koko

koko

Wednesday, October 17, 2012

သျှမ်းလူမျိုးနှင့် မြတ်ဗုဒ္ဓဓမ

သျှမ်းလူမျိုးများက မိမိတို့သည် ဂေါတမဘုရား လက်ထက်ကပင် ဘုရားကို ကိုးကွယ်ခဲ့ကြသည်ဟုဆိုသည်။ ဗုဒ္ဓ္စဘုရားပွင့်တော်မှုရာ အရပ်နှင့် အနှီးစပ်ဆုံး သျှမ်းဒေသတခုပြရလျှင် BC- 800 ဂေါဓမ ဘုရားမပွင့်မှီ နှစ်ပေါင်း (၃၀၀) လောက်ကတည်းက ယခုသောင်သွပ်   ဒေသတွင် လူနေအိမ်ခြေများ ရှိနေကြောင်း။ မဇ္ဈိမဒေသ ရာဇဂြိုဟ်တွင် အဇတသ စိုးစံစဉ် သျှမ်းစော်ဘွား သိုဟိုဘွား (သိုငန်ဘွား) မှ တည်ထောင်ခဲ့ပြီး မြို့အမည်ကို သျှမ်းဘာသာဖြင့် စဲကော် (စီးကော်)ဟု ခေါ်ဆိုခဲ့ကြောင်း၊ ထို့နောက် ဝေသာလီပြည်ကို အသောကမင်း အုပ်စိုးချိန် (သာသနာနှစ် ၁၁၀) နှင့် စီးကော်တွင် စိုးစံသည့် သိုခံဘွားက မြို့ကို မြောက်ဘက်သို့ ရွေ့ခဲ့ပြီး (စဲဆာ) အမည်ဖြင့် စိုးစံခဲ့ကြောင်း သိရသည်။ ( ဒေါက်တာ တိုးလှ မကွေးတက္ကသိုလ် သမိုင်းပါမောက္ခ )

ရှေးခေတ် ဝေါဟာရအားဖြင့် ကျိုင်းဟုန်ဟု ခေါ်သော မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မှီ ၁၄၈ ခရစ်သက္ကရာဇ် မတိုင်မှီ ၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီးဖြစ်သည်။ မိုးမိတ်မြို့တည်ပြီးလျှင် တနှစ်စီခြား၍ မိုးကောင်း မိုးညှင်း တို့ကိုတည်လေသည်။ ( မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယ ဥက္ကဌ (၂) နိုင်ငံခြား ဘာသာ သိပ္ပံကောလိပ် ကျောင်းအုပ်ဟောင်း ဆရာကြီး ဒေါက်တာ စိုင်းအောင်ထွန်း ရေးသားပြုစုသော တိုင်းလူမျိုးစုများ ပြန့်နှံနေထိုင်ပုံ သမိုင်း စာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။)

ဘုရားရှင်လက်ထက်တွင် တကောင်းမြို့တို့ နောက်ဆုံးရောက် လာသောသာကီဝင်တို့သည်. ဘုရားရှင်၏ ဆွေတော် မျိုးတော်များ ဖြစ်ကြသည့်အပြင် ဘုရားရှင်ကို ကြည်ညို ဆည်းကပ်ကြသော ဗုဒ္ဓဘာသာ ၀င်များ ဖြစ်ကြသည်။ ထိုသာကီဝင်တို့မှ ဗုဒ္ဓဘာသာ ကိုးကွယ်မှုသည် တကောင်းရှိ သျှမ်းလူမျိုးတို့ထံ ရောက်ရှိလာမည် ဖြစ်သည်။...

အထက်ပါ ဒေသများသည် ဗုဒ္ဓပွင့်တော်မှုချိန်တွင် ဗုဒ္ဓသာသာနာ မလွဲမတွေ ရောက်ရှိလာမည်ဖြစ်သည်။

ဘုရားရှင်လက်ထက်က ကောသမ္ဗီဘုရင် ဥတေနသည် သျှမ်းဘုရင်တပါးဖြစ်သည်ဟု မောသျှမ်းရာဇ၀င်နှင့် သိန္နီရာဇ၀င်တို့က ဆိုသည်။ “မိုင်းမောဝ်” ဟုခေါ်သော မောသျှမ်းပြည်သည် ..   ရွှေလီမြစ်ဝှမ်း   ဒေသဖြစ်သည် ။ ထိုဒေသတွင် သာသနာနဲ့ ပက်သက်သော သမိုင်းဝင်အထောက်ထားများအနေဖြင့်

(၁) ကောသမ္ဗီသူဌေးကြီး ယောသက လှူဒါန်းထားသော ယောသိကာရုံေ ကျာင်းဟောင်းနေရာ (သျှမ်းစကားအရ “လွယ်ကျောင်းဆိုင်” ဟုခေါ်ပြီး တရုတ်မြန်မာ နယ်စပ် ရွှေလီမြစ်၏ တရုတ်ဘက်ကမ်းတွင် တည်ရှိသည်။ ၁၂၊၅ ၊၂၀၀၁ တွင်ကျမ်းပြုသူ ထိုနေရာသို့ရောက်ခဲ့ပြီး စေတီဟောင်း တဆူတွင် ရှေးဟောင်း ရွှေငွေ ကြေး မြေ ဆင်းတုတော် များစွာ တူဖော်ရရှိသည်။)

(၂) ဥတေနမင်း၏ သချိ င်္င်းအုတ်ဂူ။

(၃) ယေသက သူဌေးကုန်း။

(၄) ပန်ဖေဟို(ခေါ်) ခေါင်းဖြတ်တောင် (မာဂဏမိဘုရားတို့ ခေါင်းဖြတ်ခံရသောနေရာ)

(၅) လွယ်ကျောင်းဆိုင် တောင်ခြေရှီ ဥတေန မင်း၏ ဆင်ချည်ကျောက်တိုင်။

(၆)ပလလဲတော ..... စသည်တို့သည် ယခုတိုင် တရုတ်မြန်မာနယ်စပ် ရွှေလီမြစ်ဒေသ (တရုတ်ပြည်) တွင် တည်ရှိနေသည်ကိုတွေ့ရသည်.။ အရှင်သုခမိန္ဒ (စ၀်ဆုခမ်း၊ တန့်ယန်း)



BC- 229 (သာသနာနှစ် ၂၄၄) တွင် ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောက မင်းကြီးသည် တတိယ သင်္ဂါယတနာ တင်ပြီးကာလ ၎င်း၏ အဏာစက်ပျံ့နှံ့ရာ ဇမ္ဗူဒီပါ လင်္ကျာတောင်ကျွန်း တစ်ခွင်လုံးသုံ လည့်လည်ရင်း ကျောင်းကန်ဘုရား၊ စေတီများ တည်ထား ကိုးကွယ်ခဲ့သည်။ တစ်နေရာမှ တစ်နေရာသို့ ဘုရားစေတီများတစ်ဆူပြီး တစ်ဆူတည်ထား ကိုယ်းကွယ်ရင်း ယူအခေါ် မြစ်ကြီးနားမြို့ အနီး ဧရာဝတီမြစ်ဘေး ခတ်ချိုရွာ အောက်ဖက် တာလောကြီးရွာ အထက်နားမှာ ရွှေခေါင်ဖူး (ခေါင်ဖူး) စေတီ၏ အလှည့်အကြိမ်သို့ ရောက်လာလေသည်။

ယင်းစေတီတော်၌  ကျန်ရှိသည့် ဓါတ်တော် အားလုံး ဠာပနာပြီး ပူဇော်ရန် ဠာပနာ သွင်းသောအခါ ဓါတ်တော် သုံးဆူသည်ကား အပြင်သို့ ပြန်ထွက်လာ၏ အကြောင်းရင်း ကိုရှာသော် ဤနေရာမှ မြစ်ညာပိုင်းတွင် နောင်အခါ သာသနာ ထွန်းကားမည့် ခန္ဒီးလုန် ဒေသကျန်နေသေး၍ ထိုဒေသသို့ရောက်ကာ စေတီတည်ရမည် ဖြစ်ကြောင်းအရှင် ယသတိဿမထေရ်မြတ် မိန့်ကြားတော်မှုသည်။


အသောကမင်းကြီး၏ တည်ထားခဲ့သောစေတီဟောင်းများကို မွမ်းမံပြင်ဆင်ခဲ့သော ရွှေတောင်ဦးရှင်ကြီး မထေရ်၏ သမိုင်းအရ မန္တလေး အထက် စေတီပေါင်း (၂၇) ဆူ ရှိလေရာ တလောကြီးတိုက်နယ် ခေါင်ဖူးရွာကျေးရွာရှိ ခေါဖူးဘုရားခေါ် လောကမာရဇိန် စေတီတော်ကြီးသည် အသောကမင်းကြီး တည်ထားခဲ့သော မန္တလေးအထက်ပိုင်းရှိ စေတီများတွင် ခေါင်ဖူးဘုရားသည် အမှတ် ၂၅ ဖြစ်၍ ပူတာအိုတွင် ရှိသော သျှမ်းအခေါ် ကောင်းမူး စောဝ့်ကန်ခမ်း ခေါ် ရွှေဆပ်မင်း စေတီတော် (ယခုကောင်းမူးလုံ စေတီတော်) အမှတ် ၂၆ ဖြစ်သည်။


 မဇ္ဈိမတိုင်း၊ ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီး၏ ကု သိုလ်စေတီပေါင်း (၈၄၀၀၀)တွင် ပါဝင်သော  သျှမ်းတို့က ကောင်းမှုအစုအပုံစေတီကြီးဟူသော အဓိပ္ပါယ်ဖြင့် ကောင်းမူးလုံ (ဂွင်းမူးလူင်) စေတီဟု အမည်တွင်သော စေတီတော်ကို  အရှင်ယဿတိက မထေရ် အမှူးပြုသော ရဟန္တာသုံးပါးက ဒေသခံ သျှမ်းလူမျိုးတို့ တည်ခဲ့သည်။ ယနေ့တိုင် အထက်မှာ ကောင်းမှုးလုံ အောက်မှာရွှေတိဂုံ ဟုကြော်ဇောလေသည်။ (စိုင်းဆေးနွမ် -ဟုမ္မလင်း)

ဒေသခံသျှမ်းတို့က ကောင်းမှုးလုံစေတီတော်နှင့် ၀ိုင်းမော်၊ ခပ်ချိုက ခေါင်ဖူးဘုရား စေတီတော်တို့ဟာ သီရိဓမာသောက မင်းလက်ထက်တော်က ရေတွင်းရေကန်၊ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်တုန်းက ပါဝင်တယ်လို့ အခိုင်မှာယုံကြည်ကြပါသည်။

BC -94  သာသနာတော်နှစ် ၄၅၀ ခုနှစ်တွင် သျှမ်းလူမျိုးများသည် “မူအန်မောဝ်” တိုင်းပြည်ကို တည်ထောင်ခဲ့ကြပြန်သည်။ ထိုနှစ်သည် စတုတ္ထသင်္ဂါယနာ တင်သော နှစ်လည်း ဖြစ်သည်။   သောဏမထေရ်သည် သျှမ်းဒေသသို့ သာသနာပြု ကြွရောက်တော်မူခဲ့ပြီး မဇ္ဈန္တိကမထေရ်တို့က တရုတ်ပြည်တွင် သာသနာပြုကြွရောက်တော်မူသည်။ မိန်းဆည်ဘုရင်၏ သားတော် အိမ်ရှေ့မင်းသား ခွန်ဟောင်သည် နောက်ပါတပည့် လေးဦးနှင့်အတူ အနောက်နိုင်ငံ (အိန္ဒိယ)သို့ ပိဋကတ်တော် များကို ရေးကူးပြီး နေပြည်တော်သို့ ပြန်ရောက်လာသည်။

ထိုအချိန်သည် သျှမ်းလူမျိုးများ နှစ်သစ်ကူး ပွဲတော်အချိန် ကျရောက်နေသဖြင့် အထက်ပါ အကြောင်းကြောင်းတို့ကြောင့် သာသနာတော်နှစ် ၄၅၀ သည် သျှမ်းတို့အတွက် ထူးမြတ်သော နှစ်ဖြစ်သဖြင့် ထိုနှစ်မှ စ၍ သျှမ်းနှစ်ကို စတင်ရေတွက်လာခဲ့သည်။ ထိုကြောင့် သျှစ်သည် သာသနာတော်နှစ် ၄၅၀ နောက်ကျမှ ပိဋကတ်တော်များ ရရှိလာခြင်းသည်။ သျှမ်းနှစ်သစ်ကူးပွဲတော်သည် ရှေးခေတ်ကာလမှ စ၍ ယနေ့တိုင် သျှမ်းလူမျိုးများ အမြတ်နိုးဆုံးပွဲတော်အဖြစ် ဆက်လက် ဆင်နွှဲကျင်းပလာခဲ့ကြသည်။
အရှင်သုခမိန္ဒ (စ၀်ဆုခမ်း၊ တန့်ယန်း)

AD- 1044-1077 မြန်မာသက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက်တွင်၊ ပထမ မြန်မာနိုင်ငံကို တည်ထောင်သည်ဟု အဆိုရှိသော အနိရုဒ ခေါ် အနော်ရထာမင်းသည်။ ဗုဒ္ဓဘုရားရှင် မြတ်စွယ်တော် သွားရောက်ပင့်ဆောင်စဉ် အပြန်ခရီး မောပြည်တွင် ခရီးတထောက် နားစဉ်      မောဘုရင် ခွန်ဟိုမိန်းသည် နှစ်တိုင်းပြည် ချစ်ကြည်ရင်းနှီးစေရန် သမီးတော် စောမွန်လှနှင့် လက်ဆက်  ပေးခဲ့လေသည်။ သျှမ်း မင်းသမီးလေး စောမွန်လှသည် အနော်ရထာမင်း နောက်သို့ လိုက်ပါလာရာတွင် ယခု တောင်ပြုံး အရပ်တို့ ရောက်သော် ဆုတောင်းပြည့် စေတီကို တည်ကြလေသည်။ ရွှေဖျဉ်းညီနောင် တို့လည်း အမှုထမ်းလစ်၍ အသတ်ခံရသည်။ ၎င်းဌာနေ သျှမ်းလူမျိုးတို့သည်  ဗုဒ္ဓဘာသာကို ကိုးကွယ်နေပြီဖြစ်ကြောင်း တွေ့ရသည်။ (ဦးဖိုးကျား ခေတ်မှီ မြန်မာ့ရာဇာဝင်)

AD- 1059 မှာ စောမွန်လှသည် ဘုရင်အနော်ရထာမင်းနှင့် ရွှေစည်းခုံစေတီ တည်ခဲ့သည်။ မပြီးမြောက်ခင် နန်းတွင်းမှ နှင်ချခံခဲရသည်။ အပြန်လမ်းတွင် စေတီကိုးဆူကို တည်ခဲ့သည် လူသိအများဆုံးနှင့် နာမည်ကြီးဆုံးမှာ ရွှေစာရံဘုရား နှင့် ဘော်ကြိုဘုရားတို့ ဖြစ်သည်။ (သျှမ်းသမိုင်း သုတေသီ မယ်ခူးခေးရဲန်)

မိုင်းခွန်းဆရာတော် အရှင်နရိန္ဒသည် ဟူးကောင်းဒေသ၏ သာသနာ့အာဇာနည် ရဟန်းတစ်ပါးဖြစ် သည်။ ကောဇာသက္ကရာဇ် (၁၂၃၀)တွင် ဆရာတော်အား ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးက အဘိ ဓဇမဟာဓမ္မ၀ံသ ယလ္လနာဗလ ဓမ္မရာဇာဓိရာဇာဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြင့်ခဲ့သည်။
၁၂၄၂ ခုနှစ်တွင် သီးပေါမင်းက အဘိဓဇ သာသနာ့ဇောတိက သီရိပ၀ရ မဟာဓမ္မရာဇာဓိရာဇာ ဂုရုဘွဲ့ တံဆိပ်တော် ဆက်ကပ်ချီးမြင့်ပြန်သည်။

ပယင်းရတနာ ထွက်ရာအရပ်တွင် သီတင်းသုံးတော်မူသောကြောင့် ပယင်းတွင်းဆရာတော် ဟုလည်း ထင်ရှားသည်။သက္ကရာဇ် ၁၂၅၃ တွင် ဟူးကောင်းတောင်ကြားလမ်းမှ အာသံ ဝေသာလီသို့ ကြွတော်မူပြီး ဆာဒိယ နယ်၊ ကျောင်းခမ်းရွာတွင် ခေတ္တသီတင်းသုံးတော်မူသည်။

ထိုနောက် အာသံပြည်၊ မာဂီရီတာနယ်၊ ဖာကျယ်ရွာတွင် အာဗောဓာရာမကျောင်းတိုက် ဆောက်လုပ် ၍ အသက်ထက်ဆုံး သာသနာပြုတော်မူသည်။
ဆရာတော်၏ ထေရုပ္ပတ္တိ ရေးထိုးထားသော ကျောက်စာကို ဖာကျယ်ရွာ သိမ်တော်ကြီးတွင် ယနေ့တိုင် ဖူးမြင်နိုင်သည်။ စိုင်းဆေးနွမ် (ဟုမ္မလင်း)

ဤရာဇ၀င် အဆိုတို့ကို ထောက်ရှု၍ သျှမ်းလူမျိုးက မိမိတို့သည် ဘုရားရှင်လက်ထက်မှ၍ ယနေ့ချိန်ထိ ကိုးကွယ်လာခဲ့ ကြသူမျာ  ဖြစ်ကြောင်းထင်ရှားသည်...။

လောဝ်သမိုင်း အရ 

လောဝ်သမိုင်း တစ်စောင်၌  သျှမ်းလူမျိုးတို့သည် သာသနာတော် ၆၁၂ (အေဒီ၆၉)ခုနှစ် အိုက်လောဝ် မင်းဆက်ဖြစ်သော နောင်ချယ် (ခေါ်) နန်ချောင်ဘုရင် ခွန်လိမောဝ် လက်ထက်တွက် ဗုဒ္စဘာသနာတော်ကို စတင် သက်ဝင်ယုံကြည်သည်ဟု ဆိုသည်..။ မဟာယန ဗုဒ္ဓဘာသာဖြစ်ပြီး တရုတ်ဟန်မင်းဆက် ဘုရင် ခေမင်တီထံမှ ရရှိလာသည် ဟုဆိုသည်။

သမိုင်းအထင်ကရ သျှမ်း စာဆိုပညာရှင် သံဃာတော်များမှာ -

(၁) သက္ကရာဇ် ၅၃၆ ခုနှစ်တွင် မင်းပြုသော နရပတိစည်သူ မင်းလက်ထက် သီဟိုဠ်ကျွန်းမှ “ဆပဒမထေရ်” ပုဂံ ပြည်သို့ ကြွလာရာတွင် လိုက်ပါလာသော အာဂန္တုရဟန်းလေးပါး အနက် တစ်ပါးမှာ ကမ္ဘောဇတိုင်း၏ ဘုရင့်သားတော် (သျှမ်းလူမျိုး) ဖြစ်ကြောင်း။

(၂)သက္ကရာဇ် ၈၄၂ ခုနှစ်တွင် မင်းပြုသော ဒုတိယ မင်းခေါင်လက်ထက်၌ ကျော်ဇောထင်ရှားသော “သျှင်မဟာရဌသာရ” သည် (တိုင်း) သျှမ်းအနွယ်ဖြစ်ကြောင်း။

(၃) ကျမ်းပြုအကျော် ကျီးသဲလေးထပ်ဆရာတော် ဘုရားကြီးသည်လည်း  သျှမ်းလူမျိုးဖြစ် ကြောင်းကို ဆရာတော် ဘုရားကြီး၏ ထေရုပ္ပတ္တိတွင်-“၎င်းဆရာတော်ဘုရားကြီးကို ရွှေတောင်မြို့၊ ကျီးသဲရွာ၊ သျှမ်းတန်းကလေးရပ်၌ သက္ကရာဇ် ၁၁၇၉ ခုနှစ် သီတင်းကျွတ်လပြည့်ကျော်ရှစ်ရက် ၊ကြာသာပတေးနေ့တွင် ဖွားမြင်တော်မှုသည်။ ခမည်းတော် မယ်တော် တို့၏အမည်တို့ကိုမသိရပေ သျှမ်းလူမျိုးတည်း” ဟုဖော်ပြထားသည်။

(၄) မယဒေ၀လင်္ကာသစ် ကျမ်းပြုအကျော် မန်လည်ဆရာတော်သည်လည်း သျှမ်းလူမျိုး ဖြစ်လေသည်။ သက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် သီပေါစော်ဘွားကြီး၏ ရဟန်းခံပွဲသို့ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ကြွရောက် ချီးမြောက်တော်မခဲ့သည်။ ထိုအချိန်က မန်လည်ဆရာတော် ဘုရားကြီးသည် သီပေါစော်ဘွား ကြီးအား မိမိသည် သျှမ်းဘာသာဖြစ် ပိဋ္ဋကတ်တော်များကို ပြန်ဆိုရန် ဆန္ဒရှိကြောင်း မိန့်ကြားခဲ့သည်ဟုဆိုသည်။ ယနေ့တိုင် စစ်ကိုင်းတိုင်း ဆယ်ရွာ မန်လည်တွင် ဆရာတော်ဘုရားကြီး ရုပ်ကလာဒ် တော်ကို ဖူးမြော်နိုင်သည်။

(၅) မြန်မာပြည်တွင် လူသိများပြီး ထင်ရှားကျော်ကြားသော ရဟန်း စာဆိုတော် တစ်ပါးဖြစ်သည့် ထီးချိုင့်တည်သောဆရာတော် ဘုရားကြီး ဘဒ္ဒန္တဒေ၀ိန္ဒသည်လည်း သျှမ်းမျိုးနွယ်ဖြစ်သည်..။

ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်ထဲမှ ကောက်နှုတ်ချက်.၊ အရှင်သုခမိန္ဒ (တန့်ယန်း)


ပိုင်ယီကျွမ် တရုတ်ကျမ်းအရ မင်းဆင်းးရဲသားမရွေး ၀ါးပတ်ခမောက်ဆောင်း၏ ခမောက်အထွက်မှာ စေတီငယ်နှင့် တူကာရတနာ ကျောက်မျက် ခြယ်လှယ် ထားသည်။ ကျောက်စိမ်း ဆွဲသည်  ။ ငှက်မွှေး ငှက်တောင်လည်း စိုက်သည်။ စိုးသား မင်းသားတို့က ဆင်မြင်းစီး၍ ခြွေရံသင်းပင်း များစွာနှင့် ခရီးသွား၏ လှပသော ရွှေခြည်ထိုး ငွေခြည်ထိုး ကကြိုးတန်ဆာတွင် ခြူခလောက်များစွာ ဆွဲထားသည်။ အချင်းချင်းတွေ့လျှင် လက်ယှက်၍ နှုတ်ဆက်သည်။ ရိုသေလေးမြတ်ထိုက်သူကို ပုဆစ်ဒူးချ၍ ကန်တော့သည်။ ( ဒေါက်တာသန်းထွန်း )

ယနေ့ချိန်ထိ သျှမ်းလူမျိုးတို့ တဦးနှင့်တဦးတွေ့လျှင် လက်ယှက်၍ မင်္ဂလာပါ ဟူသောအဓိပ္ဗါယ်ကို ထိုင်း၊ လော၊ သျှမ်း၊  ဆစ်ဆောင်ပါးနား စသည့် သျှမ်းအနွယ်ဝင်တိုင်း ပြုလုပ်နေသည်ကို တွေ့မြင်ရပေသည်။
သျှမ်းတောင်ပိုင်းရှိ မိုးနဲမြို့တွင်  တမှုးရှိလို့တပဲလူ ဒို့သျှမ်းတောင်သူ လူနိုင်ရိုးလားဟု ဆိုရိုးစကားအတိုင်း သမိုင်းဝင်ရှေးဟောင်း   စေတီတော်များ၊ ရှေးဟောင်းကျောင်းတော် များစွာရှိသဖြင့် “ဒုတိယပုဂံ” ဟူ၍လည်းကောင်း “သျှမ်းပုဂံ” ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလေသည်။

မြန်မာနိုင်ငံ အနှံ့အပြားရှိ ဒေသဝေါဟာရများ၊ အမည်များသည်ပင် လူမျိုးဆင်းသက်လာမှုနှင့်   ရောက်ရှိ နေထိုင်မှုကို ဖော်ပြလျက်ရှိပေသည်။ စတင် ခုတ်ထွင်ရှင်းလင်းရာ အရပ်ကို စကု (r၀ု.နူ) (r၀ု.နူ;) ဟုလည်း ကောင်း၊ စတင်ရှင်းလင်းရာ နေရာ အစကို စလင်း (r၀ု.င်္လင်း)ဟုလည်းကောင်း ယနေ့တိုင် အမည်တွင်ခဲ့သည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် သျှမ်းတို့ ရောက်ရှိနေထိုင်ခဲ့ရာ ဒေသ (၁၄) ခုကို အောက်ပါအတိုင်း တွေ့ရှိရ သည်။


(၁) မတ္တရာ      အုတ်ဖိုဒေသရှိ ဂွေ့သျှမ်းများ
(၂) မကွေးမြို့   (မိုင်းဂွီ;) (မိန်းဂွေ့) ဂွေ့သျှမ်းမြို့
(၃) ပျဉ်းမနားမြို့          (ပ၊င်းမ၊ဂ့်ခေု.) (ပ၊င်မ၊ဂ်,ခေု.) ဖန်ဖါးပင်စခန်း
(၄) မင်းဘူး (မိုင်းပူ;) (မိန်းပု) ကွမ်းရွက်မြို့
(၅) ပခုက္ကူ (ပ၊င်းနူပ့်ဂူ;) (ပန်းနုပ်ကူ) မြစ်နှစ်ခု ဆုံရာအရပ်စခန်း
(၆) မန္တလေး (မိုင်းတု,လိုဝ်;) (မန့်တာလိ) အပန်းဖြေရာ ဆိပ်ကမ်းမြို့
(၇) လက်ပံတန်း (လဂ်;ပ၊ခေ်,တ၊င်) (လပ်ပန့်တန်း) နတ်စင်တိုင်
(၈) အင်းဝ (ကု,၀ုး) (အာဝ)
(၉) ပင်းယ (ပ၊င်းယု;) (ပင်းယ)
(၁၀) စစ်ကိုင်း (ေr၀ဂ၊င်း) (စကိုင်း) မန်ကျည်းတောမြို့၊ အလယ်ဗဟိုမြို့
(၁၁) မုံရွာ(မိုင်းယွဲ;) (မိန်းယွိုင့်) စိုပြည်သာယာသောမြို့
(၁၂) မုဆိုးဘို    (မုဂ်;သိုဝ်ဎေိုဂ်;) (မုတ်ဆေဖိတ်) ကျားဖြူမင်း ခိုခဲ့သောနေရာ
(၁၃) မြင်းခြံ      (ပ၊င်းမု.) (ပန်းမ) မြင်းမွေးရာအရပ်
(၁၄) ကျောက်ဆည် (ဎေ၊ဲ၈ှိခေ်;) (ဖိုင်ဟင်)  ကျောက်တုံးဖြင့် တည်ဆောက်သောဆည် တို့ဖြစ်ကြသည်။
စိုင်းဆေးနွမ် (ဟုမ္မလင်း)
အထက်ပါ သျှမ်းတို့ရောက်ရှိ မြို့ရွာတည်ခဲ့သော နေရာများတွင် ယနေ့တိုင် မိုးညှင်း သံဗုဒ္ဓေစေတီတော်နှင့် သံဗုဒ္ဓေဂါထာတော်သည် မြန်မာနိုင်ငံတွင် ထင်ပေါ်ကြော်ကြားဆုံး ဖြစ်လေသည်။
--မိုးးညှင်း သံဗုဒ္ဓေစေတီတော်
သျှမ်းလူမျိုးတို့သည် မဟာရဏဗုဒ္ဓဘာသာမှ ထေရဝါဒ ဗုဒ္ဓဘာသာ တို့ပြောင်းလည်း လာခြင်းဖြစ်သည်။ အချို့ဒေသများတွင် ယနေ့တိုင် မဟာရဏ ဆန်ဆန် ဗုဒ္ဓဘာသာကို ကိုယ်းကွယ်နေ ကြောင်းတွေ့သည်။

သျှမ်းတို့၏ နတ်ကိုးကွယ်မှု

သျှမ်းလူမျိုးတို့သည် နတ်ကို မယုံကြည် မကိုးကွယ်ခြင်းမဟုတ်ပါ။ စ၀်ဖီ၊ ခွန်ဖီ၊ နန်းဖီ ဆိုသောအခေါ်သည် နတ်သမီးနတ်သား တို့ကိုခေါ်ဆိုခြင်းဖြစ်သည်။ ဗမာများကဲ့သို့လို.. နတ်ဝင်ခြင်း ၊ နတ်ကနားပေးခြင်း နတ်ပွဲပေးခြင်းများမရှိပါ အချို့ဒေသတွင် နတ်မေးခြင်းများ ရှိသည်။  ရှေးဘိုးဘေး မြို့ရွာတည်ခဲ့သော အကြီးအကဲများသည် သမလွန်တွင် နတ်ဖြစ်သည်ဟု ယုံကြ၍ တနှစ်တကြိမ်ကျ မြို့ အရှင်ကြီးဟုခေါ်သော မြို့တည်မင်းကို ပူဇော်ပသကြသည်။ အထူးသဖြင့် ကိုးမြို့ရှင် ဟုခေါ်သော “စ၀်မိုင်း” ကိုပူဇော်လေ့ ရှိပေသည်။ သို့သော် တစ်နှစ်တစ်ခါ ပူဇော်ခြင်းမှလွဲ၍ အခြားအချိန်များတွင် ပူဇော်ခြင်းမရှိပဲ နတ်ကွန်းတွင် လူသူကင်းမဲ့လေ့ရှိသည်။
သျှမ်းကြာဗမာဖြစ်ဆိုသလို ဗမာဖြစ်သွားရရှာသော အချို့ဒေသများတွင် သျှမ်းစကား မပြောတတ် မအဆိုတတ် မကြားဘူးကြပေမဲ့ ကိုးမြို့ရှင်နှင့် ပုလဲယဉ် နတ်တို့ကို ပူဇော်ပသ နေကြောင်းတွေ့ရသည်။ ယင်းတို့၏ ဘိုးဘေးများသည် တချိန်က သျှမ်းများဖြစ်ကြေင်း ထင်ရှားသည်။ ယနေ့ အထက်ပါ  သျှမ်းဒေသ ၁၄ နေရာတွင် ယနေ့တိုင် တွေ့နေရသည်။


ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ သျှမ်းညီနှောင်များ ရတနာသုံးပါး အမြဲမပြတ် ကိုးကွယ်စည်း ကပ်ရင်း နှင့် စ၀်ဟန် စ၀်မိန်း စ၀်လီ ဖီမြတ်တို့ စောင်မကြည့်ရှု နိုင်ကြပါစေ..ကျားပေါက်



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်