koko

koko

Tuesday, July 31, 2012

ဗုဒ္ဓမြတ်စွယ်တော်၏ သိပ္ဗံတွေ့ရှိချက်


စွယ်တော်မြတ် ပိုင်ရှင်ဖြစ်တော်မှုသော သိဒ္ဓတ္ထ ဂေါတမသည် ရှေး  အိန္ဒိယမှ ဘာသာရေးခေါင်းဆောင်၊ စိတ်ပညာသင်ဆရာ၊ မဟာဒဿန ပညာရှင်ကြီးဖြစ်ပြီး ဗုဒ္ဓ၀ါဒကို အုတ်မြစ်ချခဲ့သူဖြစ်သည်။ သိဒ္ဓတ္ထ ဂေါတမအား  ဗုဒ္ဓဘာသာဝင်တို့က အလုံးစုံ မြင့်မြတ်တော်မူသော ဂေါတမဘုရား ဟု ယုံကြည်ကြသည်။

ဗုဒ္ဓ၏ မွေးဖွားချိန် နှင့် သေဆုံးချိန်တို့မှာ မသေခြာသော်လည်း ယခု သမိုင်းပညာရှင်တို့က ၅၆၃ မှ ၄၈၃ BC ဟု မှန်းဆကြသည်။ ဗုဒ္ဓ၌  ရာဟုလာအမည်ရှိ သားတစ်ယောက် ရှိသည်။

ဗုဒ္ဓဘာသာဝင် တို့၏ ဗုဒ္ဓ၀င်အဆိုအရ မဟာသက္ကရာဇ် ၆၈ ခု (၆၂၈ ဘီစီ) ကဆုန်လပြည့် သောကြာနေ့ ဒေဝဒဟပြည်အနီး လုမ္ပိနီဥယျာဉ်တွင် ဘုရားအလောင်း သိဒ္ဓတ္ထကို မယ်တော် မာယာဒေဝီ ဖွားတော်မူစဉ် (ဘုရားလောင်းသည် ဖွားလျှင်ဖွားခြင်းပင် မတ်တပ်ရပ်ကာ ခြေခုနှစ်လှမ်း လှမ်းတော်မူပြီး "ငါသည် တစ်လောကလုံးထက် မြတ်၏" ဟု ကြုံးဝါးတော်မူသည်။)

ဘုရားအလောင်းတော်နှင့်အတူ ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္ဒအမတ်၊ ကဏ္ဍကမြင်းတော် နှင့် ရွှေအိုးကြီးလေးလုံး စသော ဖွားဘက်တော် ခုနှစ်ဦးပါ ဖွားတော်မူသည်။

မြတ်ဗုဒ္ဓုသည် သက်တော် ၈၀၊ ဝါတော် ၄၅ ဝါအရောက်တွင် သုံးဆယ်တစ်ဘုံရှိ သတ္တဝါအပေါင်းတို့အား နိဗ္ဗာန်ရောက်ရန် အကျင့်တော်မြတ်တို့ကို နေ့ညမပြတ် ညွှန်းပြသွန်သင် ဆုံးမတော်မူခဲ့သော သုံးလူထွဠ်ထား မြတ်စွာသော ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု ( ဘီစီ ၅၃၄) ကဆုန်လပြည့် အင်္ဂါနေ့ ညဥ့်အရုဏ်တက်ခါနီး မိုးသောက်ယံတွင် ပရိနိဗ္ဗာန်ပြုတော်မူသည် ဟုဆိုသည်။

မြတ်ဗုဒ္ဓု၏ အရိုးဖြစ်သော သွားတော် စွယ်တော် အံ့တော် ညှပ်ရိုးတော် များကို တိုင်းဒေသအသီးသီးတို့ ခွဲဝေလိုက်ဟူ၏
ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကို သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေး

ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော် (သွားအစွယ်) ရဲ့ သက်တမ်းဟာ   နှစ်...ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့ - - - -

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။


ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ပါသည်။
ထုတ်နုတ် 
 http://www.monetine.net
http://wikimyanmar.co.cc



အိန္ဒိယမှ ဗုဒ္ဓဝင်ပန်းချီ  

ဗုဒ္ဓ၀င် ဆိုသည်မှာ ဗုဒ္ဓ၏ ရာဇ၀င်ကို ခေါ်ခြင်း ဖြစ်သည်။ ဗုဒ္ဓ ဆိုသောဝေါဟာရမှာ ဥာဏ်အလင်းရသူ (Enlightened) ၊ သို့မဟုတ် စိတ်အာရုံ နိုးကြားနေသူ (Mentally awakened) ဟု အဓိပ္ပါယ်ရသည်။
ဗုဒ္ဓသည် အမှန်တရားလေးပါး (သစ္စာလေးပါး) ကို ကိုယ်တော်တိုင် ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်း၍သိမြင်သော အမြတ်ဆုံး ပုဂ္ဂိုလ် ဟုချမ့်မြေ့ဆရာတော်က အဓိပ္ပါယ်ဖွင့်သည်။ 
ဗုဒ္ဓဝင်တွင် မင်းပျိုမင်းလွင်ဘဝ၊ တောထွက်တော်မူခြင်း၊ သစ္စာတရားကို ရှာခြင်း၊ သာသနာပြုခရီးရှည်၊ ပရိနိဗ္ဗာန် စံတော်မူခြင်း ဟူ၍ ငါးပိုင်းရှိသည်။
မဟာသက္ကရာဇ် ၆၈ ခု (၆၂၈ ဘီစီ) ကဆုန်လပြည့် သောကြာနေ့ဒေဝဒဟပြည်အနီး လုမ္ပိနီဥယျာဉ်တွင် ဘုရားအလောင်း သိဒ္ဓတ္ထကို မယ်တော် မာယာဒေဝီ ဖွားတော်မူစဉ်(ဘုရားလောင်းသည် ဖွားလျှင်ဖွားခြင်းပင် မတ်တပ်ရပ်ကာ ခြေခုနှစ်လှမ်း လှမ်းတော်မူပြီး "ငါသည် တစ်လောကလုံးထက် မြတ်၏" ဟု ကြုံးဝါးတော်မူသည်။ ဘုရားအလောင်းတော်နှင့်အတူ ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္ဒအမတ်၊ ကဏ္ဍကမြင်းတော် နှင့် ရွှေအိုးကြီးလေးလုံး စသော ဖွားဘက်တော်ခုနှစ်ဦးပါ ဖွားတော်မူသည်။

ဖွားမြင်ပြီး ငါးရက်မြောက် ပုဏ္ဏား ခုနှစ်ယောက်အနက်မှ အငယ်ဆုံး ကောဏ္ဍညပုဏ္ဏားမှ သိဒ္ဓတ္ထမင်းသားအား ဘုရားရှင် ဧကန်စင်စစ် ဖြစ်လိမ့်မည်ဟု အလောင်းတော်မင်းသားလေး၏ လက္ခဏာကို ဖတ်ရှုဟောတော်မူစဉ် ..

သိဒ္ဓတ္ထမင်းသား သက်တော် ၁၆နှစ်သို့ရောက်သောအခါ ယသော်ဓရာဒေဝီနှင့် ထိမ်းမြား၍ နွေ၊ မိုး၊ ဆောင်း သုံးဥတုရာသီတွင် ရာမ္မ၊ သုဘ၊ သုရာမ္မ ခေါ်သော နန်းသုံးဆောင်၌ မောင်းမမိဿံများနှင့် စံစားစဉ် ..

ဂေါတမနွယ်ဖွားဖြစ်သော သိဒ္ဓတ္ထဂေါတမမင်းသား သက်တော်၂၈တွင် သူအို၊ သူနာ၊ သူသေ နှင့် ရဟန်း စသော နမိတ်ကြီးလေးပါးတွေ့စဉ်..
 
သိဒ္ဓတ္ထမင်းသား တောမထွက်မှီ ယသော်ဓရာ နှင့် သားတော် ရာဟုလာကို မြင်တွေ့ရှုမြင်စဉ်..

 ဖွားဘက်တော် ဆန္ဒအမတ် ခေါ်ကာ ကဏ္ဍက မြင်းတော်ကိုစီး၍ သိဒ္ဓတ္ထမင်းသား တောထွက်စဉ်..

အနော်မာသောင်ကမ်းတွင် ဆံတော်ပယ်၍ ရဟန်းအဖြစ် ခံယူစဉ်..

ဘုရားအလောင်းတော် ခြောက်နှစ်ကြာမျှ ကျင့်ကြံလာသော ဒုက္ကစရိယာကျင့်စဉ်ကို စွန့်လွှတ်၍ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ် လိုက်သဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့က စွန့်ခွာတော်မူစဉ်..

ကဆုန်လပြည့်တွင် ညောင်ပင်အောက်၌ သုဇာတာသူဌေးသမီးက သားဆုပန်သော နတ်မင်းအထင်ဖြင့်
ရွှေခွက်ဖြင့် ထည့်တားသော ဃနာနို့ဆွမ်းကို ကပ်လှုစဉ်..

ဃနာနိုဆွမ်းကို အနည်းငယ်မျှ ဘုဉ်းပေးပြီးသော် နေရဉ္ဇရာမြစ်ကမ်းမှ " ငါ ဘုရား ယနေ့ဖြစ်မည် မှန်ပါက ရွှေခွက်သည် ရေညာသို ဆန်ပါစေသား" ဟုအဓိဌာန်ပြု မျှောလိုက်ရာ ရွှေခွက်သည် ရေညာသို့ဆန်၍ ကမ္ဘာနှင့်ချီကာ အိပ်ပျော်နေသော ကာလနဂါးအား သွားထိမိလိုက်စဉ်..
(အချို့သော ဗုဒ္ဓစာပေများတွင် ဗြဟ္မာကြီးလေးပါး လာရောက်လှုတန်းသော မြသပိတ်လေးလုံး ဆင့်ထားသော သပိတ်ဟုဆိုထားသည်။)

ကဆုန်လပြည့်နေ့ညနေတွင် ဗောဓိညောင်ပင်တွင် ဘုရားဖြစ်ရန်ကျင့်နေစဉ် မာရ်နတ်က စစ်သည်ဗိုလ်ပါအလုံးအရင်းဖြင့် လာရောက်နှောင့်ယှက်စဉ်..

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြည့်ကျင့်လာသော ပါရမီတော်တို့အား မဟာပထဝီမြေကြီး သက်သေထား၍ မာရ်နတ်အားအောင်နိုင်ပြီး အာနာပါနကမ္မဌာန်း ဆက်လက်ရှုမှတ်အားထုတ်ရာ ညဥ့်ဦးယံလွန်သော် ဘဝပေါင်းများစွာ သိနိုင်သော ပုဗ္ဗေနိဝါသဥာဏ် ရတော်မူပြီး သန်းခေါင်ယံ၌ သုံးဆယ်တစ်ဘုံ တွင် ဖြစ်ပျက်နေကြသော နတ်လူဗြဟ္မာ သတ္တဝါအပေါင်းတို့အား မြင်တော်မူသော ဒိဗ္ဗစက္ခုဥာဏ် ရတော်မူစဉ်..

မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံတွင် ကိလေသာအပေါင်းအား ပယ်သတ်တော်မူသော အာသာဝက္ခယဥာဏ် ရပြီး အာရုဏ်တက်သည်နှင့် သုံးလောကထွဠ်ထား သဗ္ဗေညုတဘုရား အဖြစ်သို့ ရောက်တော်မူစဉ်..


ဗုဒ္ဓဘုရားရှင်က ဘုရားဖြစ်မြောက်ပြီး သတ္တဌာန ခုနှစ်နေရာ လှည့်လည်တရားအားထုတ်နေချိန် ဗောဓိပင် အရှေ့မျက်နှာ ၃၂ လံအကွာရှိသော အဇပါလ ဆိတ်ကျောင်းညောင်ပင်ရင်း၌ မာရ်နတ်၏ သမီးတော်သုံးပါးအား တရားပြ ချွတ်တော်မူစဉ်..

မုစလိန္ဒအိုင်အနီး ကျဉ်းပင်ခြေရင်း၌ မုစလိန္ဒနဂါးမင်း အစောင့်အရှောင့်ဖြင့်
မုစလိန္ဒသတ္တာဟ ခုနှစ်ရက်စံစားတော်မူစဉ်..

ဝါဆိုလပြည့် နေဝင်စအချိန်တွင် ဗုဒ္ဓသည် ပဉ္စဝဂ္ဂီငါးဦးကို ဓမ္မစကြာတရား ဟောကြားတော်မူစဉ်..
(တစ်ဆယ့်ရှစ်ကုဋေသော ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတာပန်တည်သည်။)

ဘုရားရှင်သည် တပည့်သားသံဃာတော်များ များပြားလာပြီး ရဟန်းကျင့်ကြံနည်းတို့ကို သိရှိစေရန် အလို့ဌာ ပထမအကြိမ် သံဃာ့အစည်းအဝေးကျင်းပပြီး ထိုအစည်းအဝေးတွင် ဘုရားက
"ချစ်သားရဟန်းတို့ ရဟန်းမှန်က သူတစ်ပါးကို မညှဉ်းဆဲရ။ မကောင်းမှု မပြုအပ်ရ။ ကုသိုလ်ကောင်းမှုကိုသာ ပြုအပ်သည်။ မိမိစိတ်ကို စင်ကြယ်စွာ ထားအပ်သည်"
ဟု ဟောတော်မူစဉ်..


 တပေါင်းလပြည့်နေတွင် ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ ကြွလာစဉ် သုဒ္ဓေါဒနမင်းကြီးနှင့် သာကီဝင်မင်းမျိုးတို့သည် မာန်မာနကြီး၍ ဗုဒ္ဓထက် ငယ်ရွယ်သောသူများသာ ရှိခိုးဦးကြိုကြပြီး ကြီးရင့်သောသူများက ရှိမခိုးပဲရှိနေကြသောကြောင့် ဘုရားရှင်မှ ပေါက္ခရဝဿမိုးရွာ၍ တန်ခိုးပြတော်မူစဉ်..
(ပေါက္ခရဝဿမိုးဆိုသည်မှာ စိုစွတ်စေလိုသူသာ စိုစွတ်၍ မစိုစွတ်လိုသူကို မစိုစွတ်စေသောမိုး ဖြစ်သည်။)

ဘုရားရှင်သည် တုသိတာနတ်ပြည်တွင် သန္တုဿိတနတ်သား ဖြစ်တော်မူနေသော မယ်တော်မာယာအား မွေးကျေးဇူးဆပ်သောအားဖြင့် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟော်ကြားတော်မူသည်။ ဝါကျွတ်သောအခါ ဘုရားရှင် လူ့ပြည်သို့ ပြန်ကြွတော်မူသော် သိကြားမင်းက နတ်ပြည်မှ လူ့ပြည်အထိ လက်ယာ ရွှေစောင်းတန်း၊ လက်ဝဲ ငွေစောင်းတန်း၊ အလယ် ပတ္တမြားစောင်းတန်း လှေကားသုံးသွယ်ဖန်ဆင်း၍ နတ်ဗြဟ္မာတို့က ရွှေထီးတံခွန်၊ ငွေထီးတံခွန်၊ သန္တာထီးတံခွန်များဖြင့် ကိုင်ဆောင်လိုက်ပါလာကြစဉ်..
 သက်တော် ၈၀၊ ဝါတော် ၄၅ ဝါအရောက်တွင် သုံးဆယ်တစ်ဘုံရှိ သတ္တဝါအပေါင်းတို့အား နိဗ္ဗာန်ရောက်ရန် အကျင့်တော်မြတ်တို့ကို နေ့ညမပြတ် ညွှန်းပြသွန်သင် ဆုံးမတော်မူခဲ့သော သုံးလူထွဠ်ထား မြတ်စွာသော ဗုဒ္ဓ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု ( ဘီစီ ၅၃၄) ကဆုန်လပြည့် အင်္ဂါနေ့ ညဥ့်အရုဏ်တက်ခါနီး မိုးသောက်ယံတွင် ပရိနိဗ္ဗာန်ပြုတော်မူစဉ်..

သိဒ္ဓတ္ထကုမာရ သို့မဟုတ် မြတ်ဗုဒ္ဓ *"۩"*
သီရိဓမ္မာသောကမင်း ( Asoka)  *"۩"*

အောင်ခြင်း(၈)ပါးအောင်ခြင်း(၈)ပါးဆိုသည် ဗုဒ္ဓမြတ်စွာဘုရား၏ အောင်မြင်ခြင်း(၈)ပါးကို ခေါ်ဆိုသည်။ အောင်ခြင်း(၈) ပါးတွင် နှစ်မျိုးရှိသည်။ အတွင်းအောင်ခြင်း ၈ပါးနှင့် အပြင်အောင်ခြင်း ၈-ပါး ဖြစ်သည်။



ဗုဒ္ဓဘာသာဝင် တိုင်းရင်းသား ညီအကိုများအား ဘုရားမတပါး ကိုးကွယ်ရာ မရှိပါကြောင်း တင်ပြလိုက်ရပါသည်။

ထုတ်နိုတ်
ကိုချမ်းလင်းနေ

http://wikimyanmar.co.cc

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  
"۩"