koko

koko

Saturday, November 10, 2012

၃၁၆ နှင့်မြန်မာပြည်

ကြောက်ရွံ့ဖွယ်၊ အံ့သြဖွယ်သတင်း တစ်ပုဒ်ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်မျိုးဆက် သစ်တို့စုဝေးရာ တက္ကသိုလ် နယ်မြေတွင် အကျည်းတန် အရုပ်ဆိုးသော လူသတ်ကုန်း တစ်ခုရှိနေသည်မှာ ဖြစ်သင့်ပါ သလား။…
 UNITY WEEKLY NEWS ဂျာနယ်တွင် တက္ကသိုလ် ၀န်းကျင် ယဉ်ကျေးမှု ပျောက်ကွယ်ခြင်း များခေါင်းစဉ်ဖြင့် သတင်းဆောင်း ပါးတစ်ပုဒ် ဖတ်လိုက်ရသည်။ စာရေးသူ၏ မျက်လုံးများ ပြာဝေသွား ခဲ့ရသည်။

သတင်းဆောင်းပါးတွင် ရန်ကုန်မြို့နှင့် မြစ်တစ်စင်း ခြားသောမြို့နယ်ရှိ အထင်ကရ တက္ကသိုလ် တစ်ခု၏ အနီး အနားတွင် ရှိသော မြေနီလမ်းက လေးကို ရည်ညွှန်း ကြောင်း သိရသည်။ အဆိုပါတက္ကသိုလ် နယ်မြေ၀န်းကျင်တွင် အချိန်ပိုင်း အခပေးတည်း ခိုခန်းများ ရှိနေသည် ဟုဆိုထားရာ စာရေးသူဆောင်း ပါးတစ်ပုဒ် ရေးဖူးပါသည်။
တည်းခိုခန်း တို့မည်သည် ရေဆိပ်၊ လေဆိပ်၊ မီးရထား ဘူတာရုံကြီး များအနီးတွင်သာ အများအားဖြင့်   ဆောက်လုပ် ကြခြင်း ဖြစ်ပြီး၊ အဆိုပါနေ ရာများမရှိသော အရပ်ဒေသ မြို့နယ်များ တွင် ဘယ်ခရီးသည် များက လာတည်းခို ကြမှာလဲဟု မေး ထားသည်။ ဒီလိုဆိုရင် ဒီတည်းခိုခန်း တွေဟာ အခပေးပြီး ပျော်ပါးလို သူတွေအတွက် သက်သက်သာ ဖွင့်ထားခြင်းဖြစ် လို့ တက္ကသိုလ်ဝန်း ကျင်နှင့် သင့်တော်ပါမည် လား။ ဘယ် သူတွေ အတွက် ရည်ရွယ်ပြီးဖွင့် ထားတဲ့ တည်းခိုခန်းတွေ လဲဆိုတာ မေးခွန်းထုတ် စရာဖြစ်နေသည်။
 
အထက်ပါ သတင်းဆောင်း ပါးတွင် တက္ကသိုလ် ကျောင်းသူများ၏ ဂုဏ်သိက္ခာနှင့် မကိုက်ညီသော ၀တ်စားဆင် ယင်မှု၊ အနေအထိုင် အပြုအမူများ ကြောင့် ပြင်ပမှ မကောင်း သော လုပ်ငန်းဖြင့် အသက်   မွေးဝမ်း ကျောင်း ပြုသူ အမျိုးသမီးများပင် လာရောက် ကျက်စားနေကြ သည်ဟု ဆိုထားသည်။

တက္ကသိုလ် ကျောင်းသူအဖူး အငုံ ကလေးများအတွက် ရင်လေး မိသည်။ ဆောင်းပါးကို ပြန်ကောက် ပါမည်။ အဆိုပါ လူသတ် ကုန်းဟု အမည်တပ်ရ ခြင်းမှာ မိန်းမပျိုငယ် ငယ်ရွယ်ရွယ်လေး များကို ကိုယ်ဝန် ဖျက်ချသည့် နေရာတစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။ အဆိုပါ နေရာတွင် ကိုယ်ဝန်ဖျက် ချသည့် အရပ်လက် သည်တစ်ဦးရှိပြီး တက္ကသိုလ်ဖွင့် လှစ်ခြင်းမပြုမီ ကပင် စတင်တည် ရှိနေသည်။ ကိုယ်ဝန်သက် တမ်းနုသေး သည့်သူများ အတွက် ကျပ်သောင်း ဂဏန်းသာ ကုန်ကျပြီး၊ ငါးလကျော် ကိုယ်ဝန်ရှိသူ များအတွက် ကျပ်နှစ်သောင်း အထက် ကုန်ကျခံရ သည်ဟုလည်း သိရသည်။ နေ့စဉ် ဆိုသလို သူ့ထံ အမျိုးသမီးငယ် ပေါင်းများစွာ ကိုယ်ဝန် ဖျက်ချရန် လာရောက် နေကြကြောင်း ပတ်ဝန်း ကျင်လူ များက ပြောကြသည်။ ဦးဝင်းရွှေ (တရားလွှတ်တော်ရှေ့နေ)

ကိုယ်ဝန်ဖျက်ချမှု နှင့်ပတ်သက်သော

ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ - ၃၁၆ တွင် ““မည်သူမ ဆိုဥပဒေ နှင့်ညီသော အပြစ်လွတ် ခွင့်မရှိဘဲ ကိုယ်ဝန်   ဆောင်မိန်းမ အား သေစေတန် ရာသည်ကို သိလျက်နှင့် ပြုလုပ်မှု တစ်ခုခုကို ပြု၍၊ ထိုသို့ပြုခြင်းဖြင့် လှုပ်ရှား သော ကိုယ်ဝန်ရှိ အမိဝမ်းတွင်း ကလေးကို သေစေ လျှင်၊ ထိုသူ ကို ၁၀ နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ် ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်”” ဟု ပြဌာန်း ထားပါ သည်။

သို့ပါ၍ ကမ္ဘကြီးကို ခေတ်နဲ့အမှီလိုက်နေကြသော ရွှေမြန်မာ ညီနောင်ဖွားများ ၃၁၆  ကိုများ စိတ်တုန်း   နေရော့သလား… ဒါမှမဟုတ် လူမဖြစ်သေး၍ လူ့အခွင့်ရေးမလိုသေးဟုများ ထင်မှတ်ထားသည်လား ကျနော်လည်းမသိပါ..

ရခဲလှတဲ့လူ့ဘ၀တခုဟာ အမိဝမ်းထဲမှလူဖြစ်လာရန်အတွက် ရတောင့်ရခဲအချိန်လေးတွေနဲ့ ပတ်လို့

Michael Clancy သည် USA Today Newspaper အတွက် "- "မွေးရာပါကျောရိုးအမြှေးကျွံခြင်း" ကိုခွဲစိတ်ပြုပြင်ပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ရန် ခွဲစိတ်ခန်းထဲသို့ ရောက်ရှိနေသည်။ ခွဲစိတ်မှုကို သားအိမ်အတွင်း မှာသာပြုလုပ်မည်ဖြစ်၏။ ကိုယ်ဝန်မှာ 21 ပတ်သာရှိသေးသည်။

အခန့်မသင့်လျှင်ကလေး အသက်ပါဆုံးရှုံး သွားနိုင်သည်။ သို့သာ် ဆရာဝန်ကြီးများ၏ ဖြူဆင်သော ကြိုးစား အားထုတ်မှု များကြောင့် အောင်မြင်စွာ ပြုပြင်လိုက်နိုင်သည်။ ခွဲစိတ်ထားသော အပေါက်မှာမူ မပိတ်ရ   သေးပေ။ Doctor က ကျွန်တော့်ကို camera ဘယ်လောက်နှုန်းနှင့် ရိုက်သလဲဟုမေးလိုက်စဉ်မှာ ပင် သားအိမ်အတွင်းမှ လက်ကလေး တစ်ဖက် အတင်းတိုးထွက်လာသည်ကို တွေ့လိုက်ရသည်။
 Doctor ကထိုလက်ကလေး ကို "မ" လိုက်စဉ်မှာပင် လက်ချောင်းကလေး ကိုသူ၏ လက်လေးဖြင့် ဆုပ်ကိုင်ထား   လေတော့သည်။  Doctor ကအထဲပြန်သွင်းရန် ရွေ့လျားသောအခါ ပိုမိုမြဲမြံစွာ ဆုပ်ကိုင်ထား   လေတော့ သည်။

ထို့ နောက် အပေါက်ကို ပိတ်၊ သားအိမ်ကို ပြန်ထည့်၊ ဗိုက်ကိုပြန်ချုပ် ပြီးနောက် ခွဲစိတ်မှု အောင်မြင် စွဲပြီး ဆုံးသွားသည်။ ထိုဓာတ်ပုံလေး ကို USA Today Newspaper မှဖော်ပြလိုက်သောအခါလုထု တစ်ရပ်လုံး အံ့သြ ခဲ့ရသည်။ အကြာင်းမုကား 21 ပတ်သာရှိသေးသော်လည်း ကောင်းစွာဖွံဖြိုးကာ ရုပ်လုံးပေါ်နေပြီ   ဖြစ်ကြောင်းကို သိရှိလိုက်ရသောကြောင့်ပင်ဖြစ်သည်။ ထိုပုံလေးကြောင့်ပင် လမရင့်ခင် ကိုယ်ဝန် ဖျက်ချသော အယူအဆများ ပြောင်းလဲလာခဲ့သည်။

1999 ခုနှစ် ဒီဇင်္ဘာလ ၂ ရက်နေ့ တွင်မွေးဖွားပြီး ယခုဆိုလျှင် ၁၃ နှစ်ရှိပြီဖြစ်သော Samuel လေးကတော့ ထိုဓာတ်ပုံလေးကြောင့် ကိုယ်ဝန်ဖျက်ချမှုနှုန်းများ ကျဆင်းလာသည်ကို ဂုဏ်ယူမဆုံး ဖြစ်နေရတော့သည်။ ထိုဓာတ်ပုံလေးကို "Hand of Hope " ဟုလူသိများသည်။ ။ ( I found this photo last night, then I became interested about the story behind it, so I surfed the internet and translated . Sorry if my translation has errors. )-- (Credit to Akiko Yori)


ပြည်တွင်းပြည်ပမှာ ပညာရှာ စီပွားရှာနေကြသော ရွှေမြန်မာများအတွက် ရည်စူး၍ ကျနော်တို့တတွေရဲ့  လူဘ၀ဟာ သိပ်တိုတောင်း လွန်းလှပါတယ် တိုတောင်း လှတဲ့လူဘ၀ဟာ လည်း ရခဲလှပါတယ် ဒီလိုရခဲလှတဲ့ လူ့ဘ၀တခုကို အကြောင်းအမျိုးမျိုးကြောင့် ဖျက်ဆီးခြင်းဟာလည်း သူတပါးအသက်ကို သတ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်လူငယ်များ   ပါဏာတိပါတကံအား ကာယကံ (ကိုယ်ဖြင့် ပြုလုပ်မူ)၊ ၀စီကံ (နူတ်ဖြင့် ပြောဆိုမူ)၊ မနောကံ (စိတ်ဖြင့် ကြံစည်မူ) ပြုမှုခြင်း ပါဏာတိပါတကံ မြောက်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ..


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"