koko

koko

Thursday, July 26, 2012

သမိုင်းအထင်ကရ သူရဲကောင်းများ

အပိုင်း ၂

ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ

၁၈၈၆ ခု၊ မတ်လ ၁ ရက်မှ စ၍ ၁၉၃၇ ခု၊ ဧပြီလ ၁ရက်နေ့ထိ သျှမ်းပြည်မှ တပါး အထက် မြန်မာနိုင်ငံ တ၀န်းလုံးသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်အဖြစ် ရပ်တည် လေတော့သည်။

ထို့ကြောင့် အထက်မြန်မာနိုင်ငံကို ဗြိတိသျှ အင်ပိုင်ယာ အတွင်းသို့ သွတ်သွင်းကြောင်း တရာဝင် ကြေညာလေသည်။ ၀ီတိုရိယ စတက်ကျူ ဥပဒေ ၃၃၊ အခန်း ၁၊ အခန်းခွဲ (ခ) အရအထက် မြန်မာနိုင်ငံကို တိုက်ရိုက် အုပ်ချုပ်ရန် ဘုရင်ခံချုပ်က ယတိပြတ် ဆုံးဖြတ်ချက် ချမှတ်လေသည်။

အရေးကြီးက သွေးနှီးကြ ဆိုသည့် စကားတိုင်း သူ့ကျွန်မခံလိုသော အထက်မြန်ပြည် မြောက်ပိုင်းမှ တိုင်းရင်းသား မျိုးချစ်ခေါင်း ဖြစ်ကြသော သျှမ်းနီ၊ ကချင် ခေါင်းဆောင်ကြီးများသည် အင်္ဂလိပ် ကိုလိုနီကပေးသော ရာထူးများကိုလက်ခံပဲ အင်္ဂလိပ်နယ်ချဲ့တို့အား ရဲဝင့်စွာ တော်လှန်ခဲ့ကြသော သမိုင်းဝင်သူရဲကောင်းများသာဖြစ်သည်။


ဗန်မော်ခရိုင်မှ ကချင်တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင် တစ်ဦးဖြစ်သူ ဖုံကန်နယ်ကို ပိုင်းစားသော ဖုံကန်ဒူဝါသည် ကချင်၊ သျှမ်းနီ၊ မြန်မာ တို့ပါဝင်သော တပ်များကို ခေါင်းဆောင်လျက် ၁၈၈၆ ခုနှစ် မှစ၍ အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်သည်။

၁၈၈၆ခု၊ ဧပြီ ၁၁ရက်နေ့တွင် ဗိုလ်ကြီး ဝေ့စ် နှင့် ဗိုလ်ကြီး လိုင်း တို့ခေါင်းဆောင်သော အမြောက်တပ်၊ ခြေလျင်တပ်၊ မြင်းတပ်များပါဝင်သည့် တပ်ပေါင်းစုသည် ဖုံကန်နယ်မြေသို့ ပထမအကြိမ် ချီတက်လာကြသည်။ ချောင်းစောက်နှင့် ဂရားရွာမှ အထွက်တွင် ဖုံကန် ဒူဝါ ခေါင်းဆောင်သော  ကချင်တော်လှန်ရေး တပ်များက ချုံခိုတိုက်ခိုက်ရာ အင်္ဂလိပ် စစ်ကြောင်းမှူး ၂ ဦးနှင့် တပ်သားအများအပြား ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြသည်။

မေလ ၂၂ ရက်နေ့တွင် ဗိုလ်မှုးကြီး ဖစ်ဇရယ် ခေါင်းဆောင်သော အင်အား ၅၃၀ ပါဝင်သည့် စစ်ကြောင်းသည် မန်စီမှ ဖုံကန်နယ်မြေသို့ ချီတက်ခဲ့ပြန်သည်။ ဖုံကန် ဒူဝါခေါင်းဆောင်သော အင်အား ၁၀၀၀ ခန့်ရှိသော တိုင်းရင်းသား  တော်လှန်ရေး တပ်များက မန်စီ၎မိုင် ခန့်အကွာတွင် ၀ိုင်းဝန်းတိုက်ခိုက်သည်။

 တိုက်ပွဲ ပြင်းထန် စွာ ဖြစ်ပွားပြီး အင်္ဂလိပ်တို့ဘက်မှ အများအပြား ဒဏ်ရာရသွားကြသည်။ ထို့အပြင် ဆက်လက် တိုက်ခိုက်ခြင်း မပြုနိုင်တော့ဘဲ ဆုတ်ခွာသွားကြသည်။ ကချင်တော်လှန်ရေး တပ်များဘက်မှ ၁၀ ကျဆုံး၍ အများအပြား ဒဏ်ရာရရှိကြသည်။

၁၈၈၉ ခု၊ မေလတွင် ကချင်၊ သျှမ်းနီ၊ မြန်မာ တိုင်းရင်းသားတော်လှန်ရေး တပ်များသည် မန်စီမြို့ကို စီးနှင်း တိုက်ခိုက်သည်။ ထို့ကြောင့် ဗိုလ်မှူးချုပ် ဝေါစလီ ခေါင်းဆောင်သော တပ်မဟာသည် မန္တလေးမှ ဗန်မောသို့ စစ်ကူအဖြစ် လာရောက်ပြီး ပူးပေါင်း စစ်ဆင်မှုများကို ပြုလုပ်ရလေသည်။ ထိုနှစ်ဧပြီလမှ မေလအတွင်း မန်စီမြို့နယ်တွင် နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲမျာ ဆက်လက်ဖြစ်ပွါးလျက်ရှိခဲ့သည်။

၁၈၈၉  ခု ဇန်န၀ါရီလ ၈ ရက်နေ့တွင် နယ်ချဲ့ အင်္ဂလိပ်တို့သည် ကချင်တော်လှန်ရေး နယ်မြေသို့ ထိုးစစ်ဆင်ကြပြန်သည်။ ဗိုလ်ကြီး အိုဒွန်နယ်ခေါင်းဆောင်သော အင်္ဂလိပ်စစ်ကြောင်းသည် ကားမိုင်းသို့ ချီတက်လာရာ ကချင်တော်လှန်ရေး တပ်များနှင့် ဇန်န၀ါရီလ ၁၁ ရက်နေ့၌ တွေ့ဆုံတိုက်ပွဲဖြစ်ပွါးသည်။ အင်္ဂလိပ်တို့သည် ကာမိုင်းနှင့် အနီး အနားရွာများ၊ လမ်းတစ်လျောက် တွေ့သမျှရွာများကို မီးရှို့ဖျက်ဆီး ကြပြန်သည်။

နယချဲ့ ဗြိတိသျှတို့ အကျဆုံးများစွာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ ရသော သမိုင်းဝင် ဆမားခံတပ်ကြီး

ဆမားရွာတွင် ကချင်တော်လှန်ရေး တပ်များနှင့် တိုက်ပွဲဖြစ်ပွါးပြီး ရွာကိုမီးရှို့ဖျက်ဆီးကြပြန်သည်။ ယင်းတို့ ဆမားဒေသတွင်း နေရာအနှံ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးရာတွင် အင်္ဂလိပ်တို့မှ ဗိုလ်ကြီး  အိုဒွန်နယ်၊ မက္ကဒိုနယ် နှင့် တပ်သားများ ဒဏ်ရာရရှိကြသည်။ ဗိုလ်ကြီး ဟော်ကာ နှင့်တပ်သားများမှာလည်း ကချင်တော်လှန်ရေး တပ်များ၏ လက်ချက်ဖြင့် ကျဆုံးသွားခဲသည်။

  အင်္ဂလိပ်တို့သည်။ ဇန်န၀ါရီလမှ မတ်လကုန်ထိ ဆမားဒူဝါခေါင်းဆောင်သော ကချင်တော်လှန်ရေးနယ်မြေသို့ စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်ပြီး ကျေးရွာများနှင့် ကချင်ပြည်သူများ၏ အိုးအိမ် ပစ္စည်း ကြက်၀၀က်မကျန် မီးတိုက် ဖျက်ဆီးကြသည်။ ယင်းသို့ အင်္ဂလိပ်တို့သည် ပြင်းထန်စွာ ထိုးစစ်ဆင်၍ နှိပ်ကွပ်မှုများပြုသောလည်း ဆမားဒူဝါ ဦးဆောင်သော ကချင်တော်လှန်ရေး တပ်များသည် လက်နက်ချအရှုံးမပေးဘဲ တော်လှန်ရေး တိုက်ပွဲများဆက်လက် ဆင်နွဲကြလေသည်။

ဆမားဒူဝါ နည်းတူ ဆနားနယ်မှ ဆနားဒူဝါ ခေါင်းဆောင်သော ကချင်တော်လှန်ရေးတပ်များသည် နယ်ချဲ့အင်္ဂလိပ်တို့အား မိုးကောင်းမြို့နယ်အတွင်းမှ တော်လှန်တိုက်ခိုက်လျက်ရှိကြသည်။

၁၈၈၉  ခု၊ ဧပြီလတွင် ဗိုလ်ကြီး အိုဒွန်နယ် ခေါင်းဆောင်သော အင်အား ၃၀၀ ခန့်စစ်ကြောင်းသည် ဆနားဒူဝါ ခေါင်းဆောငသော တော်လှန်ရေးတပ်များရှိသည် လောလောင်နယ်မြေသို့ ချီတက်၍ လောလောင်ရွာကို မီးရှို့ဖျက်ဆီးပစ်ကြသည်။

၁၈၈၉ ခု၊ ဇန်န၀ါရီလမှ မေလ အတွင်းပြုလုပ်ခဲ့သော စစ်ဆင်ရေးများတွင် ကချင်တော်လှန်ရေး တပ်များ၏ နယ်မြေရှိ ခံတပ် ၄၆ ခုကို အင်္ဂလိပ်တို့သိမ်းပိုက် ရရှိသွားပြီး ကချင်တော်လှန်ရေးတပ်များနှင့် ရင်ဆိုင်တိုက်ပွဲပေါင်း ၃၂ ကြိမ် ဖြစ်ပွားခဲ့သည်။
 အင်္ဂလိပ်တို့ဘက်မှ ဗိုလ်ကြီး ၁ ဦး တပ်သား ၃ ဦး ကျဆုံးကာ အရာရှိ ၅ဦး နှင့် တပ်သား ၃၀ ကျော်ခန့်ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

၁၈၉၀- ၉၁ ခုနှစ်များအတွင်း နန်းခမ်းမြို့နယ်တွင် ကချင်တော်လှန်ရေးတပ်များ နှင့် အင်္ဂလိပ်တို့ ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးခဲ့သည်။ ဆဒုံနှင့် ဆမားဒူဝါ ခေါင်းဆောင်သော ကချင်တော်လှန်ရေးတပ်များသည် အင်္ဂလိပ်တို့ တပ်ချထားသော ဆဒုံး ခံတပ်ကို ၁၈၉၁ ခုနှစ် ဖေဖေါ်ဝါရီ လတွင် တိုက်ခိုက်ရာ ပြင်းထန်သော တိုက်ပွဲကြီး ၁၃ ရက်ကြာမြင်ကာ အင်္ဂလိပ်တို့ ဘက်မှ စစ်ကူများဖြင့် အပြင်းအထန် ပြန်လည်ခုခံကြရသည်။

ထိုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် ကချင်တော်လှန်ရေးတပ်များသည် မြစ်ကြီးနားမြို့ကို ၀င်ရောက် စီးနင်းတိုက်ခိုက်ကာ မြို့စောင့်တပ်များအား ချေမှုန်း၍ နယ်ပိုင်ရုံး တရားရုံးများကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။

၁၈၉၂ ဇန်န၀ါရီလ ၉  ရက်နေ့တွင် ကချင်တော်လှန်ရေးတပ် များသည် အင်္ဂလိပ်တို့၏ ဌာနချုပ်ဖြစ်သော ဆမားခံတပ်ကို အပြင်းအထန် ဆက်လက်တိုက်ခိုက်ပြန်သည်။ အင်္ဂလိပ်တို့ ဘက်မှ ဗိုလ်ကြီးမော်တန် နှင့် တပ်သား ၅ ဦးကျဆုံးသည်။

ဇန်န၀ါရီ ၁၆ ရက်နေ့တွင် ဆမားရွာတောင်ဘက်း၌ ဖြစ်ပွားသော တိုက်ပွဲ၌ စစ်ပလိပ် ၁ ဦးနှင့် တပ်သား ၇ ဦးကျဆုံးသည်။ ကချင်တော်လှန်ရေးတပ်များသည် ဆမားခံတပ်မှ ပြန်လည်ထွက်ခွာသွားသော အင်္ဂလိပ် တပ်များအား ချုံခိုတိုက်ပြန်ရာ အင်္ဂလိပ်တို့လက်မှ တပ်သား ၄ ဦးကျဆုံး၍  ဗိုလ်ကွတ်ဟား အပါဝင် တပ်သား ၂၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ဆာမားသို့ တပ်ကူပို့သော အင်္ဂလိပ်တပ်များ ကန်ဂျာ ရွာ၌
 တိုက်ပွဲထပ်မံဖြစ်ပွားရာ အင်္ဂလိပ်တပ်တို့ဘက်မှ ဗိုလ်မာစတာ အပါဝင် တပ်သား ၆ ဦး ကျဆုံး ၆ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

အင်္ဂလိပ်တို့သည် ဆမားနယ်မြေအတွင်း တပ်ချ၍ တပ်အင်အား ၁၂၀၀ ကျော်ဖြင့် ကချင်တော်လှန်ရေးများကို ဆက်လက်တိုက်ခိုက်သည်။ ဖေဖေါ်ဝါရီလ ၈ရက်နေ့တွင် ပါလပ်ရွာအနီး  ဗိုလ်ကြီး အက်ကင်းဆန် ခေါင်းဆောင်သော အင်္ဂလိပ်တပ် အင်အား ၃၀၀ ကျော်တို့ ဆက်လက်တိုက်ပွဲများဖြစ်ပွါးခဲ့သည်။

အင်္ဂလိပ်တို့ဘက်မှ တပ်သား ၂ ဦးကျဆုံး၍ ၆ ဦးပြင်းထန်စွာ ဒဏ်ရာရှိခဲ့သည်။ ကချင်တော်လှန်ရေးတပ် ဘက်မှလည်း တပ် ၁၃ ဦးအသက်ပေးလူသွားခဲ့သည်။

နယချဲ့ ဗြိတိသျှတို့ အကျဆုံးများစွာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ ရသော သမိုင်းဝင်  ဆဒုံးခံတပ်ကြီး


ဆဒုံးနှင့် ဆမားနယ်မြေများတွင် ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နယ်ချဲ့ အင်္ဂလိပ် တို့သည် ကချင်တိုင်းရင်းသား တော်လှန်ရေး တပ်များ၏ ထိုးနှက် တိုက်ခိုက်မှုကို အပြင်းအထန် ခုခံခဲ့ကြရသည်။ ယင်းတို့ဘက်မှ အရာရှိ ၃ ဦးနှင့် တပ်သား ၁၀၂ ယောက်ကျဆုံး၍ အရာရှိ  ၃ ဦးနှင့် တပ်သား အမြောက်အများ ပြင်းထန်စွာ ဒဏ်များရရှိခဲ့လေသည်။

အထက်မြန်ပြည် စစ်ပွဲကြီးတွင် ကျွန်ုပ်တို့၏ ဘိုးဘေးများ ပါဝင်ပတ်သက်ခဲ့ရပေသည်။
မျိုးချစ် သူရဲကောင်းကြီးများသည် လူပင်သေသော်လည်း နာမည်မသေဘဲ သမိုင်းထဲက သူရဲကောင်း အမှန် များပင်ဖြစ်သည်။

ထိုတို့ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်လာရသည်မှာ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့ တို့သည် မြန်မာဘုရင် သီပေါမင်းနှင့် မိဖုရားများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းကြောင့် တိုက်နေခြင်းမျိုးမဟုတ်ဘဲ တိုင်းရင်းသားတို့၏ ပင်ကိုစိတ်မှာပင် အေးချမ်းစွာ နေထိုင်လိုသူများ မိမိတို့ ယုံကြည်ရာ ကိုးကွယ်ရာ အားထားရာ ခေါင်းဆောင်များနှင့် လွတ်လပ်စွာ နေထိုင်လိုသူများဖြစ်ပြီး လူမျိုးခြားများ အုပ်ချုပ်ချယ်လှယ်ခြင်းကို မနှစ်သက်ကြောင်း ပေါ်လွင်နေပေသည်။

ဝန်းသိုစော်ဘွား စ၀်အောင်မြတ်သည် မြန်မာဘုရင်နှင့် အရင်းနှီးဆုံးနှင့် မြန်မာဘုရင် သြဇာခံ စော်ဘွားတဦးဟု ဆိုပေမဲ့လည်း မိမိပိုင်နယ်မြေများ၏ အချုပ်အခြာအဏာ များသည် စော်ဘွားကြီး၏ လက်ထဲမှာပင်ရှိသည်။

အင်္ဂလိပ်နှင့် ရေရှည်စစ်ပွဲ ဆင်နွဲလာရသောအခါ စော်ကြီး၏ တော်လှန်ရေး တပ်များလက်မှ စနပ်ရိက္ခာ၊ လက်နက် ခဲယမ်းမီးကျောက် များနှင့် ကျမ္မာရေး အစစ အားနဲလာသည်နှင့် တော်လှန်တပ် များသည်လည်း ဖြေးဖြေး ယူနန် သျှမ်းများရှိရာ တရုတ်ပြည်ထဲသို့ တဖြည့်ဖြည့် ရာက်ရှိသွားခဲ့ပါသည်။


စော်ဘွားကြီးသည် အင်္ဂလိပ်လက်အောက်သို့ အညံ့ခံခြင်း မရှိပဲ တရုတ်ပြည် ယူနန်နယ် စန်းတာမြို့၌ ၁၃ နှစ်၊ မိုင်းလမြို့၌ ၁၉ နှစ်၊ စုစုပေါင်း ၃၂ နှစ်တိုင်တိုင် သူ့ကျွန် မခံလိုသော စိတ်ဖြင့် တရုတ်ပြည် မြို့များတွင် နေထိုင်ခဲ့သည်။ မြန်မာပြည် ဘုရင်ခံက စော်ဘွားကြီး စ၀်အောင်မြတ်အား ဦးရီတော် ညောင်ရွှေ စော်ဘွားကြီး ဆာစ၀်မောင် မှတဆင့် မြန်မာပြည်သို့  ပြန်ပြောင်းလာသော အခါ စိတ်မငြိုငြင်စေရပါ၊ အထောက်အပံ့ ပေးပါမည်ဟု ပြောကြားလာသည့် အတွက် ။

၁၂၈၃ ခုနှစ်း တန်ခူး လဆန်း (၃) ရက်နေ့တွင် တောင်းကြီးမြို့ သို့ရောက်၍ မြို့ဟော်ကုန်းရပ် ၌ ဟောနန်းစိုက်ထူ စံတော်မှုသည်။

မြန်မာ့လွတ်လပ်ရေး ကို မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ်ကျော် ၉ ရက် (၁၉ ၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌။ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ရှိလေသည်။

မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းနား ပြုလုပ်နေချိန်တွင် ၀န်သိုစော်ဘွားကြီး စ၀်အောင်မြတ်သည် သက်ရှိထင်ရှား ရှိနေပါသေးသည်။ မြန်လွတ်လပ်ရေး အခမ်းအနားတို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ရှိမရှိမသိပါ ။ ဇာတ်မင်းသား ဦးဖိုးစိန်တော့ သူ၏ သားသမီးများနှင့် မြန့်သံအမတ်ကြီး ဦးဝင်း၊ မောင့်ဘက်တန်တို့နဲ့အတူ အခမ်းနား တက်ရောက်သော ဓါတ်ပုံများကိုသာ တေတွ့ရပါသည်။

ဝန်းသိုစော်ဘွားစေ၀်အောင်မြတ်သည် ၁၃၂၆ ခုနှစ် နတ်တော်လဆန်း ၃ ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ကြောင်း သိရပါသည်။ ကွယ်လွန် အနိစ္စရောက်ချိန် သက်တော် ၁၀၃ ကျော်ရှိပြီ ဖြစ်ပါသည်။




 သက်တော် တရာကျော်ရှိပြီ ဖြစ်သော ၀န်းသိုစော်ဘွား စ၀်အောင်မြတ်






တချိန်က သမိုင်းအထင်ကရများ  *"۩"*

လွတ်လပ်ရေးရပြီးကာမှ ယနေ့ချိန်ထိ တိုင်းရင်းသား ညီအကို အချင်းချင်း စစ်ခင်းနေကြသည်ကိုလည်း စိတ်မကောင်းစွာတွေ့မြင်ရပါသည်။ ၂၀၁၀ အရပ်သား အစိုးရလက်ထက် ဆိုပေမဲ့ ယမ်းငွေ့ကြားက စစ်သားများပဲ ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းခေါ်တယ်ဆိုပေမဲ့ သေနပ်သံကြားက စစ်စဖိုင်းရားပဲ ဖြစ်နေပါသေးသည်။

မြန်မာ့အနာဂါတ် ဘယ်လိုလဲ ဘာလဲ ဒီအတိုင်းဆိုရင်တော့  ခြံကျော်ကုလားရဲ့ ဘူးသီဖြစ်မလား ပေါက်စီကြားက ကြက်သွန်ဖတ်ဖြစ်လား ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှလား...

ကျေးဇူးရှင်- ခန္တီးဆရာတော်ဘုရားကြီး ရေး ၀န်းသို ရာဇ၀င်သစ်   

ထုတ်နုတ်- ရွှေဥသြရဲ့ 'တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ'  
တပ်မတော် သမိုင်း ၁၈၂၄-၁၉ ၄၅ ပထမတွဲ


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"