koko

koko

Sunday, September 16, 2012

ဟူးကောင်းလွင်ပြင်နှင့် သျှမ်းမျိုးနွယ်စုများ


ဟူးကောင်း ဆိုသော ဘာသာစကားသည် သျှမ်းလို ဟိုကောင်မှ ဆင်းတက်လာခြင်း ဖြစ်သည်။
ဟိုဆိုသည်မှာ ခေါင်း - ဖြစ်ပြီး၊ ကောင်  - ဆိုသည်မှာ စည်တော် သို့မဟုတ် ဗုံ ဖြစ်သည်။ မိန်းကောင်းလို့ ခေါ်တဲ့ မိုးကောင်းခေတ် အချိန်က  ရွှေမြို့တော် ဘုရင့် ဗဟိုစည်တော်ကြီး၏ ဦးခေါင်းလည့်ရာ အရပ်  ဖြစ်သောကြောင့် ဟိုကောင်ဟု ခေါ်ဆိုလာခဲ့မှ ကာလကြာရှည် လာသောအခါ ဟူးကောင်း ဖြစ်လာသည်။

ဟူးကောင်းလွင်ပြင် ဒေသသည် (ခွေဲးပတ်ဂဲ,) (လွဲပ၊တ်,ဂဲ,) ပတ်ကွိုင်တောင်တန်းကြီးနှင့် ရိုးမတောင် တန်းများ ၀န်းရံလျက်ရှိသည်။ မြောက်ဘက်တွင် (တဲးဎေ၊တ်) ခေါ် တိဘက်၊ အရှေ့ ဘက်တွင် နန်ချောင်နိုင်ငံ၊ အနောက်ဘက်တွင် မာဂဓဒေသသို့ ပေါက်ရောက်နိုင်သည်။

(ခမေ့်တု,လူင်း) (ခမေ့်တု;လူင်) ခေါ် သလ္လာဝတီ မြစ်နှင့် (ခမေ့်ဂီဝ်း) ခေါ် ဧရာဝတီမြစ်တို့ မြစ်ဖျား ခံရာ နေရာလည်းဖြစ်သည်။
AD (၉) ရာစုတွင် ဟူးကောင်းလွင်ပြင်၌ မုံးနေသျှမ်း (တဲးမိုင်းခေိုဝ်)များ ရောက်ရှိနေကြပြီး ဖြစ်သည် ဟု မှတ်တမ်းများ၌ ဖေါ်ပြသည်။ သျှမ်းတို့သည် ခရစ်မပေါ်မီကပင် ဝေသာလီ၊ ဆာဒိယ၊ တိဘက်သို့ ရောက်ပြီးဖြစ် သဖြင့် ထိုကာလနှင့် တစ်ချိန်တည်း၌ပင် ဟူးကောင်းလွင်ပြင်သို့ ရောက်ရှိလာကြပေလိမ့်မည်။

AD (၁၃) ရာစုတွင် မုံးစေခွန်သျှမ်း (တဲးမိုင်းေr၀ခုခေ်)များ ရောက်ရှိလာပြီး မုံးနေသျှမ်းများနှင့် ပေါင်းမိ ကာ ခန္တီး (ခေါ်) ခန္တီးဒေသနေ သျှမ်း (တဲးခမ်းတီ;)ဖြစ်လာသည်ဟု မှတ်တမ်းများက ဆိုသည်။
မည်သို့ပင်ဆိုစေ ဟူးကောင်းလွင်ပြင်ဒေသတွင် သျှမ်းမျိုးနွယ်စုများသည် မိမိတို့၏ ကိုယ်ပိုင် အုပ်ချုပ် ရေးဖြင့် လွတ်လပ်စွာနေထိုင်သော နိုင်ငံငယ်တစ်ခုကို တည်ထောင်ခဲ့ကြသည်။ မိမိကိုယ်တိုင် ယဉ်ကျေးမှု ရှိခဲ့ သည်။ ကိုယ်ပိုင်စာပေ ရှိခဲ့သည်။ စာရေးရန် မိုင်းကိုင်စက္ကူကို ကိုယ်တိုင်ပြုလုပ်ပြီး မင်၊ မင်တံတို့ဖြင့် စာရေးခဲ့ သည်။

ဗုဒ္ဓသာသနာ ရောက်ရှိလာသည့်အခါ ဗုဒ္ဓ၏ ကျမ်းဂန်စာပေများ၊ တရားတော်များ၊ ဆုတောင်းစာ၊ ဘုရား ရှိခိုးစာ၊ မှတ်တမ်းများကို ပုရပိုက်တွင် သျှမ်းဘာသာစာပေဖြင့် ရေးသားခဲ့သည်။
စေတီ၊ ပုထိုး၊ ကျောင်း၊ ဇရပ်၊ (သိုင်၊ မိုင်.)များနှင့် ကိုယ်ပိုင်ပညာသင်ရာနေရာ (ပ၊င်းr၀ိုင်း) (ပ၊င်r၀ိုင်း) များရှိသည်။

ဆင်ယင်ထုံးဖွဲ့မှုအဖြစ် အမျိုးသားသည် ထိုးကွင်း၊ မင်ကြောင် ဒူးကျထိုးသည်။ ကျော၊ ရင်၊ ခန္ဓာကိုယ်တွင် ဆေးနီ၊ ဆေးနက်၊ အင်းကွက်ထိုးသည်။ ဂါထာ၊ မန္တရားနှင့် ဆေးဝါးအတတ်ရှိသည်။ တစ်ချို့ဆံရှည်သျှောင် ထုံးထားသည်။ ဓါးရေး၊ လှံးရေး တတ်ကျွမ်းသည်။ ပုဆိုးကွက်ကျားနှင့် တိုက်ပုံအင်္ကျီဝတ်သည်။ အမျိုးသမီးများ မှာ ခေါင်းပေါင်းဆံမြိတ်နှင့် အလှပေါင်းကြသည်။ ယက်ကန်းအတတ် တတ်ကျွမ်းကြသည်။

သျှမ်းတို့သည် လယ်ယာဥယျာဉ်စိုက်ပျိုးရန် မြေဆီကောင်းသော နေရာဖြစ်ခြင်း၊ တွင်းထွက် ရတနာမော် မြေ ကျောထောက်နောက်ခံရှိခြင်း ရေ၊ ရေရရှိရန် လွယ်ကူ၍ ကူးသန်းသွားလာရေးကို အထောက်အကူပြုမည့် ဆိပ်ကမ်းကောင်းရှိခြင်း ဟူသော (မ၊ခေ်;၊ ခေုး၊ ဎေု၊ တု;) အချက်များနှင့် ပြည့်စုံညီညွတ်သည့် နေရာတွင်သာ မြို့ရွာတည်၍ အခြေတကျ နေထိုင်သည်။

ဟူးကောင်းလွင်ပြင်သည် ရေစီးရေလာသာခြင်း၊ မြေဆီကောင်းခြင်း အပြင် ပယင်း၊ ရွှေရတနာထွက်သော နယ်မြေဖြစ်သည်။ “ခမ်းတီလုံ” ဟူသော အဓိပ္ပါယ်သည်ပင် “ ရွှေထွက်ရာ နေရာကြီး ” ဟုဆိုလိုသည်။

လယ်ယာစိုက်ပျိုးရေးအတွက် ကျွဲ၊ နွား၊ ခရီးသွားလာရေးအတွက် ဆင်၊ မြင်းများ မွေးမြူကြသည်။ ဝေ သာလီခေတ်ကပင် ဆင်ရေးကျွမ်းကျင်ကြသည်။ ဆင်ဖမ်းခြင်း၊ အမဲလိုက်ခြင်း၊ ရွှေကျင်ခြင်းတို့ကို ကျွမ်းကျင် ကြသည်။ ထိုအချိန်က ထိုဒေသတွင် အင်အားကြီးသော မြင်းတပ်များ ဖွဲ့စည်းနိုင်ခဲ့သည်ကို “ယိမ်းနွဲ့ပါး”က “မြောက်ဘက်တလွှား တန်ခိုးထွားခဲ့သော ခန္တီးများ”ဟူသော ဆောင်းပါးဖြင့် ဖော်ပြခဲ့ ဖူးသည်။

(၁၈)ရာစုတွင် ပူတာအို အရှေ့တောင်ကြားလမ်းမှ တစ်ဆင့် ရ၀မ်တို့နှင့် ဆက်သွယ်၍ ဓား၊ လှံ၊ ငွေ ထည်ပစ္စည်းများ အလဲအလှယ်ရှိသည်။ နောင်မွန်းတွင် ဗုဒ္ဓသာသနာထွန်းလင်းပြီး ရောင်းဝယ်ဖောက်ကားမှု စည်ပင်ခဲ့သည်။ နောင်မွန်းကို သျှမ်းတို့က နောက်မိုင်း (ခွေဂ့်မိုင်း)၊ နောက် = ပြင်ပ၊ မိုင်း = နေပြည်တော်/မြို့ ဟူသော အဓိပ္ပါယ်ဖြင့် “နေပြည်တော်ပြင်ပတွင် ရှိသောအရပ်” ဟု ခေါ်ကြသည်။ နောင် (ခွေင်)= အင်း၊ မွန်း (မွခေ်း) (မွခေ်)- ပိန်းပင်၊ ပိန်းရွက်ဟူသော အဓိပ္ပါယ်ဖြင့် နောင်မွန်း (ခွေင်မွခေ်း/ခွေင်မွခေ်) = ပိန်းပင်ပေါသော အင်းရှိရာ မြို့”ဟုလည်း ဆိုကြသည်။

ဟူးကောင်းလွင်ပြင်မှ နယ်မြေသစ်ရှာဖွေရင်း ဗြဟ္မပုတ္တရမြစ်ဝှမ်း၊ အာသံ၊ ဆာဒိယ၊ ဝေသာလီ၊ တိဘက် တိုင်အောင် ရောက်ရှိသွားသော သျှမ်းများသည်လည်း ရှိသည်။

အာသံဒေသ (အရပ်ရှ်နာပရာတက်ရှ်)နှင့် မဏိပူရ၊ တိဘက်ဒေသများတွင်
ဖာကျယ်သျှမ်း
အိုက်တွမ်သျှမ်း
ခမ်းယန်းသျှမ်း
ကောသလသျှမ်း စသည့် မျိုးနွယ်စုများ ယနေ့တိုင် နေထိုင်လျက်ရှိသည်ကို တွေ့ရသည်။
ဟူးကောင်းလွင်ပြင်ဒေသမှ ထွက်ခွာခဲ့ပြီး အချို့မှာ လတ္တီတွဒ် ၂၆ံ၃၆’ နှင့် လောင်ဂျီတွဒ် ၉၆ံ၃၀’ ကြား၊ ဟူးကောင်းတောင်ကြားရှိ နိမ်ပြင် (Neng Pyin) ဒေသတွင် ကျန်ရစ်ခဲ့သူများလည်း ရှိသည်။ အချို့မှာ တောင်ဘက် ပယင်းတွင်းရှိရာသို့ ရောက်ရှိပြီး အချို့မှာ ကင်းတော်၊ တာရိုးနှင့် ခန္တီး (ယခု ခန္တီး)သို့ ရောက်ရှိ သွားကြသည်။

ဟူးကောင်းလွင်ပြင်ရှိ သျှမ်းနိုင်ငံတော်ကြီးသည် AD ၆၄၉ ခန့်တွင် အရှေ့ဘက် နန်ချိုနိုင်ငံတော် ကြီး၏ သျှမ်းပြည်ထောင်စု (၆)ခုတွင် ပါဝင်ခဲ့သည်။

နန်ချိုဧကရာဇ် ခွန်လူဖုန်း (AD ၇၅၃-၇၆၃)သည် တိုင်းခမ်းလှည့်လည်ရင်း ဟူးကောင်း လွင်ပြင်သို့   ရောက်ရှိစဉ်က ဆား၊ ရွှေ၊ ပယင်း၊ ကျောက်စိမ်းရတနာများ ထွက်ရှိသည့် ခန္တီးဒေသကို နိုင်ငံတော်ဘဏ္ဍာမြေ အဖြစ် စောင့်ရှောက်ရန် ပူတာအိုတွင် တပ်စခန်းချ၍ စီစဉ်ခဲ့သည်။

AD (၁၃၁၁) မိုင်းမောဝ်ခေတ်တွင်လည်း မိုင်းမောဝ်သျှမ်းပြည်ထောင်စု
ဧကရာဇ်နိုင်ငံတော်ကြီးတွင် ပါဝင်ခဲ့သည်။ မိုးကောင်း (မိုင်းဂွင်း)၊ မိုးညှင်း (မိုင်းယ၊င်း) ပေါ်ထွန်းလာသောအခါ မိုးကောင်း၊ မိုးညှင်းမှတစ်ဆင့် ဘဏ္ဍာဆက် နိုင်ငံတစ်ခုအဖြစ် အုပ်ချုပ်ခဲ့သည်။

AD (၁၈၄၆-၁၈၅၂) ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဟူးကောင်းလွင်ပြင်ဒေသကို နယ် (၈) နယ် ခွဲ၍ စော်ဘွား (၇)ဦး ထပ်မံခန့်ထားအုပ်ချုပ်စေခဲ့သည်။ ထိုနယ် (၈)နယ်မှာ-
၁။ လုဂ်ခွံနယ်
၂။ လုံဂျိန်းနယ်
၃။ မန်နန်းန်ယ်
၎။ မန်စယ်နယ်
၅။ မန်ယက်နယ်
၆။ မန်စယ်ခွန်နယ်
၇။ လန်းတောဝ်နယ်
၈။ လန်းနေနယ် တို့ ဖြစ်ကြသည်။

ခန္တီးသျှမ်းတို့ ဓလေ့ထုံးစံအရ ခမည်းခမက်မျိုးတောစပ်သည့် ရွာပေါင်းများစွာ ရှိခဲ့သည်။ ရွာငယ် (အမျိုး ငယ်) တစ်ခုပင်လျင် အိမ်ခြေ (၄၀၀၀) ခန့်ရှိ၍ ရွာတွင်း၌ ယက်ကန်းစင်ချရန် မြေနေရာလွတ်ပင် မရှိကြောင်းကို စပ်ဆိုထားသည့် (ကီ;တီ;လင်း၈ှီင်းသီ, ပေုခေဲ့တင်,ဂျီမယင်း) (ကီ,တီ;ခငေ်; ၈ှီင်သီ, ပေုးလဲ;တင်;ဂျီ,မယင်း/ မမီး) ဟူသော ရိုးရာတေးတစ်ပုဒ် ရှိခဲ့ဖူးသည်။

AD ၁၉၁၄ တွင် ဗြတိသျှအစိုးရ၏ အုပ်ချုပ်မှု လက်အောက်သို့ ကျရောက်ခဲ့ရသည်။ လမ်းပန်းဆက် သွယ်မှု ခက်ခဲမှုကြောင့် AD ၁၉၂၈ ခုတွင် ထိုနယ်ကို မြစ်ကြီးနားမြို့ မှ စီမံအုပ်ချုပ်ခဲ့သည်။ ထိုမှစ၍ မြစ်ကြီးနား ခရိုင်ဟူ၍ စတင်ပေါ်ပေါက်လာသည်။

AD ၁၉၂၄ တွင် နယ်(၈)နယ်၌ စော်ဘွား(၈)ဦး ခန့်အပ်၍ အင်္ဂလိပ်အစောင့်အရှောက်ခံ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဖြစ် အုပ်ချုပ်ခဲ့သည်။

ခန့်အပ်ခြင်းခံရသော စော်ဘွား(၈)ဦးမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ လုဂ်ခွံစော်ဘွား        စောဝ်နွိုင်မြအောင်
၂။ လုံဂျိန်းစော်ဘွား       စောဝ်နွိုင်နူ
၃။ မန်နမ်းစော်ဘွား       စောဝ်နွိုင်မောင်
၎။ မန်စယ်စော်ဘွား       စောဝ်နွိုင်စောမင်း
၅။ မန်ယက်စော်ဘွား     စောဝ်နွိုင်နော
၆။ မန်စယ်ခွန်စော်ဘွား   စောဝ်နွိုင်ဆူး
၇။ လန်းတောဝ်စော်ဘွား စောဝ်နွိုင်ဆေး
၈။ လန်းနေစော်ဘွား      စောဝ်နွိုင်အုပ်ဆိုင်း

သာသနာစည်ပင် ဟူးကောင်းလွင်ပြင်
နမ့်တုံချောင်း (ခမေ့်တူင်,) ရစ်ခွေစီးဆင်းလျက်ရှိသော ပူတောင်း၊ ပူ (ပူ,) = အဘိုး၊ တောင်း (တွင်း) = မျှော်သည်။ “အဘိုးမျှော်သည့်နေရာ”ခေါ် ဘူတာအိုသည် ဟူးကောင်းလွင်ပြင်၏ အချက်အခြာဖြစ်သည်။

ပူတောင်းရွာတွင် စောဝ်ဆိုင်းနောင် (ဂ၀၀်;င်္သင်းခွေင်,) ၏ မြစေတီ၊ လန်းနေရွာတွင် စောဝ်ချီခမ်း (ဂ၀၀်;နျီနမ်း)၏ ကျေးမင်းစေတီ တို့တည်ရှိသည်။ အထင်ရှားဆုံးနှင့် ရှေးအကျဆုံးမှာ ယခု မချမ်းဘောမြို့နယ်၊ မလိခမြစ်ကမ်းဘေး ကောင်းမူးလုံရွာမှ ကောင်းမူးလုံ (ဂွင်းမူးလူင်) စေတီဖြစ်သည်။

ကောင်းမူးလုံ (ဂွင်းမူးလူင်) စေတီသည် မဇ္ဈိမတိုင်း၊ ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီး၏ ကု သိုလ်စေတီပေါင်း (၈၄၀၀၀)တွင် ဆတ်မင်းဘ၀က ကျက်စားခဲ့ပြီး အရိုးကျ ကွယ်လွန်ခဲ့ရာ နေရာဖြစ်သည်။ ဤနေရာတွင် အရှင်ယဿတိက မထေရ် အမှူးပြုသော ရဟန္တာသုံးပါးက ဒေသခံသျှမ်းလူမျိုးတို့၏ အကူအညီ ဖြင့် သာသနာသက္ကရာဇ် (၃၀၀)၊ BC (၂၄၄) တွင် တည်ထားကိုးကွယ်ခဲ့သည်။ သျှမ်းတို့က ကောင်းမှုအစုအပုံ စေတီကြီးဟူသော အဓိပ္ပါယ်ဖြင့် ကောင်းမူးလုံ (ဂွင်းမူးလူင်) စေတီဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။

မိုင်းခွန်းဆရာတော် အရှင်နရိန္ဒသည် ဟူးကောင်းဒေသ၏ သာသနာ့အာဇာနည် ရဟန်းတစ်ပါးဖြစ် သည်။ ကောဇာသက္ကရာဇ် (၁၂၃၀)တွင် ဆရာတော်အား ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးက အဘိ ဓဇမဟာဓမ္မ၀ံသ ယလ္လနာဗလ ဓမ္မရာဇာဓိရာဇာဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြင့်ခဲ့သည်။
၁၂၄၂ ခုနှစ်တွင် သီးပေါမင်းက အဘိဓဇ သာသနာ့ဇောတိက သီရိပ၀ရ မဟာဓမ္မရာဇာဓိရာဇာ ဂုရုဘွဲ့ တံဆိပ်တော် ဆက်ကပ်ချီးမြင့်ပြန်သည်။

ပယင်းရတနာ ထွက်ရာအရပ်တွင် သီတင်းသုံးတော်မူသောကြောင့် ပယင်းတွင်းဆရာတော် ဟုလည်း ထင်ရှားသည်။

သက္ကရာဇ် ၁၂၅၃ တွင် ဟူးကောင်းတောင်ကြားလမ်းမှ အာသံ ဝေသာလီသို့ ကြွတော်မူပြီး ဆာဒိယ နယ်၊ ကျောင်းခမ်းရွာတွင် ခေတ္တသီတင်းသုံးတော်မူသည်။

ထိုနောက် အာသံပြည်၊ မာဂီရီတာနယ်၊ ဖာကျယ်ရွာတွင် အာဗောဓာရာမကျောင်းတိုက် ဆောက်လုပ် ၍ အသက်ထက်ဆုံး သာသနာပြုတော်မူသည်။ ဆရာတော်၏ ထေရုပ္ပတ္တိ ရေးထိုးထားသော ကျောက်စာကို ဖာ ကျယ်ရွာ သိမ်တော်ကြီးတွင် ယနေ့တိုင် ဖူးမြင်နိုင်သည်။
သလ္လာဝတီ (ခမေ့်တု,လူင်း) နှင့် သျှမ်းမျိုးနွယ်စု

 ဟူးကောင်းလွင်ပြင်ဒေသတွင် ခန္တီးလုံကို ဗဟိုပြု၍ တန်ခိုးအင်အားကြီးမားခဲ့သော သျှမ်းတို့သည် လုဂ်ခွံ မျိုးနှင့် လုံဂျိန်းမျိုးတို့ မသင့်မတင့်ဖြစ်ကြ၍ တစ်ကြောင်း၊ နောက်မှ ၀င်ရောက်လာသော ကချင်တို့နှင့် နယ်လုစစ် ပွဲများ ဖြစ်ပွားရခြင်းကို ရှောင်လိုသည်က တစ်ကြောင်းတို့ကြောင့် တစ်ချို့သည် အာသံသို့လည်းကောင်း၊ အချို့ နိမ်ပြင်တွင်လည်းကောင်း ရောက်ရှိသွားကြသည်ကို ဖော်ပြခဲ့ပြီးဖြစ်သည်။ အချို့မှာ ကင်းတော်၊ တာရိုးနှင့် ယခု ခန္တီးဒေသသို့ ရောက်ရှိလာကြသည်။

ရှေးခေတ်သျှမ်းစာဖြင့် ရေးသားထားသော ပုရပိုဒ်တစ်ခုတွင် AD (၁) ရာစုလောက်က လုံဂျိန်းသျှမ်းနွယ် ၀င် မျိုးနွယ်စု (၅၀၀)သည် ဟူးကောင်းလွင်ပြင်ဒေသမှ ရောက်ရှိလာပြီး ယခု သလ္လာဝတီ (ခမေ့်တု,လူင်း) အ ထက်တစ်နေရာရှိ ရွေလောင်းဘုရားအနီး ဆေးတံချောင်း (၈ှူရ၁်,မေု,ယု,) (၈ှူရ၁်;မေု;ယု;) ခေါ် ချောင်းတစ်ခု ကို အမှီပြုနေထိုင်ကြသည်။

 ထို့နောက် ရွာသစ်ငါးရွာကို တည်ထောင်သည်။ ရွှေလောင်း (လွင်းခမ်း) ဟုခေါ် သော ရွှေလှေပုံသဏ္ဍာန်ရှိ ရွှေလောင်းစေတီကို ယခု သလ္လာဝတီမြစ်တစ်နေရာတွင် ဖူးတွေ့ရဆဲဖြစ်သည်။

ကာလကြာလာသည်နှင့် အမျှ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးလာသည့်အတွက် ဗုဒ္ဓဘာသာဝင် ချင်းအမျိုးသား ဦးခဲပယ်က ဦးဆောင်၍ (၁၈)ရာစုလောက်က ရွှေလောင်းစေတီတော်မြတ်ကို အမှီပြု၍ တည် သော ရွာငါးရွာဖြစ်သောကြောင့် လောင်းမိတ်ငါးရွာ (လွင်းခမ်း၈ှု.မ၊ခေ်;) ဟုခေါ်ကြောင်း ဖော်ပြထားသည်။
ယင်းဆေးတံချောင်း ပတ်ဝန်း ကျင်ဒေသဖြစ်သော ယခု ဟုမ္မလင်းမြို့နယ်၌ ပါဝင်သည့် မိုင်းဝယ်၊ နောင်ပင်၊ အုံးဘက် (မိုင်းဝဲ၊၊ ခွေင်းပ၊င်၊ ကုမ်,ပဂ်,) ရွာများရှိ ရှေးဘိုးဘွားများ ပြောပြချက်အရ၊ ဆေးတံချောင်း ၀န်းကျင်တွင် ကြာပွင့် ခံမြေ ဆေးတံအိုးများ၊ ခနောက်ခံမြေ ပေါင်းအိုးများ ရရှိဖူးကြောင်း သိရသည်။ ယခုတိုင် သလ္လာဝတီအတွင်း မြစ် ရေကျချိန် သဲသောင်တစ်လျှောက်တွင် မြေဆေးတံအိုးများကို တွေ့ရတတ်သေးသည်။

ရှေးခန္တီးစော်ဘွား အဆက်ဆက် ကိုးကွယ်ခဲ့သော မောက်ကလွန်ဘုန်းတော်ကြီး ရေးသားသည့် “မောဝ် နောင်ယန်းနှင့် နန်းခမ်းကော်” ဟူသော ဖြစ်ရပ်မှန် သျှမ်းဇာတ်လမ်း၏ နိဒါန်းတွင် ထိုရွှေလောင်း မိတ်သား ငါးရွာ (လွင်းခမ်း၈ှု.မ၊ခေ်;)၏ အမည်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။

၁။ မန်လီဆန်းဟုံရွာ (မ၊ခေ်;လီသ၊ခေ်း၈ှူင်) သာယာစိုပြေသောရွာ
၂။ နောင်ယန်းရွာ (မ၊ခေ်;ခွေင်ယ၊င်း) ဗျိုင်းပျော်သော အင်းရှိသည့်ရွာ
၃။ ပတောင်ရွာ (မ၊ခေ်;ပေ;တွင်,) တောင်ကို ဦးတိုက်နေသောရွာ
၎။ ပလဲရွာ (မ။ခေ်;ပေ;လွဲ) တောင်ဘေးတစ်လျှောက်တည်သောရွာ
၅။ စကုရွာ (မ၊ခေ်;r၀ု.နူ,) (မ၊ခေ်;r၀ု.နူ;) စတင်တည်သောရွာ။
ဖော်ပြပါ ရွာငါးရွာကို တစ်ရွာလျင် မိသားစု/အိမ်ခြေတစ်ရာ အထိမ်းအမှတ်စေတီ တစ်ဆူနှင့် အတူ တည်ခဲ့ကြခြင်းဖြစ်သည်။

 နောင်ယန်းရွာသား ခွန်နောင်ဆောင် (ခေါ်) မောဝ်နောင်ယန်းနှင့် စကုရွာသူ နန်းခမ်း ကော်တို့၏ မေတ္တာဇာတ်လမ်း (မ၊၀်,ခွေင်ယ၊င်း တင်း ခေ၊င်းနမ်းဂေု,)ကို သလ္လာဝတီမြစ်ကမ်းနေ သျှမ်းတို့ ယနေ့တိုင် ပြောဆို လွမ်းဆွတ်နေကြဆဲဖြစ်ပေသည်။

ထိုရွာငါးရွာကိုလည်း သလ္လာဝတီမြစ်ဘေး တစ်လျှောက်တွင် ယနေ့တိုင် မြင်တွေ့ ရဆဲဖြစ်ပါသည်။   စေတီငါးဆူကိုလည်း ဖူးတွေ့နိုင်သေးသည်။

၁။ မန်လီဆန်းဟုံရွာ (မ၊ခေ်;လီသ၊ခေ်း၈ှူင်) ယခု မန်လီရွာ
၂။ နောင်ယန်းရွာ (မ၊ခေ်;ခွေင်ယ၊င်း) ယခု နောင်ရင်းရွာ
၃။ ပတောင်ရွာ (မ၊ခေ်;ပေ;တွင်,) ယခု မောင်ခမ်းရွာအထက် သလ္လာဝတီအရှေ့ကမ်း
၎။ ပလဲရွာ (မ။ခေ်;ပေ;လွဲ) ယခု ကောယားရွာအထက် သလ္လာဝတီအရှေ့ကမ်း
၅။ စကုရွာ (မ၊ခေ်;r၀ု.နူ,) (မ၊ခေ်;r၀ု.နူ;) ယခု မောင်းခမ်းအုန်းပင်ကုန်းရွာ အောက် သလ္လာဝတီအရှေ့ကမ်း နေရာများတွင် ဖြစ်ကြသည်။

ထုတ်နုတ်

စိုင်းထိန်လင်း - ညီလာခံစာတမ်း
စိုင်းဆေးနွမ် (ဟုမ္မလင်း)ရေး  ဟူးကောင်း သလ္လာ မြစ်ဧရာ သျှမ်းမျိုး နွယ်စု

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"