koko

koko

Tuesday, September 25, 2012

သမိုင်းထဲက သောင်သွပ်

သောင်သွပ် သောင်သွပ်ဟူပြောလျှင် တောင်ပေါ်က သွပ်မိုလေးလားဟု ယနေ့သျှမ်း လူငယ်များ မေးကြပေလိမ့်မည်။ စိတ်မကောင်းစရာမှာ သျှမ်းဟုပြောသံကြားလိုက်ရင် လူတိုင်းလိုလို ယနေ့သျှမ်းပြည်ကိုပဲ   ပြေးမြင်ကြပေလိမ့်မည် မလွဲပေ သမိုင်းတခေတ်ရဲ့ အပြာင်းအလွဲမှာ အကွက်အရွေ့မှားလို့ စားခံလိုက်ရတဲ့ကျားပါ …

BC- 800 ဂေါဓမ ဘုရားမပွင့်မှီ နှစ်ပေါင်း (၃၀၀) လောက်ကတည်းက   သောင်သွပ်ဒေသတွင် လူနေအိမ်ခြေများ ရှိနေကြောင်း။ မဇ္ဈိမဒေသ ရာဇဂြိုဟ်တွင် အဇတသ စိုးစံစဉ် သျှမ်းစော်ဘွား သိုဟိုဘွား (သိုငန်ဘွား) မှ တည်ထောင် ခဲ့ပြီး မြို့အမည်ကို သျှမ်းဘာသာဖြင့် စဲကော် (စီးကော်)ဟု ခေါ်ဆိုခဲ့ကြောင်း၊ ထို့နောက် ဝေသာလီပြည်ကို အသောကမင်း အုပ်စိုးချိန် (သာသနာနှစ် ၁၁၀) နှင့် စီးကော်တွင် စိုးစံသည့် သိုခံဘွားက မြို့ကို မြောက်ဘက်သို့ ရွေ့ခဲ့ပြီး (စဲဆာ) အမည်ဖြင့် စိုးစံခဲ့ကြောင်း သိရသည်။
( ဒေါက်တာ တိုးလှ မကွေးတက္ကသိုလ် သမိုင်းပါမောက္ခ )

သီရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ထိုဒေသ၌ စော်ဘွား အဆက်ပြတ်နေချိန် ဂေါမုဏ္ဏ သူဌေးသားကို စော်ဘွားအရာပေးအပ်ပြီး (စဲဆာ) မြို့နိုက် ဂေါမုဏ္ဏ မြို့ဟု အမည်ပေးပြီး အုပ်ချုပ်စေခဲ့ပါသည်။  (ချင်းတွင်းမြစ်သာမှုး ဧရာ စာမျက်နှာ ၂၁၀ )
ကုန်းဘောင်ခေတ်ဦးပိုင်းတွင် သောင်သွပ်  စော်ဘွားနယ်သည် အပြင်သောင်သွပ် (၄) မြို့အတွင်း သောင်သွပ် (၄)မြို့ရှိတဲ့ အကြောင်းသိရသည်။ ( ဘားမားဂဇက်တီးယား ၁၇.၆.၁၁)

“သောင်သွပ်”ဟူသော် ဝေါဟာရကို စိစစ်သော် လတ္တီတွဒ် ၂၄ံ၃၁’နှင့် ၉၃ံ၎’ တွင် Thap or Old Samjok ဟူသော အရပ်တစ်ခုကို တွေ့ရှိနိုင်သည်။ Thap သည် Stockade (သစ်တပ်)ဖြစ်ပြီး မဏိပူရ (ကသည်း) ဘာသာဖြင့် Samjok ဖြစ်သည်။ ယင်းကို သျှမ်းအသံဖြင့် Saung Sup ဟုခေါ်ဆိုကြရာမှ ယနေ့တိုင် “သောင်သွပ်” ဟု တွင်နေတော့သည်။ တနည်းအားဖြင့် သောင်သွပ်မြို့သည် သျှမ်းလို ဆောင်သွပ့် ဟူသော ဝေါဟာရမှ ကာလကြာရှည် လာသောခါ   သောင်သွပ်ဟု ပြောင်းလည်းလာခြင်း ဖြစ်သည်။ “ ဆောင် သည် သျှမ်းလို နှစ် ဖြစ်ပြီး၊ သွပ် သည် ပါစပ်”   ဖြစ်သည်။ “ ပါစပ်နှစ်ပေါက်မြို့” ဟုအဓိပ္ပါယ် ရပါသည်။ ဤသို့ ဆောင်သွပ့်ခေါ် သောင်သွပ်မြို့ကို   စော်ဘွားအဆက် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့ပေသည်။

သောင်သွပ်စော်ဘွားနယ် သမိုင်းကို ကုန်းဘောင်ခေတ်ဦး ပိုင်းကစရလျှင် ကုန်းဘောင်မင်း ဦးအောင်ဇေယျ လက်ထက်တွင် တည်ရှိနေခဲ့သည့် ဂေါမုဏ္ဏ  (ခေါ်) သောင်သွပ်မြို့ ဟောင်းဖြစ်သည်။ Burma Gazetter Upper Chin District Volume – A – Kin Date 17 th June 1911 Garnt Brown  ICS Chapter (11), Page (8) မှ ဘာသာပြန်ထားချက်အရ သောင်သွတ် (၄)မြို့မှ တတိယသည် ကုန်းဘောင်ခေတ်ဦးတွင် ပျက်သုန်းခဲ့ပြီး စတုတ္ထမြို့ကို တည်ထောင်ခဲ့သူမှာ စော်ဘွားစောခမ်းဟို ဖြစ်ကြောင်းတွေ့ ရပါသည်။ (အပြည့်စုံသိရှိလိုက မြက်ခင်းသစ် မဂ္ဂဇင်း ၁၉၉၃ ခု စက်တင်ဘာ ဖတ်ရှုရန် )

AD- 1752 , 1760 အလောင်းဘုရာ ဦးအောင်ဇေယျသည် အင်းဝ မိုးညှင်းတရားကြီး၏ ညီတော် ပြည့်စုံမင်း၏ အဆက်အနွယ်တော်ဖြစ်သည်။ (ဦးဖိုးကျား ခေတ်မှီ မြန်မာရာဇာဝင် အကျဉ်း) 

အလောင်းမင်းတရားသည် သက္ကရာဇ် ၁၁၂၀ ခုနှစ်တွင် ဂေါမုဏ္ဏ သောင်သွပ်မြို့ အား မဏိပူရကသည်းများက တိုက်ခိုက်သိမ်းယူပြီး စော်ဘွားစောခမ်းဟိုအား သစ္စာခံစေ၍ ထားခဲ့စဉ်   ဂေါမုဏ္ဏမြို့ကို    တိုခိုက်သိမ်းယူပြီး စောခမ်းဟိုအား အလောင်းဘုရား တပ်ဦးမှအမှုထမ်းစေကာ ကသည်းပြည်တွင်းသို့ ဆက်လက်ချီတက် တိုက်ခိုက်ရာ အောင်မြင်မှု များစွာရရှိခဲ့သည်။ ကသည်းများအထိခိုက် အသကြေအများဆုံး ဆုံးရှုံးခဲ့ရကြောင်းနှင့် နောင်ကျဉ်အောင် ကလေးများကို မောင်းဆုံထဲတွင် ထည့်ထောင်းခဲ့ကြောင်းကို မှတ်တမ်းတွင် တွေ့ရသည်။ (သောင်သွတ်သမိုင်း ၁၃- ၁၄)

ထို့နောက် ဦးအောင်ဇေယျသည် ကသည်းများကို နှိမ်နှင်းပြီး နေပြည်တော်သို့ အပြန်တွင် တိုက်ရည် ခိုက်ရည်ကောင်းလှသည့် သောင်သွတ်စော်ဘွား စောခမ်းဟိုအား မိသားစုများနှင့် ခေါ်ဆောင်၍   နေပြည်တော် အမှုထမ်းစေခဲ့ပါသည်။ (ချင်းတွင်းမြစ်သာမှုးဧရာ စာမျက်နှာ)
ဦးအောင်ဇေယျသည်  ယိုးဒယားသို့ချီတက်ရာတွင် စော်ဘွားစော်ခမ်းဟိုအား သောင်သွပ် စော်ဘွားနယ်မှ စစ်သည်အင်အား (၁၀၀) ဖြင့် စစ်ဦးမှ ထမ်းဆောင်စေခဲ့သည်။ စော်ဘွားစော်လမ်းဟိုသည် လက်ရုံးရည် နုလုံးရည်ဖြင့် ပြည့်စုံသော စော်ဘွာကြီးပင်ဖြစ်သည်။

စော်ခမ်းဟိုသည်။ ယိုးဒယားမှအပြန် စစ်ကိုင်းတွင် ကံတော်ကုန်ခဲ့သည်။ ယင်းနောက် စောခမ်းဟို၏   မြစ်ဖြစ်သူ စောထီးလှိုင် လက်ထက်တွင်မှုလက်ရုံးရည်၊  နှလုံးရည် ညံ့လွန်းသဖြင့် နန်းဆက်တိမ်းပါး ယိမ်းယိုင်ခဲ့သည်။

AD-1781, 1819 ဘုကြီးတော်ဘုလက်ထက် စော်ဟော်ငွားအား နယ်မြေထိန်းသိမ်းရန် သောင်သွပ်စော်ဘွား အဖြစ်ခန့် အပ်ပေးခဲ့သည်။ စော်ဟော်ငွားလက်ထက် အသည်းလူမျိုးများ နယ်တော်တွင်း ကျူးကျော်၍ အခွန်တော် ကောက်ခံကျက်စားနေ၍ စော်ဘွားစော်ဟော်ငွားသည် ရွှေဘိုမင်းနှင့်အတူ ရွပ်ရွပ်ချွံချွံ   အောင်မြင်တိုက်ခိုက်ခဲ့သော်လည်း ကသည်းပြည်မှ အပြန် ကသည်း ပြည်မလိမ်စွေပူ   တောင်ကြား၌ ကံတော်ကုန်ခဲ့သည်။ ဤစစ်ပွဲတွင် နောင်တော်ကြီး   စော်ဟော်ရွက်သည်လည်း စစ်ကျွံ၍ မဏိပူရကသည်း ပြည်တွင် ကသည်းတို့ ဖမ်းဆီးအသတ်ခံခဲ့ ရပါသည်။ (သောင်သွပ်သမိုင်း)
 

မောရိယရာဇာများ ဖြစ်ခဲ့ကြသည့် စော်ဘွားကြီး စောလိပ်ခန်းနှင့် စောအောင်ဖါတို့သည်လည်း ကသည်းကုလားတို့ကို တိုက်ခိုက်ရာ ဥရု၊ မှန်ပင်၊ ခန္တီး၊ မိုင်းကိုင်နှင့် ကင်း(၁၃) ရွာ၊ မြင်စဉ် (၇) ရွာတို့မှ စစ်သည်အင်အား (၁၇၀၀)တို့ဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။ (ချင်းတွင်းမြစ်သာမှုးဧရာ စာမျက်နှာ)
တတိယမြန်မာ့နိုင်ငံ တည်ထောင်ခဲ့သော အလောင်းမင်းတရား ဦးအောင်ဇေယျ၏ နိုင်ငံတော် တည်ဆောက်ရေးတွင် သုနာပရန္တတိုင်းနှင့် ယောနကတိုင်း ခေါ်   သောင်သွပ်သည် မြန်မာတနိုင်ငံလုံး၏ အရေးပါဆုံး နိုင်ငံရေး ဗဟိုအချက်အခြာ ဖြစ်ခဲ့ကြောင်း မှတ်တမ်းတင် ဖေါ်ပြခဲ့သည်။ (ဗိုလ်ချုပ်လှမြင့်ဆွေ အနောက်မြောက်ပိုင်းတိုင်း)

AD- 1852 , 1878 မင်းတုန်းမင်းလက်ထက် စော်ဟောငွား၏ မြေးတော်သူ   စောရွှေမောင်အား      အဆောင်အဟောင်များပေးပြီး စော်ဘွားအရာ အပ်နှင်းကာ စော်ဘွားအဖြစ် အုပ်ချုပ်စေသည်။   စောဘွားကြီးစော်ရွှေမောင်သည် သက္ကရာဇ် ၁၂၂၀ ခု နယုန်လတွင် မိမိ၏နယ် သရောင်းကွင်းမှ ဆင်ဖြူတော်ငယ် တကောင်ကို မင်းတုန်းမင်းအား ဆက်သရာ စောရွှေမောင်အား မဟာမောရိယ၀ံသ သုဓမ္မရာဇာဘွဲ့ နှင့် မိဖုရားကြီးအား မဟာဒေ၀ီဘွဲ့ကို အပ်နှင်းခဲ့သည့်အပြင် စန္ဒား (၅) ရွာ၊ မြစ်စဉ်(၇)ရွာ၊ သညစ်(၆)ရွာ၊ ကင်း(၁၃)ရွာ၊ ရွှေ(၁၆)ရွာတို့ကို ပိုင်စားစေခဲ့သည်။ (ဘာားမားဂဇက်တီးယား)
 စော်ရွှေမောင် ဟော်နန်းဆက်သည် 1834 ,1880 ထိဖြစ်ကြောင်းသိရှိရသည်။ ( သောင်သွပ်နန်းမြို့မှတ်တမ်း (စာ-21,25 ထိ )

AD- 1878 , 1885 သီပေါမင်းလက်ထက် စောရွှေမော် ကံကုန်တော်မှုပြီး နန်းတွင်းရေး ရှုပ်ထွေးမှုကြောင့်   စော်ရွှေမောင်၏သားတော်နှစ်ပါး စောနေခမ်းစောမွန်ခင်မွန် သားကြီး စောနေခမ်း သည် မင်းထင်သီဟစည်သူဘွဲ့ကို ခံယူပြီး သောင်သွပ်တွင် နန်းစံတော်မှုကြောင်း တွေ့ရှိရသည်။ (သောင်သွပ်နန်းမြို့မှတ်တမ်း စာ-26)

--= သောင်သွပ်စော်ဘွားကြီး စောဝ်တွန်နှင့် မဟာဒေ၀ီ နန်းသူဇာ (၀န်းသိုစော်ဘွား စ၀်အောင်မြတ်၏ ညီမတော်)

အင်္ဂလိပ်ကိုလိုနီခေတ် စော်ဘွားကြီးနေခမ်းအား  ဖေါင်းပြင်မြို့ ရခိုင်လူမျိုးနယ်ပိုင် ၀န်ထောက် ဦးမြတ်ထွန်း လက်ထက် ဗိုလ်ရှုသဘင် အခမ်းနားတွင် ဗြိတိသျှ အစိုးရမှ   ငွေကျည်တောက်နှင့် ထဲ့ထားသော စော်ဘွားခန့် အပ်လွှာ အပြင် ကျက်သရေဆောင် စလွယ် နှင့် (KSM)ဘွဲ့ကို   ပေးအပ်ခဲ့သည်။

AD- 1928 ခုနှစ်တွင် စော်ဘွား စောနေခမ်း၏ ညီတော်   စောတွန်သည် စော်ဘွားဖြစ်လာပြီး တုံဟဲ၊ နန်းသညစ်၊   သောင်သွတ်တိုတွင် မှုလတန်းကျောင်းများ ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပြီ။ သောင်သွတ် နန်းမြို့တွင် အလယ်တန်း ကျောင်းထိ သင်ကြားပေးနိုင်ကြောင်း   တွေ့ရှိရပါသည်။  ( သောင်သွပ်နန်းမြို့မှတ်တမ်း (စာ-39)
စော်ဘွားကြီးစောတွန် ကွယ်လွန်ပြီးနောက် သားတော် စောခွန်ဆောင်ကမိုင်ဘ၀ မှ စော်ဘွားအဖြစ် ဆက်ခံဆောင်ရွက်ခဲ့သည်။

စော်ဘွားပိုင် နယ်များဖဲ့ထုတ်ခံရမှု မှတ်တမ်း

အင်္ဂလိပ် ကိုလိုနီ ကုလာဖြူများသည် မြန်မာနိုင်ငံအား သိမ်းပိုက်ပြီးနောက် တောင်ပေါ်နဂအမျိုးသား နယ်မြေများကို 1896 ခုနှစ် ချင်းတောင်တန်း ဥပဒေ ( The Chin Hills Regulation 1986 ) ထုတ်ပြန်   ကြေညာအုပ်ချုပ်ခဲ့ပြီး သောင်သွပ်နှင့် ခန္တီးစော်ဘွားနယ်အား (The Hsawnghusup and Singkling Khamti Aet , 1926 ) သောင်သွပ်နှင့် ဇင်္ဂလိန်း ခန္တီးဥပဒေ ကြေညာထုတ်ပြန်၍ အုပ်ချုပ်ခဲ့သည်။
အင်္ဂလိပ် ကိုလိုနီကုလာဖြူများသည်  ခန္တီးစော်ဘွားနယ်အား အထက်ချင်းတွင်းခရိုင်မှ ခွဲ၍ တောင်ပေါ်   ဒေသအပါဝင် နာဂတောင်တန်းခရိုင်အဖြစ် 1939 ခု၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် စတင်ဖွဲ့စည်း အုပ်ချုပ်ခဲ့ပါသည်။

နောက်ဆုံး သောင်သွပ်စော်ဘွားကြီး စောဝ်ခွန်ဆောင်း နှင့်ဇနီ မဟာဒေ၀ီ နန်းမယ်အိမ်

1940 ခုနှစ်တွင် စောမြစိန်အား စောဘွားအဖြစ်ခန့်အပ်သည်။ စောမြစိန်သည်  (၁၃) ဆက်မြောက်   စောဘွားဖြစ်သည်။ 1941 ခုနှစ် မေလ (၂၁) ရက်နေ့တွင် ဒုတိယုကမ္ဘာစစ်ကြောင့် အိန္ဒိယနိုင်ငံသို့      ဗြိတိသျှမဟာမိတ် တပ်များနှင့်အတူ  တိမ်းရှောင်သွားခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုများ

1946 ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ ချုပ်ကြီး၏ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပြည်နယ်ပြည်မ မခွဲခြားဘဲ တစ်ခုတစ်စည်း ဆန္ဒရှိကြရေးအတွက် (မေမြို့ အင်ကွာရီ) အစည်းဝေးတွင် ခန္တီးနယ်မှ စော်ဘွားကြီး စောမြစိန်နှင့်အတူ ကုန်သည် ဦးဘိုးရ (ဦးသန်းဆိုင်၏ဖခင်) တက်ရောက်ခဲ့ပြီး သောင်သွပ် စော်ဘွား ဦးစောခွန်ဆောင်း မှာ အစည်းဝေးမတက်ရောက်ဘဲ ကိုယ်စားလှယ်အဖြစ်  ဦးအုန်းဖေနှင့် အုန်းမောင်သန်းတို့ စေလွတ်ကြောာင်းသိရသည်။ (မြို့နယ်သမိုင်း စာ- ၇၆)

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ ချုပ်ကြီးနှင့်အတူ ခန္တီး စော်ဘွားနယ်မှ စော်ဘွားကြီး ဦးစောမြစိန်၊ ဦးဘိုးချို၊ ကျောင်းဆရာ ဦးအောင်ပေါနှင့် ဦးလှဖေတို့ အပါဝင် ဟုမ္မလင်းမြို့နယ်မှ ဦးလှတင်၊ ဦးဘသာ၊ ဦးအောင်ဘ၊ ဦးဘချမ်း တို့ပါဝင်ပြီး သောင်သွပ် စော်ဘွားနယ်မှ ဦးဘချစ်၊ ဦးဖိုးထိန်တို့ဖြစ်သည်။ ခရိုင်အနေနှင့် ဦးအောင်ဘ ခရိုင်ဖဆပလ ဥက္ကဌ ဖြစ်ပြီး အတွင်းရေးမှုအနေနှင့် ဦးဘိုးချို ကဘဲ ဆောင်ရွက်ကြောင်းသိရပါသည်။ (ခန္တီးမြို့နယ် မှတ်တမ်း စာ-၇၆, ၇၈)

သောင်သွပ် ဟုမ္မလင်း နှင့်ခန္တတီး သျှမ်းမှတ်တမ်းသမိုင်း အရာများသည် သျှမ်းနီ ဘိုးဘေးတို့ ပါဝင်ပတ်သက်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်  ပေါ်ထွန်းရေး သမိုင်းမန်တိုင်းများပင်ဖြစ်သည်။

ကျားကွဲလို့ ခွေးစွဲမှုများ

1948 ခုနှစ် ဇူလိုင်လတွင် အစိုးရ၏ ဧည့်သည်တော်အဖြစ် နာဂအမျိုးသား (၂၄) ဦး ခန္တီးနယ်မှကိုယ်စားလှယ် (၂)ဦး ဟုမ္မလင်းသောင်သွတ် စော်ဘွားနယ်မှ ကိုယ်စားလှယ်(၂) ဦးတို့သည် အစိုးရ၏ ပူးပေါင်း   ဆောင်ရွက်ရေး အတွက် အစည်းအဝေးပြုလုပ်ရန်  ဟုဆိုကာ ရန်ကုန်မြို့သို့ တက်ရောက်ရန် ကိုရွှေ ဗမာများခေါ်ခဲ့ပါသည်။

ခန္တီးနယ်မှ ကိုယ်စားလှယ် နှစ်ဦးမှာ စော်ဘွားကြီး စ၀်မြစိန် လူထုကိုယ်စားလှယ် ခရိုင် ဖဆပလ ဦးဘိုးချို  သောင်သွပ်ကိုယ်စားလှယ်အဖြစ် စော်ဘွားကြီးစောခွန်ဆောင်း နှင့်စော်ဘွားကိုယ်စားလှယ် ဦးဘိုးနီ၊ လူထုကိုယ်စားလှယ် ဦးဘိုးထိန် ရန်ကုန်မြို့ အစည်းအ၀းတွင် ဖဆပလအဖွဲ့ချုပ် အတွင်းရေးမှူး   ဖြစ်သူ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက စော်ဘွားအုပ်ချုပ်မှုနယ်မြေများတွင် အရေးကြီးဆုံးအဆင့် (၂)ဆင့်ရှိကြောင့် တောင်တန်းနှင့် ပြည်မပူပေါင်းမှ ပြီးစီးကြောင်း စော်ဘွားအုပ်ချုပ်   ရေးအာဏာ စွန့်ပြီး တစ်ပြည် လုံးတပြေညီ ပူးပေါင်း၍ ဆိုရှယ်လစ်စနစ်ကို ချီတက်ရန် ရည်ရွယ်ကြောင်း စသည့်အချက်များကို အာဘောင် အာရင်းသန်စွာ ရှင်းပြရာတွင်  ခန္တီးနှင့်သောင် သွပ်စော်ဘွားနယ်မှ စော်ဘွားများနှင့် လူထု ကိုယ်စားလှယ်များမှ သဘောတူလက်ခံကြောင်းကို လက်မှတ်ရေးထိုး ပေးခဲ့ရကြောင်း သိရှိရသည်။

ထိုအချက်ကို ထောက်ရှု့ခြင်းအားဖြင့် သျှမ်းစော်ဘွားများသည် ဖယ်ဒရယ်ပြည်ထောင်စု စနှစ် ကိုလိုလားကြောင်း သိတာထင်ရှားသည်။

1952- ခုနှစ် စက်တင်ဘာလွင် ခန္တီးသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုရောက်ရှိလာစဉ် ဦးလှဖေ   ခေါင်းဆောင်သည့် (၁၁) အဖွဲ့သည် ခန္တီးစော်ဘွား အုပ်ချုပ်မှုအောက်တွင် နယ်မြေမဖွံ့ဖြိုး မတိုးတက်   ကြောင်း   ပြည်ထောင်စုအစိုးရ အုပ်ချုပ်မှုအောက်တွင် နေလိုကြောင်း တောင်းဆို ဆန္ဒပြုကြည်ဟု မှတ်တမ်းတွင် တွေ့ရှိရပါသည်။  (ခန္တီးမြို့နယ် မှတ်တမ်း စာ- ၇၈) 

1952- ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှ စ၍ ခန္တီးစော်ဘွား စောဝ်မြစိန်သည် စော်ဘွားအာဏာကို စွန့်လွတ်ခဲ့ရသည်။ 1952- ခုနှစ် နိုဝင်ဘာ (၃၀)ရက်နေ့မှ သောင်သွပ် စော်ဘွားကြီး စောခွန်ဆောင်း စ၍ အာဏာစွန့် လွတ်ကြောင်းသိရှိရပါသည်။

အထက်ပါသမိုင်းများအရ ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆ , ၁၂ ) ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များပါဝင်သည့် တောင်တန်းပြည်မ ပူပေါင်းရေး တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သော ပင်လုံညီလာခံကြီးဟု  မြန်မာ့သမိုင်းတွင် ဖေါ်ပြလေ့သည်။ စင်စစ်မှာ တိုင်းရင်းသားများထဲတွင် သျှမ်းပြည်နယ် သျှမ်းစော်ဘွားများ၊ ကချင်ဒူဝါ ၊ ချင်းခေါင်းဆောင်များသာ ပါဝင်ခဲ့ပြီး။ မွန်၊ ရခိုင်၊ ကရင်ခေါင်းဆောင်ကြီးများနှင့် သျှမ်းနီစော်ဘွားများ မပါဝင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

ပင်လုံ မိန့်ခွန်းမြွတ်ကြားချက်
ကျွန်ပ်တို့ သျှမ်း၊ ကချင်၊ ချင်း တောင်ပေါ် တိုင်းရင်းသားများဟာ အင်္ဂလိပ်နယ်ချဲ့စနှစ်အောက်က လွတ်မြောက်ဖို့ ဗမာပြည်မနှင့် ပူးပေါင်းသွေးစည်း နေကြရပေမည်။    ဟိုးရှေးရာဇာဝင်ကအဖြစ် အပျက်တွေကို သတိရပြီး ဗမာတွေဟာ တို့ထက်ပိုပြီး လူလည်များတယ် ညာဏ်လည်းသာတယ် သည်တော့ တနေ့နေ့မှာ မတော်တဆများ တို့ကို လူမျိုးငယ်ဆိုပြီး ဖိနှိပ်စော်ဘားလုပ်များ နေမလားဆိုပြီး ဓမ္မတာအတိုင်း တထိတ်ထိတ် တွေးပူစိုးရိမ်လျက်ရှိကြပါတယ် မဖြစ်ရပါဘူး.... (သခင်မြ သာယာဝတီ ကျေးလက်တောင်ပိုင်း)

ကျွန်ပ်တို့သဘောကတော့ ရိုးရိုးနဲ့ခပ်ရှင်းရှင်းဘဲ လောလောဆယ် အင်္ဂလိပ်ကျွန်ဘ၀က လွတ်ချင်တယ် သည်လိုလွတ်ရေးရဖို့ ဗမာနဲ့ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ်ဆိုပြီး ယုံကြည်လို့ ယခုဒီလွှတ်တော်မှာ   ရောက်လာ ကြပါတယ်။ (သြဘာသံများ ) ဒါပေမယ့် အင်္ဂလိပ်ကျွန်ဘ၀က လွတ်ပြီး ပုခုံးပြောင်းအဖြစ် ဗမာတွေရဲ့ ကျွန်ဖြစ်သွားမှာကိုလည်း မလိုချင်ပါဘူး (သြဘာသံများ) ကျွန်န်ပ်တို့ အင်မတန်မြတ်နိုးတဲ့ တန်တူအခွင့်အရေး ကိုယ်ပိုင်ပြဌာန်းခွင့် ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်တွေကိုများ ထိပါး ကျူးကျော်ပြုလေ မလားလို့လည်း တထင့်ထင့်ဖြစ်မယ် ဆိုလျှင် ဓမ္မတာအတိုင်း ကျွန်ပ်တို့ မလွန်လူးလို့ထင်ပါတယ် မတော်တဆ ဒီလိုမဖွယ်မရာ၊ မတရားမှုတွေများ ဖြစ်ပေါ်လာလို့ရှိရင် အားနည်းတဲ့ဘက်က အစဉ်နေလာတဲ့ သခင်နုဟာ တရားလမ်းမှန်အတိုင်း ကျွန်တို့ဘက်က ရွပ်ရွပ်ချွံချွံ ကာကွယ် ပေးနိုင်လိမ့်မယ်လို့   မျှော်လင့်အားထားပါတယ် (သြဘာသံများ)... ညောင်ရွှေစော်ဘွားကြီး စောဝ်ရွှေသိုက်

ထိုမိန့်ခွန်းနှင့် ပတ်သက်၍ ရပလ အဖွဲ့ ခေါင်းဆောင်များသည် ပင်လျှင် စော်ဘွားကြီး စောဝ်ရွှေသိုက် အမြင်ကျဉ်းမြောင်းသော လူမျိုးရေးစိတ်ဓါတ်ရှိသည်။ ထိုခေတ် သျှမ်းလူငယ်ကျောင်းသား နှင့် လူထုကိုယ်စားလှများ ကြား ပြောဆိုသံများထွက်ပေါ်လာခဲ့သည်။  အားလုံးကိုခြုံငုံလျှက် တိုင်းတိပ်တောင်းယူအေ့ ..

အနောက်ဘက် ကျားများလည်း ဟိန်းနိုင်ကြပါစေ အရှေ့ဘက်ကျားများလည်း ခဲနိုင်ကြပါစေ.



ပင်လုံမှလာသော မီးပွား မကြမှီ ရေးမည်



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်