koko

koko

Saturday, February 4, 2012

TAI ဟုခေါ်သော သျှမ်းသမိုင်းအကျဉ်း



**မွန်ဂိုလွိုက် အနွယ်ဝင် ဖြစ်သော Tai (ခေါ်)သျှမ်း မျိုးနွယ် စုကြီးသည်  အာရှတိုက်  အလယ်ပိုင်း တွင် ပေါက်ဖွားပြီး တရုတ်ပြည်ကြီး ဟူ၍ တသီးတခြား ထင်းရှား မဖြစ်ပေါ်သေးမီ ရှေးကာလ မြစ်ဝါတောင်ဘက် တရုတ်ပြည် အလယ်ပိုင်းတွင် တရုတ်တို့က Pang (ပန်) သို့ မဟုတ် Pong (ပုံ) ခေါ်သော လူမျိုးတမျိုး ရှိခဲ့ဘူးသည်။ (တို့သျှမ်းပြည် 53)


၎င်းတို့၏ မှုရင်းဌာနသည် အာရှတိုက် အလယ်ပိုင်း ကန်ဆူအရပ်ဖြစ်သည် ဟု ကမ္ဘာ့သမင်းအခြေပြ ပ-384 ၌ ဆိုလေသည်၊ ၎င်းလူမျိုးများသည် ကမ္ဘာ့ထိပ်ခေါင်မိုး ဖြစ်သော ကန်ဆူအရပ်၌ နေထိုင်စဉ်ပအက်လျှင် လူယဉ်ကျေးဘ၀သို့ ဆိုက်ရောက်နေကြပေဖြစ်၍ မြေအိုး မြေခွက်များကို ကောင်းစွာ လုပ်တတ်ကြသည်၊ ကြေးနီလက်နက်များ ကိုလည်း ပြုလုပ်တတ်ကြလေပြီ။

ကန်ဆူ အရပ်သည် ကမ္ဘာ့မြေမြင့်ဌာန ဖြစ်သောကြောင့် အလွန်အေးမြလှသဖြင့် မြေကြီးကို ပျားလဘို့သဏ္ဍန်တွင်းကြီး များတူကာ နေထိုင်တတ်ကြသည်၊ သိုးများ ဆိတ်များကိုလည်း မွေးမြူပြီးလျှင် ဆိတ်နို့ ကို သောက်ကြသည်၊ ၎င်းတို့ပြုလုပ်သော အိုးခွက်တို့၌လည်း လက်ရာကောင်းသော ပန်းချီရုပ်များရေးဆွဲ ထားတတ်ကြသည်။ထိုခေတ်က တရုတ်တို့သည် ကြေးနီကြိယာ သံကြိယာများကို မပြုလုပ်တတ်ကြသေး၍ ၎င်းတို့အထဲမှ ကြေးသံကြိယာများ ကိုဝယ်ယူကာ အတုပြုလုပ်ကြရာ ၎င်းတို့ထက် သာလွန်သော လက်ရာကောင်းများကို ပြုလုပ်နိုင်ကြလေသည်။

ထိုစဉ်က တရုတ်များသည် ကောင်းကင်နတ်တို့ကို ကိုးကွယ်၍ လူကိုသတ်ပြီး ယာဇ်ပူဇော်ရန် ကိစ္စကြုံလာသော အခါ ၎င်းပန်လူမျိုးတို့ထံ အလုံးအရင်းနှင့် ချီတက်ကာ လူအမြောက်အမြားကို ဖမ်းယူပြီး ယာဇ်နတ် ပူဇော်တတ်ကြသည်။

၎င်းတို့ကိုလည်း ဖိနှိပ်၍ ချိယိုင်းဟုခေါ်ခဲ့ကြသည် ချိယိုင်းဆိုသည်ကား သိုးထိန်းဆိန်ထိန်းဟု ဆိုလိုပေသည်။ တရုတ်များက ဤသို့လာရောက် နှိပ်စက်သောအခါ ၎င်းတို့သည် ငုံ့ကာခံမနေကြပဲ တန်ပြန်တိုက်ခိုက် ကြလေသည်၊ ဤသို့ဖြင့် တရုတ်နှင့် ချိယိုင်းတို့သည် မကြာခဏခိုက်ရန် ဖြစ်ပွားကြရာ တရုတ်ဟန်မင်းများ လက်ထက်တွင် တရုတ်တို့သည် ချိယိုင်းတို့ အား စစ်တပ်ဖြင့် ချီတက်တိုက်ခိုက်ခဲ့ကြသည်။

တရုတ် လူဝီ ဘုရင် လက်ထက်တွင် အကြီးအကျယ် နှိမ်နှင်းတိုက်ခိုက် ခြင်းခံကြရသည်။

၎င်းတို့သည် ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော လူမျိုးများ ဖြစ်ကြသော်လည်း လူဦးရေခြင်း မမျှသောကြောင့် များသောအားဖြင့် အရှုံးနှင့်သာ ရင်ဆိုင်ကြရလေသည်။ လူဝီဘုရင်၏ စစ်တပ်ကလည်း ကန်ဆူတွင်တပ်ချကာ ချိယိုင်းတို့အား အကြွင်းမဲ့သုတ်သင်လျက်ရှိနေသည်။

ထိုအခါ ချိယိုင်းတို့အား လမ်းနှစ်သွယ်ရွေးရန်သာ ရှိတော့သည်၊ လမ်းတသွယ်မှာ တရုတ်တို့ထံလက်နက်ချ၍ အေးချမ်းစွာ နေထိုင်ရန်ဖြစ်၍ လမ်းတသွယ်ကား ကန်ဆူနယ်ကို စွန်၍ တရုတ်လက်အောက်မှ ရုန်းထွက်ပြီး နယ်သစ် ပယ်သစ်များကို ရှာကြရန် ဖြစ်လေသည်။

ထိုလမ်းနှစ်သွယ်အနက် အချို့သော ချိယိုင်းတို့သည် တရုတ်တို့ လက်အောက်သို့ ၀င်ရောက်ကြ၍ မြစ်ဝါတောင်ဘက် တရုတ်ပြည် အလယ်ပိုင်းသို့ ပြောင်းကြသည်။ များစွာသော ချိယိုင်းတို့ကာ လုံးဝလက်နက် မချပဲ မိမိတို့ ပိုင်ဆိုင်သော သိုးဆိတ်များကို ယူဆောင်ပြီး တောင်ဘက်သို့ ခရီးထွက် ခဲ့ကြသည်။

ချိယိုင်းတို့သည် တရုတ်တို့၏ ဖိနှိပ်ဒဏ်ကို မခံနှိင်ကြ၍ တောင်ဘက် သဲကန္တာရများကို ခဲယဉ်းပင်ပန်းစွာ ဖြတ်သန်း၍ လည်းကောင်း၊ တောကြီး၊ တောင်ကြီး များကို  ကျော်နင်း ၀င်ရောက်၍ လည်းကောင်း၊ တဖက်မှ တရုတ် တို့၏ တိုက်ခိုက်မှုကိုခုခံယင်း တဖြည်းဖြည်း ဆုတ်ခွာခဲ့ကြရာ လမ်းခရီးတွင် စစ်ဘေး စစ်ဒဏ်ကြောင့် လည်းကောင်း လူအများလည်း သေကြေပျက်စီး ကြရ၏။ သိုးအုပ်၊ ဆိတ်အုပ်များလည်း တဖြည်းဖြည်း ယုတ်လျော့ခဲ့၏ အချို့လည်း လိုက်လံတိုက်ခိုက်သော တရုတ်တို့၏ ဘေးရန်နှင့် ဝေးကွာလာသောအခါ သင့်တင့်ရာဌာန၌ အိုးအိမ် ထူထောင်ကာနေရစ်ကြ၏၊ လူများစုကာ နေရာကောင်းကို တွေ့လိမ့်နိုးနိုးဖြင့် တောင်ဘက်သို့ တရွေ့ရွေ့ချီတက်ကြရာ မြန်မာနိုင်ငံ၏ မြောက်ပိုင်းသို့ရောက်လာကြ၏

ထိုအခါ ချိယိုင်းအချို့ တို့သည် တောင်ဘက်သို့ သက်ဆင်းလာ ရာမှ လမ်းခွဲပြီး အနောက်ဘက်သို့ သွားကြ၏----

အနောက်ဘက်သို့ လမ်းခွဲသွားကြသူများသည် ဟိမ၀န္တာတောင် တန်းကြီး၏ မြောက်ဘက်ကုန်းမြင့်သို့ ရောက်ကြသောအခါ ထိုနေရာဒေသ၌ အခြေစိုက် နေထိုင်ခဲ့ကြ၏၊ မိမိတို့ ကိုယ်ကိုလည်း (ဗုတ်ပါး) ဟု အမည်မှည့်ကြ၏ သားရဲတိရစ္ဆာန်တို့သည် ဗုတ်ပါးတို့အား တခါတရံ ရန်မူတတ်သောကြောင့် ၎င်းတို့ဘေးရန်မှ ကင်းလွတ်စေရန် တိရစ္ဆာန်ကြီးများကို တောင်းပန်တိုးရှိုးကာ ကိုးကွယ်ခဲ့ကြသည်၊ အချို့သော ဗုတ်ပါး တို့သည် မိမိနေရာတိဗက်မှ ဟိမ၀န္တာတောင်ကြား လမ်းများကို ဖြတ်သန်း၍ တောင်ဘက်သို့ ဆင်းလာကြပြီး ဟိမ၀န္တာကုန်းပြင် မြင့်တွင် အခြေ စိုက်နေထိုင်ကြသည်။ ဗုတ်ပါးမှလာသော ၎င်းတို့ကို ဗောဋ ဟုခေါ်ကြပြီး ၎င်းဗောဋမှ (ဗူတန်) လူမျိုးဟူ၍ ဖြစ်ပေါ်လာလေသည်။         (ကမ္ဘာ့သမိုင်း အခြေပြ ပ-388)

တောင်ဘက်သို့ဆင်းလာသော ချီယိုင်းတို့သည် နောင်ချယ်သို့ရောက်လာကြသည် NAN CHAO ဟူသော အင်္ဂလိပ်စာလုံးကို နန်ချိုဟူ၍ လည်းကောင်း၊ နောင်ချယ်ဟူ၍ လည်းကောင်း၊ နန်ချိုဟူ၍လည်းကောင်း၊ နန်းချောက်ဟူ၍လည်းကောင်း၊ နန်းကျောက်ဟူ၍ လည်းကောင်း မြန်မာပြန်ဆိုကြသည်။

သျှမ်းဘာသာအားဖြင့် ချယ်ဟူသော စကားသည် ရေ၌ ကျက်စားသော မိကျောင်းကဲ့သို့ ခြေလေးချောင်း ရှိသော တရုတ်နဂါးကို ခေါ်လေသည်။

ခြေလေးချောင်းရှိသော နဂါးကို မြန်မာတို့က (နရား) ဟုခေါ်ကြသည်။



နရားဟု ခေါ်သော တရုတ် နဂါးကြီးနေရာ အိုက်ကြီးသည် တရုတ်ပြည် တောင်ပိုင်း ယူနန်နယ် အတွင်း၌ ယနေ့တိုင် ရှိလေသည်၊ အင်းအိုင်ကို သျှမ်းဘာသာ အားဖြင့် နောင်ဟူ၍ခေါ်သည်၊ နဂါးကြီး နေသော အင်းဖြစ်၍ ၎င်းအင်းကြီးကို နောင်ချယ် (သို့မဟုတ်) နန်ချို ဟုခေါ်၍ အမည်တွင်ခဲ့သည်။

တောင်ဘက်သို့ဆင်းလာသော ချိယိုင်းတို့သည် နဂါးအင်း (နောင်ချယ်) သို့ ရောက်လာကြသောအခါ အင်းကြီးအနီး၌ အိုးအိမ်သစ်တည်ထောင်၍ အတည်တကျ နေထိုင် ကြလေသည်               (မိုးမိတ်ရာဇ၀င်တော်သစ်-45)

***သျှမ်းအမည်ဖြစ်လာပုံ***

ကမ္ဘာ့ခေါင်းမိုးခေါ် ရသော မွန်ဂိုကုန်းပြင်မြင့် ကန်ဆူနယ်သို တရုတ်များ ၀င်ရောက်တိုက်ခိုက် မှုကြောင့် ကန်ဆူပြည်သား ချိယိုင်းများသည် နှစ်ပိုင်းကွဲ၍ တပိုင်းသည် တရုတ်လက်အောက်သို့ ၀င်ရောက်ကြသည်။ တပိုင်းကား တရုတ်လက်အောက်သို့ မ၀င်ရောက်ပဲ တောင်ဘက်ပိုင်းသို့ ထွက်ခွာလာ၍ အချို့က တိဘက်ပြည်ကို တည်ထောင်နေထိုက်ကြ၍ အချို့က ဗောဋခေါ်သော ဗူတန်ပြည်တည်ထောင်နေထိုင်ကြသည်၊ အချို့ ကနောင်ချိုသို့ ရောက်လာကြသည်။

တရုတ်လက်အောက်သို့ ရောက်လာကြသော ချိယိုင်းတို့သည် တရုတ်တို့နှင့် ရောနှောကာ တရုတ်အဖြစ်သို့ မရောက်ကြပဲ တရုတ်ပြည် အလယ်ပိုင်း မြစ်ဝါ မြစ်တောက်ဘက်၌ အခြေစိုက် နေထိုင် ကြပြီးလျှင် တရုတ်ပြည်အတွင်း ကုန်သည် အလုပ်များဖြင့် ကြီးပွားချမ်းသာ နေကြလေသည်၊ ၎င်းချိယိုင်းတို့ကို တရုတ်တို့က PAWG ပန်လူမျိုးဟု ခေါ်၍ ၎င်းတို့၏ အမျိုးကို NGAO (ငေါင်) အိုလူမျိုး သို့မဟုတ် YAO (ယောင် ) ယိုလူမျိုး ဟုခေါ်ဝေါ်ကြသည်၊ NGAO (ငေါင်) အိုလူမျိုး သို့မဟုတ် YAO (ယောင်) သည်၊ သျှမ်းဘာသာအားဖြင့် ကြီးမြတ်သူဟု ဆိုလိုပေသည်၊ ထိုလူ မျိုးစုသည် ဆူချွန်နယ် အရှေ့မြောက်ပိုင်းနှင့် ဟိုနန်နယ် အနှောက်ဘက်ပိုင်းအထိ နေထိုင်ကြလေသည်။

တရုတ်ပြည် HAI မင်းဆက်တွင PANG ထိုပန်လူမျိုးများ အကြီးအကျယ် အနှိမ်ခံကြရသည်။ ၎င်းတို့နှင့် အဆမတန်သော အခွန်ဘဏ္ဍာများကို ထမ်းဆောင်ကြရသည်၊ ထို့ကြောင့် ပန်လူမျိုးတို့သည် မခံမရပ်နိုင် ကြတော့သဖြင့် သွေးစည်း တော်လှန်ကြပြီးလျှင် တရုတ်ပြည် HAI (ဟီးယား) မင်းဆက်ကို ဖြုတ်ချကြလေသည်။

ထိုသို့ဖြုတ်ချနိုင်သောကြောင့် မင်းဆက်ကို ဖြိုဖျက်ခဲ့သော ကုန်သည်များဟူ၍ အဓိပ္ပါယ်ရှသည့် သျှမ်းဟူသော အမည်သစ်ကို ရရှိခဲ့ကြသည်။ ကမ္ဘာ့သမိုင်းကို လေ့လာသောအခါ သျှမ်းတို့၏ အမည်များအလွန် များပြားသည်ကို တွေ့ရလေသည်၊ ချိယိုင်းဟူသော အမည် ပန်ဟူသောအမည်၊ ပူးဟူသောအမည်၊ စူဟူသောအမည်၊ ချိယားဟူသောအမည်၊ ချွန်းဟူသောအမည်၊ ဂျူးဟူသော အမည်များသည် သျှမ်းကိုခေါ်ဝေါ်သာ ရှေးဟောင်းအမည် များဖြစ်ကြသည်။ (မိုးမိတ်ရာဇ၀င်တော်သစ်-41)

ဤမှတပါး သျှမ်းတို့၏ အလွန်ထင်ရှားသော အမည်ကား TAI တိုင်း သို့မဟုတ် ထိုင်းဟူသော အမည်ဖြစ်သည်၊ သျှမ်းများသည် မိမိတို့ချင်းချင်းပြောဆိုရာ၌ သျှမ်းဟူသော အမည်ကို မသုံးပဲ တိုင်းဟူသော အမည်ကိုသာ သုံးနှုန်းကြသည်၊ ထိုင်းဟူသော အမည်ပညတ်နှင့် စပ်လျဉ်း၍ CAPTAINFORDS ဆိုသော                                    ပုဂိုလ်က ထိုင်းဟူသော စကား၏ အဓိပ္ပာယ်မှာ လွတ်လပ်ခြင်း လွတ်မြောက်ခြင်းဖြစ်ကြောင်း ဤ TAI တိုင်းဟူသောပညတ်ကို ယိုးဒယားသျှမ်းများမှ တပါး အခြားသျှမ်း အမျိုးကွဲ အားလုံးတို့က လက်ခံအသုံးပြုကြကြောင်း၊ ယိုးဒယား သျှမ်းတို့က မှုမိမိတို့ အမျိုးကို HTAI ထိုင်းဟူ၍ ဟထိုးသံပါဝင်စေလျက် ခေါ်ဝေါ်ကြကြောင်းဟု ဖော်ပြထားသည်။    (တို့သျှမ်းပြည် 47)

ကျောက်စာဝန် တော်စိန်ခိုကမှု ယဉ်းထိုင်းဟူသော စကားမှာ ကန်တုံနိ သီးခြားဘာသာ စကားဖြစ်၍ (တာ) ဟူသော စကားနှင့် အဓိပ္ပါယ်တူညီပြီး ကြီးမြတ်ခြင်း၊ ကြီးကဲခြင်း ဟုဆိုလိုကြောင်း ဖော်ပြထားသည်။

“သျှမ်း”ဟူသောဝေါဟာရ ကိုစမ္ပါမြို့ဟောင်း (ထိုင်းနိုင်ငံ) တွင်း AD 1052-  ခုနှစ်က တူးဖော်ရရှိသော ကျောက်စာ၌ အထင်ရှား တွေ့ရှိရသည်။ သက္ကတဘာသာ စကားဖြစ်၍ “အဖြူ ၊ ဖြူစင်ခြင်းဟုအဓိပ္ပာယ်ရသည်။

ဆရာ့စတော့၏ The Burma ဟူသောစာအုပ်တွင် သျှမ်းတို့ခရစ်မပေါ်မီ နှစ်ပေါင်း (၁၀၀)ခန့်ကတည်းက  ၀င်ရောက်နေထိုင်ပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။ ကာနယ်ရီဂျီနို ကလည်း  မောသျှမ်းတို့သည် BC 400 လောက်ကပင် ရွှေလီမြစ်ဝှမ်း နေထိုင်နေကြပြီးဖြစ်  ကြောင်းဖော်ပြ ရေးသားထားသည်။

မိုးမိတ် ရာဇ၀င်တော်ကြီး ၏  စာမျက်နှာ (၆၅)တွင်း သျှမ်းတို့သည်ယခု ယူနန်ဒေသ၌ နန်ချို မောသျှမ်းနိုင်ငံတော်  အထင်အရှား မရှိသေးမီကပင် တာပိန်၊ ရွှေလီမြစ်ဝှမ်းတစ် လျှောက်၌  အခြေချနေထိုင်ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

သျှမ်းလူမျိုး များစာအုပ်ကို ရေးသားသူ W.WCOCHRANE ဆိုသူကမှု သျှမ်းအမျိုးသား တို့၏ လူမျိုး အမည်ဟောင်းများအနက် အမည်တခုမှာ ကြီးမြတ်ခြင်း၊ ကြီးကဲခြင်း အနက်ရှိသည် YAU ဖြစ်ကြောင်း ၎င်း YAU အနက်နှင့် ထိုင်း၏အနက်မှာ အတူတူပင် ဖြစ်ကြောင်း ရေးသားထား လေသည်။     (တို့သျှမ်းပြည် 49)

သျှမ်းတို့၏ မျိုးရင်းဖြစ်သော PANG တို့သည် တရုတ်ဟီးယားမင်းဆက်ကို အောင်နိုင်စွာ ဖြိုဖျက် နှိမ်နှင်း နိုင်ကြသော်လည်း တရုတ်တို့ကို ရှည်ကြာလေးမြင့်စွာ မအုပ်ထိန်းနိုင်ကြချေ၊ တရုတ်တို့၏ ဒဏ်ပြန် တော်လှန်မှုကြောင့် တရုတ်ပြည် ဆွေမျိုးများနေထိုင်ရာ နောင်ချယ်သို့ ဆုတ်ခွာ ခဲ့ကြရလေသည်၊ တရုတ်တို့ကလည်း နောင်ချယ်သို့ အထိ လိုက်၍ တိုက်ခိုက်ခဲ့ကြသဖြင့် နောင်ချယ်၌ အခြေစိုက်နေ ထိုင်ကြသော ချိယိုင်းတို့သည် တောင်ဘက်သို့ အစုစုခွဲ၍ ပြောင်းရွေ့ကြပြန်ရာ မြန်မာနိုင်ငံတွင်းသို့ ချဉ်းနင်းဝင်ရောက် လာကြလေသည်။

၎င်းတို့သည် ဧရာဝတီမြစ်ကြောင်းကိုလိုက်၍ ဆင်းသက်နေထိုင်လာကြ ပြီးသော် ဧရာဝတီနှင့် ချင်းတွင်း မြစ်ဆုံသို့ ရောက်သော အခါ ချင်းတွင်းမြစ်ညာသို့ ဆန်တက်နေထိုင်ကြသည်။

အချို့လည်း အာသံပြည်အထိ ရောက်ရှိနေ ထိုင်ကြသည်။ ချိယိုင်းတို့ မြန်မာနိုင်ငံတော်အတွင်း ၀င်ရောက်လာသောအခါသည် တရုတ်နိုင်ငံ၌် ဟန်မင်းဆက်များ တန်းခိုးအာဏာ ညှိုးနွမ်းသောအခါနှင့် တဆက်တည်းဖြစ်သည်။    (ကမ္ဘာ့သမိုင်း အခြေပြ ပ-389)

ဤသို့သောနည်းဖြင့် သျှမ်းတို့၏ မျိုးရင်းဖြစ်ကြသော ချိယိုင်းပန်လူမျိုးတို့သည် မြန်မာနိုင်ငံမြောက်ပိုင်း ရွှေလီမြစ်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်း များတိုင်အောင် ပြန့်ကျဲ ဆိုက်ရောက်လာကြသော်လည်း တရုတ်တို့က မြောက်လက်မှ ဖိ၍ဖိ၍ တိုက်ခိုက်လာ ကြသောကြောင့် နေရာ အတည်တကျမရှိ ဖြစ်နေကြလေသည်။ 




တရုတ်မှတ်တမ်းအရ သျှမ်းနယ်များ

ဤကား မြန်မာနိုင်ငံတော် မြောက်ပိုင်းသို့ သျှမ်းလူမျိုးများ ပြန့်နှံ့ဝင်ရောက် လာပုံဖြစ်လေသည်။



အနာဂတ်   သျှမ်းမျိုးစက်သစ် လူငယ်များ သျှမ်းအမျိုးသား ရိုင်းပင်းကူညီ အချင်းချင်း ချစ်ခင်နိုင်ကြပါစေလို့ ရည်ညွန်းတင်ပြ   လိုက်ရပါသည









ထုတ်နုတ်- မိုးညှင်းမြို့ ကန်တော်ဦး ဆရာတော် ဦးပညောဘာသ ပြုစုရေးသားသော **ကျားဖြူရှင် ဘုရားသမိုင်း** 


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်