koko

koko

Wednesday, November 21, 2012

ဂါလာဆာထီးနှင့် မောပျိုဖြူ



မြန်မာပြည်မှာတော့ ပုသိမ်မြို့မှာပြုလုပ်သောကြောင့် ပုသိမ်ထီးလို့ခေါ်ဆိုခဲ့ပြီး လွန်ခဲသောနှစ်ပေါင်း တစ်ရာကျော်မှ ပုသိမ်းမြို့မှာ စတင်ပြုလုပ်ခဲ့ပြီး ခေတ်စားလာတာ လို့လည်း သိရပါသည်။

ဒီလိုထီးမျိုးကို သျှမ်းလူမျိုးများနေထိုင်တဲ့ တရုတ်ပြည် ယူနန်ပြည်နယ်မှာတော့ ဂါလာဆာ "Mian Paper" ("Galasha" in Dai language) ဟုခေါ်ဆိုခဲ့ကြပြီး လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျောက်က တန်မင်းလက်ထက် Tang Dynast လက်ထက် မတိုင်မှီ ယူနန်နယ်သျှမ်းများ ပြုလုပ်သုံးစွဲနေပြီ ဖြစ်ကြောင်းသိရသည်။

Oilpaper Umbrella and Customs-Funeral of Dai Minority တန်မင်း  Tang Dynast  လက်ထက် မတိုင်မှီ ယူနန်နယ် သျှမ်းများ သည်။  ဂါလာဆာ ( Galasha) အမည်ဖြင့် ထီးမျိုးကို တွင်တွင်ကျယ်ကျယ် အသုံးပြုကာ အလူ၊ မင်္ဂလာ၊ မွေးနေ့ပွဲ များတွင် အရောင်သတ်မှတ်လေ့ ရှိကြပြီး။ လက်ဆောင်အဖြစ် အလှဆင်၍သော် လည်းကောင်း မင်းခမ်းမင်းနားများတွင် အသုံးပြုနေပြီကြောင်း သိရသည်။

ဂါလာဆာ ( Galasha) ထီးသည် ရှေးတုန်းက ဆီစိမ်စက္ကူဖြင့် ပြုလုပ်သောကြောင့် ဥတုသုံးပါး ခံရည်ရှိသည်။ နောက်ပိုင်း ချည်၊ ဖဲသား၊ ပိုးသား များဖြင့်ပြုလုပ်သော ထီးများသည် အမိုးအခါ အသုံးပြုနိုင်ခြင်း မရှိသည်ကိုသိရသည်။

တရုတ်ပြည် ယူနန်ပြည်နယ်တွင် နေထိုင်ကြသော သျှမ်းလူမျိုးတို့သည် ဂါလာဆာ  "Mian Paper" ("Galasha" in Dai language)  ဟုခေါ်သည့် စက္ကူနှင့်လုပ်သော ထီးတမျိုးကို ပြုလုပ်သုံးစွဲကြသည်။ ထို ဂါလာဆာ ခေါ် စက္ကူလုပ် ထီးပေါ်တွင် နန်းဆီကို သုတ်လိမ်းလေ့ရှိပြီး ထီးစောင်းခြင်းဖြင့်  မကောင်းဆိုးဝါးများကို ကာကွယ်နိုင်တဲ့အပြင် ကျမ္မာချမ်းသားပြီး လာတ်လာဘတ် ရွင်သည်ဟုလည်းယုံကြည်ကြ၍ ထိုသျှမ်းလူမျိုးတို့ သုံးစွဲလာခဲ့သည်မှာ နှစ်ပေါင်း ထောင်ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
ယူနန်သျှမ်းတို့သည် မိမိဆွေမျိုးသားခြင်းများ သေဆုံးပါက  ဂါလာဆာ ထီးပါ ထဲ့မြုပ်လေ့ရှိပြီး နိဗ္ဗာန်တို့   ကောင်းမွန်စွာသွားနိုင်သည်ဟု ယုံကြည်ကြလေသည်။ ယခင်က ဆီစိမ်စက္ကူဖြင့်သာ ပြုလုပ်ခဲ့    သောလည်း ယခုနောက်ပိုင်းတွင် ချည်သား၊ ပိုးသား၊ ဖဲသားတို့ဖြင့် သစ်လွင်ဆန်းပြားနှစ်သက် လိုဖွယ်ရာ ဆေးရောင်စုံ ပန်းအလှများချယက်ကာ   ထီးအက ပဒေသာများပင်   ခေတ်စားလေသည်။ ယနေ့ချိန်ထိ မောပျိုဖြူများသည် ရိုးရာမပျက် ထီးဆောင်လျှက် ပင်ဖြစ်သည်။

ထီးအစ လွန်ခဲ့သော နှစ်ပေါင်း  ၃၅၀၀  ကျော်က လူဘန် (Luban’s)  ဟူသောအမျီုးသမီးတဦးသည် ကလေးများ ပိန်းရွက်ဖြင့် စော့ကစားနေသည်ကို မြင်တွေ့၍ အတုယူကာ ပိတ်စဖြင့် ထီးကိုစတင်ပြုလုပ် ခဲ့သည်။ ထိုစဉ်အကခါက စက္ကူမရှိပေါ်သေးပါ စတင်ပြုလုပ်စဉ်က နေ့စဉ်သုံးဖြစ်အသုံပြုရာမှ  ပွဲလမ်းသုံး လူရာဝင် ပုံစံအဖြစ်သုံးခဲ့ကြသည်။

ဝေမင်းလက်ထက်  Wei Dynasty အရောက်မှာတော့ ထီးများကို အစိုးရအရာရှိများသာ သုံးခွင့်ပြုခဲ့သည်။ အသုဘအခမ်းအနားများ၊ လီယိုထီး   ( Luo Umbrella)  ကိုတော့ နတ်တင်ခြင်း အခမ်းအနားမှာ အသုံးပြုကြသည်။

တိုချန်းဂျင် စာအုပ်တွင် (Tso Chun, Jin Book) ထီးနှင့် ရာထူးအဆင့်များ ခွဲခြားထားသည်ကိုတွေရသည်။  Han Dynasty လက်ထက်တွင် တတိယတန်းစား အဆင့်ရှိသူကို အစိမ်းရောင်ပြု၍ှSong Dynasty   ခေတ်တွင်  တတိယတန်းစား အဆင့်ရှိသူတို့ကို  အ၀ါရောင်နှင့် အနီရောင်ထီးကို သာအသုံးပြုခွင့်ရှိသည်။

ရှေးအခါက ဘုရင်မင်းမြတ်များနှင့် မင်းမှုထမ်း အရာရှိများ ထီးသုံးစောင်ခြင်းသည် ပြည်သူကိုကွယ်ခြင်း အဖြစ်၎င်း၊ ဂုဏ်ဒြပ်အဖြစ်၎င်း ဖေါ်ပြလေ့ရှိသည်။ နောက်ပိုင်းတွင် လူချမ်းသာများက  ကပွဲများ မင်္ဂလာဆောင်များအထိ အသုံးပြုလာကြသည်။

Tang Dynast  လက်ထက်တွင် ဂျပန်နိုင်ငံထိ ပျံ့နှံ့သွားခဲ့ပြီး နောက်ပိုင်းတွင် အခြားနိုင်ငံများအထိ ပျံ့နှံ့ သွားခဲ့သည်။ ၁၉ ရာစုတွင် ဗြိတိသျှကုန်သည်များက ၀ယ်ယူပြီး UK သို့ရောက်ရှိလာရာ ဗြိတိသျှတို့အတွက် မသုံးမဖြစ် သုံးခဲ့ကြလေသည်။



 ထိုင်းနိုင်ငံ ချင်းမိုင်
ချင်းမိုင်သူတွေပါ ချင်းမိုင်ခရိုင်မှာရှိတဲ့ ဆန် ခမ်ပန်း ဒိစတြိတ်မှာ   ပြုလုပ်တဲ့ Bo Sang Umbrella Festival (ပုသိမ်ထီးပွဲတော်) မှာ မြင်တွေ့ရတာပါ။ တကယ်တော့ ထိုင်းအသံထွက် Bo Sang ဆိုတာ မြန်မာလို “ပုသိမ်” ကို ဆိုလိုတာပါပဲ။

လွန်ခဲ့တဲ့ ရာစုနှစ် တခုကျော်လောက်တုန်းက ဖရာ အင်သာဆိုတဲ့ ထိုင်းဘုန်းကြီးတပါးဟာ ချင်းမိုင်မြို့ကနေ မြန်မာပြည်ကို ဘုရားဖူး ထွက်လာခဲ့ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ခရီးသွား   နေရင်းနဲ့ မြန်မာရွာသားတဦးက ရေဒဏ်ခံ၊ နေဒဏ်ခံတဲ့ ထီးတလက် လှူလိုက်ပါတယ်။ အဲဒါက မြန်မာလုပ် ပုသိမ်ထီးပါ။

အဲဒီမှာ ဆရာတော် အင်သာက ဒီထီး ပြုလုပ်ပုံ အဆင့်ဆင့်ကို စိတ်ဝင်တစားလေ့လာပြီး ထိုင်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ အခု ဆန် ခမ်ပန်း နဲ့ ဒွိုင် စကပ် ဒိစတြိတ်တွေမှာ ထိုင်းဒေသခံရာပေါင်းများစွာဟာ ဒီပုသိမ် လက်လုပ်ထီးများ   ပြုလုပ်ပြီး အသက်မွေးနေကြဆဲဖြစ်ပါတယ်။

 

ပုသိမ်ထီးပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ဒီနှစ်မှာ ဇန်နဝါရီ ၂၁ ကနေ ၂၃ ရက်နေ့အထိ မနက်ကနေ ညသန်းခေါင်တိုင် ကျင်းပပါတယ်။

ခက်ထန်
Ref: Bangkok Post



မြန်မာပြည်မှ ပုသိမ်ထီး


မြန်မာနိုင်ငံတွင်းကိုတော့ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်အမှ ပုသိမ်မြို့ကို ရောက်ရှိလာပြီး ပုသိမ်မြို့မှ ထုပ်လုပ်ခဲ့တာ ယနေ့ တိုင်ပါ။ အိမ်တွင်းလက်မှုလုပ်ငန်း အနေနှင့်သာပြုလုပ် လာခဲ့တာပါ။ ယခင်က စက္ကူဖြင့်သာ   ပြုလုပ်ခဲ့   သော်လည်း ယခုမူကား ချည်သား၊ ပိုးသား၊ ဖဲသားတို့ဖြင့် သစ်လွင်ဆန်းပြား   နှစ်လိုဖွယ်ဖြစ်အောင် ထုတ်လုပ်လာကြသည်။

မိန်းမလှ လေးများကြား ရေပန်း စားနေသော သစ်လွင်လှပခေတ်ဆန်သော ပုသိမ်ထီးများကို တတိုင်း   ပြည်လုံးတွင် ရောင်းချ လျက် ရှိနေပါသည်။ အမှတ်တရလက်ဆောင် ဖြစ်လည်းကောင်း၊ အိမ်တွင်းအလှ ဆင်ရန် အတွက်လည်းကောင်း နိုင်ငံခြား သားများကို ဆွဲဆောင်နိုင်မှု အားကောင်းလျက်ရှိနေပါသည်။

ပုသိမ်ထီးကို တဆင့်ချင်းပြုလုပ်ယူရပါသည်။ ထီးတစ်ချောင်းဖြစ်လာရန် လက်ဖြင့်သာ ပြုလုပ်ကြရပါသည်။
ထီးပုံအကြမ်းပြုလုပ်ပုံ ပုသိမ်ထီး၏ အဓိကကိုယ်ထည်ကို မအူရွှေဝါခေါ် သစ်တမျိုးနှင့်ပြုလုပ်ကြပါသည်။ ထီးရိုးနှင့် ထီးခရိုင်တို့ကို ပုသိမ်မြို့ အနီးပတ်ဝန်းကျင်ထွက် သရကူခေါ် ဝါးတမျိုးနှင့်ပြုလုပ်ပါသည်။ ထီးရိုးနှင့် ထီးခရိုင်နှင့် ထီးလက်တံဝါးစိတ်များကို တွဲ ဆက်မိအောင် စနစ်တကျ တပ်ဆင်ရသည်။ ထိုအခါထီးပုံ အကြမ်းထည် ရလာသည်။

ထီးအရွက်တပ်ဆင်ခြင်း
ရရှိလာသော ထီးပုံအကြမ်း ထည်ပေါ်တွင် ထီးရွက်အုပ်၍ ထီးခရိုင် များနှင့် တင်းတင်းဆွဲ ကပ်ရသည်။ ပုံစံကျအောင် ညှပ်ထားသော ချည်ထည် ပိတ်စကိုအသုံးပြုကြသည်။
ထီးအရွက်ကိုအရောင်တင်ခြင်း ထီးရွက်ကို တယ်သီးကို ကျို၍ရသော တယ်ရည်ဖြင့် အထပ်ထပ် သုတ်လိမ်းပေးရသည်။ ထို့နောက် အခြောက်ခံပြီး ဆီတမျိုးဖြင့် သုတ်လိမ်း ပေးရသည်။ အရောင်မျိုးစုံကို အသုံးပြုကြသော်လည်း အနီရောင်ကို ပို၍အသုံးပြုကြသည်။

ဇာထိုး ပန်းထိုး အလှဆင်ခြင်း
ထီးခရိုင်၊ ထီးရိုး၊ ထီးလက်တံများကို ဆေးရောင်စုံ ချည်များဖြင့် ပန်းပွင့် ပန်းနွယ်များ ထိုးရက်ကြသည်။ ယခင်က သိုးမွှေးချည်ကိုသုံးကြသော်လည်း ယခုအခါ တိုင်းရင်းဖြစ်ချည်ကို အရောင်မျိုးစုံဆိုး၍ ထိုးရက် ကြသည်။ ဇာထိုးပြီးသော ထီးကကြည့်၍ လှပလာပါသည်။ချိပ်ဆေးဆိုးခြင်းနှင့် အရောင်တင်ခြင်း ထို့နောက် ချိပ်ဆေးဆိုး အရောင်တင်ပြီး နေရောင်တွင်အခြောက်ခံရသည်။ အရောင်တောက်ပလာအောင် အထပ်ထပ် ပြုလုပ်ရသည်။

ပန်းအလှဆေးခြယ်ခြင်း
နောက်ဆုံးမှာတော့ ထီးအရွက်ကို ပန်းပွင့် ပန်းနွယ်များ ဆန်းသစ်လှပသော ဒီဇိုင်းဖြစ်လာအောင် ဆေးခြယ် ကြရသည်။ ပုသိမ်ထီးသည် ဆောင်းရာ၌ ပေါ့ပေါ့ပါးပါးရှိသည်။ ကြည့်၍လည်း လှပေသည်။ ကျက်သရေ လည်း ရှိသည်။

သို့ရာတွင် ပုသိမ်ထီးကို နွေနှင့်ဆောင်း ရာသီ၌သာ ဆောင်းနိုင်၍ မိုးရာသီ၌ မဆောင်းနိုင်ချေ။ သို့သော်   မြန်မာ့လက်မှု လုပ်ငန်းတစ်ရပ်   ဖြစ်သော ပုသိမ်ထီး လုပ်ငန်းသည် မပျောက်ကွယ်သင့်ပေ။ ယခုအခါ ပုသိမ်ထီးကို ပုသိမ်မြို့၏ အဓိက ရလက်ဆောင်အဖြစ်ပေးကြသည်။ ပုသိမ်မြို့၏လှပသော   ရေမြေ သဘာဝ   နှင့် ပုသိမ်ထီးသည် ပနာရ လျှက်ရှိနေပေသည်။

 မြန်မာနိုင်င၏ ပထမဦးဆုံးသော သမတကြီး တိုးမဟာ သရေစည်သူ စော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မဟာဒေ၀ီစ၀် နန်းဟိန်းခမ်း








ပုသိမ်ထီးပြုလုပ်ပုံ များကိုလေ့လာလိုပါက အမှတ်(၃) ရပ်ကွက် ၊ တောရကျောင်းလမ်း ၊ ပုသိမ်မြို့တွင်   လေ့လာနိုင် ပါသည်။ http://patheincity.com

ထုတ်နုတ် - Oilpaper Umbrella and Customs-Funeral of Dai Minority
                - patheincity



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"