koko

koko

Sunday, August 12, 2012

မဲခေါင်မြစ်ဝှမ်း သျှမ်းလူမျိုးစုများ

မဲခေါင်မြစ်ဝှမ်း သျှမ်းလူမျိုးစုများ မဲ့ခေါင်မြစ်သည် မြန်မနိုင်ငံအပါဝင် ၆နိုင်ငံဖြတ်သန်း စီးဆင်းခဲ့ပြီး အရှေ့တောင် အာရှတွင် အရှည်ဆုံးမြစ်လဲဖြစ်သည်။ ဗိယက်နမ်နိုင်ငံတွင် အဓိက သျှမ်းလူမျိုး တိုင်းခေါင်၊ တိုင်းလမ်၊ တိုင်းလျှဲန် နေထိုင်ကြပါသည်။ မဲခေါင်မြစ်တလျှောက်စီဆင်းလာရာ လောနိုင်ငံရောက်တွင် တိုင်းလောဝ် များနေထိုင်ပြီး ထိုင်းနိုင်ငံတွင် အီစန်လူမျိုးတို့ဖြစ်သည်။ ရေးနေဆဲ့ဖြစ်သည်။
  
သျှမ်းတို့ဆင်းတက်လာပုံ 

မွန်ဂိုလွိုက် အနွယ်ဖြစ်သော တိုင်း(ခေါ်) သျှမ်းမျိုးနွယ်စုကြီးသည် အာရှတိုက်အနောက် အလယ်ပိုင်းတွင်   ပေါက်ဖွားပြီး BC- ၁၁ မှ ၂၂ , ၂၂၂ ထိ ယခု တရုတ်ပြည် ပြည်မ တွင်းသို့ ၀င်ရောက်ကာ အခြေချနေ ထိုင်ခဲ့ကြသည်။ ထိုမှ အာရှတိုက် အရှေ့တောင်ဒေသအနှံ့အပြားသို့ ပျံ့နှံ့လာခဲ့သည်။

တရုတ်တို့၏ (TS’U) ဇူလက်နက်   နိုင်ငံတော်နှင့် (TS’-in) ဇင်ခေတ်လောက် ကပင် တရုတ်ပြည် အနှံ့အပြား၌ တိုင်း (ခေါ်) ရှမ်းမျိုးနွယ်စုများ   နေထိုင်ခဲ့ကြပြီးဖြစ်သည်။

ထိုခေတ်က ဇူတို့ပြောဆိုသော ဘာသာစကားသည် တိုင်း (ခေါ်) သျှမ်းတို့၏ ပြောဆိုသော ဘာသာစကား   နှင့် အတူတူပင်ဖြစ်ခဲ့သည်။

ခရစ်မပေါ်မီကာလကပင် တရုတ်နှင့် တိုင်း(ခေါ်) သျှမ်းတို့သည် တန်ခိုး အာဏာ ပြိုင်ဆိုင်မှု စစ်ပွဲကြီးများ အဆက်မပြတ် ဆင်နွဲခဲ့ကြသည်။ ဦးစွာရောက်နှင့် ပြီးဖြစ်သော တိုင်း (ခေါ်)သျှမ်းတို့၏ အခြေချရာ နယ်မြေအတွင်း တရုတ်တို့ ၀င်ရောက်လာခြင်းကြောင့် ဖြစ်သည်။    နောက်ဆုံးတွင် တိုင်း(ခေါ်) သျှမ်းတို့သည် တရုတ်ပြည်မတွင်း၌ ဇူဝ်၊ ပံ့၊ ပါ၊ လန့်၊ နန်ချောင်၊ မိုင်းမော၊ စယ်လန့်၊ ဆင်းန်ဝီ စသော လက်နက်နိုင်ငံများ ထူထောင်ခဲ့ကြသည်။

 မြန်မာနိုင်ငံထဲကိုတော့ ရှေးခေတ် ဝေါဟာရအားဖြင့် ကျိုင်းဟုန်ဟု ခေါ်သော မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မီ ၁၄၈ (ခရစ်သက္ကရာဇ် မတိုင်မီ ၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယ ဥက္ကဌ (၂) နိုင်ငံခြား ဘာသာ သိပ္ပံကောလိပ် ကျောင်းအုပ်ဟောင်း ဆရာကြီး ဒေါက်တာ စိုင်းအောင်ထွန်း ရေးသားပြုစုသော တိုင်းလူမျိုးစုများ ပြန့်နှံနေထိုင်ပုံ သမိုင်း စာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။



အရှေ့တောင်အာရှာတို့ သျှမ်းလူမျိုးများပြန့်နှံ ဆင်းတက်လာပုံ မှုရင်းဌာနသည် အာရှတိုက် အလယ်ပိုင်း ကန်ဆူ အရပ်ဖြစ်သည် ဟု ကမ္ဘာ့သမိုင်း အခြေပြ ပ-384 ၌ ဆိုလေသည်၊ ၎င်းလူမျိုးများသည် ကမ္ဘာ့ထိပ်ခေါင်မိုး ဖြစ်သော ကန်ဆူအရပ်၌ နေထိုင်စဉ် ပင်လျှင် လူယဉ်ကျေး ဘ၀သို့ ဆိုက်ရောက် နေကြပေဖြစ်၍ မြေအိုး မြေခွက် များကို ကောင်းစွာ လုပ်တတ် ကြသည်၊ ကြေးနီလက်နက်များ ကိုလည်း ပြုလုပ်တတ်ကြလေပြီ။ ယင်းလူမျိုးစုသည် အာရှတိုက် ရှေ့တောင် ဒေသ အနှံ့အပြားသို့ ပျံနှံ့လာ ခဲ့သည် *"۩"*






ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"