koko

koko

Wednesday, October 10, 2012

မိုင်းပွန် စော်ဘွားကြီး စ၀်စံထွန်း

မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥတို့၏သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်၊ စော်ဘွားကြီး ဖွားမြင်ချိန် ဟင်းဖိုင်း သျှမ်းအခေါ် မီးဖွား အိမ်အောက်သို့ ကျားတကောင် ၀င်လေသည် သောကြာနေ့ ညဥ့် -၃ ချက်တီးကျော်ချိန် အဓိပတိဖွား စ၀်သာထွန်း မည်၏နောင်မှ မိုင်းပွန် စော်ဘွားကြီး စ၀်စံထွန်းဟူ၍ ထက်ရှားလာကာ ပြည်ထောင်စု   ခေတ်ဦးကာလ၀ယ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ကျဆုံးခဲ့သော သျှမ်းအမျိုးသား ခေါင်းဆောင်ကြီး   တဦးလည်းဖြစ်သည်။

၅-နှစ်သားအရွယ်တွင် တရားမစာရေးကြီး ဦးစံဖေထံ မြန်မာ၊ အင်္ဂလိပ်စာပေ အခြေခံကို ၂-နှစ်သင်ယူပြီး တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားရာ ထိုကျောင်းမှ ၁၀-တန်းအောင်မြင်လေသည်။ မန္တလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။

၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ မန္တလေးမြို့ ရဲအုပ် သင်တန်းကျောင်းတွင် ၆-လတက်ရောက်ပြီး ဗန်မော်မြို့တွင် အလုပ်သင် ၀န်ထောက်အဖြစ်   ခေတ္တ   ဆောင်ရွက် သည်၊ ထိုမှတဖန် တောင်ကြီးမြို့ ရှမ်းပြည်မင်းကြီးရုံတွင် အလုပ်လုပ်သည်၊ ၁၉၂၀-၀ါဆိုလဆန်း ၁၁-ရက်နေ့တွင် အခမ်းအနား ဖြင့် စော်ဘွား ရာထူးဆက်ခံရသည်။ မိုင်းပွန်စော်ဘွားဟု အမည်တွင် လေတော့သည်။

 ၁၉၃၂ ခုတွင် မိုင်းပွန် စော်ဘွားကြီးသည် သားမီး ၄ ယောက်ထွန်းကားလေသည်၊ စော်ဘွားကြီး၏ဇနီး မဟာဒေ၀ီ စ၀်ခင်သောင်းသည် ဂျပန်အပြေးတွင် မိုင်းတပ်တွင် ကွယ်လွန်ခဲ့သည်။ စော်ဘွားကြီးသည် စာဖတ် ၀ါသနာပါသည့်အပြင် ဂီတကိုလည်း နှစ်သက် ၀ါသနာ ပါသည် အလျှောက်အတန်ပင် လိုက်စားခဲ့၍ အကော်ဒီယံခေါ် လက်ဆွဲဘာဂျာနှင့် ၀ါးပတ္တလားကို ကျွမ်းကျင်စွာ သီးခပ်နိုင်သည်၊ နှစ်သစ်သင်္ကြန်ရက် များတွင် ဟွေတောက်ရွာသို့သွားရောက် သိုင်းပညာလေ့ကျင့်လေ့ရှိသည်။

အရက်သေစာ၊ ကွမ်း၊ ဆေးလိပ်များကို လုံးဝရှောင်ကျင်သည်။ ဂျပန်ခေတ် သျှမ်းရွာသားများအား ဂျပန်များဈေးဝယ်ခိုင်းရာတွင် ဂျပန်များမိမိဘာသာဝယ်ရန် ရွာသားများဝယ်ရန်မလိုဟု ရဲဝန့်စွားပြောဆိုဝန့်သူ၊ ကိုယ်ပိုင်စာကြည့်တိုက် ထားပြီးစာဖတ်သည်။

သျှမ်းစာပေကို မိမိစာရေးကြီးများထံ ထပ်မံသင်ကြားပြန်သည် ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ကျမ္မာရေးကို အထူးဂရုစိုက်၍ နေ့စဉ် နံနက်စောစောထပြီး လမ်းလေ့ရှိသည်။

 စော်ဘွားကြီးသည် စစ်မဖြစ်မီက ကမ္ဘားသဲကျောက်များဖြင့် လူနာ (၆၀)ဆန့်ခေတ်မှီ ဆးရုံးကြီးကို ကိုယ်တိုင်ကြပ်မတ် အစဆုံးတည်ဆောက်ခဲ့သည်။ ဘာသာတရားကိုင်းရှိုင်းသူဖြစ်၍ တန်းဆောင်မုန်း၊ တပေါင်းပွဲတော်ကြီးများ၌ ကိုယ်တိုင်ချက်ပြုပ် ကပ်လူလေ့ရှိသည်၊ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့်အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူ   ဖြစ်သည်။   တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။

ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

 ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။

အလျှင်းသင့်၍ နှောင်းသျှမ်းလူငယ်များ သိစေရန် ပင်လုံစာချုပ် ဟုသော တောင်တန်းပြည်မ ပူပေါင်းရေးစာချုပ် ဖြစ်ပေါ်လာတဲ့ သမိုင်းအရ ပင်လုံအစ မိုင်းပွန်က  ဟုဆိုလျှင် အံ့သြကြလိမ့်မည် ထင်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်စ အင်္ဂလိပ် ကိုလိုနီ နိုင်ငံများက လွတ်လပ်ရေးကြိုးပမ်း နေသည့် အချိန် ၁၉၄၅ ခု အောက်တိုဘာလ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၏ ဇနီး မဟာဒေ၀ီ ဈာပန အခမ်းအနားသို့  အနယ်နယ် အရပ်ရပ်မှ စော်ဘွားကြီးများ တက်ရောက်လာကြသည်။

သျှမ်းစော်ဘွားများက ကမ္ဘာ့အခြေနေ၊ ဗမာ့အခြေနေများကို ဆွေးနွေးကြရင်း မိမိတို့ သျှမ်းပြည် အနာဂတ်အတွက် မည်သို့ ဆောင်ရွက်ကြမည်ကို သိရှိနားလည်းကြ၍ သျှမ်းစော်ဘွားများက မိန်းပွန်စော်ဘွားကြီးအား နည်းလမ်းရှာဖွေရန် တာဝန်ပေးလိုက်ကြသည်။

၁၉၄၆ ခုနှစ် ဇန်န၀ါရီ ၁၃ ရက် နေ့တွင် မိန်းပွန်စော်ဘွာကြီးသည်   စော်ဘွားများကောင်စီ အစည်းဝေးတရပ်ကို ကျင်းပရန် မိုင်းကိုင်မြို့သို့ ဖိတ်ခေါ်လိုက်သည်။  ယင်းမိန်းကိုင်မြို့ စော်ဘွားကြီးများ အစည်းဝေးက   ဆွေးနွေးတိုင်ပင် ကြရာလာမည့် မတ်လတွင် ကျရောက်မဲ့ လဲချားနယ် ပင်လုံမြို့ ဘုရားပွဲတွင် သျှမ်းပြည်နယ် လက်မှုပြပွဲ တရပ်ကျင်းပရန် ဆုံးဖြတ်လိုက်သည်။ ကုန်ကျစရိတ်များကို လဲချားစော်ဘွားကြီးက တာဝန်ယူလိုက်သည်။

သျှမ်းပြည်လက်မှုပြပွဲ ဟုအမည်တပ် ထားသော်လည်း ယင်းပြပွဲကို ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပ ခေါင်းဆောင်းကြီးများ၊ ဗမာပြည်မှ အခြား နိုင်ငံရေး ခေါင်းဆောင်ကြီးများ၊ တောင်တန်းဒေသမှ ကချင်၊ ချင်းး၊ ကရင်နီ ခေါင်းဆောင်ကြီး များကိုလည်း ဖိတ်ကြားသဖြင့် နိုင်ငံရေးအသွင် လက္ခဏ အပြည့်ဝဆောင်သည် ထို့ကြောင့် ယင်းညီလာခံကို ပထမ ပင်လုံညီလာခံဟု ခေါ်တွင်ကြသည်။

ပထမ ပင်လုံ ညီလာခံကို ၁၉၄၆ ခုနှစ် မတ်လ (၁) ရက်မှ (၁၂) ရက်နေ့ထိကျင်းပသည်။ ညီလာခံတွင် ဖဆပလ အဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြည်ဘက် ခရီးလွန်သဖြင့် ဦးနု၊ ဦးဘဂျမ်း၊ မန်းဘခိုင်၊ ဦးဘအေး၊ သထုံဦးလှဖေ အပြင် ဂဠုန်ဦးစောလည်း တက်ရောက်သည်။

ပထမ ပင်လုံညီလာခံသည် သျှမ်း ဖက်ဒရယ် ပြည်ထောင်စု စော်ဘွားကြီးများ ကိုယ်တိုင် စီစဉ်ဖိတကြား၍ ကျင်းပပြုလုပ်သည့်အတွက် သျှမ်း၊ ဗမာ၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသား ခေါင်းဆောင်များ အပြန်အလှန် နားလည်မှု ရရှိသည့်အပြင်  နောင်နှစ်ပင်လုံတွင် ထပ်မံဆုံစည်းကြရန်ကိုလည်း သဘောတူညီ မှုရရှိကြလေသည်။

၁၉၄၇ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း ပင်လုံတွင် ဗမာပြည်နှင့် တောင်တန်းနယ်များ ပူးပေါင်းရေးအတွက် သဘောတူညီကြောင်း လွတ်လပ်ရေးရဲ့ ရှေ့ပြေး ဖြစ်သော ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ယနေ့သျှမ်းပြည်မှ စော်ဘွားများ၊ ချင်း၊ ကချင်ခေါင်းဆောင်များ၊ တောင်တန်း သားများ ညီညွတ်ရေးအဖွဲ့ချုပ် (The Supreme Council of the United Hill Peoples: SCOUHP) ကိုယ်စားလှယ်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလခေါင်းဆောင်များပါဝင်ခဲ့သည်။ ပင်လုံစာချုပ်တွင် ကိုယ်စားလှယ် ၂၃ ဦး လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်သည် ဗမာပြည်၏ “ ပြည်ထောင်စုနိုင်ငံ”   ပြည်ထောင်စုပုံစံ ထူထောင်ရေးအတွက် အုတ်မြစ်ဖြစ်ပါသည်။

အကယ်၍ ပင်လုံစာချုပ်တာ မချုပ်ဆိုခဲ့ဘူးဆိုလျှင် ပြည်ထောင်စု မြန်မာနိုင်ငံဆိုသည်မှာ ရှိနိုင်မည်လော ယနေ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပေါ်ပေါက်လာနိုင်စရာ အကြောင်းမရှိပါ  အင်္ဂလိပ် ကိုလိုနီစနစ်တွင် တိုင်းရင်းသား နယ်မြေများ အား အပိုင်းအခြား (၄) မျိုး ပိုင်းခြား အုပ်ချုပ်ကြောင်းတွေ့ရသည်။

ရခိုင်ဒေသ မွန်ဒေသ ဗမာဒေသ များကို ပေါင်းလျှက် ဗမာပြည်မ ( BURMA Proper ) ဟုခေါ်ဝေါ် သုံးစွဲသည်။ ထိုမှ  Burma Proper မှ ဗမာနိုင်ငံဖြစ် ပေါ်လာခဲ့သည်။ အင်္ဂလိပ်အစိုးရသည် ၉၁ ဌာန၀န်ကြီး များဖြင့် တိုက်ရိုက်အုပ်ချုပ်သည်။ ယနေ့မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်ကို ၁၉၇၄ အထိ ဗမာပြည်မတွင်း ထည့်သွင်းထားသးည်။ 

ယနေ့စစ်ကိုင်းတိုင်းသည် Part One ခေါ် ဇယား (၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများဖြစ်သော အနောက်ဖက် သျှမ်းပြည်ဖြစ်သည့် သောင်သွတ်နယ်၊ ဆင်ကလိန်ခန္တီးနယ်၊   ဆောမရနယ် ခေါ် နာဂတောင်တန်းဒေသ၊ အထက်ချင်းတွင်း ဒေသနယ်မြေငါးခု အပြင် အင်္ဂလိပ် ဘုရင်ခံက အုပ်ချုပ်ရေး သီးသန့်ထားရှိသော Part Two ခေါ် ဇယား (၂) နယ်မြေဖြစ်သည့် အထက်ချင်းတွင်း စီရင်စုရှိ ဟုမ္မလင်း ဆမ်ဒီဝီဇံ၊ တမှုးမြို့နယ် မောလိုက် ကျေးလက်ဒေသ အသီးသီးစုစည်းပါဝင်သည်။ 

Part One ခေါ်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ (၁၀)ခု နှင့် Part Two ခေါ်  ဘုရင်ခံက အုပ်ချုပ်ရေးသီးသန့် ထားရှိသော နယ်မြေများဖြစ်သည်။ Part One နယ်မြေများ လက်ရှိမြန်မာ့ ဧရိမယာတွင် (၁၀) ခုရှိပြီး သီးခြား  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး အင်္ဂလိပ် ဘုရင်က လုံးဝတာဝန်ယူ ထားသည်။ ဗမာပြည် ၀န်ကြီးအဖွဲ့အစိုးရက ၀င်ရောက် စွက်ဖက်ပိုင်ခွင့် မရှိကြောာင်းတွေ့ရသည်။



ထုတ်နိုတ် - ပင်လုံစိတ်ဓါတ် ရှင်သန်ဖေါ်ဆောင်ရး

အထက်ပါ စစ်ကိုင်းတိုင်းနယ်မြေများသည် မြန်မာနိုင်ငံဟု မပေါ်ပေါက်ခင်ကာလမှ အင်္ဂလိပ်ကိုလိုနီ မတိုင်မှီခေတ် အပါဝင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးအထိ ခေတ် အဆက်ဆက် သျှမ်းနီစော်ဘွားပိုင်   နေမြေ များပင်ဖြစ်သည်။

 ခန္တီးစော်ဘွား စောဝ်မြစိန်သည် ၁၉ ၅၂  ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှ စ၍  စော်ဘွားအာဏာကို စွန့်လွတ်ခဲ့ရသည်။ သောင်သွတ်စောဘွား စောခွန်ဆောင်းသည် ၁၀၅၂  - ခုနှစ် နိုဝင်ဘာ (၃၀)ရက်နေ့မှစ၍ အာဏာစွန့် လွတ်ကြောင်းသိရှိရပါသည်။ (သမိုင်းထဲက သောင်သွတ် *"۩"*  )

ယနေ့ တိုင်းခေါ် သျှမ်းလူမျိုးများသည် ကျားကွဲလို့ ခွေးလို့ဆွဲတဲ့အဖြစ်တင်မက ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်စိုး အဖြစ်မျိုး  ရင်ဆိုင်နေရကြပါသည်။ 

အနာဂတ်သျှမ်းလူငယ်များ ဖက်ဒရယ်ပြည်ထောင်စု သို့ တက်လှမ်းနိုင်ကြပေါစ..



စာဖတ်ဝါသနာပါသော
 စော်ဘွားကြီး၏ 
တချိန်က 
ကိုယ်ပိုင်စာကြည့်တိုက်

စ်ာဘွားကြီး စ၀်စံထွန်း
 နောက်ဆုံးနေသွားသည့်
 ရွှေတောင်ကြားလမ်း 
အိမ်အမှတ် -၃၁

သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့ တောင်ဘက်ကုန်း တွင် တွေ့မြင်ရသော မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၏ အာဇာနည် ပြဿဒ် ဗိမာန်




ထုတ်နုတ် - ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ နှင့် ရန်ကုန် သျှမ်းစာပေ မြင့်တင်ရေး 

 အနာဂတ် သျှမ်းမျိုးစက်သစ် လူငယ်များ စော်ဘွားကြီးကဲ့သို့ သျှမ်းအမျိုးသားရေး တာဝန်များ ကျေးပွန်စွာ ထမ်းဆောင်   နိုင်ကြပါစေလို့   ရည်ညွန်းတင်ပြ လိုက်ရပါသည်။ 


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်