koko

koko

Wednesday, August 15, 2012

အသွင်ကူးပြောင်းရေးကာလ သော့ချက်များ

ယနေ့ မြန်မာနိုင်ငံတွေင် ဖြစ်ပေါ်နေ့သည့် တိုင်းရင်းသား လက်နက်ကို တော်လှန်ရေး အင်အားစုများ၊ မြန်မာ့နိုင်ငံရေး အတိုက်အခံ အင်အားစုများနှင့် စစ်အစိုးရတို့၏ တဖက်နှင့်တဖက် သဘောထား တင်းမာမှုများ ခံယူချက် အယူအစ လွဲမှားမှုစသည့် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်ပင်ဖြစ်သည်။ ယနေ့ကမ္ဘာကြီး၏ တိုးတက်ပြောင်းလည်း ဖြစ်ပေါ်နေမှုအပေါ် အနာဂတ် မြန်မာနိုင်ငံရဲ့ အမှန်တကယ် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု များ ဖြစ်ထွန်းစေနိုင်ရန် ပဋိပက္ခများ၏ မှုလဇစ်မြစ်ကို ရင်ဆိုင်ဖြေရှင်း နိုင်ရန်လိုနေပေသည်။

ပဋိပက္ခ မှန်သမျှတို့တွင် ယေဘူယျအားဖြင့် အပိုင်းသုံးပိုင်းပါဝင်သည်။ ယင်း တို့မှာ ပဋိပက္ခ  ဖြစ်စေသော ပြဿနများ၊ ပဋိပက္ခတွင်း ဆောင်ရွက်ကြပုံ လူတို့၏ အပြုအမှုများနှင့် ပဋိပက္ခဆိုင်ရာ လူတို့၏ သဘောထား တို့ဖြစ်ပါသည်။ ယင်းတို့သည် တခုအပေါ်တခု အပြန်အလှန် သြဇာသက်ရောက်မှု များရှိနိုင်ပါသည်။
      
ဥပမာ- ကျနော်တို့ စစ်ဆင်ရေးတခု (ပဋိပက္ခ အပြုအမှု) လုပ်သည့် အခါ ယင်းစစ်ဆင်ရေးက ကျန်သည့် အစိတ်အပိုင်းများပေါ် သြဇာသက်ရောက် စေပါသည်။ ပြင်းထန်သော သဘောထားများဖြင့် တုန့်ပြန်ခြင်း၊ ထို့အတွက်ကြောင့်ပင် အမုန်းသံသရာ လည်နေရခြင်းများ ဆက်လက်ဖြစ်ပေါ်စေပါသည်။
 ဤ အဆိုးသံသရာကို ဖျက်ဆီးပစ်ရန် ဆိုလျှင် ကျနော်တို့သည် ပဋိပက္ခ၏ အစိတ်အပိုင်း တခုကို ပြောင်းလဲပစ်ရန် လိုအပ်ပါသည်။ နိုင်ငံရေးစနစ် အသွင်ကူးပြောင်းရေး ကိစ္စတရပ်ကို ဆောင်ရွက်ရန် အတွက်ဆိုလျှင် ကျနော်တို့ အနေဖြင့် ပဋိပက္ခ၏ အစိတ်အပိုင်း သုံးခုလုံးကို ပြောင်းလဲ ပစ်လိုက်ရန် လိုအပ်ပါသည်။

ဤနေရာတွင် နိုင်ငံရေးစနစ် အသွင်ကူးပြောင်းရေး ကာလဟု ဆိုသည့် အနက် အဓိပ္ပါယ်မှာ  ထိုပဋိပက္ခတွင် ပါဝင်ပါတ်သက်နေသော အဓိကဇာတ် ကောင်များက ပြောင်းလဲတော့မည်ဟု စိတ်ပိုင်းဖြတ် ထားပြီးနောက်၊ ပြောင်းလဲမှု အစီစဉ်များ စတင် အခြေတည်မိသော ကာလနှင့် အုပ်ချုပ်ရေး အာဏာသစ် တရပ်ကို စတင်ချမှတ် အကောင် အထည်ဖေါ်နိုင်သည့် အချိန်ကို ဆိုလိုခြင်းဖြစ်သည်။
    
ဥပမာ အားဖြင့် - ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသစ် တရပ်ကို ရေးဆွဲခြင်းမျိုးဖြစ်သည်။

အသွင်ကူးပြောင်းရေးတွင် ဦးစားပေးဆောင်ရွက်စရာ လုပ်ငန်းများအကြာင်း ကျနော်တို့ ပြောကြသည့်အခါ၊ ဦးစားပေး ဆောင်ရွက်စရာ လုပ်ငန်းများကို အခြေခံအကြောင်းရင်း (၃) ခုဖြင့် ခွဲခြား သတ်မှတ်နိုင်ပါသည်။

၁ - ပထမ အကြာင်းရင်းမှာ ၎င်းလုပ်ငန်းများသည် လုပ်ဆောင်ရန်လိုအပ်သည်ဟု မိမိက ယူဆပြီး မိမိဆင်ခြေဖြင့် ကျိုးကြောင်း ဆီလျော်သည် ဟုယူဆသော လုပ်ငန်းများ

၂ - ဒုတိယ အကြာင်းရင်းမှာ ဦးစားပေးဆောင်ရွက်စရာ လုပ်ငန်းများမှာ သမုတိသဘောဆန်ပြီး၊ မိမိအကဲ ဖြတ်ချက်အရ (သို့မဟုတ်) မိမိခံယူထားသော အတွေးအခေါ်အရ အခြေခံလုပ်ဆောင်သော လုပ်ငန်မျိုးဖြစ်သည်။

၃ - တတိယအားဖြင့် ဦးစားပေး ဆောင်ရွက်စရာ လုပ်ငန်းများကို မိမိတွင်ရှိသော လူအားငွေအား အကန့်အသတ်အပေါ် အခြေခံ၍ ဥပမာ - လူဦးရေမလုံလောက်ခြင်း၊ ကျွမ်းကျင်မှု အရ အကန့်အသတ်ရှိခြင်း၊ သို့မဟုတ် စီးပွားရေး ရုပ်ဘ၀အရ အကန့်အသတ်ရှိခြင်း ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်သည်။

**အသွင်ကူးပြောင်းရေးကာလကို ဖွဲ့စည်းပုံသဘောအရ ရှုမြင်ခြင်း**

လူ့အဖွဲ့အစည်းအများစုကို ဖွဲ့စည်းမှုဆိုင်ရာအရ အလွှာသုံးခု အဖြစ်ခွဲခြား ရှုမြင်နိုင်သည်။ အထက်ပိုင်းခေါင်းဆာင်များ၊ အလယ်အလတ်ပိုင်းနှင့် အောက်ခြေ လူထုအပိုင်းတို့ ဖြစ်သည်။ ဤအလွှာ အသီးသီးတို့တွင် သူတို့၏ သက်ဆိုင်ရာ ခေါင်းဆောင်များရှိပါသည်။
        - အလယ်အလတ်ပိုင်း ခေါင်းဆောင်များသည် မဟာဗျူဟာအရ အရေးကြီးပါသည်။ အကြောင်းမှာ သူတို့သည် ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ဖို့အခွင့်အလမ်းရှိပြီး၊ အောက်ခြေ လူထုအပိုင်းနှင့် ထိပ်ပိုင်း ခေါင်းဆောင်များကို ဆက်စပ်ပေး နိုင်သောကြောင့်လည်းဖြစ်သည်။ အလယ်အလတ်ပိုင်း ခေါင်းဆောင်များသည် သဘာဝ အရကိုကပင် ထိပ်ပိုင်းနှင့် အောက်ခြေကို ဆက်သွယ် ပေးသူများ ဖြစ်သည်။
        - အောက်ခြေ   ခေါင်းဆောင်များသည် ပြည်သူလူထု အများစုကို ထိတွေ့ဆက်ဆံ၍ မိမိမှုဝါဒများကို ချပြရန် အစွမ်းဆောင်နိုင်ဆုံးသော အခွင့်အလမ်းရှိသည့် အရေးကြီးသည့် အင်အားစု များဖြစ်ကြသည်။

 ဒီမိုကရေစီ လူ့အဖွဲ့စည်းတရပ် လည်ပတ်ရေးအတွက် အရေးအပါဆုံးသော အင်အားစုများလည်း ဖြစ်ကြသည်။ ဤအလွှာ သုံးခုလုံးသည် နိုင်ငံရေးစနစ် အသွင်ကူးပြောင်းမှု ဖြစ်သောအခါ အကျိုးသက်ရောက်မှု ခံကြရပြီး၊ ယင်းဖြစ်စဉ်၏ အစိပ်အပိုင်းများ အဖြစ် ပါဝင်လှုပ်ရှားကြပါသည်။
        - လက်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ကဲ့သို့သော တော်လှန်ရေး လှုပ်ရှားမှုများသည် အလွှာ သုံးလွှာကို အပြောင်းအလဲနှင့် ပါတ်သက်၍ သတင်းပေးရန်၊ သိရှိနေစေရန် လိုအပ်ပါသည်။ ထို့အပြင် အလွှာ သုံးခုစလုံးတွင် ပြည်တွင်းပြည်ပ ဆက်စပ်မှု ကောင်းကောင်း ရှိနေရန်လည်း အရေးကြီးပါသည်။ သို့မှသာ နိုင်ငံရေးစနစ် အသွင်ကူးပြောင်းမှု ဖြစ်လာသောအခါ မြန်မာနိုင်ငံ လူမှုအသိုင်း အ၀ိုင်းတခုလုံး အရှိန်အဟုတ်ဖြင့် ပြောင်းလဲမှုနှင့် အညီ လိုက်ပါဆောင်ရွက် နိုင်မည်ဖြစ်သည်။

အခြားပြဿနာ တခုမှာ အလွှာ သုံးခုလုံးကြားတွင် ရှိနေသော ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများဖြစ်သည်။ အောက်ခြေ အလွှာများနှင့် အလယ်အလတ် အလွှာများအနေဖြင့် အထက်ပိုင်း ခေါင်းဆောင်များ အကြား သဘောတူညီမှု ရရှိချက်များ၊ နိုင်ငံရေး အခြေနေ ဖြစ်ပေါ်တိုးတက်မှု များနှင့် ပါတ်သက်ပြီး သတင်းအချက် အလက်များ အဆက်မပြတ် ရရှိနေရန် လိုအပ်ပါသည်။ သို့မှသာ နိုင်ငံရေးအခြေနေ အထွေထွေ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပါတ်သက်၍ စိတ်အားထက်သန်စွာ၊ အကောင်းမြင်ထားကာ လှုပ်ရှားဆောင်ရွက် နိုင်ကြမည်ဖြစ်သည်။
       - မိမိတို့ တော်လှန်ရေး လှုပ်ရှားမှုအတွက် အရေးပါသော မဟာဗျူဟာအရ ဆုံးဖြတ်ရွေးချယ်မှုသည် အောက်ခြေမှ  အထက်သို့ ” သွားသည့် ပုံစံမျိုးဖြင့် အပြောင်းအလဲကို သယ်ဆောင်သွားမလား သို့မဟုတ် အထက်ပိုင်းခေါင်းဆာင်များတွင် သဘောတူညီချက်ကို အရင်ရအောင် ယူမလားဆိုသည်ကို ရွေးချယ်ရန် ဖြစ်ပါသည်။ သို့မဟုတ် ချဉ်းကပ်မှု ပုံစံ နှစ်ခုလုံးဖြင့်လည်း ပေါင်းစပ် လုပ်ကိုင်သော နည်းလမ်းကို လည်းရွေးချယ်နိုင်ပါသည်။

မိမိတို့ နှစ်ဖက် ဆန့်ကျင်ဖက် အင်အားစုများ တဖက်နှင့်တဖက် အပြန်အလှန် အလျော့ပေး
ပဋိပက္ခအခြေအနေတွင် ရန်ဖက်ဖြစ်နေကြသော အင်အားစုများ စေ့စပ်ဆွေး နွေးပွဲစားပွဲဝိုင်းသို့ တက်လာနိုင်သော အခြေအနေကို ရှင်းလင်းပြရန် အယူအဆတရပ် ရှိပါသည်။
ဤအခြေအနေကို နှစ်ဖက် အထိနာနေသော မျှခြေ အနေအထား (Hurting stalemate ) ဟုခေါ်သည်။ သဘောမှာ ဗိုလ်နေမြဲ ကျားနေမြဲ အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် ပေးဆပ်ရမည့် တန်ဘိုးများ များသည် ထက်များလာသော အခြေအနေဖြစ်သည်။

တချိန်တည်းတွင်ပင် မိမိအသာစီးရအောင် အခြေအနေကို မလုပ်နိုင်၊ တိုးတက်ပြောင်းလဲ မယူနိုင်တော့သော အခြေနေဖြစ်သည်။ ထိုအနေထားတွင် အကောင်းဆုံးအဖြေမှာ အခြေအနေကို လက်တွေ့ကျကျ ရှုမြင်တတ်သော အင်အားစု လက်ထဲ၌တည်ရှိသည်။ မိမိဆွေးနွေးဘက် (ယခင်ရန်ဖက် အင်အားစုများထဲမှ ) ဆွေးနွေးပြေလည်နိုင်သော အင်အားစုကို ချဉ်းကပ်၍ သူ၏အကြမ်းဖက် ဖြေရှင်း လိုသော အပြုအမှုကို ပြောင်းစ၍ ဆွေးနွေးပွဲ စကားဝိုင်းဆီသို့ တက်လာစေရေးပင်ဖြစ်ည်။

**ရေရှည်ဖြစ်နေသော ပြည်တွင်းစစ်ပွဲကို အဆုံးသတ်ခြင်း**

ပြည်တွင်းစစ်ဖြစ်ရခြင်း၏  အဓိက အခြေခံ အကြောင်းရင်း များသည် ပဋိပက္ခ ဖြေရှင်းရာတွင် အရေးပါသော အခန်းကဏ္ဍပင်ဖြစ်သည်။ နိုင်ငံရေးစနစ် အသွင်ကူးပြောင်းရေးကာလတခုတွင် အရေးကြီးဆုံးသော အပိုင်းမှာ ထိုလူမှုအသိုင်း အ၀ိုင်းက လုံခြုံရေးနှင့် နိုင်ငံရေးအခြေနေများကို ရှုမြင်ပုံပင်ဖြစ်သည်။
     - ဤရှုမြင်ပုံများနှင့် ယှဉ်လျှက် အခြားသော အသွင်ကူးပြောင်းရေး ကာလဖြစ်စဉ် များသည် နိုင်ငံရေးစနှစ် အသွင်းကူးပြောင်းရေးတွင် ပထမဦးဆုံး ဖြစ်ပေါ်လာသည့် အပိုင်ကဏ္ဍမှာ အခြေခံဆိုင်ရာ သဘောတူညီချက်များ ရရှိခြင်းဖြစ်သည်။ နိုင်ငံရေးအမြင်ဖက် အပိုင်းအရ ပြောရလျှင် ပဋိပက္ခတွင် အဓိကပါဝင် ပါတ်သက် နေသော နိုင်ငံရေး ဇာတ်ကောင်းများက အပြောင်းအလဲ ကြီးကြီးမားမား လုပ်ရန် သဘောတူ လိုက်ခြင်းဖြစ်သည်။

အခြေခံကျသည့် သဘောတူညီချက်များ ဖြစ်ပေါ်လာစေသည့် ကနဦးဆွေးနွေးပွဲ စကားဝိုင်းများ စတင်နိုင်ခြင်းသည်ပင် အလွန်အရေးပါလှသည့် အောင်မြင်မှုများဖြစ်သည်။ ဤဆွေးနွေးပွဲများ ဖြစ်ထွန်းအောင်မြင်ဖို့ ဆိုပါက အဓိကစဉ်းစား ကြရမည့်အချက်မှာ သဘောတူညီချက်များ ရရန် မည်သူတွေက အဓိက ဆွေးနွေးဖက် ဇာတ်ကောင်များ ဖြစ်သည်ကို ရှာဖွေ သတ်မှတ်ရန်ဖြစ်သည်။

 ယေဘူယျ ကိုင်စွဲသင့်သော နည်းလမ်းတခုမှာ သဘောတူညီချက် ရပြီးပါက ပြန်လည် ဖေါက်ဖျက်နိုင်သူ ဆိုပါက ဤသဘောတူညီချက် ချမှတ်ရာ ဆွေးနွေးဝိုင်း၌ ဘေးဖယ်ထားရန်ပင်ဖြစ်သည်။ လုံခြုံရေးဘက်ပိုင်း အမြင်ဖက်က ပြောရလျှင် အခြေခံသဘော တူညီချက်ရရန်ဆိုသည်မှာ နေရာသေအားလုံး ၌ အပစ်အခတ်များ ရပ်စဲထားရေးပင်ဖြစ်သည်။ လုံခြုံရေးမရှိလျှင် လူအများက ဆက်လက်စိုးရိမ် ကြောင့်ကြနေမည် ဖြစ်ပြီး ထိုသံသယများ ကြောင့်ပင် ဆွေးနွေးပွဲမှ ထွက်ခွါသွားကြသည် လည်း ရှိနိုင်ပါသည်။

နိုင်ငံစနစ်အသွင်းကူးပြောင်းရေး လုပ်ငန်းတွင် အရေးကြီးဆုံးကဏ္ဍမှာ အစိုးရသစ် တရပ်ဖွဲ့စည်းနိုင်ရန် အတွက် ပြင်ဆင်ကြခြင်းပင်ဖြစ်သည်။ နိုင်ငံရေးအရဆိုလျှင် အသွင်ကူးပြောင်းရေး ကာလ ကြားဖြတ်အစိုးရ အမျိုးအစား တခုခုကို ဖွဲ့စည်းလေ့ရှိကြပါသည်။ လုံခြုံရေး အပိုင်းအရဆိုပါက တပ်မတော်သစ်နှင့် ရဲတပ်ဖွဲ့ သစ်အတွက် တပ်သားသစ်များ စုဆောင်းခြင်း လေ့ကျင့်ပေးခြင်း တို့ပါဝင်လေ့ရှိပါသည်။

နိုင်ငံရေးဆိုင်ရာ အဆောက်အအုံများကို သတ်သတ်မှတ်မှတ် ဖွဲ့စည်းနေရာချခြင်းနှင့် သက်ဆိုင်ပါသည်။ နိုင်ငံရေးအပိုင်းအရဆိုလျှင် အစိုးရဌာနများ၊ အေဂျင်စီများကို လိုအပ်သလို ထပ်မံဖွဲ့စည်းနေရာ ချထားခြင်းများ ပါဝင်ပြီး လူမှုရေးအရ၊ နိုင်ငံရေးအရ ယုံကြည်မှုရရှိလာစေရန် တည်ခြင်းဖြစ်သည်။

အစိုးရသစ်သည် အဂတိလိုက်စားခြင်းများရှိ မရှိ၊ နိုင်ငံသားများအပေါ် တရားမျှမျှတတတနှင့် တန်းတူရည်တူ ဆက်ဆံခြင်းရှိ မရှိ ဆိုသည့်အချက်များနှင့် သက်ဆိုင်ပါသည်။ လူ့အခွင့်ရေးကို လေးစားလိုက်နာမှုရှိရန်နှင့် တရားစီရင်ရေးစနှစ်သည် လွတ်လပ်စွာ၊ နိုင်ငံရေး သြဇာနှင့် သီးခြားကင်းလွတ်စွာ ဆောင်ရွက်ခွင့် ရှိရန်ဖြစ်သည်။

ယနေ့ မြန်မာ့ လူ့ဖွဲ့အစည်းတွင် ယုံကြည်မှု တည်ဆောက်ကြရန်အတွက် နောက်ဆုံး ပြဿနာမှာ အတိတ်ကို မည်သို့နားလည်း သဘောပေါက်နိုင် ကြမည်နည်းဟူသော ကိစ္စဖြစ်သည်။ အားလုံးကောင်းမွေဆိုးမွေခံ ဖြတ်သန်းခဲ့ကြသော အတိတ်သမိုင်းကို မည်သို့မည်ပုံ ပြန်လည်ဖော်ပြ မည်နည်းဟူသော ပြဿနာသည် တိုင်းရင်းသား ညီအကိုများ၏ အရေးကြီးသော အခန်းကဏ္ဍတရပ်ပင်ဖြစ်သည်။



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  


"۩"