koko

koko

Saturday, November 24, 2012

ရှေးရိုးမပျောက်တဲ့ သျှမ်းခမောက်


နွေမှာပိတောက် သျှမ်းမှာခမောက် နွေ၏အလှသည် ပိတောက်ပန်းပွင့်မှ သင့်တယ်သလို့  သျှမ်းတို့၏အလှသည်လည်း ခမောက်ပါမှ ပြည့်စုံသလိုရှိပါသည်။ သျှမ်းတို့၏ ခမောက်ဆောင်းသော ဓလေ့သည် သျှမ်းလူမျိုးစုတိုင်း၏ ဘိုးဘေးအမွေအနှစ်ပင်ဖြစ်သည်။

သျှမ်းလူမျိုးတို့၏ ခေါင်းပေါင်း ပေါင်းခြင်းနှင့် ခမောက်ဆောင်းခြင်း ဓလေ့မှာ ရှေးရိုးအစဉ်လာမှ ယနေ့တိုင် လက်ဆင့်ကမ်း သယ်ဆောင်လာသော ရိုးရာအမွေဖြစ်သည့် အလျှောက် မည်သည့်ခုနှစ်က စတင်သည်ကို အသိအကြပြောရန်ခက်ပေမဲ့။ ဟွိုင်ရိုဒိုင်လို့ခေါ်တဲ့ သျှမ်းလူမျိုးတို့၏ ရိုးရာခမောက်   ဆောင်းခြင်းဓလေ့သည် BC- 203 မှ AD- 220 ထိ အုပ်ချုပ်ခဲ့သော ဟန်တရုတ် မင်းလက်ထက်တွင် ဟွိုင်ရိုခေါ် သျှမ်းလူမျိုးတို့   ဆောင်းတဲ့ ခမောက်ကို ကြည့်မကောင်းဘူး အမြင်မကောင်းဘူးဟု ဆိုကာ ခမောက် ဆောင်းတဲ့ ဓလေ့ ပြင်းထန်စွာ နှိပ်ကွပ်ဖယ်ရှားခဲ့ပါသည်။ ထိုအခါ ဟွိုင်ရိုသျှမ်းတို့က ဟိုအရင်အချိန်က အပျိုဖော် သူငယ်မနှင့် အမျိုးသမီးလူလတ် ပိုင်းပဲဆောင်းခဲ့ရာ နောက်ပိုင်း ဟန်တရုတ်တို့ နှိပ်ကွပ်ခဲ့ရာမှ သက်ကြီးရွယ်အိုမကျန် စောင်းကြကာ မိမိတို့ရိုးရားကို ယနေ့တိုင် ဆက်လက်ထိမ်းသိမ်း နေဆဲ့ဖြစ်တဲ့ အတွက် သျှမ်းအမျိုး အနွယ်ဝင်များအတွက် ဂုဏ်ယူဝင့်ကြွားစရာ သမိုင်းသာ သာတက တရပ်ပင်ဖြစ်သည်။   *"۩"*



AD- 1396 ပိုင်ယီကျွမ် တရုတ်ကျမ်းအရ မောသျှမ်းများသည် မင်းနှင့်တကွ ပြည်သူ ဆင်းရဲချမ်းသားမရွေး ၀ါးပတ်ခမောက်ဆောင်း၏ ခမောက် အထွဋ်မှာ စေတီငယ်နှင့် တူကာရတနာ ကျောက်မျက်   ခြယ်လှယ် ထားသည်။ ကျောက်စိမ်းဆွဲသည် ငှက်မွှေးငှက်တောင်လည်း စိုက်သည်။ စိုးသား မင်းသားတို့က ဆင်မြင်းစီး ၍  ခြွေရံသင်းပင်း များစွာနှင့်ခရီးသွား၏ လှပသော ရွှေခြည်ထိုး ငွေခြည်ထိုး ကကြိုးတန်ဆာတွင်   ခြူခလောက်  များစွာ ဆွဲထားသည်။

အချင်းချင်းတွေ့လျှင် လက်ယှက်၍ နှုတ်ဆက်သည်။ ရိုသေလေးမြတ် ထိုက်သူကို ပုဆစ်ဒူးချ၍ ကန်တော့သည်။   ရှေ့မှကုန်းကွ၍ သွားရသည်   ဒူးတုတ်၍ တစ်နေကုန်နေသောလည်း ညောင်းညာပုံမပေါ်ချေ၊ ကွမ်းစားလေ့ရှိ၏ လက်ဖက်ကိုရေစိမ်၍စားသည်။ လကွင်း၊ ပလွေ၊ အိုးစည်းတီး၍ ကခုန်မြူးထူးသည်။ လက်နက်သုံးစွဲရာ သျှမ်းတို့သည်   လေးရိုးရိုးအစား ဒူးလေးကိုသာသုံးသည်။

အ၀တ်ဝတ်ရာတွင် ယောင်္ကျားများက လက်အိုးကျယ်နှင့် အင်္ကျီရှည်ကို   နှစ်သက်ကြ၏ ဦးပြည်းရိတ်၍ ဆေးမင်ထိုးသည်။ မိန်းမများက လက်ကျပ်အင်္ကျီ၊ သင်တိုင်း အမည်း၊ ခေါင်းပေါင်း အဖြူ၊ ခြေပတ်အဖြူသုံးသည်။ AD- 400  မတိုင်မီက ပန်ယွှန်မန် ဟူသော အမည်ဖြင့် တရုတ်နိုင်ငံ ကန်စုနယ်၊ ယှင်စီနယ်နှင် စီချွမ်နယ်တို့ ဆုံရာအရပ်၌  နေခဲ့ဖူးသည်။ ( ဒေါက်တာသန်းထွန်း )

အထက်ပါ သမိုင်းအထောက်အထား များအရ ခမောက်နှင့် ကျောက်စိမ်းသည် ရှေးပဝေသဏီထဲက သျှမ်းလူမျိုးတို့၏ အလှဆင်ရတနာတပါး ဖြစ်ကြောင်းထင်ရှားသည်။

ယနေ့တိုင် မြန်မာနိုင်ငံမြောက်ပိုင်း ကျောက်စိမ်းထွက်ရှိရာ ဖားကန့်၊ လုံးခင်း၊ ဆိမ့်မှု၊ တာမခံ၊ ဟောင်ပါး၊ ကားမိုင်း၊ နမ့်ယား (ကျောက်နီထွက်)  စသည့်မြို့ရွာများသည် သျှမ်းတို့တည်ထောင်ခဲ့သော သျှမ်းနာမည်နှင့် မြို့ရွာများဖြစ်ပြီး ယနေ့တိုင် သျှမ်းများ နေထိုင်လျှက်ရှိသည်။

သျှမ်းလူမျိုးတို့သည် ရှေးယခင်ထဲက ခေါင်းပေါင်းပေါင်းခြင်းနှင့် ခမောက်ဆောင်းကြသော အလေ့အထ ရှိကြ၍ ကုလား၊ ဗမာနှင့် အခြားလူမျိုးများကဲ့သို့ ခေါင်းရွက် ဗျတ်ထိုး ခေါင်းအားကို ပစ္စည်းတယ်ဆောင်ခြင်း မျိုး လုပ်လေ့မရှိပါ ။

အထူးသဖြင့် မြန်မာအမျိုးသမီးများသည် ဦးခေါင်းကို အားထား၍ ပစ္စည်းများသယ်ဆောင် ခြင်းကို ပြုလုပ်လေ့ရှိသည်။ အချို့သျှမ်းအနွယ်ဝင် မဟုတ်သောတောင်ပေါ်သားများလည်း  ဦးခေါင်းနှင့်ပုခုံးကို အသုံးပြုသော နောက်လွယ်များကို အားထားကြသည်။

---- မြန်မာအမျိုးသမီး





သျှမ်းလူမျိုးတို့သည် သျှမ်းလိုမိုက်ကန်းဟုခေါ်သော ထန်းပိုးကို ၀ါး သို့မဟုတ် သစ်သားချောင်း   ဖြင့်ပြုလုပ်၍   ပုခုံးတဖက် တချက်စီ ညီမျှသော ၀ိတ်ဖြင့်သာ ထန်း၍ တယ်ဆောင်ခြင်း မျိုးသာလျှင် အသုံးပြုသော အလေ့အထရှိသည်။

----- သျှမ်းအမျိုးသမီးများ



သျှမ်းလူမျိုးတို့၏ ခမောက်ပြုလုပ်ပုံမှာ နေဒေသအလိုက် အမျိုးမျိုးကွဲပြားလေသည်။ ၀ါးခမောက်၊ မျက်ခမောက်၊ ဂျုံခမောက်၊ ရုံးခမောက်၊ ထန်းခမောက်၊ တွေခမောက် တို့ဖြစ်သည်။ ၀ါးခမောက်ကို သျှမ်းလူမျိုးတို့ တည်ရှိရာနေရာဒေသတိုင်းတွင် အသုံးပြုလျက်ရှိပေသည်။ မျက်ခမောက်နှင့် ဂျုံခေမာက်ကိုတော့ ယူနန်ရှိသျှမ်းများ သာအသုံးများသည်။ ရုံးခမောက်ကိုတော့ သျှမ်းနီဒေသ တွင်သာအသုံးပြုလျက်ရှိသည်။ ဒေသအခေါ်ရုံးပင် သျှမ်းနီတို့က ခါးဟန်ဟုခေါ်သည်။

------- သျှမ်းနီလို ခါးဟန်ခေါ်သော ရုံးပင် 


ထိုရုံးပင်များသည် နေရာဒေသတိုင်းတွင် ပေါက်လေ့ မရှိပါ အထက်မြန်မာပြည် မြောက်ပိုင်းတွင်သာ   ပေါက်လေ့ရှိပြီး  ဌာနေသျှမ်းနီလူမျိုးတို့ အိမ်ခေါင်မိုးနှင့် ခမောက် အဖြစ်အသုံးပြုလ့ ရှိသည်။ ရုံးပင်သုံးလက်ကို အပေါ်အောက် ထပ်ခါ အရွက်များကို ခေါက်ချိုးပြီး အိမ်ခေါင်မိုး မိုးလေ့ရှိသည် တာရှည်ခံလိုပါက ရွံ့နွံအိုင် ထဲတွင် တစ်နှစ်ခန့် စိမ်ထားရသည်။ ထိုအပင်မှ အရွက်တို့ ကိုတရွက်စီ ခြွေယူ၍ ၀ါးနှီးဖြင့်ယှက်လုပ် ထားသော ခမောက်ပုံစံကြမ်းပေါ်တွင် ဖုန်းကာအထက်မှ ၀ါးခွေ အသေးလေးများကို ရစ်ပတ်ခါ အပ်ချည်ကြိုးဖြင့် ချုပ်ရသည်။  ထန်း ခမောက်ကိုတော့ ကတူး၊ ကနန်းသျှမ်း များအသုံးပြုကြသည်။ ထန်း တသက်သက် အပ်ချည်ကြို့းဖြင့်ချုပ်လုပ်သည် ကတူး၊ကနန်း ခမောက်သည်ပို၍ သေးစိတ်လေသည်။

1988 ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတွင် သျှမ်းနီခမောက်များဆောင်းကာ ဆန္ဒပြနေကြသော မိုးကောင်းမြို့ ကျောင်းသူကျောင်းသားများ

1988 ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတွင် သျှမ်းနီခမောက်များဆောင်းကာ ဆန္ဒပြနေကြသော မိုးညှင်းမြို့   ကျောင်းသူကျောင်းသားများ

1988 ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံတွင် သျှမ်းနီခမောက်များဆောင်းကာ ဆန္ဒပြနေကြသော  နန်းမားမြို့   ကျောင်းသူကျောင်းသားများ
တချိန်က ခမောက်တွေနဲ့ တိုင်းခိင်ခေါ် ဂုံသျှမ်းများ ကျိုင်းတုံမြို့
ဗိယက်နမ်
 
ထိုင်းနိုင်ငံ
သျှမ်းတို့ရိုးရာခမောက်အက

သျှမ်းလူမျိုးတို့၏ ခေါင်းပေါင်း ပေါင်းခြင်းနှင့် ခမောက်ဆောင်းခြင်းဓလေ့သည် လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်ကျော် နီးပါခန့်မှ စတင်လာခဲ့သည်ဖြစ်၍ မိမိရိုးရာဓလေ့များအား အစဉ်လာမမျက် ထိမ်းသိမ်းသွားကြရန် တင်ပြရင်း ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မလွယ်ကြပါစေနဲ့  လို့တင်ပြရင်း ကိုယ့်ရိုးရား အမွေအနှစ်များကို လက်ဆင့်ကမ်း၍ စောင်းထိမ်းကြရန် တိုက်တွန်းလိုက်ပါသည်။ ချစ်သော စာဖတ်ပရိသတ်များအား လေးစားလျှက်... ကျားပေါက်



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"