koko

koko

Tuesday, August 7, 2012

ပုံရိပ်ထဲက လရိပ်ငယ်

ရင်ထဲက ရှစ်လေးလုံးပုံရိပ် ကိုယ်တွေ့ဖြစ်ရပ်များကို ခံစားတင်ပြထားသော စောငွေလရောင် ခတ္တစလုံး

ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် ရောက်ခါနီးလေ ယင်းနှင့် ပတ်သက်ခဲ့သည့်  ဖြစ်စဉ်ဖြစ်ရပ် များကို ပြန်လည် အောက်မေ့ ပြောဆိုကြသည်ကို အဆက်မပြတ် ဆိုသလို ကြားမြင် သိရှိနေရသည်။ ဤဖြစ်စဉ်က ယခုတနစ် တည်းမဟုတ်။

 ရှစ်လပိုင်း ရှစ်ရက်နေ့ ရောက်တော့မည့် နစ်ပတ်လည် အချိန်နီးတိုင်း ဖြစ်ရိုးဖြစ်စဉ်။ ဤဖြစ်စဉ်များကိုပြန်လည်အောက်မေ့ ပြောပြကြရာတွင် အစ၌ဆန္ဒများ၊ တက်ကြွလှုပ်ရှားမှုကိုအလယ်တွင်တွေ့ ရဲပြီး အဆုံးတွင် နာကျည်းချက်ဒေါသအရိပ် အခိုးတို့ ကို ပုံမှန်ဖြစ်စဉ်အဖြစ်ကျနော်တို့ ကြားသိနေခဲ့သည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံနှင့်ပတ်သက်၍လည်း မြန်မာပြည်သူပြည်သားများအဖို့ ပြောပြစရာဖြစ်စဉ်တွေက တထောင့်တညပုံပြင်ကိုသာလွန်ကာ ပြောမဆုံးပေါင်တောသုံးထောင်ကဲ့သို့  များပြားလှသည်။ ရှစ်လေးလုံးအရေးတော်ပုံ သည် တထောင့်တညပုံပြင်လိုတော့ ဇာတ်လမ်းမဟုတ်ပဲ ပြည်သူများ၏ ဆန္ဒများ၊ ဒေါသများနှင့် နာကျည်းမှုတို့ ဖြင့် လွမ်းခြုံထားသည့် သမိုင်းဖြစ်စဉ် တခုဖြစ်လေတာ့သည်။

ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီး ဖြစ်ပျက်ခဲ့စဉ်က ကိုယ်ထိ လက်ရောက် ပါဝင်ပတ် သူများသာမက၊ ဘေးမှမြင် တွေခဲ့သူများ အပါအဝင် ထိုအချိန်က အိမ်တွင်း၌ အေးအေးလူလူ နေထိုင် ပြီးဘေးထွက် နေထိုင်ခဲ့သူများ အားလုံးကပါ ရှစ် ဆယ့်ရှစ်ကို တနစ်တခါ ဆန်းပြောစေ ဆိုနေကျစဉ် အရေးတော်ပုံ ကာအတွင် လက်ရုံးဆန့် တန်း သပိတ်စခန်းဝင်ခဲ့သူ ကျနော်အဖို့ လည်း ပြေပြမျဝေစရာ လေးတွေတော့ အနည်းအကျဉ်း ရှိနေပေသည်။

ဒါပေမယ့်လို့ ကျနော်ကတော့ ရှစ်ဆယ့်ရှစ်အရေးတော်ပုံဖြစ်စဉ်ကာလအတွင်းဖြစ်စဉ်ထက် ဖြစ်ပြီးနောက် နစ်ပတ်လည်အဖြစ် ထပ်မံဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးကိုပဲ ပြန်ပြောင်းပြောပြချင်သည်။ အမှန်တကယ်နေ့ စွဲမှန်တွင်ဖြစ်ခဲ့သည့် ဖြစ်စဉ်များကိုပြောပြသူများ အများပြားရှိနှင့်နေပြီးမဟုတ်ပါလား။ ကျနော်ပြောပြချင်သည့် ရှစ်လေးလုံးအမှတ် တရက တော့ အရေးတော်ပုံ လေးနစ်မြောက် ကာလက ဖြစ်စဉ်လေးတခုရယ်ပါ။

သည်ဖြစ်စဉ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံ ကမွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားတပ်မတော်ရဲ့  တထောင့် တနေရာမှာ ဖြတ်သန်းခဲ့စဉ်က ဖြစ်ရပ်လေးတခုပါ။ ကျနော်ရင်ထဲမှာယနေ့ အထိကျန်နေဆဲဖြစ်တဲ့  ရှစ်လေးလုံးနဲ့ ပတ်သက် တဲ့ဖြစ်စဉ်လေးမို့  ကျနော်ပြန်လည် ထင်ဟပ်မိတဲ့ ပုံရိပ်လေးတခုကဒီလိုပါ။
အချိန်အားဖြင့် ၁၉၉၁ခုနစ် သြဂုတ်လ၊ ရှစ်ဆယ့်ရှစ်အရေးတော်ပုံလေးနစ်မြောက်ချိန်။

ကျနော်တို တပ်စုတပ်စွဲထားရာ လွယ်ဂျယ်ခရိုင်အတွင်းရှိ ရှေ့ တန်းတပ်ကုန်းတကုန်းလုံး ၏ မူခိုးများဖြင့်လွမ်းခြုံထား ပြီးအေးစိမ့်လျက်ရှိသည်။ သို့ သော်လည်းထို အေးမြခြင်းက စစ်ထွက်ရမည်ဟူသည့် လောလောလတ်လတ်အမိန့် ကြောင့်  သွေးပူတာဆူနေလျက်ရှိကြသည့် ကျနော်တို့ တပ်စု၏ တက်ကြွမှုကိုမည်သို့ မျှမထိခိုင်နိုင်ပေ။
ခုသွားရမည့်တိုက်ပွဲသည် ရှစ်လေးလုံးလေးနစ်မြောက် နစ်ပတ်လည်အတွက် အထူးစီမံချက်အနေဖြင့် သွား ရောက်တိုက်ခိုက်ရမည့် စစ်ဆင်ရေးဖြစ်သဖြင့် ယခင်တိုက်ပွဲများထက်အရေးပါလို ကျနော်တို့ ကျောင်းသားစစ်သည်များ အတွက် အတိုက်ချင်ဆုံးတိုက်ပွဲပင်ဖြစ်သည်။

ဒီတပ်စခန်းတွင် ကျနော်တို့ ရောက်ရှိနေသည်မှာ လပိုင်းခန့် ရှိနေခဲ့ပြီဖြစ်ပြီး ကေအိုင်အေ တပ်မဟာ (၂)ဌာနချုပ် အား မြန်မာအစိုးရ တပ်ဖွဲ့များက ထိုးစစ်ဆင်မည်ဟု ကြိုတင်သတင်း ရထားသဖြင့် စစ်ကူသဘော လာရောက်တပ်စွဲ ထားခြင်းဖြစ်သည်။ ကျနော်တို့ တပ်စုက လိုင်စင် ဗဟိုဌာနချုပ် မှာလာသော တပ်စု ဖြစ်ပြီး ဗိုလ်သာဓု ကွပ်ကဲသောနယ်မြေခံ ကျောင်းသား တပ်မတော် တပ်ခွဲ (၃)ရှိပါသည်။ သူတို့ တပ်ခွဲလည်း စစ်ပြင်နေကြပြီ ဖြစ်ကြောင်း ကျနော်တို့ သိထားပြီးဖြစ်သည်။

ကျနော်တို့ စစ်မြေပြင်စုရပ်ဖြစ်သည့် ယောယုံစခန်းနှင့် မျက်နာချင်းဆိုင်တည်ရှိသည့် ညောင်ပင်ကုန်း တပ်စခန်း သို့ ရောက်ရှိသည့်အခါ မဟာမိတ်ကေ အိုင်အေစစ် ကြောင်းများက အရင်ရောက်ရှိ နေနှင့်ပြီဖြစ်သည်။ ကျနော်တို တပ်စု စုရပ်သို့ ဝင်လာသောအခါ ကေအိုင်အေ တပ်သားများက ထူးဆန်းသလို ဝိုင်းကြည့်ကြသည်။ သူတို့ ကြည်သည်က တခြားကြောင့် မဟုတ် ကျနော်တို့ တပ်စုတခုလုံးက လည်စည်းအနီရောင်ဖြင့် သူတို့ ကြားထဲတွင် ထင်သာမြင်သာ ဖြစ်နေသောကြောင့်ဖြစ် သည်။

ကျနော်တို့ ရောက်ပြီး နာရီဝက်ခန့် အကြာတွင် တပ်ကုန်းအဝင်ဖက်မှ အသံဆိုးဖြင့်ညစ်အော်နေသည့် ဝက်တကောင်ရဲ့ အသံနှင့်အတူ မဟာမိတ်စစ်သည်များ၏ ရယ်သံညာသံများ ထွက်ပေါ်လာသဖြင့် ကျနော်အသံလာရာ ဘက်သို့ ကြည့်လိုက်မိသည်။ ဝက်တကောင်ကိုခြေတုတ်လက်တုတ်၍ ဝါးဖြင့်သျှိုထမ်းပြီး ကိုးယိုးကားယား ဝင်လာသည့် ဗိုလ်သာဓုနှင့် တပ်ခွဲသုံးရဲဘော်များကိုတွေ့ လိုက်ရသဖြင့် ကျနော်ပါရော၍ရယ်လိုက်မိသည်။ မောင်ကျောင်းသားများက တော့ ဖြစ်လိုက်ရင်ဤသို့ နယ်။ ဝက်ဖျက်ခါနီးမှ အမိန့် ဝင်လာသဖြင့် အပြေးနှင်လာခဲ့ကြောင်းသိရသည်။

စုရပ်ညောင်ပင်ကုန်းသည် ကျနော်တို့ တပ်ကုန်းမှ နာရီဝက်ခန့် သာကွာဝေးပြီး ကုန်းတခုလုံးကိုလည်း ၏မူများသိုင်း ခြုံထားပြီး အေးမြလှသည်။ ညနေပိုင်းငါးနာရီလောက်တွင် ကျနော်တို့ အားလာရောက် ဆင့်ခေါ်သဖြင့် တိုက်ကွက်ဖေါ် မည့်စီမံချက် ရှင်းလင်းပြသမည့် နေရာသို့ ထွက်လာခဲ့သည်။
မဟာမိတ်မှအရာရှိ အရာခံများရောက်နှင့် နေသည်ကိုတွေ့ ရပြီး ကျနော်တို့ တပ်ဖွဲ့ စစ်ကြောင်းမှူး ရင်းမှူး အောင်းသန်းနှင့်အတူ တပ်စုမှူးနှင့်တပ်စိတ်မှူးများတက်ရောက်ခဲ့သည်။

မဟာမိတ် စစ်မြေပြင် ထောက်လှမ်းရေး အကြပ်တဉီးက သဲမြေပုံဖြင့်ပုံဖေါ်ထားသည့် နေရာအား စတင်ရှင်းလင်း ပြသည်ကို ကျနော်တို့ ဂရုတစိုက် မှတ်သားကြရသည်။ အထူးသဖြင့် ကျနော်တို့ တပ်စုက ချေမုန်းရေးတပ်စုဖြစ်သဖြင့် မဟာမိတ်တပ် မဟာမှူးက အထူးတ လည်ရှင်းပြသည်ကို မှတ်သားရသည်။ ဒီစစ်ဆင်ရေးကို ရှစ်လေးလုံးနစ်ပတ်လည် တိုက်ပွဲအဖြစ် တိုက်ကွက်ဖေါ်ရန် ကျနော်တို့ ကျောင်းသားတပ်မတော်မှ တောင်းဆိုသဖြင့် မဟာမိတ်ကေအိုင်အေက ကူညီခြင်းဖြစ်သည်။ ကျနော်တို့ တိုက်ကွက်နှင့်ပတ် သက်သည်များကို မှတ်သားပြီးနောက် မိမိတပ်ဖွဲ့ ရှိရာသို့ အသီး သီးပြန်လာခဲ့ကြသည်။

ကျနော်တို နှင့်အတူ ပူးပေါင်းတိုက်မည့် ကေအိုင်အတပ်ရင်း (၁၂)စစ်ကြောင်းတို့  ညနေခုနစ်နာရီခန့် ကစ၍ တိုက်ကွက် ဖေါ်မည့်နေရာ စိန်လုံနှင့်ယောယုံစခန်းကြားရှိနေရာတခုသို့ စတင်ထွက်ကြသည်။ ရန်သူတွေ့ နိုင်သဖြင့် ဓာတ်မီးမထိုးပဲ အမှောင် ထဲတွင် တယောက်နှင့် တယောက်ကပ်လျက် ချီတက်ရသည်။ မတ်စောက်သည့် တောင်ခါးပန်းပေါ်ရှိ လမ်းကြောင်း သိမ်သိမ်လေးပေါ် သွားရသဖြင့် အလွန် အန္တရယ်ကြီးလှသည်။ တညလုံးမနားတမ်း ချီတက်ကြရသည်။

မီးမထိုးရ အသံမထွက် ချောင်းမဆိုးရအမိန့် ဖြင့်ချီတက်လာခဲ့ရာ တနေရာအရောက်တွင် တောင်ခါးပန်း ကိုချော်နှင်းသဖြင့် ကျနော့်တပ်စိတ်မှ ရဲဘော်စံထွန်းက စဉ့်ကလျား လဲယိုင်သွားသည် သာမက ကျောပိုးအိပ်တွင် ချည်ထား သည့် ဟန်းကော (့ညေိ ခသို) ချိုင့်ကြီးက အသံပေါင်းစုံမြည်ကာ လိမ့်ဆင်းသွားသဖြင့် ရယ်ရမလို စိတ်ဆိုးရမ လိုဖြစ်ခဲ့ ရသေးသည်။ စစ်ကြောင်းမှူးက သတိထား လျောက်ကြရန် စကားဆင့်လာသည်။ မှတ်မှတ်ရရ လမ်းကြောင်းအလယ် လောက်တွင် နေမကောင်းပဲလိုက်လာသည့် ရဲဘော် ကျော်စွာဝင်းမှောင် ခွေခွေလေး လဲကျနေသည်ကို တွေ့ ရသည်။
နောက် .. တနေရာတွင်တော့ ကျနော့်အလှည့်။ လမ်းကြောင်းအလယ်တွင် သစ်ကိုင်းကျိုးကြီး တခုက ကန့် လန့် ကျနေသည် နေရာဖြစ်သည်။ ကျနော့်အရှေ့ ရှိရဲဘော်တင်ပိုက သစ်ကိုင်းဟု သတိပေးသော်လည်း နောက်ကျသွားပြီ။

ခါးလည်လောက် မြင့်သည့် သစ်ကိုင်းကို တိုက်မိပြီး ကျနော်အရှေ့ သို့ လဲကျသွားရာ မတွေ့ တာကြာပြီဖြစ်သည့် ချစ်သူနစ်ဉီး ပြန်လည်တွေ့ လို့ အငမ်းမရ အလွမ်းသယ်သည့်နယ် မဟာပထဝီ မြေကြီးနှင့် ကျနော့ မျက်နာ တည့်တည့်ကြီး ကို မိတ်ဆက်လိုက်ရာ ကြယ်တွေလတွေပါ မြင်လိုက်ရသည်။ တင်ပိုကိုကျနော့်အား ဆွဲထူရန်ပြောသဖြင့် သူအမြန် လာပြီးကျနော့်ကို ဆွဲ ထူပေးပါသည်။ သို့ သော်လည်း သူဆွဲထူသည်က ကျနော့်ကိုယ်ပိုင်း မဟုတ်ပဲ မိုးပေါ်ထောင်နေသည့် ကျနော့ခြေထောက်အား ဆွဲထူ ပေးလိုက်သဖြင့် ငိုအားထက် ရယ်အားသန်ခဲ့ပြန်ပါသည်။
စောင့်ပစ်တိုက်ကွက် ဖေါ်မည့်နေရာကို မိုးလင်းခါနီး ရောက်ပြီးနေရာချပေးသည်။ ထိပ်ဆုံးတွင် ရန်သူ့ ရှေ့ ပြေးတပ် စိပ်ကို စတင်ပစ်ခတ်မည့် မဟာမိတ်တပ်စိတ်၊ ပြီးလျင် ရှေ့ ပြေးတပ်ဖွဲ့ ကိုချေမှုန်းမည့် ကျနော်တို့ တပ်စု၊ ထို့ နောက် အလယ်ပိုင်း ကိုထိန်းပစ်မည့် ဗိုလ်သာဓု တပ်ခွဲနှင့် စစ်ကြောင်းနောက်ပိုင်းကို ထိန်းပစ်မည့် မဟာမိတ်တပ်ခွဲများ နေရာ ယူကြသည်။ 
မိုးကလည်းဖွဲဖွဲ ရွာနေသည်မှာမစဲ။ ကျနော်တို့ ရွဲရွဲစိုနေကြပြီ။ ဒါပေမယ့်အေးမြသည်ဟု စိတ်ကမထင်။ ရှစ်လေးလုံးအထိမ်းအမှတ် အဖြစ်တိုက်ရမည့် တိုက်ပွဲဇောကြောင့် ကျနော်တို့ အားလုံးနွေးထွေး တက်ကြွနေခဲ့ကြသည်။

စစ်ကြောင်းမှူးထံမှ ရန်သူစစ်ကြောင်းမိမိတို့ နှင့်နီးကပ်နေပြီဖြစ်ကြောင်း စက်ကတဆင့်အသိပေးလာသောအခါ ကျနော် တို့ တွေ သွေးဆူလာသကဲ့သို့ စိတ်တွေလှုပ်ရှုားနေပြီ။ ကျနော်အေက ၄၇ရဲ့ မောင်းထိမ်းခလုပ်ကို အသင့်ဖွင့် ထားလိုက်ပြီး ရဲဘော်များ အသင့်ပြင်ခိုင်းထားလိုက်သည်။

သိပ်မကြာပါ ဝုန်းကနဲဆိုသည့်မိုင်းခွဲသံပေါ်လာပြီးနောက် အဆက်အပြတ်ပစ်ခတ်သံများ ရှေ့ ပြေးပစ် သည့်ဘက်ကကြားလိုက်ချင်း ကျနော်တို့ ပုန်းကွယ်ထားသည့် တောင်ကုန်းခါး ပန်းလေးပေါ်ကုန် ခုန်တက်ပြီး တရစပ်စတင်ပစ်ခတ် လိုက်ကြသည်။
ချေမုန်းရေးတပ်စုဖြစ်တဲ့ကျနော်တို့ တပ်ဖွဲ့ က မူလစီမံချက်အတိုင်း ရှေ့ ပြေးကိုပစ်ပြီးသည်နှင့်တပြိုင်နက် မီးကုန်ဖွင့်၍ ရှေ့ တက်ရှင်းလင်း သုတ်သင်ရန် ကြိုးစားသည်။

သို့ သော်လက်တွေ့ တွင်မလွယ်ကူပါ။ ရှင်းလင်း တက်ရမည့် ကားလမ်းဖက်အတက်တွင် ထူထပ်သော ဆူးနွယ်ခြုံပင်များ ပိတ်ယှက်နေသဖြင့် ချက်ချင်း မတက်နိုင် သလို ရန်သူကလည်း တရစပ်ပြန်လည်ပစ်ခတ်နေသည်။ အစပိုင်း မတ်တပ်ရပ်၍ပစ်နေရာက ကျည်လမ်း ကြောင်း ကခါးလောက် ရှိနေသဖြင့် ကျနော်တို့ ဝတ်ချလိုက်ရသည်။

ရန်သူကျည် လမ်းကြောင်းက နိမ့်သထက်နိမ့်လာသည်။ကျနော် ရဲဘော်များကို ကြည့်သည့်အခါ သူတို့လည်းမြေတွင် ပြားပြားဝပ်၍ ပစ်ခတ်နေရသည်။ ရန်သူကျည်ကြောင့်ပြတ်ထွင့်လွင့်စင်လာသည့် သစ်ကိုင်းစများ ကျနော့်မျက်နာ ကိုလာ ရောက်ထိမှန်သည်မှာ အလွန်စပ်ဖျဉ်းဖျဉ်းရှိလှသည်။ မျက်စေ့ထဲမဝင်အောင်ဂရုစိုက်ပစ်ရသည်။

 တိုက်ပွဲအရှိုန် ပိုမြင့်လာ သည်။လက်နက်ကြီး လက်နက်ငယ်တို့ ပစ်ခတ်သံများက တတောလုံးဟီးထနေသည်။ သိပ်မကြာပါ ရန်သူကျည်က မြေကြီးတွင်ကပ်လျက် ပစ်နေသည့် သေနတ်ပြောင်းအောက်ရှိ ပြောင်းရှင်းတံ ကိုထိမှတ်ပြတ် ထွက်သွားစေသည်။

ရန်သူ့ ကျည်လမ်းကြောင်းက အဲ့လောက် နိမ့်နေသည်။ ပြားနိုင်သလောက်ပြား အောင်ဝပ်ပစ်မှ တော်ရာ ကျမည်။ ဘယ်ဖက်ရှိကျနော့် ဒုစိတ်မှူး ကိုခင်မောင်လွင်နှင့် တင်ပိုတို့ ကလည်း မီးကုန်ပစ်နေသလို ညာဘက်ရှိ ရဲဘော် မောင်မောင်ကလည်း သူ့ ဂျီးသရီးကို အစွမ်းကုန်ပစ်နေကြသည်။ ပစ်လျက်နှင့် လမ်းဖက်သို့ တွားတွားတက်ပြီး ချေမုန်းရန် ကြိုးစားရတော့သည်။
ကျနော့် ရဲဘော်တင်ပို မျက်နာငယ်ဖြင့် အနားကပ်လာသည်။ ဆက်ပစ်ရန်ပြောတော့ ပစ်မရတော့သည့် သူရဲ့ ဂျီဖိုးကိုပြသည်။ ရန်သူကျည်က သေနတ်ရဲ့ မောင်းတုန်းအလယ်ကိုထိမှန်ပြီးပစ်မရတော့။ ဤသေနတ်က ကျနော့်တပ်စိတ် တွင် အကောင်းဆုံးနှင့် အားအထားရဆုံးသေနတ်။ သူ့ အား အနောက်သို့ ဆုတ်ရန် ပြောလိုက်ရသည်။ ပစ်ရင်းနှင့် ကျနော်နေရာသို့ နယ်ကျော်ရောက်လာသည့် တပ်ခွဲသုံးက အောင်မျိုးလွင်ကလည်း သူ့ အားကျည်ထိပြီဟုလှမ်းပြောလာ သည်။

ကျနော်သူ့ ကိုကျည့်လိုက်တာ့ ဘာမှဟုတ် ပြတ်ထွက်လာသည့်ကိုင်းစများ ပွတ်သွားသဖြင့် သွေးစို့ ရုံသာ။ ထိုအခါတွင်လည် ငိုအားထက် ရယ်အားသန်ခဲ့ရပြန်သည်။
ကျနော်တို တက်ရှင်းရမည့်လမ်းကို ရောက်ပြီးဆက်လက်ပစ်ခတ်ကြသည်။ တိုက်ပွဲမစခင်က လမ်းကြောင်းတွင် ယှက်နွယ် ပိတ်နေသည့် ဆူးခြုံများအားလုံး ကျနော်တို့ နောက်တွင် ပြားပြားဝတ်ကျန်ရစ်ခဲ့သည်။

သိပ်မကြာခင် ရန်သူသေနတ်သံများ အနည်းငယ် စဲသွားချိန်တွင် စစ်ကြောင်းမှူးထံမှ ပြန်လည် ဆုတ်ခွာရန်အမိန့် ကျလာသဖြင့် လူစစ်ပြီးဆုတ်ခွာရန် လုပ်ကြသည်။ ကျနော်တို့ တပ်စုရဲ့ ကိုအေးမောင် တပ်စိတ်က မိုင်းတပ်သား ရဲဘော်မြင့်ဖေကို ရှာမတွေ့ သူပျောက်ဆုံးနေသည်။ ကျနော်တို ဆုတ်ခွာရန်ပြင်ပြီးခါ မှ မြင့်ဖေကို ရှာရန် ချေမုန်းသည့်နေရာသို့ ပြန်ဆင်းရသည်။ ထိုအခါ ရန်သူကလည်း သူတို့ တိုက်ခိုက်ခံရသည့်နေရာကို ထပ်မံရှင်း လင်းသည့်နှင့်ထိတွေ့ မိပြန်သည်။

“တွေ့ ပြီတွေ့ ပြီ ဒီမှာ”ဆိုသည့် တပ်ခွဲသုံးက ဆရာဇော်ဉီးလှမ်းအော်သံကိုကြားရသဖြင့် ထိုနေရာကို သွားလိုက်သည်။ တွေ့ ပါပြီ။ သစ်ပင်ငုတ်တိုတခုကို တပျင်ခွေ ကျောပေးထိုင်ထားပြီး ခေါင်းငိုက်စိုက် ကျနေသည့်မြင်ဖေ။ သူ၏ဂျီသရီးသေနတ်အား ပေါင်ပေါ် တွင်တင်လျက် နဖူးတွင် ကျည်ထိမှန် ဒဏ်ရာဖြင့် ခေါင်းငိုက်စိုက်ချကျဆုံးနေပြီ။ သူ့ ကိုကျနော်တို့ ဆွဲထုတ် သယ်ယူလာခဲ့ပြီး ဆုတ်ခွာလာခဲ့သည်။

စစ်ကြောင်းနားသည့် နေရာရောက်မှ သိလိုက်ရသည်မှာ ကျနော်တို့ အဖို့ များစွာထိခိုက်စရာဖြစ်ရသည်။ ကျနော်တို စစ်ဆင်ရေး၏ စစ်ကြောင်းမှူး မဟာမိတ်တပ်ရင်း(၁၂) တပ်ရင်းမှူး အဝေးကပစ်သည့် လက်နက်ကြီးစထိမှန်ကျဆုံးသည်ဟူ၍ပင်။

၁၉၉၁ခုနစ် ရှစ်လေးလုံး အထိမ်းအမှတ် တိုက်ပွဲတွင် ကျနော်တို့ ကျောင်းသားတပ်မတော်မှ မိုင်းတပ်သားရဲဘော်မြင့်ဖေနှင့် မဟာမိတ်တပ်ဖွဲ့ တပ်ရင်းမှူးတို့ ကျဆုံးအသက်ပေးသွားခဲ့သည်။ ၄င်းတို့ ၏အလောင်းများအား အပြန် လမ်းကြောင်းရှိ ရွာငယ် လေး တရွာအနီးတွင် အမိန့် ပြန်တန်းထုတ် မြေမြုတ်ခဲ့ကြသည်။ ဒီတိုက်ပွဲမှာ ရန်သူဘက် ကငါးဉီးကျဆုံးခဲ့သလို စစ်ကြောင်းပြတ် ထွက်သွားခဲ့ပြီး သုံးရက်ကြာမှ ပြန်လည်ပေါင်းစီးနိုင် ခဲ့ကြောင်းသိရသည်။

ဤ ရှစ်လေးလုံးတိုက်ပွဲအတွက် အသက်ပေးသွားခဲ့သည့် တပ်ရင်းမှူးနှင့် ရဲဘော်မြင့်ဖေတို့  ဒီမိုကရေစီနှင့်လူ့ အခွင့်အရေး အတွက် လူမသိသူမသိဝေးလံတဲ့ တောတန်းထဲမှာ အသက်စွန့် ပေးသွားခဲ့ကြသဖြင့် ကျနော်တို့ ကျန်ရစ်သူရဲဘော်ရဲဘက်များက ဝမ်းနည်းခဲ့ရသလိုပဲ နောက်ထပ် ဝမ်းနည်းကြေကွယ်ဖွယ်ဖြစ်ရပ်က ဤတိုက်ပွဲပြီးသွားပြီး သုံးလေးနစ်အထိ ကျန်ရစ်နေခဲ့သည်။ ယင်းအဖြစ်အပျက်သည် ကျနော်တို့ ကိုပိုမို၍ ရင်နှင့်စေခဲ့သည်။

ကျနော်တို့ ကျောင်းသားတပ်မတော်ရဲ့  ရှစ်လေးလုံးတိုက်ပွဲအတွက် ပူးပေါင်းကူညီ တိုက်ပွဲဝင်ရင်း ကျဆုံးသွား ခဲ့ရတဲ့ မဟာမိတ်ကေအိုင်အေ တပ်ရင်း (၁၅) တပ်ရင်းမှူး၏ ဇနီးသယ်သည် ထိုနေ့ အချိန်က မီးတွင်းထဲတွင်ဖြစ်နေခဲ့သည်။

သူမ၏ခင်ပွန်းရှေ့ တန်း၌ကျဆုံးသွားသည့် သတင်းကို သွေးနုသားနု ချိန်၌ကြားသိလိုက်ရ သဖြင့် သွေးလန့် သွေးပျက်ကာ စိတ်ဝေဒနာရရှိ ရူးသွပ်သွားခဲ့ရ သည်။ မည်သူ့ ကိုမျှမှတ်မိခြင်းမရှိတော့တဲ့  ထိုအမျိုးသမီးကို နောက်သုံးနစ် အကြာ လိုင်ဇာဆိုတဲ့ နယ်စပ်ကျေးရွာ လမ်းမပေါ်မှာ သ ဘာဝဓမ္မတာ သွေးတွေပေကျံနေတဲ့ ခန္ဒာကိုအောက်ပိုင်းနဲ့  ဖိနပ်မပါခြေ ဗလာဖြင့် ရူးသွပ် စွာလျောက်လမ်းနေတာကို ကျနော်ရင်နှင့်စွာမြင့်လိုက်ရပါတယ်။


မှတ်ချက်။ မြန်မာ့ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးတိုက်ပွဲ ကာလအတွင်း ပြည်တွင်းပြည်ပ၊ မြို့ တွင်းမြို့ ပြင်၊ ထောင် အသီးသီးတို့ တွင် လူမသိသူမသိ အသက်ပေးလှူစွန့် လွတ်ခဲ့ကြသည့် တိုက်ပွဲဝင်အညတရမျိုးချစ်တို့ အား ၂၄နစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနစ်ပတ်လည်နေ့ တွင် ဤမပြည့်မစုံလင်သော၊ တော်လှန်ရေးတခုလုံးနှင့်စာလျင် အုတ်တကျိုး သဲတခြမ်းသာသာရှိသော ကျနော့်ကိုယ်တွေ့ ဖြစ်ရပ်ဖြင့် မှတ်တမ်းတင် အလေးပြုအပ်ပါသည်။

ကျနော်တို့တွေဟာ ရှစ်လေးလုံးမှာပါဝင် ပတ်သက်ခဲ့ရတဲ့ အညတရ စစ်သည်တွေပါ  နမ်းတစိဟာ ဆီမဖြစ်ပေမဲ့ ဆီဖြစ်ဖို့အတွက် နမ်းစိတွေလိုစမြဲပါ ငါတို့အသွေး ငါတို့သား ငါတို့သက်မှသည် ပြည်သူ့အတွက် တချိန်က ABSDF ရဲဘော်ဟောင်း ...

ကျနော်ချစ်သော မြန်မာပြည်သူ ပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ရွင်းလန်း ချမ်းမြေ့ကြပါစေ.. အစဉ်သဖြင့်လေးစာလျှက်..  ကျားပေါက်




ဖြစ်ရပ်မှန် ရေးသားသူ
စောငွေလရောင် 

 လူတန်ဖိုးဆိုတာ လူရယ်လို့ဖြစ်လာရင် ခတ်တခေတ်ရဲ့ ပြောင်းလဲမှုဖြစ်စဉ်မှာ သိလို့ပါဝင်လိုက်ရတဲ့သူနဲ့ မသိလိုမပါဝင်လိုက်ရသူ သိသိနဲ့မပါဝင်သူ ဆိုပြီး သုံးစားပဲရှိတယ် သုံးစားထဲမှာ ကိုယ်ဟာဘယ်အစားမှာပါသလဲ အဲ့ဒါလူ့တန်ဖိုးပဲ..( ကျားပေါက်..။)


အနှိပ်စက်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ် ၊ အသတ်ခံ ရမှာ ကြောက်လို့ပဲဖြစ်ဖြစ် တိုးတက်မူ့နဲ့ အမှန်တရား ဘက်က ရပ်တည်မယ့် သူတွေသာ သမိုင်းတစ်လျှောက်မှာ ပေါ်ပေါက်မလာဘူးဆိုရင် လူ့လောကဟာ တိရစ္ဆာန် လောက သာသာ လောက်ပဲ ရှိ့နေဦးတော့ မှာပေါ့ ......မြိုင်ရယ် ။ (ဆရာ ဗန်မော်တင်အောင်..။)


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"