koko

koko

Saturday, October 20, 2012

ဆခဟ ခေါ် စိုင်းဆဲန်ဇင့်

 စိုင်းဆဲန်ဇင့် ခေါ် ဦးစိန်ကြည်ကို ၁၉၅၂ ခု နိုဝင်ဘာ ၇ ရက်တွင် သျှမ်းပြည်နယ် မြောက်ပိုင်း ဝ’ လူမျိုးစု နယ်မြေ မိုင်းဆိုင် (မိုင်းကိုင်) မြို့ ၌ မွေးဖွားသူ ဖြစ်ကာ ဝ’   စကားလည်း တတ်ကျွမ်းသူဖြစ်သည်။ တန့်ယန်းမြို့ အထက်တန်းကျောင်းတွင် ဒဿမတန်း   အောင်မြင်  ခဲ့သည်။ ငယ်စဉ်ကတည်းက ဂီတနှင့် စာပေဘက်တွင် ၀ါသနာ ထုံသူတဦးဖြစ်ပြီး နာမည်ကြီး တေးရေးဆရာ စိုင်းခမ်းလိတ်နှင့်လည်း သူငယ်ချင်းလည်းဖြစ်သည်။

တန့်ယန်းမြို့တွင်ကြီးပြင်းခဲ့ပြီး  လားရှိုးနှင့် မန္တလေးတို့တွင် သင်ယူခဲ့သည်။

အနုပညာဝါသနာပါသူ ဦးစိန်ကြည်သည် “ဆွမ့်ခုံဟင်း”ခေါ် ဆခဟ အမည်ဖြင့် တေးရေး တေးဆို သူဖြစ်ပြီး တေးရေး- အဆိုကျော်    စိုင်းဆိုင်မောဝ်၊ စိုင်းခမ်းလိတ်တို့နှင့် အလုပ်တွဲ လုပ်ခဲ့ဖူး သူလည်း ဖြစ်သည်။

 ၁၉၇၃ ခုနှစ်တွင် “ပင်လုံစာချုပ်” ဟု အမည်ရသည့် တေးစီးရီးကို သျှမ်း အဆိုတော် စိုင်းဆိုင်မောဝ်နှင့် တွဲဖက် သီဆိုခဲ့သူဖြစ်သည်။ (ယနေ့တိုင် နာမည်ကြီးလျှက်ရှိသည်)


ဦး စိန်ကြည်ဟာ Freedom Way တီး ဝိုင်း စတင်တည် တောင်သူထဲမှာ တ ယောက်အပါအဝင်ဖြစ်ပါတယ်။ သျှမ်း သီချင်း တွေနဲ့ တော်လှန် ရေး သီချင်း တွေလည်း ရေး သား သီဆိုခဲ့ ပါတယ်။ ခွန်ဆာ၏  မူလအဖွဲ့     သျှမ်းပြည်ညီညွတ်ရေးတပ် SUA နှင့် ၁၉၈၄-၈၅ ထိ၊ စ၀်မိုးဟိန်းဦးဆောင်သော သျှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး MTA ဟု ပြန်လည်ဖွဲ့စည်း ရာတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၉၆ ခုတွင်ခွန်ဆာနှင့် MTA လက်နက်ချသွားရာမှ ဦးခွန်ဆိုင်းနှင့် ဦးစိန်ကြည်တို့နှစ်ဦး ထိုင်းနိုင်ငံ ချင်းမိုင်တွင် သျှမ်းသံတော်ဆင့် သတင်းဌာနကို တည်ထောင်ခဲ့ကြသည်။

၁၉၉၆ က နေ ၉၈ ထိ သျှမ်း ပြည်ထဲမှာ အစိုး ရရဲ့ ဖြတ် ၄ ဖြတ် စနစ်နဲ့ ရွာ ပေါင်း ထောင် ကျော် လူ ပေါင်း ၃ သိန်း ကျော် အတင်း အဓမ္မ ပြောင်း ရွှေ့ ခံရတဲ့ အ ကြောင်း ရေး သား သီဆိုခဲ့ တဲ့ ငရဲကြီး ကျတဲ့ နှစ် ဆိုတဲ့ သီချင်း ဟာ သူရဲ့ နာမည်ကြီး သီချင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့် သတင်း အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ဦးစိန်ကြည်သည် ၄င်းတို့ ဌာန၏ လုပ်ငန်း (၄၀) ရာခိုင်နှုန်းကို အဓိက တာဝန်ယူ လုပ်ဆောင်ပေးနေသူ တဦး ဖြစ်သည့်အတွက် “အစားထိုးမရတဲ့ ဆုံးရှုံးမှု ပါပဲ” ဟု ပြောသည်။

သူရေးသား ခဲသော “လွီး” (ပင်လယ်ကိုကူးသူ)ဇိဏ်းလျောဂီတအဖွဲ့(Freedom Way Band)   မှတီးခတ်ပြီး နာမည်သီချင်းတပုဒ် ဖြစ်ခဲ့သည်။တော်လှန် ရေး နယ် မြေမှာ စိန်း လျော စာ စောင်၊ ရှမ်း ပြည်ဘယ်လဲ၊ ဗိုလ်ချုပ်ရွာ စတဲ့ စာအုပ် တွေ ဦး စီး ထုတ် ဝေခဲ့ တဲ့ အပြင် သတင်း ၊ နိုင်ငံ ရေး ဆောင်း ပါး ၊ အ တွေး အမြင်၊ တိုး တက် ရေး ဆောင်း ပါး တွေ ကဗျာတွေ ရေးသားခဲ့တယ်။
သျှမ်း ဘာသာ ဆခဟ အက္ခရာသုံး လုံး ကို အ ခြေပြုပြီး က လောင်ခွဲနာမည် အမျိုး မျိုး နဲ့ သီချင်း တွေ၊ ကဗျာ တွေ၊ စာ တွေ ရေးသားခဲ့သူ ဖြစ်သည်။

ကွယ်လွန်ချိန်မှာ ဇနီး ဖြစ်သူ နန်း လွန့် ယိင်း နဲ့ သား နှစ်ဦး သမီး တဦး ကျန်ရစ်ပါတယ်။
ဇိဏ်းလျောဂီတအဖွဲ့တွင် တေးရေးဆရာ/ အဆိုတော် ဆခဟ အမည်ဖြင့် လည်းကောင်း၊ သျှမ်းသံတော်ဆင့် သတင်းစဉ်တွင် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်ဟု လည်းကောင်း လူသိများသည့် မျိုးချစ်ပုဂ္ဂိုလ် တဦးပင်ဖြစ်သည်။

ယနေ့ သျှမ်းလူငယ်များ စိန်ကြည်လို လူစား အများကြီးဖြစ်နိုင်ကြပါစေ.. ကျားပေါက်



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်