koko

koko

Thursday, October 18, 2012

အတ္တရဲ့ နောက်ဆုံးရလဒ်

အတ္တသမားရဲ့ နောက်ဆုံးရလဒ် ကြိုးမိန့် ကျထားသည့် အချိန် ဦးစော အတွက် ဇနီးဖြစ်သူ ဒေါ်သန်းခင်နှင့် သမီး ဘေဘီစော တို့သည်   ဒေါက်တာဘမော်နှင့် ဒေါက်တာ ဘဟန် တို့အား အယူခံရှေ့နေ လိုက်ပေးရန် တောင်းပန်ပါသည်။ သို့သော် အချည်းနှီး ဖြစ်သွား ခဲ့ရသည်။(ဗမာ့ခေတ်သတင်းစာ၊ ၁-၁-၁၉၄၈)

၁၉၄၈ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ တွင် ဦးစော၏ဇနီးဖြစ်သူ ဒေါ်သန်းခင် သည် ရှေ့နေကြီး မစ္စတာဟက်ဗောက်မှ တစ်ဆင့် အင်္ဂလန်ပြည်၊ လန်ဒန်မြို့ရှိ ဦးစော၏ညီဝမ်းကွဲ ဦးမောင်မောင်ကြီးထံ ထိုခေတ်ငွေ ကျပ် ၂၀ဝ၀ အကုန်ခံပြီး သံကြိုးတစ်စောင် ပို့ကာ အကူအညီ တောင်းခဲ့  ပါသည်။
ထိုသံကြိုးစာတွင် ဤ အမှုသည် အင်္ဂလိပ်အစိုးရ လက်ထက်တွင်   ဖြစ်ပွားခဲ့သဖြင့် ဘိလပ်ပရီဗီကောင်စီတွင် အယူခံဝင်ခွင့်ရှိကြောင်း၊ တရားဥပဒေ အားဖြင့် ညွှန်ကြားအကြံဥာဏ်ပေးနိုင် သော ဥပဒေပါရဂူများရှာဖွေပေးရန် ပါရှိ သည်။(ဗမာ့ခေတ်သတင်းစာ၊ ၁၁-၃-၁၉၄၈)

ဦးစော၏ လက်နက်မှုကြီးကို ၁၉၄၈ ခုနှစ် ဧပြီလ ၂၀ ရက်၊ နေ့လယ် ၂ နာရီ အချိန်တွင် အင်းစိန်   ထောင်ကြီးထဲတွင် အင်းစိန်သတ္တမ တရားသူကြီးက စတင် စစ်ဆေးခဲ့သည်။ ဦးစောမှာ အတော်လေး ပိန်ချုံးသွားသည်။ ဦးစောက အမှုတွင် ပါဝင်သည့် ကလေးများသည် မိမိအိမ်မှ ကလေးများ   ဖြစ်သဖြင့်  သူတို့အတွက်ရှေ့နေ ငှားပေးရန်မှာ မိမိတာဝန်ဖြစ်ကြောင်း ပြောကြားသည်။ ဦးစောက တရားခံများ ကို တွေ့ဆုံရန် တောင်းဆိုသည်။ တရား သူကြီး ဦးစိုးက မိမိတွင် အာဏာမရှိ၊ အထက်အရာရှိများနှင့်သာ စကားပြောစေ လိုကြောင်း ပြောကြားခဲ့သည်။ (ဟံသာဝတီသတင်းစာ၊ ၂၁-၄-၁၉၄၈)

အင်းစိန်ထောင်ကြီးထဲတွင် နိုင်ငံ တော် လုပ်ကြံမှုတရားခံ နံပါတ်တစ် တရားခံ ဦးစောထံသို့ ဇနီးဖြစ်သူ ဒေါ် သန်းခင်နှင့် သမီး ဘေဘီစောတို့ ဧပြီလ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ သည်။ ဒေါ်သန်းခင်နှင့် ဘေဘီစောတို့က ဦးစောအား ဇိနတ္ထပကာသနီကျမ်းစာအုပ် တစ်အုပ်   ပေးခဲ့ကြသည်။ ဦးစောက သူ ရေးသားထားသော စာရွက်ပေါင်း ၄၀ ကျော် ၅၀ ခန့်ရှိမည့် သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာတမ်းရှည်ကြီးကို ပေးအပ် လိုက်သည်။ (ဟံသာဝတီသတင်းစာ၊ ၂၁-၆-၁၉၄၈)

အင်းစိန်ထောင်မှနေပြီး ဦးစောသည် ဇနီးဖြစ်သူဒေါ်သန်းခင်ထံ စာတစ်စောင် ကို အောက်ပါအတိုင်း   ရေးပို့လိုက်သည်။ မာမီခင် ကျွန်တော်၏ အလောင်းကို အိမ်သို့ မယူပါနှင့်။ ဘယ်ကိုမှလည်း မယူပါနှင့်။ သေပြီးသောအပုပ်ကောင်ကြီးဟူ၍ တရား နှင့်ဖြေပါ။ သတိသံဝေဂဖြစ်ပါ။ အနိစ္စ တရားနှင့် အနတ္တတို့ကို ပွားများပါ။ သေပြီဖြစ်၍ မထူးပါ။ ထို့ကြောင့် မာမီတို့ ဒုက္ခမရှာကြပါနှင့်တော့။ သေသူ ရည်ရွယ်၍ ပဉ္ဇင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်းကျွေးခြင်း စသော ကုသိုလ်ကောင်းမှုများကို လုပ်ပါက မာမီ တို့မှာကုသိုလ်ရနိုင်ပါသည်။ အမျှအတန်း ဝေပါက ကုသိုလ်ရနိုင်ပါသည်။ ဤသို့ သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ။ (မြန်မာ့အလင်း၊ ၁-၅-၁၉၄၈)

ဦးစော သေသောအခါ ရုပ်ကလပ်ကို ဇနီးဖြစ်သူ ဒေါ်သန်းခင်က အပြင်တွင် သင်္ဂြိုဟ်ရန် တောင်းဆိုခဲ့သည်။ ဆိုင်ရာမှ ခွင့်မပြုခဲ့ပေ။ သို့သော် တရားခံများအား သရဏဂုံတင်ရန်ကိစ္စတွင် ၄င်းတို့ အလိုရှိ သည့် ဘုန်းတော်ကြီးများကို ပင့်ဖိတ်ပြီး သရဏဂုံ တင်ခွင့်ကို ဧပြီလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နေ့များတွင်   ပြုလုပ်ခွင့်များ ပေးခဲ့သည်။ (မြန်မာ့အလင်း၊ ၆-၅-၁၉၄၈)

 နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက် သည့် မြန်မာနိုင်ငံ တရားလွှတ်တော်ချုပ် သို့အယူခံဝင်ရောက်ရေး အတွက်အခွင့်ထူး ပေးရန် ဝင်ရောက်ထားကြသော ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့၏အမှု ကို ဧပြီလ ၂၇ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်တွင် တရားဝန်ကြီးချုပ် ဆာဘဦး၊ တရားဝန်ကြီး ဦးအေးမောင်နှင့် တရား လွှတ်တော် တရားဝန်ကြီးချုပ် ဦးသိမ်း မောင်တို့က ကြားနာ စစ်ဆေးပြီး  စီရင်ချက် ချမှတ် လိုက်သည်။ ယခုအမှုတွင် မှား ယွင်းစွာဖြင့် တရားဥပဒေေ ကြာင်းအား ဖြင့်လည်းကောင်း၊ အကြောင်း အရာအား ဖြင့်သော်လည်းကောင်း စစ်ဆေးခဲ့သည့် ခုံရုံးနှင့် တရားလွှတ်တော်တို့က မှားယွင်း စွာ ဆုံးဖြတ်ထားခြင်းမရှိသည်ကို တွေ့ရ သည့်အတွက် တရားခံတို့သည် ဤရုံး တော်သို့ အယူခံဝင်ရန် အခွင့်တောင်းခြင်း သည် မပေးသင့်ဟုဆိုကာ တရားခံတို့၏ အယူခံဝင်ရောက်ရေးခွင့်ပန်လွှာကို ပယ်ချ လိုက်သည်။ (သံတော်ဆင့်၊ ၁၈-၄-၁၉၄၈)
 

နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ် သက်သည့် ဦးစောနှင့် အပေါင်းအပါ တရားခံ ၈ ဦးအား မေလ ၈ ရက်နေ့တွင် ကွပ်မျက်ရန်၊ အထူးခုံရုံးအဖွဲ့မှ ဆိုင်ရာသို့ ၂၈-၄-၄၈ ရက်နေ့က သေဒဏ်ဝရမ်းများ ထုတ်ပေးလိုက်သည်။ ဦးစော၏ဇနီး ဒေါ် သန်းခင်သည် ၂၇-၄-၄၈ နေ့စွဲဖြင့် ၎င်း၏ အေဒီလမ်းရှိ   နေအိမ်ကို ပြန်ပေးရန်နှင့် ၄င်း၏ လင်ယောကျာ်း အဆုံးစီရင်ပြီး သောအခါ အလောင်းကို ထိုအိမ်သို့ယူ ဆောင်ကာ သင်္ဂြိုဟ်ခွင့်ပြုရန် ဆိုင်ရာသို့ တောင်းဆိုထားသည်။(သံတော်ဆင့်၊ ၂၉-၄-၁၉၄၈)

နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ကြိုးဒဏ်အတည်ပြုခြင်းခံရ သည့် ဦးစောသည် မေလ ၆ ရက်နေ့ ညနေအချိန်တွင် အင်းစိန်ထောင်အတွင်း ၌ မိုးညှင်းဆရာတော်ကြီးနှင့် အခြား ဆရာတော်သုံးပါး တို့၏တရားတော်တို့ကို နာယူခဲ့သည်။ ဦးစောက မိုးညှင်းဆရာ တော်ကြီးကို ငွေကျပ် ၄၅၀ဝ ရေစက်ချ လှူဒါန်းခဲ့သည်။ (သံတော်ဆင့်၊ ၇-၅-၁၉၄၈)

 မေလ ၈ ရက်နေ့ လင်းအားကြီး အချိန်တွင် ဦးစောနှင့် အပေါင်းအပါ တရားခံများအား ကြိုးဒဏ်ပေးမည် ဖြစ် သည်။ ရန်ကုန်ထောင်ကြီးထဲတွင် ရန် ကြီးအောင်နှင့် စိန်ကြီးတို့အား လည်း ကောင်း၊ အင်းစိန်ထောင်တွင် ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့အား လည်းကောင်း နှစ်ယောက်တစ်တွဲစီ တစ် နာရီခြား ကြိုးပေးမည်ဖြစ်သည်။ မောင်နီ နှင့် သုခတို့မှာ နောက်လိုက်ငယ်သားများ ဖြစ်သောကြောင့် သမ္မတကြီး၏ ဆန္ဒအရ မေလ ၆ ရက်နေ့တွင် နိုင်ငံတော် ဇီဝိတ ဒါနအဖြစ် သေဒဏ်မှ ချမ်းသာပေးကာ တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲ လိုက်သည်။ (သံတော်ဆင့်၊ ၈-၅-၁၉၄၈)

နိုင်ငံတော်လုပ်ကြံမှုတရားခံ ဦးစော အား ချုပ်နှောင်ထားသည့် ကြိုးတိုက် အမှတ် ၃ တွင် ကြိုးဒဏ်မခံရမီ တစ်နေ့ က အောက်ပါစာလေးကို ကြိုးတိုက်နံရံ တွင် ခဲဖြင့်ရေးသွားခဲ့သည်။ အတိတ်ဘဝမကောင်းမှုက အရင်းခံကြောင့် ဒုက္ခဖြစ်ရသည်။ ဥယိဋ္ဌကကံကကပ်၍ နှိပ်စက်သောကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ   ဖြစ်ရသည်။ အထည်ခံရုပ်ကြမ်းခုတား သေသည်နောက်တိုင်အောင် ကျန်ရှိလေ၏။  

နံနက် ၅ နာရီ မိနစ် ၂၀ တွင် ရောက် ရှိကြသော ပရိသတ်များက ဦးစောထား ရာ ကြိုးတိုက်သို့သွားကြ   ကြောင်း၊ ခဏမျှ အကြာတွင် ၄င်း၏အခန်းကို ဖွင့်ပေးလိုက် ရာ ၄င်းဆင်းမည်အပြုတွင် ကြိုးစင်တင်   သောအခါ ဝတ်ရသောအင်္ကျီရှည်အဖြူကို ဝတ်ပေးမည်လုပ်ရာ ဦးစောက ဟိုပေါ် ရောက်မှ ဝတ်ပါလား ခင်ဗျာဟု တောင်းပန် သည့်အတွက် မဝတ်ဘဲ ထောင်ပိုင်ကြီးက မူးမိုက်သွားမည်ကို စိုးရိမ်သဖြင့် လက်မောင်းမှ တွဲခေါ်လာကြောင်း၊ ထိုအချိန် သည်ကား နံနက် ၅ နာရီခွဲ တိတိပင် ဖြစ်၏။ ဦးစောမှာ ကြိုးတိုက်မှ ကြိုးစင်သို့ အရောက်တွင် လိုက်လာရာ ၄င်းကိုယ် တွင် ပိုးရှပ်အင်္ကျီအပြာလက်တိုနှင့် ပိုးရှမ်း ဘောင်းဘီကို ဝတ်ဆင်၍ ရှေ့ထိုးဖိနပ် အနက်ကို စီးလာကြောင်း။

ဦးစောမှာ နောက်ဆုံးအချိန်အထိ ဣနြေ္ဒမပျက်ဘဲ ပြုံးပြုံးရယ်ရယ်နှင့် ထောင်ပိုင်ကြီးအား (ဂွတ်ဘိုင်) ဟုပင် နှုတ် ဆက်သွားသေးသည်ဆိုကြောင်း။ ကြိုးစင်ပေါ်သို့ မတက်မီ ထောင် အရာရှိကြီးများက ၄င်းတို့ထုံးစံအတိုင်း ဘုရားကို အာရုံပြုရန် ခွင့်ပြုကြောင်း။ ဦးစော ကြိုးစင်ပေါ်သို့ရောက်သောအချိန် သည်ကား ၅ နာရီ ၃၂ မိနစ်ခန့်ရှိပြီဖြစ်ရာ ၄င်းအား အင်္ကျီရှည်ကို ထောင်မှူးကြီးက ဝတ်ပေးပြီး လက်နှင့်ခြေတို့ကို ကြိုးဖြင့် တုပ်ကာ အိတ်ဖြူစွပ်လိုက်ပြီး ကြိုးကွင်း ကို စွပ်လိုက်သည်။

တစ်ခဏမျှကြာသော အခါ ကြိုးတိုက်ဆိုင်ရာ ထောင်မှူးကြီးက ဖြုတ်လိုက်တော့ကြောင်း၊ ထိုအချိန်သည် ၅ နာရီ ၃၃ မိနစ်တိတိအချိန်ပင် ဖြစ်ရ ကား သံပြားကျသွားသော ဒိုင်းဟူသော အသံမှတစ်ပါး ဘာမှမကြားရ။ ကြိုးစင် အောက်ဘက်သို့ လှမ်းကြည့်လိုက်သော အခါ မပြောပလောက်သော လှုပ်ရှားမှု ကလေးဖြင့် မိနစ်အနည်းငယ်အတွင်း ဇီဝိန်ချုပ်သွားတော့ကြောင်း။ (သတင်းစာရေးသားချက်အတိုင်း ကူးယူဖော်ပြသည်) (သံတော်ဆင့်၊ ၈-၅-၁၉၄၈)

ဂဠုန်ဦးစောဇနီးထံမှ လျော်ကြေး ၄ သိန်းရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံခြင်းခံရမှုတွင် ပါဝင် သည့် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဌာန အတွင်းဝန် ဦးအုန်း မောင်၏ ကျန်ရစ်သူဇနီး ဒေါ်သိန်ြးွကယ် နှင့် သားသမီးများက တရားလွှတ်တော် တွင် တရားမကြောင်းဖြင့် တရားစွဲဆိုခဲ့ သည်။ အဆိုပါ တရားမမှုကြီးနှင့်ပတ် သက်ပြီး ဒေါ်သိန်ြးွကယ်ဘက်မှ လိုက်ပါ   ဆောင်ရွက်သည့်ဝတ်လုံတော်ရမှာ ဒေါက် တာ ဘဟန် ဖြစ်သည်။ (မြန်မာ့အလင်း၊ ၂၉-၆-၁၉၅၀)
မှတ်ချက် အချက်အလက်များကို လွတ်လပ်ရေးကြေညာပြီး ချိန် မြန်မာနိုင်ငံ၊ ၁၉၄၈-၁၉၉၈ ရွှေရတု နှစ် ငါးဆယ်ပြည့် ပြည်ထောင်စုမြန်မာနိုင်ငံသတင်းစာ မှတ်တမ်းများ၊ ပထမတွဲနှင့်ဒုတိယတွဲ၊ တက္ကသိုလ် စိန်တင် စာအုပ်များမှရယူပါသည်။
-- တင်ညွန့်

သမှားတခုရဲ့  နောက်ဆက်တွဲ..

ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီး ဒေါ်ဘေဘီစောမှ မွေးဖွားသော ဒုတိယသမီး  ဒေါ်မွန်မွန်ရင် ဖြစ်သည်။ ဂဠုန်ဦးစော၏ မြေး  ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မ၀ံ့ရဲ ကြောင်း ဖွင့်ဟသည်။
 

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ ဒေါ်စုကတော့ Image အရမ်းကြီးတယ် ကမ္ဘာကတောင် အသိအမှတ်ပြုခံရ တဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်း   တွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တမျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများ ပါကြောင်း ဒေါ်မွန်မွန်ရင် က ဆိုသည်။

ဒေါ်မွန်မွန်ရင် တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင် များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။


“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေး အေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောပါသည်။


မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီးတွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီး တော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်” ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင် ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာ ခြားမှုကြား တူညီမှုတခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု   ပြည့်ဝစွာဖြင့်   ပြောပြသည်။


“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး”
(ဒေါ်အောင်ဆန်းစုကြည်)


“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမ မေ့ပါဘူး” ဟုဆိုလေသည်။ 

“ တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ ” ဟုပြောကြပေမဲ့ ချစ်တာခြင်းတူပေမဲ့ နှစ်တာခြင်းတော့ မတူနိုင်ပါ အာဏာနှင့် ငွေကြေးသည် လူတို့၏ ဂုဏ်သိက္ခာ နှင့် အကျင့်သီလကို ပျက်စီးစေပါသည်။



..??? အပြုံးတွေရဲ့ နောက်ကွယ်က အမုန်းတွေ ???... ဒီဘ၀နဲ့ ကြေကြပါစေ...

ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ ဗြိတိသျှရဲ့ နောက်ကွယ်က ပါဝင်ပတ်သက်၊ ကြိုးကိုင်မှု ရှိ/ မရှိ သုံးသပ် ချက်တွေကို ဗြိတိသျှ နိုင်ငံ   ခြားရေးဌာနက ဆက်စပ်တဲ့ လျှို့ဝှက် မှတ်တမ်းတွေ ထုတ်ခွင့်ရတဲ့ အချိန် ကာလရောက်မှ  မှတ်တမ်းရုပ်ရှင် အဖြစ် ပေါ်ထွက် လာခဲ့တဲ့ ဘီဘီစီရဲ့ ရုပ်မြင်သံကြား အစီအစဉ် "အောင်ဆန်းကို တကယ် ဘယ်သူသတ်သလဲ.. (Who Really Killed Aung San?, BBC Documentary Programme, 1997)" အပါအဝင် ဦးခင်အောင်ရဲ့ "အောင်ဆန်းကို ဘယ်သူ သတ် သလဲ" (Who Killed Aung San?, 1993) စာအုပ်လိုနဲ့ အခြား သမိုင်းစာအုပ်တွေမှ တဆင့် သိခွင့်ရလို့ လူအများ စဉ်းစားဆင်ခြင် နိုင်ကြတယ်လို့ ယူဆရတယ်..။



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"