိုင်းဆေဟု စတည်လာရာမှ ကာလကြာမြင့်ခဲ့ရာ ဆေကို - ဆို၊ ဆိုကို- သို သို့ ပြောင်း၍ ကြိုင်းသို ဖြစ်လာလေသည်။ နှောက်ကာလ ၇၀၅ ခုနှစ် ဟော်မိုးဟန်လက်ထက် ကြိုင်းဆိုမှ နှောက် ၇၅၀ ခုနှစ“ ခွန်ဆိုင်လက်ထက် မိန်းဆိုနှောက် သက္ကရာဇ် ဖြိုပြီး ၃၀၀ ခုနှစ် စော်ဘွားကြီး စောညီလက်ထက် သင်လဲစင်လဲ (သို့) စင်းလဲ နှောက် ၁၀၀၀ ခုနှစ် ငသူရ လက်ထက် ဗဂပူရ နှောက် ၁၁၂၅ ခုနှစ် စော်ဘွားကြီး အောင်ညို လက်ထက်ကျမှ ၀မ်းဆေ ၀မ်းသည် သျှမ်းအခေါ်- ကွင်း ဆေသည် - ကျား ၀မ်းဆေ (ကျားကွင်း) မှ ၀န်းသို သို့ပြောင်းလည်းလာခြင်းဖြစ်သည်။   
ကလေးမြို့ (သျှမ်းအခေါ် ကာလေမြို့) 
ကလေးမြို့ကို ချင်းတွင်းမြစ် အနောက် မိုင် ၂၀ (၃၂.၁၈၆၈ ကီလိုမီတာ) သျှမ်းတွေက ကာလေ (ကလေး) အမည်ရှိတဲ့ မြို့ကြီးတမြို့ကို တည်ထောင်ခဲ့လေသည်။ တရုတ်တို့က ကျိယလီ လို့ခေါ်သည်။ မြို့ရိုးနှစ်ထပ်နဲ့ ကျုံးကို အခုထိ တွေ့နိုင်ပါသေးတယ်၊ ဒီမြို့ ကိုမြန်မာတို့က AD -1370 လောက်ကပဲ ရေးမှတ်ထားပါတယ်။ တရုတ်ကလည်း AD -1406 -7 ကစပြီး ကလေးရဲ့ မိုးညှင်း (Meng-Yang) စစ်၊ မြန်မာ (Mientien) စစ်ကြောင်းတွေ ရေးထားကြောင်းသိရှိရသည်။                             *ဒေါက်တာ-သန်းထွန်းရဲ့ ဘာသာဗေဒခရီး ဒီဇင်ဘာ၁၉
*စိုင်းဆေးနွမ်ရေး ဟူးကောင်း သလ္ထာ မြစ်ဧရာ နှင့် သျှမ်းမျိုးနွယ်စု *ဒေါ်ခင်သိန်း၊ ပါမေက္ခ၊ မြန်မာစာဌာန၊ မြစ်ကြီးနားတက္ကသိုလ်မှ ဦးစီးပြုစုသော ကချင်ပြည်နုယ် တွင်းမြို့နယ် အမည်များ လေ့လာချက်စာအုပ်၊ *၀န်းသို ရာဇာဝင်တော်သစ် တို့မှ ထုတ်နိုတ်တင်ပြ လိုက်ရပါသည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်