koko

koko

Sunday, September 16, 2012

ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးနေသော ရွှေမြို့တော်

ဧရာဝတီမြစ်ဝှမ်းနှင့် သျှမ်းမျိုးနွယ်စုများ ပထ၀ီအနေ အထား  အရ ဧရာဝတီမြစ်ဝှမ်းနေ သျှမ်းမျိုးနွယ်စုများသည် အနောက်ဘက် ဟူးကောင်း (၈ှူဝ်ဂွင်း) တောင်ကြားကို ဖြတ်ကျော်၍ သလ္လာဝတီမြစ် ကို ဖြတ်ကူးလာသော မျိုးနွယ်စုများနှင့် အရှေ့ဖက် တာ ပိန် ရွှေလီလမ်းမှ ၀င်ရောက်လာသော မျိုးနွယ်စုတို့   ပေါင်းစည်း   နေထိုင်ရာ  အရပ်ဖြစ်ပေသည်။
ဧရာဝတီမြစ်ကို မောသျှမ်းတို့က နမ့်ကျို (ခမေ့်ဂီဝ်း/ ခမေ့်ဂီဝ်;/ခမေ့်ဂျူဝ်) ဟုခေါ်ကြသည်။ ခမေ့် = ရေ၊ ဂီဝ်;= ကျောက်မျက်ရတနာ၊ “ကျောက်မျက်ရတနာမြစ်” ဟု အဓိပ္ပါယ်ရသည်။

အလွန်ရှေးကျသော မိုးမိတ်ရာဇ၀င်တော်ကြီးတွင် သျှမ်းတို့နေထိုင်ရာ (တု,ဂွင်း) ယခု တကောင်းသို့ အဘိရာဇာသည် BC ၃၅၀ ခန့်တွင် ၀င်ရောက်လာပြီး သံဃာရဋ္ဌမြို့ (တကောင်းမြို့)ကို တည်ခဲ့သည်။
တဖန် နောင်နှစ်ပေါင်း (၃၅၀)ခန့်တွင် ဇေယျရာဇာသည် မိုင်းနိုင်း (မိုင်းခေဲ/မိုင်းလရ၁်) ခေါ် မိုးလဲနှင့် တာပိန် နှင့် ဧရာဝတီဆုံရာ ကောင်းစင်အရပ်တွင် စမ္ပါနဂိုရ်ပြည်  တည်ထောင်၍ ဒေသခံသျှမ်းများကို အုပ်ချုပ် မင်းလုပ်ခဲ့သည် ဟု ဖော်ပြထားသည်။

မိုးညှင်းမြို့နယ်သမိုင်းတွင် သာသနာသက္ကရာဇ် ၉၃၇ (BC 330) ခုနှစ်ခန့်က ရာဇဂြိုဟ်ပြည့်ရှင်၊ နာဂဒါ သမင်း၏ သားတော် ဥပတိဿမင်းသားသည် ဧရာဝတီမြစ်ဝှမ်း၊ ကောက်ကွေ့ချောင်းပေါက်ဝ သို့   ရောက်ရှိ လာပြီး ကျခတ်မြို့ကို တည်ထောင်ကာ မင်းပြုခဲ့သည်။

ဥပတိဿ ကျခတ်မြို့တွင် နန်းစံစဉ် အရှေ့ဘက် စိမ်းဟိုတူ မြို့အပါအ၀င် မောသျှမ်း (၁၉)ခရိုင်ကို ရန်သူတို့ ၀င်ရောက်တိုက်ခိုက်သည်။ ထိုကြောင့် မောသျှမ်းတို့သည် ဧရာ ၀တီမြစ်ကို ကူး၍ ဥပတိဿထံ ခိုလှုံပြီး   ဒေသခံသျှမ်းတို့နှင့်အတူ နေထိုင်ကြသည်ဟု ဖော်ပြထားသည်။ ဤအချက်များအရ ဧရာဝတီ   မြစ်ဝှမ်းသည် စောစွာသော ကာလများကပင် သျှမ်းတို့နေထိုင်ရာ ဒေသ ဖြစ်ခဲ့ကြောင်း ထင်ရှားသည်။

ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးနေသော ရွှမြို့တော်

 စည်ခမ်း (သို့မဟုတ်) ရေအောက်ရောက် ရှေးဟောင်း သျှမ်းမြို့တော်ကြီးသည် ဌာနေသျှမ်းတို့၏
 ခိုင်မာသော သမိုင်းသက်သေအဖြစ်တည်ရှိရာ လောင်လုံစည်ခမ်းဟု ခေါ်သော တောင်ပေါ်ပင်လယ် အင်းတော်ကြီးကို ညွှန်ပြရပေမည်။ အဘယ်ကြောင့် ဆိုသော် စည်ခမ်းမြို့သည် သျှမ်းတို့၏ သမိုင်း၊ မြန်မာရာဇ၀င်သမိုင်းတွင် နေရာယူလျက်ရှိသော မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ် တို့ဆင်းသက်လာရာ အရင်းမူလ ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် စည်ခမ်းမြို့ကြီးသည် ယခုအချိန်တွင် အင်းတော်ကြီးရေပြင်အောက်တွင် ပျောက် ဆုံးနှစ်မြုပ် သွားရပြီဖြစ်သဖြင့် သမိုင်းအထောက်အထား လက်ဆုပ်လက်ကိုင် မပြနိုင်တော့သည်မှာ သျှမ်းမျိုးနွယ်စုတို့အဖို့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ရပ်ပင် ဖြစ်တော့သည်။

မည်သို့ပင်ဖြစ်စေ ဖော်ပြခဲ့ပြီးသော ကာလများထက်စော၍ BC ၃၀၀ မတိုင်မီကပင်  စည်ခမ်း မြို့ကြီးကို
ပြည်ရှင် ဥတ္တရစောဖြူမင်းက (အိမ်ခြေပေါင်း ကိုးသောင်းကိုးထောင်ကို နန်းမြို့တွင်း  ဗဟိုထားပြီး စိုးစံအုပ်ချုပ်သည်။)
အုပ်စိုးလျက်ရှိခဲ့သည်။ ၄င်း၏သားတော် ကျားဖြူမင်း (r၀၀်;သိုဝ် ငေိုဂ်,) လက်ထက်တွင် မိမိကိုယ်တိုင် ကျားအဖြစ် ဖန်ဆင်းနိုင်သော အစွမ်းသတ္တိ (Will Power) ရှိသည်နှင့် အညီ ကျားဖန်ဆင်း၍ တိုင်း ခန်းလှည့်လည် စောင့်ကြပ်လေ့ရှိသည်။

ထိုအချိန်တွင် အရှေ့ဘက် နန်ချို ဧကရာဇ် ဥတည်ဘွားနှင့် မိဖုရားကိန္နရာဒေ၀ီတို့တွင် မျက်စိနှစ်ကွင်း အလင်းမရသော သမီးတော်တစ်ပါး ဖွားမြင်၏။ ဘုရင်ကြီးသည် အရှက်ရသဖြင့် သမီးတော် နန်းမွန်း (ခေ၊င်း မုခေ်း) ကို ရွှေလီမြစ်ကြောင်းအတွင်း ဖောင်နှင့် မျှောစေခဲ့ရာ မိုင်းသုံတောင် (မိုင်းသုင်) တ၀ိုက်တွင် ကျက်စား နေသော ကျားဖြူမင်း (r၀၀်;သိုဝ်ငေိုဂ်,)က တွေ့ရှိ ဆယ်ယူခဲ့၏။ ဆေးဝါးကုသပေးသဖြင့် မျက်စိနှစ်ကွင်း အလင်းရပြီးနောက် ကျားဖြူမင်းနှင့် မင်းသမီးတော် နန်းမွန်းတို့သည် နှစ်ဦး မေတ္တာ သက်ဝင်ကြလျက် လက်ထပ်ပေါင်း နေထိုင်ခဲ့ကြသည်။

၎င်းတို့တွင် သားတော်သုံးပါး မွေးဖွားခဲ့သည်။
(၁) ခွန်ဟံ        = ဆေးကော်ဖ
(၂) ခွန်ရံ         = ဆေးဟုံဖ
(၃) ခွန်အွန်      = ဆေးကျံဖ  တို့ဖြစ်ကြသည်။
သားတော်သုံပါး အရွယ်ရောက်လာသောအခါ ခမည်းတော်မရှိခိုက် မယ်တော်၏ သားမြတ်ကို ကိုက်၍ မိမိတို့ ဘ၀ ဇစ်မြစ်ကို မိခင်အား မေးကြတော့၏။ အကြောင်းစုံကို သိရသော် ဘိုးတော် ဥတည်ဘွားထံ အမွေ တောင်းရန် မိုင်းမောသို့ ထွက်ခွာသွားကြသည်။

အကြောင်းကို သိသော် ဘိုးတော်ဥတည်ဘွားမင်းက ဓါး၊ စည်၊ ဆင် ပစ္စည်းသုံးမျိုးကို ပေး၏။ ဓါးနှင့်ပတ် သက်၍ အတိတ်နိမိတ်ကောင်း ဖြစ်ပေါ်ရာအရပ်တွင် အစ်ကိုကြီးက လည်းကောင်း၊ စည်နှင့် ပတ်သက်၍ အတိတ် နိမိတ်ကောင်းဖြစ်ပေါ်ရာအရပ်တွင် ညီလတ်က လည်းကောင်း၊ ဆင်နှင့်ပတ်သက်၍ အတိတ်နိမိတ်ကောင်း ဖြစ်ပေါ်ရာအရပ်တွင် ညီငယ်ကလည်းကောင်း မြို့နန်းသစ်တည်၍ စိုးစံနေထိုင်ကြရန် မိန့်တော်မူ၏။ ထို့နောက် မိုင်း မောနယ် မိုင်းတီး မိုင်းလား စန္ဒားတို့မှ သျှမ်းများကို   နောက်လိုက် နောက်ပါအဖြစ် ထည့်၍ မြေးတော်တို့ကို လာရင်းဒေသသို့ ပြန်လွတ်လိုက်၏။
ထိုသားတော်တို့ အတိတ်နိမိတ်ကောင်းအရ တည်ခဲ့သော မြို့သုံးမြို့သည် ယခုတိုင် အောက်ပါ အတိုင်း တည်ရှိနေဆဲဖြစ်သည်။

၁။ မိုးမိတ် (မိုင်းမိတ်;) = ဓါးမြောင်မြေသို့ စိုက်ရာမြို့။
(မိုင်း = မြို့၊ မိတ်;= ဓါးမြောင်)
၂။ မိုးကောင်း (မိုင်းဂွင်း) = စည်အသံမြည်သောမြို့။
(မိုင်း = မြို့၊ ဂွင်း/ဂွင် = စည်)
၃။ မိုးညှင်း (မိုင်းယ၊င်း) = ဆင်ဦးကင်းတွင် ဗျိုင်းဖြူနားရာမြို့။
(မိုင်း = မြို့၊ ယ၊င်း = ဗျိုင်း)

ထိုသားတော်တို့၏ နောက်မှ မွေးဖွားလာသော သားတော်ငယ်ကိုမူကား ခမည်းတော် ကျားဖြူမင်း (r၀၀်;သိုဝ်ငေိုဂ်,) ကိုယ်တိုင် ၀န်းသိုမြို့ (၀ီင်းသိုဝ်)ကို တည်၍ အမွေပေး အုပ်ချုပ်စေခဲ့သည်။

ထို့ကြောင့် ဧရာဝတီမြစ်ဝှမ်းတွင် မူရင်းဒေသခံ သျှမ်းများ၊ ရွှေလီမြစ်ဝှမ်း မိုင်းမောပြည်ထောင်စုမှ   ရောက်ရှိ လာသော သျှမ်းများ၊ သာကီဝင်မျိုးများ ယင်းတို့နှင့် အတူ ပါလာသော ဝေသာလီ သျှမ်းများတို့သည် တစ်ပေါင်း တစ်စည်းတည်း နေထိုင်ကြလျက် မြို့သစ်ရွာသစ် ဒေသသစ်များ ပျံ့ပွားဖြစ်တည်လာ ရတော့သည်။

မောသျှမ်းကိုးပြည်ထောင်တွင်
၁။ မိုးကောင်း (၉၉)မြို့
၂။ မိုးညှင်း (၃၇)မြို့
၃။ သောင်သွပ် (၂၈)မြို့
၎။ မိုးမိတ် (၄၉)မြို့
၅။ သိန္နီ (၄၉)မြို့
၆။ သီပေါ (၂၉)မြို့
၇။ မိုးနဲ (၃၇)မြို့
၈။ ညောင်ရွှေ (၃၉)မြို့
၉။ မိုးဗြဲ (၃၉)မြို့ ဟူ၍ ရာဇ၀င်တော်ကြီးများတွင် ရှိနေခဲ့သည်။ ကို ထောက်၍ အထက်ဖေါ်ပြခဲ့သော အထက်ပိုင်း သျှမ်းတို့သည် မိုးကောင်း၊ မိုးညင်း၊ သောင်သွပ်ဟူသော ပြည်ထောင်စုကြီးများကို အခိုင်အမာ တည်ထောင်ခဲ့ကြောင်း ထင်ရှားသိသာလှသည်။

သက္ကရာဇ် (၉၉၉) ခုနှစ် ရာဇာမဏိစူဠာစေတီ (ကောင်းမှုတော်)ကျောက်စာတွင်-

“ရွှေခွန်၊ သစ္စေးခွန် မွန်းတော်မူသည်တွင် သစ္စေးကို သစ္စေးတော် ဖြစ်စေ၍ သစ္စေး ဆက်ပွဲတော်မူသည့် ကာလ ၄င်းရွာနှင့် အပါအ၀င် (၂၄) ရွာတို့ကို တစ်ချိန်တည်း သစ္စေးတော်နှင်းပွဲ သည်။ ရွှေခွန်တော် (၄၁) ရွာပွဲ တော်မူသည်။ ကျောင်းလည်း (၄) မျက်နှာ ပွဲခတ်အလှုပ်တော်မူသည်တွင်လည်း သံဆက် (၂၄) ရွာ ပွဲတော်မူ၍ သံ၊ ရွှေ၊ သစ္စေး သုံးဦးသားတို့ကို  ၄င်းထံ တော်ဘုရားရှင်၌ အသုံးပြုတော်မူ၍   နောက်နောင် နန်းစဉ် ရွှေသိုက် ဖြစ်စေ၊ ဘုရားတည်ကာလ ၄င်းထံတော်တွင် ဘုရားရှင်အား သစ္စေးခွန်၊ သံခွန်၊ ရွှေခွန် အသုန်းလောက်စေဟူ၍ သုံးဦးသုံးရပ်ကို ပွဲတော်မူ၍ (၉၉၉) ခုနှစ် ခပ်သက်မင်္ဂလာ ပြုတော်မူသည်၌ သံတော်က ဓားစည်းနယ် နှင်းပွဲ တော်မူရာတွင် ” ဟူ၍ ရေးထိုး ထားသည်။



မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသို့မြို့တို့သည် မြန်မာ့ဇာရာဝင် သမိုင်းတွင် အဓိက နေရာပါဝင်လျှက်ရှိသည်။ အထူးသဖြင့် သျှမ်းမင်းဖြစ်သော သျှမ်းလို ဆေဟန်ဖှခေါ် သိုဟန်ဘွားသည် တဦးတည်းမဟုတ်ပဲ အထင်ကရ နာမည်တူ သုံးဦးရှိကြောင်းသိရသည်။
  နန်ချို သျှမ်းဧကရာဇ်မင်းဆက် (AD 650-1252 )   နှောင်း၌တစ်ဦး၊ မောသျှမ်းတိုင်းပြည် စယ်လန့် ဧကရာဇ်မင်းဆက် (AD 1300-1772 )” ၌တစ်ဦး၊ မိုးညှင်းမင်းတရားကြီး စ၀်စောလုံ၏သား အာဝနန်းရှင် “သိုဟန်ဘွား (ဆေခန်ဖှ) (AD 1505-1547 )” ကတစ်ဦးဖြစ်ပါသည်။ သူတို့အားလုံးသည် “ဆို” မင်းနွယ်ဝင်များမှ ဖြစ်ကြပါသည်။

 “သျှမ်းနီ (တိုင်းလျှဲန် )၊ တိုင်းခမ်းတီ၊  တိုင်းကတူး၊ တိုင်းကနန်း တို့သည် မောသျှမ်း တိုင်းနေ အုပ်စုကြီးမှ သျှမ်းများသာဖြစ်ပါသည်။ မိုးကောင်း၊ မိုးညှင်း၊ သောင်သွတ်၊ ကောလင်း၊ ၀န်းသို၊ ဟုမ္မလင်း၊ ခန္တီးသျှမ်း တိုင်းလျှဲန်(သျှမ်းနီ) သျှမ်းတို့၏ ဘုရင် စ၀်ဖှ များအားလုံးသည်(ဆို) မိသားစုဝင် မင်းမျိုးများသာ    ဖြစ်ကြ သည်ဟု    မှတ်တမ်း များ၌အခိုင်မာ ဆိုထားပါသည်”။

အထူးသဖြင့် မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ် ၊ သောင်သွတ်စသည့် မြို့ကြီးများသည် မြန်မာသမိုင်းတွင် ထင်ရှားလေသည်။

သျှမ်းလို မိန်းကောင်ခေါ် မိုးကောင်းခေတ် AD.1364 တွင်  ပင်းယဘုရင်မှ တိုက်ခိုင်းသဖြင့် စော်ဘွား၏ ညီဖြစ်သူ သိုချည်ဘွား (Sao Hsam Long Pha) သည် စစ်ကိုင်းကိုတိုက်သည်။ မကူညီသောကြောင့် တဆက်တည်း ပင်းယကို တိုက်၍ ဘုရင် မိုးကောင်းသို့ ခေါ်ဆောင်သည်။ မှန်နန်းတွင် မောပါနရသူ ဟုခေါ်သည်။ ထိုနှစ်တွင် သတိုးမင်းဖျား အင်းဝ ကိုတည်ထောင်သည်။

AD.(1413-1445/6)တွင် မိုးကောင်းစော်ဘွား (စော်ဘွားဟူသော စကားသည် သျှမ်းလို စောက်ဖှ   မြန်မာပြန်သော မြေကြီးနဲ့ကောင်းကင်ကို စိုးမိုးသောသခင်) သိုငံဘွား (Sao Ngan Pha/ Hso Wen Hpa) ဖြစ်သည်။ ၎င်းလက်ထက်တွင် ယူနန်အနာက်ပိုင်းကို ထိပါးသဖြင့် တရုတ်တို့နှင့် စစ်ဖြစ်သည်။ မင်မင်းဆက် (Mai Dynaty) သမိုင်းအရ ၀မ်ချီ (ဆင်ရွှေဝင်း- မှန်နန်း) စစ်သူကြီးသည်

သိုငံဘွား (Sa Ren Fa-Chinese text) နှင့် သားဖြစ်သူ သိုချည်ဘွား (Si Ji Fa-Chinese text) ကိုယူနန်၊ မြန်မာနယ်ခြားဒေသမှ ဧရာဝတီမြစ် အနောက်ဖက်ကမ်း မိုးညှင်းနယ်အတွင်း (AD.1445မှ 1450) ထိအောင်တိုက်ခိုက်ကြသည်။

AD(1445/6-1449) တွင် သားဖြစ်သူ သိုချည်ဘွား (Sao Ki Pha / Chau Si Pha) သည် ဖခင်ကျဆုံးပြီး စော်ဘွားအရာကို ရသည်။ တရုတ်တို့နှင့် စစ်ဆက်လက်တိုက်ခိုက်ရာတွင် ကျဆုံးသည်။

မိုးကောင်းမြို့သည် ပထမမိုးကောင်း ဒုတိယ၊ တတိယ၊ စတုတ္ထမိုးကောင်း ဟူ၍လေးနေရာ ပြောင်းရွှေ့မြို့နန်း တည်ဆောက်ခဲ့သည်။

၎င်းသျှမ်းများသည် မြန်မာနိုင်ငံသမိုင်း တစ်လျှောက်တွင် မြန်မာမင်းပြည်ထောင်များနှင့် ထီးပြိုင်နန်းပြိုင် မင်းပြည်ထောင်များ အဖြစ်လည်းကောင်း မြန်မာမင်းများ တန်ခိုးသြဇာ လွမ်းမိုးသောအခါ လက်အောက်ခံ မင်းပြည်ထောင်များနှင့်အတူ ပူးပေါင်း ကာကွယ်ခြင်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ သမိုင်း      ဖြစ်ပေါ် ရေးကို ရှေးဦး မဆွကပင် ပါဝင်တည်ဆောက်ခဲ့ကြသော သျှမ်းများသာဖြစ်သည်။

“သျှမ်းကြာဗမာဖြစ် ဆိုရိုးစကားအရ ဗမာဖြစ်ကုန်သည်  လည်းရှိသည်။ မြန်မာဆန်သော သျှမ်းများဖြစ်၍ သျှမ်းဗာဟုခေါ်ဆိုကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် စင်စစ်သောကါ သျှမ်းများသာဖြစ်ကြောင်း ရှင်းလင်းဖေါ်ပြထားသည်” ။ (မြန်မာ့စွယ်စုံကျမ်းပြုတို့၏ မားယွင်းသော သျှမ်းဗမာဟူသော အသုံးအနူံးကြောင့် နှောင်းကြာလာသောအခါ သျှမ်းဆိုသော စာလုံးပြုတ်၍ ဗမာသာကျန်မည့် ကိန်းဆိုက်လေတော့သည်။)

တိုင်းလျဲန်ဟူသော သျှမ်းစကားကို မြန်မာစကားဖြင့် တိုက်ရိုက်ပြန်ဆိုပါက သျှမ်းနီ အဓိပ္မါယ်ရရှိပါသည်။ သျှမ်းနီဟူသော လူမျိုးအမည်ကို တိုင်းလျဲန်လူမျိုးများက သဘောရိုးဖြင့် လက်ခံသော်လည်း၊ တပ်မတော်လက်နက်ကိုင် အဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဌာနများအတွက် အသုံးပြုရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ဝေသော ဦးစီးတာဝန် (၁၉၉၇) စာအုပ် စာမျက်နှာ ၃-၃၈ တွင် သောင်းကျန်းသူများ စာရင်းဖေါ်ပြရာ၌ သျှမ်းနီဆိုသည်မှာ သျှမ်းသောင်းကျန်းသူ (SSPP) Shan State Progress Parth- သျှမ်းပြည်တိုးတက်ရေးပါတီ ဟုဖေါ်ပြထားသဖြင့် သျှမ်းနီလူမျိုးအမည်သည် သံသယနှင့် အထင်လွဲမှားမူများ ဖြစ်စေပါသည်။

သျှမ်းနီ ဟူသော ဝေါ်ဟာရမှာ အချို့သျှမ်းသမိုင်းပညာရှင်များက (နမ့်မယ်လျဲန်မြစ်)သျှမ်းဘာသာ (မြစ်နီ) ကို အစွဲပြု၍ နေထိုင်လာခြင်း ကြောင့်၎င်း အချို့ပညာရှင်များက စစ်တအားတိုက်၍ ( နီရဲသော သတ္တိနှင့် ပြည်စုံခြင်း) တို့ ကြောင့်၎င်း တိုင်းလျဲန် သို့ သျှမ်းနီ ဟုခေါ်ဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗုဒ္ဓဘာသာ ကိုအခြေခံသော ယဉ်ကျေးမှု ဓလေ့ထုံးစံများ ရှိကြ၍ ၀ါဝင် ၀ါထွက်၊ သီတင်းကျွတ်ပွဲ၊ ရှင်ပြုပွဲ၊ သင်္ကြန်ပွဲ၊ ထိမ်းမြားမင်္ဂလါနှင့် အသုဘမှအစ လက်ရှိသျှမ်းပြည်ရှိ သျှမ်း လူမျိုးများနှင့် ကွဲပြားခြားနားမှု အနည်းငယ်သာရှိသည်။

သို့ရာတွင် တနှစ်လျှင်တစ်ကြိမ် မြို့အရှင်ကြီး၊ ရွာအရှင်ကြီးများအား ပူဇော်ပသရာတွင် ရွက်ဆိုသော မြို့ရွာ အရှင်ကြီးများ၏ အမည်မှာ ထိုဒေသ၏ ရှေးဟောင်း သျှမ်းအကြီးအကဲများ၏ အမည်များသာ   ဖြစ်နေသည်ကို တွေ့ရပါသည်။

 ၎င်း ခန္တီး၊ သျှမ်းနီ ကဒူး၊ ကဏန်းတို့ ရှေးယခင်က သျှမ်းဘောင်းဘီကို ၀တ်ဆင်ခဲ့ကြသော်လည်း စစ်တိုက်ထွက်ရာ မြစ်ချောင်းအင်းအိုင်များ   ဖြတ်ကူးရာ တောင်ပေါ်တက်ရာတွင် လွယ်ကူသော ဖှါတုံခေါ် နန်ပြတ်ပုဆိုးကို အသုံးခဲ့ကြသည်။ သျှမ်းခေတ် ကြီးများဖြစ်သော “မြင်စိုင်း၊ ပင်းယနှင့်” အထူးသဖြင့် သျှမ်းနီစ၀်ဖှါ့များဖြစ်သော မိုးကောင်းခေတ် မိုးညှင်းခေတ် သောင်သွတ်ခေတ် “အင်းဝ သျှမ်းခေတ်”မှ အ၀နန်းသျှင်မင်းတရားကြီး မှစ၍ စစ်တိုက်ထွက်လျှင် သျှမ်းဘောင်းဘီရှည် ၀တ်ဆင်၍ နန်းတွင်း၊ အိမ်တွင်းနေသောအခါ “နန်းဝတ် နန်းစား” အဖြစ် တောင်ရှည်ပုဆိုးကို အသုံးပြုလာခဲ့မှ ယနေ့တိုင်ဝတ်ဆင် နေကြသည်ဟုသိရသည်။

၎င်းသျှမ်းနီ ကတူး၊ ကဏန်း ခန္တီးသျှမ်းသည် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည် ကြသူများဖြစ်သည်။

သျှမ်းလူမျိုးတို့၏ ၀တ်စား ဆင်ယင်ပုံ ရှေးမှတ်တမ်းအရ


- အရှေ့ပိုင်း သျှမ်းနိုင်ငံတော်တွင် နေထိုင်ကြသော တိုင်းလုံခေါ် တိုင်းဖိတ် တို့သည် အကိုအကြီးဆုံးဖြစ်ပြီး အင်္ကျီဖြူ၊ ဘောင်းဘီဖြူ၊ ခေါင်းပေါင်းဖြူ ၀တ်ဆင်ကြသည်။

- အလယ်ပိုင်း နိုင်ငံတော်တွင် နေထိုင်ကြသော တိုင်းကမ်ခေါ် တိုင်းခွမ်သည်။ ညီအကိုသုံးဦးတွင် အလတ်ဖြစ်ပြီး အင်္ကျီ၊ ဘောင်းဘီ၊ ခေါင်းပေါင်း အနက်ရောင်ဝတ်ဆင်ကြသည်။

- အနောက်ပိုင်း နိုင်ငံတော်တွင် နေထိုင်သော တိုင်းလျဲန်ခေါ် သျှမ်းနီတို့သည် ညီအကို သုံးဦးတွင် အငယ်ဆုံးဖြစ်ပြီး အသားအရောင် နီစပ်စပ်ရှိ၏ အင်္ကျီ၊ ဘောင်းဘီ၊ ခေါင်းပေါင်း အနက်ရောင် ၀တ်ဆင်ကြသောလည်း အနားပတ်မှာ အနီရောင်တပ် ၀တ်ဆင်ကြခြင်းကြောင့် တိုင်းလျဲန် အမည်တွင်ခဲ့သည်။ အခြားမှတ်တမ်းများအရ တိုင်းလျဲန်တို့သည် စစ်တိုက်ရာနိုင် ရဲရင်ကြပြီး ခေါင်းပေါင်း ခါးစည်း၊ အင်္ကျီဘောင်ဘီ အနားပတ် အနီရောင်ကို ၀တ်ဆင်ကြသည့် သျှမ်းစစ်တပ် တတပ်၏ အမည်နာမှဟုလည်း ဆိုသည်။ (ရှေ့ခေတ်သျှမ်းလူမှုအဖွဲ့စည်း သျှမ်းနိုင်ငံတော်များ ၀တ်စားဆင်ယင်ပုံ မိုးကောင်းမြို့ တောင်ပေါ်ကျောင်း ဆရာတော်ကြီး က သက္ကရာဇ် ၁၂၆၃ ခုနှစ် ပထမ၀ါဆို လဆန်း ၄- ရက်နေ့တွင်  စတင်ရေးသားသည့် ဥတ္တရဂုရုဥတီရဌ ခေါ် မောကိုးပြည်ထောင် သမိုင်းမှတ်တမ်းတွင်တွေ့ရပါသည်။)

  အိပ်ပြောနေသော ကျားများလည်း  နိုးနိုင်ကြပါစေ သျှမ်းသျှမ်း ရွှေအိုးငွေအိုးထမ်း ..ကျားပေါက်


သျှမ်းနီလူမျိုးတို့၏ အိုးစည်နိုင်ငံတော် *"۩"*

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"