koko

koko

Thursday, August 9, 2012

သိဒ္ဓတ္ထကုမာရ သို့မဟုတ် မြတ်ဗုဒ္ဓ


ကိုယ်ပိုင်အမည်မှာ သိဒ္ဓတ္ထကုမာရ ဖြစ်ပါသည်။ (အလုံးစုံသော လူနတ်တို့၏ အလိုခပ်သိမ်းကို ပြီးငြိမ်းစေတတ်သော) အဓိပ္ပါယ်ရသည်။ ဗုဒ္ဓဆိုသည်မှာ အမှန်တကယ်အားဖြင့် ဘုရားဖြစ်ပြီးမှ ရရှိလာသော ဘွဲ့အမည်ပင်ဖြစ်သည်။ ဗုဒ္ဓ၏ လူဘ၀မှ မျိုးရိုး အမည်မှာ ဂေါတမဖြစ်သည်။

ခရစ်တော်မပေါ်မှီ နှစ်ပေါင်း ငါးရာကျော်ခန့်က ဖြစ်ပါသည်။ ဖခင်မှာ သာကိယမျိုးနွယ်စု၏အကြီးအကဲဖြစ်ကာ ထိုနေရာဒေသအား ကျမ်းစာများတွင် ကပိလ၀တ်ဟုခေါ်သည်။ ထိုနေရာသည် ယခုခေတ် အိန္ဒိယနှင့် နီပေါနိုင်ငံနယ်စပ်တွင်တည်ရှိသည်။

 ကပိလ၀တ်ကို အုပ်ချုပ်ရသောကြောင့် ဘုရင်ဟု ခေါ်နိုင်သော်လည်း ဧကရာဇ်မင်း ဖြစ်နိုင်လောက်သော နယ်ပယ် အကျယ်အ၀န်းမရှိခဲ့ပေ။ ကပိလ၀တ် နှင့် အနီးအပါး၌ပင် အခြားသောမျိုးနွယ်စု အမြောက်အမြားေ နေထိုင်ကြသည်။ သိဒ္ဓတ္ထမင်းသား၏ မယ်တော် မဟာမာယာ သည် ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။ မယ်တော် မဟာမာယာသည် သိဒ္ဓတ္ထမင်းသားအား လုမ္ဗိနီဥယျာဉ်တော် အတွင်းရှိ အင်ကြင်းပင် တစ်ပင်အောက်တွင် မွေးဖွားတော်မူခဲ့သည်။ ဖွားတော် မူပြီးနောက် အရှေ့အရပ်မှ မြောက်သို့ လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-
“အဂ္ဂေါဟမသ္မိလောကဿ
ဇေဋ္ဌောဟမသ္မိလောကဿ
သေဋ္ဌောဟမသ္မိလောကဿ” ဟူသော သုံးခွန်းစကား ဆိုတော်မူသည်။

ထိုခေတ်က အမျိုးသမီးများသည် မိမိတို့၏ သားဦးအား မိဘရပ်ရွာထံတွင်ပြန်၍ မွေးဖွားရသော ဓလေ့ရှိခဲ့နိုင်သည်။ သိဒ္ဓတ္ထမင်းသား အားဖွားမြင်ပြီး ခုနစ်ရက်အကြာတွင် မယ်တော်မာယာ နတ်ရွာစံခဲ့သောကြောင့် သိဒ္ဓတ္ထမင်းသားသည် မိထွေးတော်ဂေါတမီ ၏ ထိန်းကျောင်းမူ့ဖြင့် ကြီးပြင်းလာခဲ့သည်။

သိဒ္ဓတ္ထမင်းသား၏ ဖခင်သုဒ္ဓေါဓန မင်းသည် ထိုခေတ်က အမြင့်ဆုံးနိုင်ငံရေး အာဏာဖြစ်နိုင်သော စကြာမင်းအရာကို ရစေလိုသည်။ သို့သော် ကြိုတင်နိမိတ် များအရ သိဒ္ဓတ္ထမင်းသားသည် လောကီဘုံကို စွန့်ခွာ၍ ဘုရားဖြစ်မည်ဟု ပြောကြားသဖြင့် လောကီကာမဂုဏ် အာရုံများဖြင့် မင်းသားကို ဖြားယောင်း ထားစေခဲ့သည်။ အသက် တစ်ဆယ့်ခြောက်နှစ် အရွယ်တွင် ညီမ၀မ်းကွဲတော်သူ ယသော်ဓရာနှင့် လက်ဆက်ခဲ့သည်။ ယောက္ခမလောင်း ဖြစ်သူ သုပ္ပဗုဒ္ဓက သဘောမတူ သောကြောင့် လေးအတတ် အစွမ်းပြ၍ ကြင်ရာတော်ကို ကိုယ်တိုင် ရွေးယူနိုင်ခဲ့သည်။

သိဒ္ဓတ္ထမင်းသားနှင့် ယသော်ဓရာဒေ၀ီတို့မှ သားတစ်ယောက် ဖွားမြင်၍ အမည်မှာ “ရာဟုလာ” ဟုခေါ်သည်။ လကိုရာဟု ဖမ်းသလို ငါလျှောက်မယ့်လမ်းကို သံယောဇဉ်တို့ဖြင့် ချည်နှောင် မည့်သူဟု ဆိုကာ “ရာဟုလာ” ဟုသိဒ္ဓတ္ထမင်းသား ကိုယ်တိုင် နာမည်ပေး
ခဲ့ခြင်း ဖြစ်သည်။ လောကီ အာရုံများဖြင့် ဖျားယောင်းထားခြင်း၊ အနိဌာရုံများကို မမြင်အောင် ဖန်တီးထားခြင်း၊ သားမယား သံယောဇဉ် များကို တိုးလာစေခြင်းအားဖြင့် ခမည်းတော်မှ စီမံထားသော်လည်း သိဒ္ဓတ္ထမင်းသားသည် လက်ရှိဘ၀ ထက်ပိုမိုမြင့်မြတ် သော ဘ၀အမှန်မွန်ကို ရှာဖွေလိုစိတ် ပြင်းထန်လာသည်။ ထို့ကြောင့်တစ်နေ့တွင် ခါးသီးသော အမှန်တရားကို သိဒ္ဓတ္ထမင်းသား မြင်တွေ့ခဲ့လေသည်။ ထိုသို့တွေ့ရှိခဲ့ရာ လူ့ဘ၀၏ အစစ်အမှန်တရားကို သင်္ကေတလေးပါးဖြင့် ဖေါ်ပြကြသည်။ ဗုဒ္ဓကျမ်းစာများတွင် နိမိတ်ကြီးလေးပါးဟု ညွှန်းဆိုကြပါသည်။ ဤသည်တို့မှာ
    •    သူအို၊
    •    သူနာ
    •    သူသေ နှင့်
    •    ရဟန်း တို့ဖြစ်ကြသည်။
ပထမ သင်္ကေတသုံးပါးမှာ ဘ၀ကိုကိုယ်စားပြုသည်။ အိုခြင်း၊ နာခြင်း ၊သေခြင်းတို့၏ တည်ရာ မှီရာ ဖြစ်သည်။ နောက်ဆုံး သင်္ကေတ ရဟန်းမှာ ဘ၀ကို ကျော်လွန်သွားပြီး အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းရာ လွတ်မြောက်ရေးလမ်းကို ကိုယ်စားပြုသည်။ ထိုသဘောတရားများကို သိရှိလာသော သိဒ္ဓတ္ထမင်းသားသည် မင်းသားဘ၀နှင့် တာရှည်နေရန် မဖြစ်နိုင်သောကြောင့် တစ်ခုသောညတွင် သားငယ်နှင့် ဇနီးသည်ကို နောက်ဆုံးကြည့်ကာ အမှန်တရားကို ရှာဖွေရန် တောထွက်တော် မူခဲ့လေသည်။

ဗုဒ္ဓဘုရားရှင်သည် ရရှိခဲ့သော ဥာဏ်အလင်းအား တပဿီအကျင့်အား အတူကျင့်ကြံခဲ့သော ရှင်ကောဏ္ဍည အမှုးပြုသော တပသီဟောင်း ငါးဦးအား အရင်ဖြန့်ဝေခဲ့သည်။ ထို့ကြောင့် ရှင်ကောဏ္ဍည ဦးဆောင်သော သံဃာတော်ငါးပါးသည် ဗုဒ္ဓ၏ သံဃာအဖွဲ့အစည်းတွင် ပထမဆုံးသော သံဃာများဖြစ်လာခဲ့သည်။ ထိုပဉ္စ၀ဂ္ဂီ ငါးပါးအား ဟောကြားတော မူခဲ့သော ဓမ္မစက္ကပ၀တ္တန သုတ်တော်သည် ဗုဒ္ဓဟောကြား တော်မူခဲ့သော ပထမဆုံး တရားဦးဖြစ်ပေသည်။

ထိုအချိန်မှစကာ ဗုဒ္ဓဘုရားရှင်သည် ၄၅ နှစ်တာ ကာလပတ်လုံး သာသနာပြု ခရီးရှည်ကြီးထွက်ကာ သတ္တ၀ါ အပေါင်းအား သံသရာဝဋ်ဆင်းရဲမှ ကယ်တင်တော်မူခဲ့ပါသည်။သမိုင်းဆိုင်ရာ အထောက်အထားများနှင့် ဗုဒ္ဓကျမ်းစာများပါ အချက်အလက် များအရ ဗုဒ္ဓ၏ သာသနာပြု ခရီးရှည်ကြီးကို အောက်ပါအတိုင်း မှတ်တမ်းတင်နိုင်သည်။
    ၁.    ဘီစီ ၅၂၈ - က္ကှုသိပတန(ယခု-ဆာရနာတ်)
    ၂.    ဘီစီ ၅၂၇ -ရာဇဂြိုဟ်
    ၃.    ဘီစီ ၅၂၆ -ရာဇဂြိုဟ်
    ၄.    ဘီစီ ၅၂၅ -ရာဇဂြိုဟ်
    ၅.    ဘီစီ ၅၂၄ -ဝေသာလီ
    ၆.    ဘီစီ ၅၂၃ -မကုဋတောင်(ယခု-ဗိဟာရ်)
    ၇.    ဘီစီ ၅၂၂ -တာဝတိံသာနတ်ပြည်(ကျမ်းစာအရ)
    ၈.    ဘီစီ ၅၂၁ -သုသုမာရတောင်(ယခု-ကျုနာရ်)
    ၉ .    ဘီစီ ၅၂၀ -ကောသမ္ဗီ(ယခု-က္ကုလဟာဗာ်)
    ၁၀.    ဘီစီ ၅၁၉ -ပါလိလေယျက(ယခု-မိရ်-ဂျာပူ)
    ၁၂.    ဘီစီ ၅၁၈ -နာဠာ(ယခု-ဗိဟာရ်)
    ၁၃.    ဘီစီ ၅၁၇ -ဝေရဉ္ဇာ(ယခု-မထုရာ)
    ၁၃.    ဘီစီ ၅၁၆ -စာလိယတောင်(ယခု-ဗိဟာရ်)
    ၁၄.    ဘီစီ ၅၁၅ -သာဝတ္ထိ(ယခု-ဂေါဏ္ဍာ)
    ၁၅.    ဘီစီ ၅၁၄ -ကပိလ၀တ္ထု
    ၁၆.    ဘီစီ ၅၁၃ -အာလ၀ီ(ယခု-အာရ်ဝလိ)
    ၁၇.    ဘီစီ ၅၁၂ -ရာဇဂြိုဟ်
    ၁၈.    ဘီစီ ၅၁၁ -စာလိယတောင်
    ၁၉ .    ဘီစီ ၅၁၀ -စာလိယတောင်
    ၂၀.    ဘီစီ ၅၀၉ -ရာဇဂြိုဟ်
    ၂၁.    ဘီစီ ၅၀၈မှ ၄၈၄ -သာဝတ္ထိ
    ၂၂.    ဘီစီ ၄၈၃ -ဝေသာလီ
ထိုသာသနာပြုခရီးသည် အိန္ဒိယမြောက်ပိုင်းနှင့် အလယ်ပိုင်းတခွင်သို့ ဗုဒ္ဓ၏သာသနာ ပြုခရီးရှည်ကြီး ပင်ဖြစ်သည်။


ဂေါတမဗုဒ္ဓသည် ဘီစီ ၄၈၃ ခုနှစ်တွင် ဝေသာလီ ပြည် မလ္လာမင်းများ၏ အင်ကြင်းဥယျာဉ် တစ်ခုတွင် ပရိနိဗ္ဗာန် စံတော်မူခဲ့ပါသည်။


ဗုဒ္ဓအား ဗုဒ္ဓဘာသ တွင် အဓိက ဖြစ်သော် စကြမုနိ(သဗ္ဗေညုတ ဥာဏ်တော်) ကို ရရှိတော် မူပြီး သူ၏ သက်တမ်း တစ်လျောက်တွင် ဘာသာရေးနှင့် လူမှုကျင့်ဝတ် ပိုင်းဆိုင်ရာ ကျင့်စဉ်များ သင်ကြားခြင်း၊ သံဃာ ကျင့်စဉ်များ ချတော်မူခြင်း ပြုခဲ့ပြီး ၄င်းကို သုတ်၊၀ိနည်း နှင့် ဇာတက(ဇာတ်တော် ၅၅၀) တနည်းအားဖြင့် ပိဋိကတ် သုံးပုံဟု နောက်လူတို့က ခွဲခြား သတ်မှတ်ကြသည်။ ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ရှိသော တရားတော်တို့ကို သင်္ဂါယနာ တင်ခြင်းဖြင့် ထိန်းသိမ်းခဲ့သည်။ အစပိုင်းတွင် နှုတ်တိုက် ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ပြီး နှစ်ပေါင်း ၄၀၀ ကြာသောအခါ သီရိလင်္ကာတွင် စတုတ္ထအကြိမ် သင်္ဂါယနာတင် ချိန်ရောက်မှ ပေထက်အက္ခရာအဖြစ် စာတင်ခဲ့သည်။
 ဗုဒ္ဓ၀င်စာစောင်
http://wikimyanmar.co.cc


သာသနာနှစ် (၂၃၅) နှစ် သီရိဓမ္မာသောကမင်းသည် တတိယ သင်္ဂါယနာတင် ပြီးနောက် ကိုးတိုင်းဌာနသို့ သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ (၅) ပုံ (၄) ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။

သီရိဓမ္မာသောကမင်း ( Asoka)  *"۩"* 
ဗုဒ္ဓမြတ်စွယ်တော်၏ သိပ္ဗံတွေ့ရှိချက် *"۩"*


ဗုဒ္ဓဘာသာဝင် တိုင်းရင်းသား ညီအကိုများအား စုစည်းတင်ပြလိုက်ရပါသည်။


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"