koko

koko

Saturday, October 27, 2012

တိုင်းအာဟုမ် ခေါ် အာသံသျှမ်း

BC- 500 ခန့်က  ဘုရားရှင်လက်ထက်တော်အခါ  သျှမ်းတို့သည် အရှေ့တောင်အာရှ ဒေသများသို့ ပျံ့နှံ့ ရောက်ရှိလာပြီး မြို့ရွာ တည်ထောင်ခဲ့သည်။ဗြဟ္မ္မပုတ္တရ  မြစ်ဖျားပိုင်းသို့     ရောက်လာကြသောအခါ မျိုးနွယ်စုများအနက်မှ   မြောက်ဖက်သို့  ခွဲထွက်သွား သော မျိုးနွယ်စုအချို့ရှိခဲ့၏။ ယင်းတို့ကို ပူတာအို (ခန္တီးလုံ)သျှမ်းတို့က တိုင်းအောက်ဟောင် (တဲးကွဂ့်၈ွှင်;) (တဲးကွဂ်,၈ွှင်,) “ မြောက်ဘက်ဒေသသို့ ခွဲထွက်သွားသော သျှမ်းများ” ဟုခေါ်ဝေါ်ခဲ့ကြသည်။

  နောင်တွင် အာဟုမ် သျှမ်းများဟု ခေါ်တွင်ခဲ့သည်။ အခြားခွဲထွက်မျိုးနွယ်စုကို တိုင်းဖတ် (တဲးဎေ၊တ်) (တဲးဎေ၊တ်,) ”ခွဲထွက် သွားသောသျှမ်းများ”ဟု ခေါ်တွင်ခဲ့သည်။ ယနေ့တိုင် “တိဘက်”ဟု အမည်တွင်ကျန်ရစ်ခဲ့လေသည်။

ဗြဟ္မပုတ္တရမြစ်ဝှမ်း အတိုင်း စုန်ဆင်းလာသော မျိုးနွယ်စုမျာသည် ကျွန်းပင်ထူထပ်ရာနေရာသို့ ရောက်ရှိ လာကြပြီး ထိုကျွန်းတောများကို ခုတ်ထွင်ရှင်းလင်း၍ အခြေချနေထိုင်ကြသည်။ (သ၊ဂ့်) = ကျွန်း၊ (တီ)= ခုတ် ထွင်သည်၊ (ယု.)= ဖျက်သည် ဟူသောစကားလုံးသုံးလုံးကို ပေါင်းစပ်ထားသည့် (သ၊ဂ့်တီယု.) (သဂ်းတီ,ယု.)  ဟူသောစကားသည် “ကျွန်းတောကို ခုတ်ထွင်ရှင်းလင်းသည့်နေရာ” ဟုအဓိပ္ပါယ်ရသည်။

ဤဝေါဟာရမှ နောင် တွင် ဆာဒိယ ဟု တွင်ကျန်ရစ်ခဲ့ပြီး ထိုမျိုးနွယ်စုများကိုလည်း သာကီယ များဟု   ခေါ်ဝေါ်ခဲ့ကြဟန်ရှိသည်။
ညင်သာစွာ စီးဆင်းနေသောချောင်းနှင့် ပတ်ဝန်းကျင် သဘာဝအနေအထား သာယာကြည်နူးဖွယ် ရှိ သည့် ဒေသတစ်ခုသို့ ရောက်ရှိသွားကြသော မျိုးနွယ်စုများမှ ဟွေ (၈ှူရ၁်,) (၈ှူရ၁်;) = ချောင်း၊ သာလီ (သု, လီ) = သာယာကြည်နူးဖွယ်ကောင်းသည်” ဟူသော အဓိပ္ပါယ်ဖြင့် ဝေသာလီ (၈ှူရ၁်,သု,လီ) ဟု အမည်ပြုကာ အခြေချနေထိုင်ခဲ့ကြပြန်သည်။

ဟူးကောင်းလွင်ပြင်သို့ ၀င်ရောက်အခြေချခဲ့သော သျှမ်းတို့ထဲမှ အချို့သည်လည်း ဗြဟ္မ္မပုတ္တရမြစ်ကို   ကျော်ဖြတ်ကာ ဆာဒိယနယ်အတွင်းသို့ ရောက်ရှိလာကြသည်။ အာသံဒေသ တစ်လျှောက်      (အရှာရှ်နာ ပရာတက်ရှ်) နှင့် တိဘက်ဒေသအထိ အခြေချခဲ့ကြသော မျိုး နွယ်စုများတွင် ခန္တီး၊ ခမ်းယန်း၊ တူရုမ်း) ဒူးအိုင်း၊ ဖာကျယ် မျိုးနွယ်စုများ ပါဝင်သည်။ သူတို့သည် လူများစုဖြစ်၍  ဒေသခံလူနည်းစုတို့အပေါ် လွှမ်းမိုးကာ ဒေသခံတို့၏ အရှင်သခင်များ ဖြစ်လာပြီး၊ ဒေသခံတို့မှာ သူတို့၏ အစေ အပါးများ အဖြစ်သို့   ရောက်ရှိသွားရသည်။

AD- 754 လန့်ကျောက်ခေတ် (နန်ချောင်) လန့်ကျောက်ဘုရင် ခွန်လူဖုန် လက်ထက် သျှမ်းတို့ရှိရာဒေသ များကို လိုက်လန်စည်းရုံးကာ မြန်မာမြောက်ပိုင်း တခုလုံးအပါဝင်  လယ်ပိုင်း မှုံရွာ၊ မကွေးနှင့် အာဟုမ်ခေါ် အာသံဒေသ တို့ထိအောင် စည်းရုံးသိမ်းတွင်းနိုင်ခဲပါသည်။

AD- 1228 တွင်  မောဝ်နှိင်ငံတော်မှ ဆူကာဖုန်ဟာ (Sukaphaa ) ဆိုသော သျှမ်းမင်းတပါးသည် အာသံရှိ   မိုရာနက် အမျိုးနွယ်များ (Moranis) နှင့် ဘိုရာဟစ် (Borahis) အမျိုးအနွယ်တို့ကို ပေါင်းစပ်က အာဟုန်ဆိုသော(Ahoms) သီးခြားလွတ်လပ်သော နိုင်ငံတော်အဖြစ် တည်ထောင်ကာ အုပ်ချုပ်ခဲ့သည်။ ၎င်း၊ ဆေကာဖုန်ဟာ သျှမ်း မျိုးဆက်များသည် နောက်ပိုင်း၌  ဆူဟန်မောင်း (Suhungmung) အမည်သို့   ပြောင်းဆိုခဲ့ရာမှ နောက်ပိုင်း ဟိန္ဒူ အမည်ဖြစ်သော ဆွာဂါနာရာယန် (Swarga NaraYan) ဆိုသည့် မင်းဆက် အမည်သို့ပြောင်းကာ 1826 ထိ အုပ်ချုပ်ခဲ့ကြသည်။

AD-1311 -1364 မိုင်းမောဝ် ဧကရာဇ် ခွန်ဆေခန်ဖှ (သိုဝ်န၊ခေ်,ငေု.)လက်ထက် AD- 1320 တွင် မိုးကောင်း၌ ၄င်းညီတော် ခွန်ဆမ်လုံ (နုခ်ေသ၊မ်လူင်း/နုခ်ေသ၊မ်လူင်) အုပ်ချုပ်၏။ ခွန်ဆမ်လုံသည် စစ်သူကြီး များဖြစ်ကြသော တောဝ်ဖလော၊ တောဝ်သိုဝ်ယင်း၊ တောဝ်ဟန်ကိုင်တို့နှင့် အတူ မာဂဓနယ်သို့ စစ်ချီခဲ့ဖူးခဲ့၏။ မဏိပူရ အာသံတို့ကို စည်းရုံးသိမ်းသွင်းပြီး သည်။ သလ္လာဝတီ အထက်ပိုင်းနှင့် ဥရုဝန်းကျင်ဒေသ သျှမ်မြို့ ရွာများတွင် တပ်ချပြီး ကင်းမြို့ ကင်းရွာ (၁၅)ရွာကို တည်ထားခဲ့သည်။

AD- 1786 - နောက်ပိုင်း ခန္တီးလုံဒေသ (ပူတာအို) နယ်တွင်ရှိသော လုံးကျိန်းနှင့် လုပ်ခွန်တို့ မသင့်မြတ်ဖြစ်ရာမှ လုံးကျိန်းမျိုးနွယ်စုများသည် အာသံသျှမ်းများရှိရာသို့ ပြောင်းရွေ့သွားခဲ့ကြသည်။
အာဟုန်ခေါ် အာသံသျှမ်းနိုင်ငံသည် မြန်မာမင်းများ လက်အောင်ခံထက် သျှမ်းမင်းများ လက်အောက်ခံ  အုပ်စိုးသည် ကများသည်။

 AD-1816 ဘိုးတော်ဘုရား လက်ထက်မှာ မဏိပူရ၌ သားတော်အကြီး ချောဂျစ်ဆင်း (မဟာရာဇာ) နဲ့ သားငယ် မာဂျစ်ဆင်း (ဇူပရာဇာ) တို့ ထီးနန်းဆက်ခံရေး အရှုပ်အထွေး ဖြစ်လာပြီး နန်းလုကြရာတွင် မာဂျစ်ဆင်းက မြန်မာမင်းထံ ခိုလှုံ အကူအညီ တောင်းရာမှ မဏိပူရနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရသည်။ စစ်သူကြီး မဟာဗန္ဓုလသည် အာသံတို့ ၀င်ရောက် သိမ်းပိုက်သည်။
AD-1835  ခန့်တွင် အင်္ဂလိပ်အစိုးရက အာသံရှိ သျှမ်းအကြီးအကဲတို့ ကို ရာထူးရုတ်သိမ်း၍ အာသံမှ   မောင်းထုတ်ခဲ့သည်။ သျှမ်းမျိုးနွယ်စုနှင့် အင်္ဂလိပ် အစိုးတပ်များသည် အာသံ၊ ဆာဒိယနယ် တစ်ဝိုက်တွင် အကြိမ်ကြိမ် တိုက် ပွဲဖြစ်ပွား ခဲ့ကြသည်။ သျှမ်းတို့သည် တောတောင်ထဲတွင် ခိုလှုံပုန်းအောင်းရင်း အစွမ်းကုန် ခုခံခဲ့ကြသည်။

AD-1839 တွင် အင်္ဂလိပ်တပ်မှ ကာနယ်ဝှိုက်ဆိုသူ ကျဆုံးကြောင်း မှတ်တမ်းရှိသည်။ နောက်ပိုင်းတွင် လက်နက်အင်အား မမျှသဖြင့် သျှမ်းတို့တိမ်းရှောင်ခဲ့ရသည်။ ဗြိတိသျှအစိုးရက သျှမ်းမျိုးနွယ်စုများကို အာသံနှင့် ဝေးရာသို့ မောင်း ထုတ်ခဲ့ပြီး ပြောင်းရွှေ့နေထိုင်စေခဲ့သည်။

ထိုမျိုးနွယ်စုများ နေထိုင်သည့်နေရာတွင် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဖောက်လုပ်သော လီဒိုလမ်းမ ကြီး (Steelwell Road) ကဖြတ်သန်းခဲ့သည်။ ထိုလမ်းဖောက်လုပ်စဉ်က ကာနီ (ဘိန်း)ဖြင့် ယဉ်ပါးအောင် ပြုပြီး ခိုင်းစေခဲ့သဖြင့် ထိုမျိုးနွယ်စုများမှာ ဘိန်း၏ ကျေးကျွန်ဖြစ်ခဲ့ရသည်။ ဘိန်းစားသုံးမှုကို မိရိုးဖလာယဉ်ကျေးမှု တစ်ရပ်အဖြစ် စွဲစွဲမြဲမြဲ လက်ခံကျင့်သုံးလာတော့သည်။


ထို့ပြင် အခြားသော မျိုးနွယ်စုများ၏ ၀ါးမြိုမှုကိုပါ ခံလာရသဖြင့် (Civilization) မျိုးနွယ်စုကြီးတစ်ခု အ နေမှ (Sub Clan) လူမျိုးငယ် တစ်စုအသွင်သို့ ရောက်ရှိကြရတော့သည်။ နောက်ဆုံးတွင် ဘာသာစကား၊ ဆင် ယင်ထုံးဖွဲ့မှု၊ ဓလေ့ထုံးတမ်းများပါ ပျက်စီးခဲ့ရပြီး မျိုးသုဉ်းတော့မည့် မျိုးနွယ်စုဟု ကင်ပွန်းတပ်ရ   လောက်အောင် ၀မ်းနဲဖွယ် တွေ့ မြင်ရကြောင်း “ The vanishing tribes ” ဟူသော ဆောင်းပါးဖြင့် “ခရစ်ချနာဒက်” က အိန္ဒိယ အရှေ့မြောက်စာစောင်တွင် ဖော်ပြခဲ့ဖူးလေသည်။

 သျှမ်းမျိုးနွယ်စု များဟူးကောင်းလွင်ပြင်မှ နယ်မြေသစ်ရှာဖွေရင်း ဗြဟ္မပုတ္တရမြစ်ဝှမ်း၊ အာသံ၊ ဆာဒိယ၊ ဝေသာလီ၊ တိဘက် တိုင်အောင် ရောက်ရှိသွားသော သျှမ်းများသည်လည်း ရှိသည်။
အာသံဒေသ (အရပ်ရှ်နာပရာတက်ရှ်)နှင့် မဏိပူရ၊ တိဘက်ဒေသများတွင်
ဖာကျယ်သျှမ်း
အိုက်တွမ်သျှမ်း
ခမ်းယန်းသျှမ်း
ကောသလသျှမ်း စသည့် မျိုးနွယ်စုများ ယနေ့တိုင် နေထိုင်လျက်ရှိသည်ကို တွေ့ရသည်။

ထုတ်နုတ် - စိုင်းဆေးနွမ် (ဟုမ္မလင်း)
               - စောနွဲ့ဆားသော (ပူတာအို)
               - Dwipanjit's Blog

တိုင်းအာဟုမ် သီချင်းလေးမြည်းကြည့်ကြပါဦး


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"