Huayao Dai ( Yunnan ) တရုတ်တို့က ဟွာယောင်ဒိုင်လို့ခေါ် တဲ့ ဟွာဟောင်သျှမ်း လူမျိုးတွေ ဘီစီ -၂၀၃ မှ အေဒီ -၂၂၀ ထိ
အုပ်ချုပ်ခဲ့သော ဟန်တရုတ် မင်းလက်ထက်မှာ အကြီးအကျယ် နှိပ်ကွပ်ခံခဲ့ရတဲ့ လူမျိုးတမျိုးပါ ဟန်တရုတ်တို့က ဟွာယောင်ဒိုင်တို့ စောင်းတဲ့ ခမောက်ကို ကြည့်မကောင်းဘူး အမြင်မကောင်းဘူးဟု ဆိုကာ ခမောက်ဆောင်းတဲ့ဓလေ့ ကိုဖယ်ရှားခဲ့ပါတယ်။
(တရုတ်တို့က တိုင်းဆိုသော သျှမ်းအသံထွက်ကို " ဒိုင် " သို့မဟုတ် " တိုင် " ဟုထွက်လေ့ရိသည်။ )
ဟန်တရုတ်တို့က မည်တို့ပင် ဖယ်ရှားသော်လည်း ဟွာယောင်သျှမ်းတို့က ဟိုအရင်အချိန် အပျိုဖော်သူငယ်မများနှင့် အမျိုးသမီးလူလတ် ပိုင်းပဲဆောင်းခဲ့ရာ နောက်ပိုင်း မိမိတို့ ရိုးရာအစဉ်အလာကို ဖျက်ဆီးနှိပ်ကွပ်ခဲ့သော ဟန်တရုတ်တို့ကို ဆန့်ကျင်တဲ့အနေနဲ့ သက်ကြီးရွယ်အိုမကျန် ဆောင်းကြရာ ယနေ့ထက်ထိတိုင် မိမိတို့ရိုးရားကို ဆက်လက်ထိမ်းသိမ်း နေဆဲ့ဖြစ်တဲ့အတွက် သျှမ်းအမျိုး အနွယ်ဝင်များအတွက် အားကျဂုဏ်ယူ စရာပင်ဖြစ်သည်။
ထို ဟွာယောင် သျှမ်းလူမျိုးတို့ဟာ တရုတ်ပြည် ယူနန်ပြည်နယ်ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ Ailao Mountain (သျှမ်းလို့တော့ အိုက်လောဝ်းတောင် လိုထွက်မယ်ထင်တယ်) Red River မြစ်နီ တလျှောက်မှာ နေထိုင်ကြတဲ့ သျှမ်းမျိုးနွယ်တခုပါ သူတို့အဓီက နေထိုင်ကြတဲ့ မြို့တွေကတော့ ဇင်းပင်း၊ ယန်ကျင်း၊ မိုဆာ၊ ဆူးတင်းမြို့ ( Xingping County and Yuanjiang County.Mosha Town, and Shuitang Town) ယင်း မြို့တွေ အဓိကနေထိုင်ကြပါတယ်။
ရိုးရားမပျက် ထိမ်းသိမ်းခဲ့ ဟွာယောင်သျှမ်း
ခေတ်သစ် မော်ဒန် ဆန်ဆန် ဟွာယောင်သျှမ်းမလေး
အသက်ကြီးပေမဲ့လည်း ရိုးရာကို ထိမ်းသိမ်းဆဲ ဟွာယောင် ဘွားဘွား
ဟွာယောင်သျှမ်းတို့ရဲ့ ရိုးရာသီချင်းလူမျိုးတမျိုးသည် ယဉ်ကျေးမှုရောယှက်ခြင်း သို့မဟုတ် ယဉ်ကျေးမှုသိမ်ကော ပပျောက်အောင်ပြုလုပ်ခြင်း ခံရပါလျှင် အနေးနှင့်အမြန်ဆိုသလို လူမျိုးပျောက်ကွယ်မည်မှာ မလွဲပေ. ယနေ့ သျှမ်းလူငယ်များ ဟွာယောင်သျှမ်းနွယ်ကို အတုယူစံထားပြီး မိမိရိုးရာ ယဉ်ကျေးမှုများ ထိမ်းသိမ်းစောင့်ရှောက် နိုင်ကြပါစေ။