တခေတ်တခါက မြန်မာ့ရုပ်ရှင်နှင့် ဂီတလောကတွင် လွှမ်းမိုးခဲ့သော မြန်မာ့နည်းမြန်မာ့ဟန် မြန်မာ့သံစဉ်များဖြင့် နာမည်ကျော်ကြား လူကြိုက်များခဲ့သော အဆိုတော် တွံ့တေးသိန်းသန်သည် တွံ့တေးမြို့ သျှမ်းစု ရပ်တွင် မွေးဖွားကြီးပြင်းလာသော သျှမ်းအမျိုးသား တဦးဖြစ်သည်။
တွံ့တေးသိန်းတန်သည် ဇာတ်မင်းသား စိုင်းမြတ်သူနဲ့ အဆိုတော် နန်းရွှေရည်သိန်းတန် တို့၏ ဖခင်လည်းဖြစ်ပြီး.. တေးသီးချင်းများထဲမှာ အသီးတစ်ရာမှ အညှာတစ်ခုသည် သူ့ဘ၀နှင့် တစ်သားတည်း ဖြစ်ကြောင်း သမီးဖြစ်သူ ရွှေရည်သိန်းတန်က ပြောဆိုခဲ့ကြောင်း myanmarij.com မှာဖေါ်ပြခဲ့သည်။
တွံ့တေး၏ ၁၉၈ဝ ခုနှစ်က ရေးသားခဲ့တဲ့ စာလေးတစ်စောင်ကိုလည်း အခုလိုဖေါ်ပြခဲ့ပါသည်။
“ချစ်သောဂီတ အပေါင်းအသင်းများ ခင်ဗျား အစာတွေသင့်သော အဆိပ်သည် လူတစ်ယောက်၊ လူတစ်စု အတွက် အန္တရာယ်ဖြစ်စေ သော်လည်း အနုပညာတွင် သင့်သောအဆိပ်သည် လူမျိုး တစ်မျိုးလုံး၏ ရိုးရာ ယဉ်ကျေးမှု တစ်ခုလုံး ပြုန်းတီး သွားနိုင်ပါသည်” ကျွန်တော်၏ မြန်မာဆန်ဆန် တေးသီချင်းများမှာ မြန်မာ့ဟန် အနှစ်သာရ ပြည့်ပြည့်ဝဝ နီးနီး ရေးဖွဲ့သီဆိုခဲ့သော တေးများဖြစ်ပါသည်။ မကြာခင်မှာလည်း တိုးတက် ပြည့်ဝအောင် သီချင်း တစ်ပုဒ်၊ စာတစ်ပိုဒ်၊ စာတစ်လုံး၏ နက်ရှိုင်းမှု တို့ကိုဖော်ထုတ်၍ “တွံတေး သိန်းတန်၏ စင်ပေါ်မှ ရင်ခွင်ပိုက်တေးများ” အမည်ဖြင့် မြန်မာဆန်ဆန်ပင် နားဝင်ပီယံဖြစ်စေရန် ပြန်လည် ဖော်ကျူးတော့မည် ဖြစ်ပါသည်။ သို့အတွက် ကျွန်တော်၏ မြန်မာဆန်ဆန် တေးအလှ များကိုတော့ သံစဉ်အပြောင်းအလွဲပြု၍ တီထွင်သီဆိုခြင်း မပြုကြပါရန် လေးစားစွာဖြင့် ကြိုတင် တောင်းပန်အပ်ပါသည်ခင်ဗျား”၂၈.၈.၉ဝ ဆိုပြီး ရေးထားခဲ့ပါသည်။
နှစ် ပေါင်းများစွာ တေးသီချင်းတွေ သီဆို ရေးသားမှုတွေနဲ့အတူ ရုပ်ရှင်သရုပ်ဆောင်အဖြစ်နဲ့ပါ ပရိသတ်အတွက် တက်စွမ်းသမျှပေးဆပ်ခဲ့ပြီး ၁၁.၁.၉၉ ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။
တွံတေး သိန်းတန်နှင့် ချစ်စံပယ်
အသီးတစ်ရာမှ အညှာတစ်ခုသို့ တမ်းတခြင်း ဂီတဖျော်ဖြေ ပွဲကြီးအား ၂၀၁၂ ဇူလိုင် ၂၁ ရက်နှင့် ဇူလိုင် ၂၂ ရက် များတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ သီဆိုဖျော်ဖြေ တင်ဆက်ခဲ့သည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်