koko

koko

Friday, October 19, 2012

မယ်ခူးခေးရှဲန်

မယ့်ခူးခေးရှဲန်သည် ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတွင် ပါဝင်ခဲ့သော   ကျောင်းသားခေါင်းဆောင်တဦး လည်းဖြစ်ပြီး စစ်အာဏာရှင်တို့၏ ဖမ်းဆီခြင်းခံခဲရသူဖြစ်သည်။

ယာန်ဆိုသောသျှမ်းသမိုင်းစာအုပ်ကို ရေးသားပြုစုခဲ့သူ ဖြစ်လို Shan State Army (South) ပြောရေးဆိုခွင့် တာဝန်ကိုထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ မယ်ခူးသည်  သျှမ်းပြည်နယ် မိန်းနှောင် စော်ဘွား၏ မျိုးဆက်ဖြစ်သော   ဒေါက်တာ စ၀်သိန်းဇံ၏ ဇနီးဖြစ်သည်။

မယ်ခူးသည် မြန်မာပြည်တွင် ယန်ဆိုသော သျှမ်းသမိုင်းစာအုပ်ကို သျှမ်းလို ရေးသားခဲ့ဟာ သျှမ်းလူထုထဲတွင်   ထင်ပေါ်ကျော်ကြားခဲ့သူဖြစ်သည်။

 2007  February ခုနှစ်  S.C.E.C မှ  ရေးသားထုတ်ဝေသော အခြေခံ ကျောင်းသုံး သျှမ်းစာအုပ်များကို   ပြုစု   ရေးသားခဲ့သူလည်းဖြစ်သည်။

၂၀၀၉ အောက်တိုဘာလ ၁၅ မှ ၁၇ ရက်နေ့အထိ သုံးရက် ဆက်တိုက် ကျင်းပသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Maha Chulalongkorn building, Faculty of Arts, Chulalongkorn University ၌ သျှမ်းအကြောင်း သုတေသနညီလာခံ (ပွဲတော်) တွင်  ပြည်တွင်းပြည်ပမှ သမိုင်းပညာ ရှင်၊ ပရိတ်သတ် တို့ ရာချီ တက်ရောက်ခဲ့ကြရာ ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများဆိုင်ရာအကြောင်း၊ သျှမ်းလူမျိုးများရဲ့ လူမှုအသိုင်းအ၀ိုင်းအကြောင်း၊ သျှမ်းတို့ ရဲ့ရိုးရာ ဆေးပညာအကြောင်း၊ အုပ်ချုပ်ရေးအကြောင်း၊ ကိုးကွယ်ယုံကြည်မှုနဲ့သျှမ်းလူမျိုးတို့ရဲ့ဘ၀အကြောင်းတို့ကို တင်ပြခဲ့ကြရာ

 သျှမ်းသမိုင်းပညာရှင်  မယ်ခူးခေးရှဲန်က ထိုင်းဘုရင် ဗြနရဇ် သမိုင်း ကြောင်းမှ ပဟေဠိ ၃ ခုဖြေရှင်းခန်းကို တင်ပြခဲ့သူဖြစ်သည်။

မယ်ခူးသည် ယနေ့ သျှမ်းနွယ်များဖြစ်သော သျှမ်းနီးအမျိုးသားတို့အား လေးနက်သောစကားကို ယခုလိုပြောဆိုခဲ့ပါတယ်..  ( သျှမ်းနီတွေဟာ ကိုယ်တိုင် သျှမ်းဖြစ်နေရဲ့သားနဲ့  ကျနော်တို့ဟာ သျှမ်းတွေပါလို့ နိုင်ငံတော် အစိုးရထံ ပြန်တောင်းနေရသာလောက် ၀န်းနည်းကြေကွဲစရာ မရှိဘူး.. ) ကျားပေါက်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်