koko

koko

Sunday, November 11, 2012

သျှမ်းနီရိုးရာ ပန်ပွဲကုပ့်ကူ ခေါ် မင်္ဂါလာလက်ထပ်ပွဲ


မင်္ဂလာဟူသော စကားသည်း ယဉ်ကျေးမှုရှိသော လူအသိုင်းအ၀န်း၌ လူ့သဘော လူ့ဆန္ဒသည် မင်္ဂလာရှိမှုကို တောင့်တကြသည်။ လူနှင့် လူ့ ပတ်ဝန်းကျင်းတွင် လူပေါ်တွင် မှုတည်၍ မင်္ဂလာရှိမှု မင်္ဂလာမဲ့မှုသည် တည်နေပါသည်။

မင်္ဂလာဟူသည် ကြီးပွားချမ်းသာ စေကြောင်း ကောင်းသော အပြုမှု အဖြစ်သည့်အားလျော်စွာ လောကီရေးရာ မင်္ဂလာသည် တစ်ဆယ့်နှစ်ပါး တွင် အာဝါဟ ၀ိဝါဟ မင်္ဂလာ ဟူ၍ ထမ်းမြားလက်ထပ်ခြင်း သည် မင်္ဂလာ ဖြစ်သည်ဟု အင်္ဂုတ္ထိုရ်  အဌကထာတွင် လည်းကောင်း၊ ဧဇာတိသတ္တ ကျမ်းတွင်၎င်း  ဖေါ်ပြထားပါသည်။

 အပျိုလူပျိုဘဝ 
 
     အပျိုလူပျိုလှည့်ခြင်း ( ကာလည်ပဆောင်ဖမောဝ် / တန်းလည်ဟိုဆောင်ဟိုမောဝ်)
      
        ရှမ်းနီတိုင်းရင်းသားများသည် များသောအားဖြင့် အသက်(၁၆) နှစ် (၁၇)နှစ်အရွယ်တွင် အပျိုဘော်၊လူပျိုဘော်ဝင်စအရွယ်ဟု သတ်မှတ်ကြပြီး ကျောင်းပညာဆက်လက် မသင်ကြားတော့ပါ က အပျို၊ လူပျိုအသင်းသို့ ဝင်ရောက်ရသည်။ ကျောင်းပညာဆက်လက်သင်ကြားနေသူများအဖို့ အပျို၊ လူပျိုအသင်းသို့ ဝင်ရောက်ရန် မလိုပေ။ အပျို၊ လူပျိုလှည့်ရာတွင် မိမိတို့ တစ်ရွာတည်းသား ဖြစ်လျှင် တောင်ယာ၊ လယ်ယာ သွားသောအချိန်တွင်လည်းကောင်း၊ အပျို လူပျိုအသင်းတွင်အတူ တကွ လုပ်ကိုင်နေစဉ် အချိန်တွင်လည်းကောင်း၊ ပွဲလမ်းသဘင်များသို့ အတူတကွသွားကြသော အချိန်တွင် လည်းကောင်း၊ လွတ်လပ်စွာချစ်ရေးဆိုခွင့် ပြုထားသည်။ ယခုအခါ အချို့မှာ စာရေးသားကာ ချစ်ရေး ဆိုလာကြသည်။တစ်ခြားရွာမှလူပျိုများက အပျိုလှည့်လိုလျှင် ထိုရွာရှိ လူပျိုခေါင်းထံတွင် ဦးစွာ ခွင့်တောင်းရသည်။ လူပျိုခေါင်းခွင့်ပြုမှသာ အပျိုလှည့်ရသည်။ တစ်ရွာနှင့်တစ်ရွာအပျို၊ လူပျိုလှည့်ရာတွင် များသောအားဖြင့် သလင်တတ်ပြီးချိန် (စပါးရိတ်သိမ်းပြီးချိန်) အလုပ်အားသော ညပိုင်းအချိန်များတွ င်ပြုလုပ်လေ့ရှိကြ သည်။

လူပျိုက မိမိသဘောကျသော မိန်းကလေးအိမ်သို့လူပျိုလှည့်လိုလျှင် ဦးစွာလူပျိုခေါင်း (ဟိုမောင်ဝ်)ထံ ခွင့်ပန်ရသည်။ ထိုအခါ လူပျိုခေါင်းက မိန်းကလေးရှင်၏ အုပ်ထိန်းသူ မိဘများထံ လူပျိုတင်ခွင့်ပြုရန် ခွင့်တောင်းရသည်။ မိဘများကလည်း လွတ်လပ်စွာ တွေ့ခွင့်ပေးပြီး ရှောင်ပေးကြသည်။ လူပျိုနှင့်အပျိုမှာ လူပျိုခေါင်း ချထားပေးသော နေရာတွင်သာ ထိုင်ရသည်။ အပျိုနှင့်လူပျိုကို အနည်းဆုံး(၃)တောင် အကွာတွင် မျက်နှာချင်းဆိုင်ထိုင်စေပြီး အလယ် တွင် ကွမ်း၊ ဆေး၊ လက်ဖက်၊ ၀ယ်ယူအသုံး ပြုလာကြသည်။ ယင်းဒေသရှိ ရှမ်းနီတိုင်းရင်းသားများ၏ အချို့ရွာများတွင် အသက်(၂၅)နှစ်ပြည့် လျှင်လည်းကောင်း၊ အချို့ရွာများတွင် အသက်(၃၀)နှစ် ပြည့်လျှင် အပျိုကြီး အဖြစ်သတ်မှတ်ကြပြီး " အပျို၊လူပျိုအသင်းမှ အနားယူလိုက အနားယူခွင့်" ရှိသည်။

အပျိုကြီး-(မောဝ်ထောက်)။ လူပျိုကြီး-(ဆောင်ထောက်) ဖြစ်မှ အိမ်ထောင် ပြုမည်ဆိုပါကလည်း အသင်းမှ ကူညီလုပ်ကိုင်ပေးကြသည်။ ယင်းဒေသရှိ ရှမ်းနီတိုင်းရင်းသား မိန်းမ ပျိုကလေးများသည် မိမိတို့ အိမ်ထောင်ဖက်ကို ရွေးချယ်ရာတွင်မူးယစ်ဆေးဝါးနှင့်အရက်သေစာ သောက်စားမှုကင်းသောသူ၊ လုပ်ရည်ကိုင်ရည်ရှိပြီး ရိုးသားသော သူတို့ကို အဓိကရွေးချယ်ကြသည်။ လူပျိုများမှာ အိမ်မှုကိစ္စများကို ကောင်းစွာနိုင်နင်းသူ၊ သွက်သွက်လက်လက်ရှိပြီး လိမ္မာယဉ်ကျေး သောသူတို့ကို အဓိကထားရွေးချယ်ကြသည်။ ရှေးယခင်ကမူ "ယက်ကမ်းအတတ် ကျွမ်းကျင်မှု" ကိုလည်း စံထားကြပြီး ယခုခေတ်တွင်မူ ယက်ကမ်းယက် တတ်သူမှာ မရှိသလောက်ပင်ဖြစ်သည်။ အိမ်ထောင် ဘက်ရွေးချယ်ရာတွင် ရှမ်းနီတိုင်းရင်းသားများမှ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားပြီး သားသမီးများ က သဘောကျလျှင် မိဘများက တစ်ဝမ်းကွဲပင်ဖြစ်စေကာမူ မောင်နှမအရင်းမှလွဲ၍ လက်ခံပေး ကြသည်။


သျှမ်းနီ တိုင်းရင်းသားတို့၏ ရိုးရာ ထိမ်းမြားလက်ထပ် မင်္ဂလာပွဲမှာ မင်္ဂလာကြီး မင်္ဂလာငယ် ဟူ၍ နှစ်မျိုး ရှိသည်။ ထိုသို့ မင်္ဂလာကြီး မင်္ဂလာငယ်ကို သျှမ်းနီ အနွယ်တွေ ဖြစ်ကြတဲ့ တိုင်းလိုင်၊ တိုင်းခမ်းတီး တိုင်းကတူး၊ တိုင်းကနန်းနှင့် တိုင်းဆာခါ် (မိုင်းသာသျှမ်း) တို့လည်းပြုလုပ် ကျင်းပလေ့ရှိသည်။

သျှမ်းနီ အမျိုးသား များတို့၏ မင်္ဂလာပွဲ အနှစ်သာရမှာ ငွေအသပြာမဟုတ် ချစ်ခြင်းမေတ္တာ သည်သာ အဓိကဖြစ်သည်။ လူနှင့်လူချင်း အဆင့်အတန်း ခွဲခြားမှုမရှိ၊ ခွဲခြားလည်းမခွဲ၊ လူကို လူလို သဘောထား ဆက်ဆံကြပြီး အပျိုနှင့်လူပျို တကယ် ချစ်ခင်၍ မိဘကို အသိပေးလျှင် မိဘများက သဘော တူကြသည်။ အဓိကမှာ လူငယ်ချင်း၏ ချစ်ခြင်း မေတ္တာရှိကြလျှင် သမီးရှင်က လက်ခံသည်သာ ဖြစ်ပါသည်။

လူပျိုအပျိုတို့ တဦးကိုတဦး ချစ်ခင်စုံမက်၍ လက်ထပ် ကြလိုသောအခါ ယောင်္ကျား ကလေးဘက်မှ   အောင်သွယ် ရှေ့ဆောင်များက လာရောက်၍ သမီးပျို၏ မိဘများထံ အကျိုး အကြောင်း လာပြောကြသည်။ အကြောင်းညီညွတ်၍ လက်ခံလျှင် လက်ဖက်ထုပ် တင်ထားခဲ့ ရလေသည်။ ထို လက်ဖက် ထုပ်ကိုကို မိန်းကလေးဘက်မှ အောင်သွယ်ရှေ့ဆောင်ပြီး သမီးရှက်က လူကြီးများက လက်ခံကြောင်း သဘောတူရင် နှစ်လူကြီး များက  ပြောပြီးလျှင် စားကြရ   လေသည်။

ထိုသို့ ပထမဆုံး လာရောက် ပြောဆိုသည်ကို နားဖောက်သည် ဟုဆိုလေသည်။ နားဖေက်ပြီး နောက်    ဆောင်ခမ်း   ရွက်ခမ်း၊ ကွမ်းဖိုး၊ ကျွေးခမ်း မွေးခမ်းတို့ကို မိန်းကလေးဘက်မှ အောင်သွယ်များက ညှိနိုင်းကြရသည်။ ထိုသို့ ညှိနိုင်းပြီးမှ သတို့သားဘက်မှ အောင်သွယ်များထံ စကားပြောရသည်။ ဤတွင် သတို့သားနှင့် သတို့သမီးဘက်မှ အောင်သွယ်များ အပေးအယူ အတိုးအလျှော့ ဆွေးနွေးညှိနိုင်းကြရသည်။ ညှိနိုင်းချက်များသဘောတူညီမှုရရှိမှသာ လက်ထပ်ပွဲ ကျင်းပဖို့စီစဉ်လေရှိကြသည်။

မင်္ဂလာဆောင် ရက်ရွေးရန် မိန်းကလေးနှင့် ယောက်င်္ကျားကလေး ဇာတာ နှစ်စောင်ကို ရွာဦးဘုန်းတော်ကြီး ထံတွင်ဖြစ်စေ၊ ဗေဒင် ဆရာထံဖြစ်စေ တင်ပြရသည်။ ၎င်းတို့သတ်မှတ်ပေးသော အချိန်တွင် မင်္ဂလာဆင်ရသည်။ ဗေဒင်ဆရာကို မည်ရွေ့မည်မျှ  ပူဇော်ရမည်ဟု သတ်မှတ်ထားချက်မရှိပေ၊
သျှမ်းနီ တိုင်းရင်းသားတို့ လက်ထပ်ပွဲတွင် နှစ်မျိုးရှိသည်။ပထမ အနေနဲ့ ပန်ပွဲကုပ့်အူခေါ်တဲ့ မင်္ဂလာငယ်ပွဲဖြစ်ပြီး ဒုတိယအနေနဲ ပန်ပွဲကုပ့်ကူခေါ် မင်္ဂလာကြီးတို့ပဲဖြစ်ပါသည်။

သျှမ်းနီ/ ရှမ်းလူမျိုးတို့ မ့မေ့လျော့လျော့ အရှိဆုံးက မင်္ဂါလာစုံတွဲကို နှစ်ဖက်မိဖ ဆွေမျိုးသားချင်းများက မင်္ဂါလာလက်ဖွဲ့ထက် အရေးကြီးဆုံးဖြစ်တဲ့ သတို့သား သတို့သမီး မောင်နံတို့အား မင်္ဂလါ လက်ချည်ကြိုး ချည်ပေးတဲ့ဓလေ့ ရှမ်းလိုတော့ - ဆိုင်မောက်မေး (မင်္ဂလာလက်ချည်ကြိုး) ပျောက်ဆုံးနေပါတယ်.. ထိုင်းလူမျိုးတွေတော့ ယနေ့တိုင်းရိုးရာမပျက်ပြုနေစဲ ဖြစ်တာကြောင့် ပြန်လည်ဖေါ်ထုတ်ကြရန် အလေးအနက် ပြောလိုပါသည်။

ပွဲအွန်ပန်ကုပ့်ကူခေါ် မင်္ဂလာငယ် ဟုခေါ်လေသည်။ သတို့သမီးဘက်မှ ခန့်ခွဲသော ကွမ်းဖိုး၊ မိရာဘရာ   ငွေကို ပေးဆောင်ခြင်း ဖြစ်သည်။ ကွမ်းဖိုး မိရာဘရာငွေကို ပေးပြီးက သတို့သားသည် သတို့သမီး ကို ခေါ်သွားပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းနိုင်လေသည်။

ပွဲလုံပန်ကုပ့်ကူခေါ် မင်္ဂလာကြီး ဖြစ်သည် မင်္ဂလာကြီးမှာ မိရာဘရာကိုပေးပြီးနောက် ဧည့်ပရိသတ် တို့ကို ဖိတ်မန္တကပြု၍ ကျွေးမွေးခြင်းပင်ဖြစ်လေသည်။ မင်္ဂလာကြီးကို ငွေကြေးချောင်လည် သည့်အခါ သို့မဟုတ် သားသမီးရသည့် အချိန်တွင်လည်း ပြုလုပ်နိုင်သည်။မင်္ဂလာဆောင်ရာတွင် မိရာဘရာ ကွမ်းဖိုးမှာ   ထုံးတမ်းအစဉ်လာအရ ခုနှစ်ကျပ်တစ်မတ် စတိသဘောပေးရသည်။  ကွမ်းဖိုးပေးပြီးက သတို့သမီး၏ မိဘများထံမှ သတို့သမီးအတွက် အိမ်ထောင်ပရိဘောဂ များကို တောင်းရလေသည်။

မိဘများက သမီးနှင့် ထိုက်သည့် အားလျော်စွာ ဘူးစေ့၊ ဖရုံစေ့၊ ဓား၊ ခြင်းတောင်း၊ ဆားပလုပ်တို့မှစ၍ လယ်ယာ ကျွဲနွားစသည် အထိခွဲပေးရလေသည်။ အကယ်၍ လက်ထပ်ပြီးနောက် လင်မယားကွဲလျှင် မိဘတို့ပေးသော ပစ္စည်းအားလုံးကို မိန်းကလေးက ပြန်ယူရလေသည်။ မိန်းမကို ယောင်္ကျားက ကွာလိုက မိန်းမကိုယ်ဖိုး အတွက် ပေးလျော်ရသည်။ မိန်းမကွာလိုကလည်း ယောက်ကျားကို လျော်ရသည်။

သျှမ်းနီ ခမ်းတီး ကတူး၊ ကနန်း သျှမ်းတို့၏ အထူး သတ်မှတ်ချက်မှာ မင်္ဂလာမဆောင်ဘဲ ရသောသားကို ရှင်မပြုပေးရ၊ သမီးကို မင်္ဂလာကိစ္စမပြုရ၊ ၎င်းတို့သည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများ ဖြစ်ကြသည့် အတွက် လူ့ဘ၀တွင် မိမိသားကို ရှင်သာမဏေအဖြစ် သွတ်သွင်း ချီးမြင့်ခြင်းပြုမှ လူဖြစ်ကျိုးနပ်သည်ဟု စွဲလမ်းယုံကြည်ကြသည်။

သျှမ်းနီခေါ် တိုင်းလိုင်၊ တိုင်းနိုင်း၊ တိုင်းချောင်း လက်ထပ်မင်္ဂလာ


သျှမ်းနီမင်္ဂလာဆောင် ကျင်းပပုံမှာ သျှမ်းနီတို့သည် မိရိုးဖလာ နတ်ကိုးကွယ်များရှိသဖြင့် ထုံစံများလည်း များလှသည်။ ကတူး၊ကနန်းတို့ထက် လွန်၍ နတ်များစွာကို ကန်တော့ရသည်။ မင်္ဂလာပွဲ အခမ်းအနားစလျှင်သတိုးသားသည်။

၁- စောက်စောက် …ဖီနမ့် … ဖီဟိန်း စောက် ဟုဆို၍ နတ်များကို ဦးသုံးကြိမ်ညွတ်ရသည်။ (အဓိပ္ဗါယ်မှာ ဖီနမ့် ခေါ်ရေနတ်၊ဖီဟိန်း ခေါ် အိမ်နတ်တို့ကို ရှိခိုးပါ၏ )

၂- စောက်စောက် …ပူစောက်စောက် ဟုဆို၍ အဘိုးများကို ဦးသုံးကြိမ်ညွတ်ရသည်။ (ပူ ခေါ် အဘိုး)

၃- စောက်စောက် …ပေါ် စောက်စောက် ဟုဆို၍ ယောက္ခယောင်္ကျားကို မိမိနဖူးအား မိမိလက်ဖြင့် ကိုင်၍ အရိုအသေပေးရသည်။ (ပေါ် ခေါ် ယောက္ခထီး)

၎- စောက်စောက် …မယ် စောက်စောက် ဟုဆို၍ ယောက္ခမိန်းမကို အထက်ပါအတိုင်း ဦးသုံးကြိမ် ညွတ်၍ အရိုအသေပေးရသည်။ ( မယ် ခေါ် ယောက္ခမမိန်းမ)

၅- စောက်စောက် …ပေါ် စောက် .. တောင်းလုံစောက် ဟုဆို၍ ယောက္ခယောင်္ကျားနှင့်တကွ ကြွရောက်လာကြသော လူကြီး အားလုံးကို အရိုအသေ သုံးကြိမ်ပြုရသည်။ ( တောင်းလုံ ခေါ် အားလုံး )

၆- စောက်စောက် …မယ် စောက်.. တောင်းလုံစောက် ဟုဆို၍ ယောက္ခမနှင့်တကွ ကြွလာသော မိန်းမကြီး အားလုံးကို အရိုအသေသုံးကြိမ်ပြုရသည်။

၇- စောက်စောက် …ပီစောက် ..စောက် ဟုဆို၍ သတို့သမီး အစ်ကိုဘက်ကို ဦးသုံးကြိမ်ညွတ်ကာ အရို အသေပြုရသည်။ (ပီ ခေါ် အစ်ကို)

၈- စောက်စောက် ပီစောက်.. တောင်းလုံစောက် ဟုဆို၍ ယောက်ဖကြီးနှင့်တကွ ကြွလာသော အစ်ကိုကြီးများအားလုံးကို ဦးသုံးညွတ်၍ အရိုအသေပြုသည်။

ဤကဲ့သို့ မောက်ကြေး၊ မောက်ဆိုင်၊ မောက်ဖွဲ့၊ မောက်လွန်၊ မောက်ဆိုင်၊ မောက်ဆွန် နတ်မျိုး ခြောက်ဘိုး၊   ခြောက်ဘွား နှင့်တကွ ပရိသတ်များကို ထုံးစံအရ အရိုအသပြုပြီးမှ သတို့သမီး မိဘနှစ်ပါးနှင့်   ခြောက်ဘိုး   ခြောက်ဘွားတို့ကို လက်ဖက်ကျည်၊ ငါးချဉ်ထုပ်စသည်တို့ကို လက်ဆောင်ပေးရလေသည်။

သတို့သမီးဘက်မှ မိဘများနှင့်ပရိသတ်များကလည်း လက်ဖွဲ့ကြသည်။ တဖန်ခေါင်တိုင် နတ်ကို ၀င်၍    အရိုအသေပြုရသည်။ ရိုးရာအလိုက် နတ်များကို သမက်ကိုပြ၍ ဆုတောင်းခြင်းပင်ဖြစ်သည်။ နတ်ကိုပြ ရာတွင် ကြက်သား၊ ကြက်သည်း၊ ထမင်း၊ ကြက်ဥ၊ ငါးချဉ်၊ လက်ဖက် စသည်တို့ဖြင့် ပူဇော်ပသပြီး ဆုတောင်းရကြသည်။

ရိုးရာအကြီးအကဲက နတ်အား သမီးသည် ချွေးမအဖြစ်ဖြင့် ဘယ်ရွာဘယ်ဌာနသို့ လိုက်ပါရတော့မည်   ဖြစ်ကြောင်း၊ ဤလင်မယားကို ကူညီမ စပါစေ လိုကြောင်း တိုင်တည်ပြောဆိုရလေသည်။ ခဲဖိုးခေါ်    ငွေကြေးကို လူပျိုများအား သတို့သားရှေ့ဆောင်က ပေးရသည်။ အပျိုရံ အတွက်လည်း ငွေကြေးပေး ရလေသည်။

မင်္ဂလာပွဲကို ဦးဆောင်တာဝန်ယူ ချက်ပြုပ်ရာတွင်  ပေါ်ခင် ခေါ် လူပျိုကောင်းနှင့် မယ်ခင်ခေါ် အပျိုခေါင်း တို့မှာ တာဝန်ယူခွဲဝေ ချက်ပြုပ်လေ့ရှိသည်။ မင်္ဂလာပွဲပြီးလျင် ပေါ်ခင် မယ်ခင်တို့အား သီးသန့်ကန်တော့ပွဲ တစ်ပွဲပေးရသည်။ ထိုပေါ်ခင် မယ်ခင်တို့သည် ရပ်ရေးရွာရေး သာရေးနားရေးတွင် အဓိက ဦးဆောင်သူများဖြစ်ကြသည်။

သျှမ်းနီလူမျိုးများ၏ ပေါ်ခင် မယ်ခင်များသည် ပေါ်မိန်း၊ ထမုံ သိုမဟုတ် ရွာသူကြီးများပြီးလျှင် သြဇာအရှိဆုံး သူများဖြစ်သည်။

အထက်ပါသျှမ်းများသည် ရိုးရာမင်္ဂလာ အစီစဉ် ကျင်းပပုံမှာ တူညီကြပြီး အဓိက ခြားနားသည်မှာ ရိုးရာနတ် အရိုအသေပြုပုံသာ ခြားနားကွာခြားလေ့ရှိသည်။

ထုတ်နုတ် -
တက္ကသိုလ်သျှင်သီရိ -  
- ပြည်ထောင်စုသားတို့၏ ရိုးရာလက်ထပ် မင်္ဂလာပွဲ ဓလေ့များ 
 မသိမ့်အိအိခိုင် မနုဿဗေဒဌာန ရန်ကုန်တက္ကသိုလ် -
- ရှမ်းနီတိုင်းရင်းသားတို့၏ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ယုံကြည်မှုဓလေ့ထုံးစံများ မဟာသုတေသနစာတမ်း


အစဉ်အလာနှင့် ရိုးရာများမျက်ဖို့တွက် ဈေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ ဆိုသည့် စကားအတိုင်း နှောင်သျှမ်းလူငယ်များအား တင်ပြလိုက်ရပါသည်။



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"