koko

koko

Wednesday, October 17, 2012

နရီဒူးနန့် ဆုရ သျှမ်းနီအမျိုးသား



 အရှေ့တောင်အာရှ၏ ပထမဦးဆုံးဟင်နရီဒူးနန့် ဆုရ သျှမ်းနီအမျိုးသား
စိုင်းအောင်လှိုင်မြင့် (Henry Dunant) စိုင်းအောင်လှိုင်မြင့် ကို ၁၄-၁၁-၅၆  ရက်နေ့တွင် မြစ်ကြီးနားမြို့၌  အဖ-ဦးတင်မောင် အမိ-ဒေါ်မယ်ခ တို့မှဖွားမြင်ခဲ့သည်။ ငယ်နှာမည်မှာ စိုင်းတင်လှိုင်ဖြစ်သည်။ မြစ်ကြီးနားမြို့၊ အမှတ် (၁) အစိုးရ အထက်တန်း ကျောင်းတွင် ပညာသင်ကြားခဲ့သည်။

 မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်ဖြစ်ပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် တပ်ကြပ်ကြီး အဆင့်ကိုရရှိခဲ့သည်။

1976 - ခုနှစ်တွင် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်၏ တစ်ဖက်ကမ်းရှိ ခတ်ချိုရွာ ကူးတို့ဆိပ်ကမ်း၌ တပ်မတော် မော်တော်ယဉ် တစီးသည် ဧရာဝတီမြစ်ကို ဖြတ်ကူးရန် ကူးတို့ဖောင်ပေါ်သို့ အတက် အရှိန်လွန်ကာ ရေအောက်သို့ ထိုးကျသွားခဲ့သည်။ ထိုအခါ စိုင်းအောင်လှိုင်မြင့်မှ ကားထဲပါသွားသော ယာဉ်မောင်း ရဲဘော်အား ရေထဲမှ မော်ကား တံခါးကိုရိုက်ချိုးကာ မိနှစ် ၂၀ ကြာ ရေငုပ်၍  ကမ်းစပ်သို့ အရောက် စွဲတင်လာသောအခါ  ယာဉ်မောင်ရဲဘော်သည် အသက်ငွေ့ငွေ့သာ ကျန်ရှိတော့သည်။

 စိုင်းအောင်လှိုင်မြင့်သည် ကမ်းစပ်သို့ရောက်လျှင် ရောက်ရောက်ခြင်း အသက်ငွေ့ငွေ့ ကျန်နေသော ယာဉ်မောင်းရဲဘော်အား ရှေးဦးသူနာပြုနည်းဖြင့် နှလုံးနိုးဆွခြင်းများ အသက်ကယ် လေမှုတ်တွင်းခြင်း များဖြင့် ပြုလုပ်ခဲ့၍ သက်စွန့်ဆံဖျား ကယ်တင်ခဲ့သည်။

၁၅ -၁၀-၇၇ ရက်နေ့တွင် ရိုမေးနီးယားနိုင်ငံ ၊ ဗူခါရက်မြို့၌ ကျင်းပသော (၂၃)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီညီလာခံ၌ ကမ္ဘာ့ကြက်ခြေနီ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သည့် (Henry Dunant) ဟင်နရီဒူးနန့်ဆိုကို ချီးမြင့်အပ်နှင်းခံခဲ့ရသည်။


1977 - ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ  ကမ္ဘာ့ကြက်ခြေနီအဖွဲ့၏ အမြင့်ဆုံး ဆုဖြစ်သော (Henry Dunant) ဟင်နရီဒူးနန့်ဆိုကို  သျှမ်းနီအမျိုးသား တဦးဖြစ်သော စိုင်းအောင်လှိုင်မြင့်က အရှေ့တောင်အာရှတွင် ပထမဆုံးအဖြစ် လက်ခံရှိခဲ့သည်။

 စိုင်းအောင်လှိုင်မြင့်သည် မြန်မာနိုင်ငံတော်တွင်မက အရှေ့တောင်အာရှတွင် ပထမဆုံး (Henry Dunant) ဟင်နရီဒူးနန့် ဆုချီးမြှင့်ခြင်း ခံရသူလည်းဖြစ်သည်။

စိုင်းအောင်လှိုင်မြင့်သည် 1977 -  ခုနှစ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဌာနချုပ်တွင် လက်ထောက်   ပြန်ကြားရေးမှူး၊ 1979 - ခုနှစ်တွင် ဂျပန်နိုင်ငံ လူငယ်ကြက်ခြေနီသတင်တန်းသို့ သွားရောက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် စောစုစုခိုင်နှင့် လက်ထပ်ခဲ့သည်။

စာပေများကိုလဲ ပြုစုရေးသားခဲ့သူ တယောက်လည်းဖြစ်သည်။ သုံးဆယ်တစ်ရက် နိုင်ငံခြားခရီးသွား စာအုပ်ကို ရေးသားခဲသည်။ ဦးနှောက်အမှေးရောင် ရောဂါကုသရန် ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ သမဂ္ဂနှင့် ထိုင်းကြက်ခြေနီ အသင်းတို့၏ ကူညီထောက်ပံ့မှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗန်ကောက်မြို့ဆေးရုံတွင် ဦးနှောက်ကို ခွဲစိတ်ကုသခဲ့သည်။

၁၅-၃-၈၅ ရက်နေ့တွင်  ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ရုပ်ကလာပ် ကို ၎င်း၏ ဆန္ဒအရ ရန်ကုန်   ဆေးတက္ကသိုလ် သို့ လှူဒန်းခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ် စောစုစုခိုင် နှင့် သားတစ်ယောက်၊ သမီးတစ်ယောက်ကျန်ရစ်ခဲ့သည်။
သျှမ်းလူငယ်များသိရှိစေရန် အထက်ပါ ပုဂ္ဂိုလ်များသည် ကမ္ဘာသိသော သျှမ်းများဖြစ်သောကြောင့် တင်ပြလိုက်ရပါသည်။ ...ကျားပေါက်

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"