koko

koko

Thursday, August 9, 2012

ပဉ္စမ မျိုးဆက်သစ် တိုက်လေယာဉ် အများအပြား ၂၀၁၅ တွင် ရုရှားထုတ်လုပ်မည်

                                                          (မော်စကို သြဂုတ် ၇ -၂၀၁၂)

ရုရှား နိုင်ငံသည် နိုင်ငံ၏ ပဉ္စမ မျိုးဆက်သစ် တိုက် လေယာဉ် PAKFA T-50 ကို  ၂ဝ၁၅ ခုနှစ် မှစတင်၍  အများ အပြား ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ရုရှား လေတပ် ဗိုလ်ချုပ် ဗစ်တာဘွန် ဒါရက်ဗ်က သြဂုတ် ၆ ရက်က ပြောကြား ခဲ့သည်။

အဆိုပါ တိုက်လေယာဉ် များသည် လက်ရှိ အသုံးပြု နေသည့် MiG-29 နှင့်Su-27 တိုက်လေယာဉ် များထက် စွမ်းဆောင် နိုင်မှု သာလွန်ပြီး ၎င်း တိုက် လေယာဉ် များနေရာ တွင် အစားထိုး ၍ နှစ်ပေါင်း၃ဝ ကြာ အသုံးပြု သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် SU-35 တိုက်လေယာဉ် များကိုလည်း ၂ဝ၁၃ တွင် အများ အပြား ထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပဉ္စမ မျိုးဆက်သစ် တိုက်လေယာဉ် PAKFA T-50 ကို ရုရှား နိုင်ငံ၏ လေယာဉ် ထုတ်လုပ်သည့် အထင်ကရ ကုမ္ပဏီ ဖြစ်သော Sukhoi ကုမ္ပဏီက ထုတ်လုပ် သွားမည် ဖြစ်ပြီး စမ်းသပ် ပျံသန်းမှုကို ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလက ပြုလုပ် ခဲ့ကြောင်း သိရသည်။ ၎င်း လေယာဉ်သည် ဗုံးကြဲ လေယာဉ်၏ စွမ်း ဆောင်ရည် များပါရှိပြီး ကိုယ်ပျောက် နည်းပညာ အသုံးပြုထား သည့်အတွက် ရေဒါဖြင့် အလွယ်တကူ ဖမ်းယူ၍ မရနိုင် ကြောင်းသိရသည်။




Kavkaz- Iskander ဒုံးကျည်


   (မော်စကို သြဂုတ် ၈ - ၂၀၁၂)

ရုရှား နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာလ အတွင်း ကျင်းပမည့် Kavkaz-2012 စစ်ရေး လေ့ကျင့်မှု တွင် Iskander ဒုံးကျည် များကို ပစ်ခတ် လေ့ကျင့် သွားမည် ဖြစ်ကြောင်း ရုရှား စစ်ဘက် ရေးရာ အရာရှိကြီး တစ်ဦးက သြဂုတ် ၇ ရက်တွင် ပြောကြား ခဲ့သည်။

ထုတ်နုတ်
http://www.mwdmedia.net/

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"