၁၉၃၃ ခုနှစ်တွင် မွေးဖွားခဲ့သူ ဦးခွန်ဆာသည် သျှမ်းတရုတ် ကပြားတဦးဖြစ်ပြီး ၎င်း၏ တရုတ်နာမည်မှာ ကျန်းရှီးဖူးဖြစ်သည်။
ဦးခွန်ဆာသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်အဆင့် နီးပါးရှိသည့် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ရှမ်းပြည် အရှေ့ပိုင်းတွင် ၁၉၇ဝ ခုနှစ် နှစ်လယ်ပိုင်းမှ ၁၉၉ဝ ခုနှစ် နှစ်လယ်ပိုင်းအထိ မူးယစ်ဆေးဝါး လုပ်ငန်းကို ထိန်းချုပ်ကာ အကြီးအကျယ် လုပ်ကိုင်ခဲ့သည်။ ထိုင်း-မြန်မာ နယ်စပ်တကြောတွင် ထိုင်းနိုင်ငံ မြောက်ပိုင်း Ban Hin Taek မြို့လေးကို တည်ထောင်ခဲ့ကာ ကွပ်ကွဲရေး ဌာနတခု ဖွင့်လှစ်၍ လုပ်ကိုင်ခဲ့သည်။
သျှမ်းပြည်ညီညွတ်ရေးတပ် SUA ရေးတပ်ဖွဲ့မှ စ၀်ကွဏ်းဇိန်း ခေါ် ဗိုလ် မိုးဟိန်းဦးဆောင်သော သျှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး MTA ဟု ပြန်လည်ဖွဲ့စည်းသော သျှမ်းပြည်တပ်မတော် အမည်ရ မုန်တိုင်းအာမီ (Mong Tai Army) ခေါင်းဆောင်ဘ၀ သို့ရောက်ရှိ၏။ အမေရိကန် နှင့် ထိုင်းအစိုးရဖိအားကြောင့် ၁၉၉၆ ၌ စစ်သည်အင်အားသောင်းချီ ဦးဆောင်ပြီး နအဖ စစ်အစိုးရထံ လက်နက်ချခဲ့ သည်။
ခွန်ဆာ၏ MTA တပ်သည် ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ၌ လက်နက်မချမီ အချိန်အထိ အင်အား ၁၅,၀၀၀ ခန့်ရှိ ကိုယ်ပိုင် စစ်တပ်ဖြင့် ထိုင်း၊ မြန်မာ၊ လာအိုနယ်စပ် ရွှေတြိဂံဒေသကို လွှမ်းမိုးနိုင်ခဲ့သည်။
ဦးခွန်ဆာ ကို ကမ္ဘာတ၀န်းတွင် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှုဖြင့် အမေရိကန် အစိုးရက ခွန်ဆာကို ဖမ်းဆီးရမိပါက ဆုငွေ အမေရိကန် ဒေါ်လာ ၂ သန်းပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ခွန်ဆာသည် ၁၉၉၆ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်ချပြီးနောက် ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ကာ စစ်အစိုးရ၏ အကာအကွယ်ဖြင့် နေထိုင်ခဲ့ပြီး လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။
စီစစ်ဆဲ
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်