
သက္ကရာဇ် ၁၁၇၈ (ခရစ်နှစ် ၁၈၁၆) တွင် အာသံ၌လည်း အလားတူ နန်းလုကြရာမှ မြန်မာတို့နှင့် အာသံတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်။ ထို အာသံတိုက်ပွဲ၌လည်း နေမျိုးသူရရဲခေါင်သည် တပ်ဦးမှနေ ချီတက် အမှုထမ်းခဲ့ရပြီး၊ သူ၏ အရည်အသွေးမှာ ပေါ်လွင်၍ နာမည်ရခဲ့သည်။ ဘိုးတော်ဘုရား နတ်ရွာစံပြီး (ကွယ်လွန်ပြီး) နောက်၊ စစ်ကိုင်းမင်း (ဘကြီးမင်း) နန်းတက်လာသော အခါ ဒီပဲယင်း မြို့ဝန် နေမျိုးသူရရဲခေါင်အား အလုံမြို့ကို စားစေပြီး မဟာဗန္ဓုလဘွဲ့ ပေးအပ် ချီးမြှင့်ခဲ့သည်။
*"۩"*
“ထိန်လင်း“ ဆိုသောနာမည်သည် ဇာတာထဲက နာမည်သာဖြစ်ပါသည်။ “အောင်ဆန်း“ ဟုသာ လူသိများပါသည်။ အငယ်ဆုံးဖြစ်သည့်တိုင် မိဘများသာမက အစ်ကို အစ်မ များကပါ အလိုလိုက်ကြသည် ဖြစ်ရာ အောင်ဆန်းသည် ကလေး ဆိုးကြီးကဲ့သို့ဖြစ်နေပါသည်။ ။ လိုချင်သည် ကို မရမနေ ငိုရို တောင်းတတ်ပါသည် ။ ရလည်း ရပါသည်။ ကြီးလာသည့်အခါ မိမိပြောလိုရာ ဇွတ်ပြောတတ်ခြင်း လုပ်လိုရာ ဇွတ်လုပ်တတ်ခြင်းတို့သည် ငယ်စဉ်က အလိုလိုက်ခံလို့ ထင်ပါသည်။
*"۩"*
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်
"۩"
Posted in: