koko

koko

Monday, November 5, 2012

မြောက်ဖက်ဖျားက မီလာရှီကာ



တုန်းစန့် သို့မဟုတ် မီလာရှီကာ

မြန်မာပြည်မြောက်ပိုင်း သျှမ်းလူမျိုးများဖြစ်ကြသော  ခန္တီးသျှမ်းနှင့် သျှမ်းနီလူမျိုးတို့သည် မြန်မာပြည်တွင် သျှမ်းလို တုန်းစန့် ဟုခေါ်သော မီလါရှီကာနည်းဖြင့်  (ကြိုးကွင်းပစ်) ဆင်ဖမ်းလုပ်ငန်းများကို ပထမဦး ဆုံးစတင် ဆောက်ရွက်ခဲ့သူများ ခန္တီးသျှမ်းတို့ဖြစ်ကြသည်။ ကျွန်ပ်တို့၏ သျှမ်းဘိုးဘေးများသည် ကိုယ်ပိုင်စာပေဖြင့် အင်္ဂလိပ်ကိုလိုနီ လက်အောက် မရောက်ရှိခင်ထဲက တုန်းစန့်လိုခေါ်တဲ့ မီလာရှီကာ ကြိုးကွင်းပစ် ဆင်ဖမ်းနည်း သမိုင်းမှတ်တိုင်များအဖြစ် ရေးမှတ် ခဲ့ကြသော သမိုင်း ဖြစ်ရပ်မှန်များ ရှိပါလျှက်ဖြင့် ၂၀၀၀ ခုနှစ်ဝင်းကျင် အမည်မဖော်လိုသော ပြည်တွင်း မဂ္ဂဇင်းတအုပ်မှ ဖြေကြားထားသူ ကိုနော်ဒင်း ဆိုသူသည် ပထမဦးဆုံး မိလာရှီကာနည်းကို အသုံးပြုခဲ့ကြသော ခန္တီးသျှမ်း  နှင့် သျှမ်းနီ စသည့်လူမျိုးများ အမည်နာမများ ကိုတောင် မဖော်ပြသည့်အပြင် မိမိတို့လူမျိုးကဘဲ စတင်လုပ်ခဲ့ တရောင်ရောင်  နှင့် ရိုက်စားလုပ်ကြပြီး အခေါ်အဝေါ်များကို မဂွေကျစ်ဆှို၍ မိမိဘာသာဖြင့် အသစ်ထွင်ကာ ဖော်ပြ ခြဲ့ခင်းကြောင့် သျှမ်းလူငယ်များ သိရှိရန် အစပထမ သမိုင်းဖြစ်ရပ်မှန်ကို တင်ပြလိုက်ရပါသည်။

ဤဆင်ဖမ်းသည့်အကြောင်း မတင်ပြမီ စာဖတ် ပရိသတ်များ ဆင်အကြောင်းကို အကြမ်းဖျင်းအားဖြင့် သိရှိသဘောပေါက်စေရန် ကမ္ဘာပေါ်ရှိ ဆင်များ အကြောင်းကို အကျဉ်းမျှတင်ပြလိုပါသည်၊

ဆင်အမျိုးနွယ်များကို ကမ္ဘာပေါ်တွင် အာဖရိကတိုက်၊ အာရှတိုက်တောင်ပိုင်းနှင့် အင်ဒိုချိုင်းနား ကျွန်းဆွယ် တို့တွင်သာ တွေ့ရှိရပါသည်။ အာဖရိကဆင်နှင့် အာရှဆင် ဟူ၍ အသွင်မတူသော ဆင်ကွဲများ   ဖြစ်ကြပါသည်။

ရှေးအခါ ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် “ဆင်”ကြီးများ ကျက်စားခဲ့သည်၊ ယခုအခါ ထိုဆင်ကြီးများမှဆင်း သက်လာသော အာဖရိကဆင်နှင့် အာရှဆင် နှစ်မျိုးကို သာလျှင် တွေ့ရှိနိုင်တော့သည်၊ ကုန်ဆုံးလေ ပြီးသော   နှစ်ပေါင်း (၃၈) သန်းလောက်ကတည်းကပင် ဒိုင်နိုဆောသတ္တ၀ါ ( Dinosaw ) ကြီးများနှင့် အတူကြီးပြင်း လာခဲ့သော အမျိုးနွယ်ဖြစ်လျှင် ယနေ့တိုင် အသက်ရှင် တည်ရှိနေသော ကျောက်ခေတ် မှ အကြွင်းအကျန် သတ္တ၀ါမျိုးဆက်ဟု ထင်ထင်ရှားရှား လက်ညိုးထိုးပြစရာမှာ ဆင်များသည်သာ မားမား မတ်မတ် ရှိလေတော့သည်၊ အာဖရိကဆင်တွင် အမျိုးနွယ် ငါးမျိုးရှိသည်၊ ယင်းတို့မှာ အာဖရိကအလယ်ပိုင်းဆင်၊ ဆူဒန်နယ်ဆင်၊ အာဖရိကအရှေ့ပိုင်းဆင်၊ အာဖရိကတောင်ပိုင်းဆင်နှင့် ပစ်ဂမီဆင် ဟုခေါ်သော ဆင်ပု တစ်မျိုးဖြစ် အီကွေတာဒေသနှင့် ကွန်ဂိုမြစ်ဝှမ်းတစ်လျှောက်တွင် တွေ့ရှိရပါသည်၊အာဖရိကဆင်ကြီးများသည်။ ရှေးကျောက်ခေတ် နှစ်သန်းလောက်က   မာမွတ်( Mammoth )ဆင်ကြီးများ နှင့်တူညီသည်ကို တွေ့ရှိရပါသည်။

အာဖရိကတိုက်ဆင်များကို အာရှတိုက် ဆင်များကဲ့သို့ ဖမ်းဆီးပြီး အလုပ်စေခိုင်းမရပေ၊ ယဉ်ကျေးအောင် သွန်သင်၍ မရနိုင်ဟုဆိုသည်၊ သို့ကြောင့် အာဖရိကတိုက် တိုင်းရင်းသားများက ဆင်ကိုဖမ်း၍ ယဉ်ကျေးအောင် သွန်သင်ခြင်းမွေးမြူခြင်း မပြုခြင်းသာဖြစ်ပေမည်၊ သစ်ဆွဲရန်အနေအထား ခွန်အားလည်းမပြည့်စုံသဖြင့် မခိုင်းစေခြင်းဖြစ်ပေမည်၊ ပေါ်တူဂီအရှေ့ အာဖရိကတွင် ဆင်တစ်မျိုးကို သစ်ဆွဲတန်ဆာများ တပ်ဆင်အသုံးပြုခဲ့သည်၊ သို့သော အကြီးမားဆုံးဝန်ကို မဆွဲနိုင်ဘဲ တောင်သူလယ်သမားများသုံး ကိရိယာများကိုသာ ဆွဲနိုင်သောကြာင့် မွေးမြူစောင့်ရှောက် ရသောစရိတ်နှင့် လုပ်အားမကာမိ ယင်းအလေ့အထ ပျောက်ကွယ်ရသည်ဟု ဆိုရမည်ဖြစ်သည်။

အာဖရိကတိုက်ဆင်သည် အရပ်လွန်စွာမြင့် အချိုးအစား မကျနပေ၊ နားရွက်မှာ လွန်စွာကြီးမားပြီး နှာမောင်းတွင် ကြမ်းတမ်းသော အရစ်များရှိသည်၊ အစွယ်သည် လွန်စွာ ရှည်လျားပြီး အချို့ အစွယ်များသည် အပြင်သို့မဟုတ် အတွင်းနှာမောင်းအပေါ်ဘက်သို့ လိမ်ကောက်လျှက် ရှိသည်။ ခြေလက်များမှာ သေးသွယ် တညီတညာတည်းရှိသည်၊ အာရှတိုက် ဆင်များကဲ့သို့ ခြင်္သေ့ထိုင် ပုံဏ္ဍန်မျိုးမရှိပေ၊ အာရှတိုက်ဆင်မျိုးကို အိန္ဒိယ မျိုးဟုခေါ်ဝေါ် ကြသော်လည်း မျိုးနွယ်အားဖြင့် လေးမျိုးခွဲခြားသိရှိရပါသည်၊

အိန္ဒိယဆင် သို့မဟုတ် မြန်မာဆင်၊ သိဟိုဠ်ဆင်၊ မလေးဆင်နှင့် ဆုမတြာဆင် တို့ဖြစ်ကြသည်။ အာရှတိုက်နှင့် အာဖရိကတိုက် ဆင်တို့သည် ပုံဏ္ဍာန်အားဖြင့်။ အမြင်အားဖြင့် ကွဲပြားခြားနားမူ ရှိသည်၊ အာရှတိုက်ဆင်များးသည် ကိုယ်လုံးကိုယ်ထည် ကျစ်လျစ်နားရွက်သေးသည် နှာမောင်းမှာ အရင်းတုတ် အဖျားသို့ ပြေပြစ်စွာရှူးသွားသည်၊ စွယ်စုံဆင်ပေါက် များတွင် အစွယ်မှာလွန်စွာ မရှည်လှဘဲ များသောအားဖြင့် တုတ်ခိုင်သည်၊ ရှေ့ပိုင်း (ဦးခေါင်းပိုင်း) မြင့် နောက်ပိုင်း (အမြီးပိုင်း)နှိမ့်လျှောပြီး ခြင်င်္သေ့ထိုင်ပုံဏ္ဍာန်ရှိကာ ခြေလက်များ တုတ်ခိုင်သည်။ အသားပြည့်ဝသည်၊

သီဟိုဠ်ဆင်များတွင် အထီးနှင့်အမ နှစ်မျိုးစလုံး အစွယ်မပေါက်ပေ၊ သစ်ဆွဲရာ တွင်းလည်း ကြိုးတန် ဆာပလာ များ တပ်ဆင်၍ ဆွဲနိုင်ခြင်းမရှိပေ၊ သစ်လုံးကိုချည်ထားသောကြိုးကို ပါးစပ်ဖြင့်ကိုက်၍ သာ ဆွဲနိုင်သည်၊ မလေးဆင် ဆုမတြာဆင်တို့မှာ မြန်မာဆင်ထက် အရပ်အလုံး အဖန်မြင့်မားကြီးမှား ကြီးထွားသောလည်း လေးလံသောဝန်ထုပ်ကို ဆွဲယူမယူသည့် ခွန်အားသည် အိန္ဒိယဆင် မြန်မာဆင်တို့ကို မမိပေ။ ရေမြေတောတောင်ချင်းဆက်စပ်နေသည့် အိန္ဒိယ၊ မြန်မာ၊ လော၊ ထိုင်းနိုင်ငံတို့တွင် ဆင်များကူးလူး ဆက်ဆံသွားလာခြင်း ရှိသောကြောင့် ဆင်မျိုးနွယ်များ တူညီကြသည်၊ အာရှတိုက်တွင် ၁၉၇၉ ခုနှစ်တွင် ဆင်ကောင်ရေ နှစ်သိန်းကျော်ရှိမည်ဟုခန့်မှန်းရရှိသည်။

ဆင်အမျိုးအစားများ

မြန်မာနိုင်ငံအတွင်းရှိ ဆင်ထီးများကို ၄င်းတို့အစွယ် ကိုယ်အင်္ဂါ လက္ခဏာများ ခွဲခြားမှုကိုလိုက်၍ စွယ်စုံဆင်၊ ဟိုင်းဆင်၊ တည်ဆင် ဟူလေးမျိုး လေးစား ခွဲခြားသတ်မှတ်ခေါ်ဝေါ် ကြပါသည်။

ဆင်အမ အပါဝင်ဆိုလျှင် ဆင်အမျိုးစား ငါးမျိုးရှိသည် ဟုဆိုရပေမည်၊ အစွယ် အရှည် ကြီးမထွက်သော ဆင်ထီးကို ဟိုင်းဆင်၊ ဟံဆင် ဟုခွဲခြားခေါ်ဝေါ်သော်လည်း ခန္တီးသျှမ်းတို့မူ စန့်ဒွေး ဟု တစ်မျိုးတည်းသာ သတ်မှတ်ခေါ်ဝေါ်ပါသည်၊


- စန့်ပိုင်း (
စွယ်စုံဆင်)
အစွယ်နှစ်ချောင်းဖြူဖွေး၍ ရှေ့သို့ ရှည်လျားစွာကော့တက်နေသည့် ဆင်ပြောင်ကြီးဖြစ်သည်၊ ခံ့ညားလှပသည်၊ စိတ်နေစိတ်ထား ခက်ထန်ကြမ်းကြုတ်သည်၊ တောထဲရှိ ဆင်သင်းဆင် အုပ်ကိုအုပ်ျချုပ်သည်၊ ဆင်သင်းအုပ်များကို စွယ်စုံဆင် (ထီးခိုး) စန့်ခိုတို့က ကွပ်ကဲအုပ်ချုပ်သည်၊ ဟိုင်းဆင်နှင့်လုံးဝမတည့်ပေ၊




-
စန့်ဒွေး (ဟိုင်းဆင်)

ဆင်မကဲ့သို့ အစွယ်တိုတိုနှစ်ချောင်းသာရှိသည်၊ အစွယ်မှာ တိုသော်လည်း တုတ်ခိုင်သည်၊ အချို့မှာအစွယ်ဖုံးဖြစ် သွားဖုံးကိုပြူပြင် မထွက်လာပေ၊ နှာမောင်း အလွန်တုတ်ခိုင် သန်မာသည်၊ ခြားဆင်များနှင်မတူဘဲ နားရွက်ခြေစုံလက်စုံ ခြေသည်းလက်သည်း ခြေခွာ လက်ခွာများ ကြီးများဝိုင်ဝန်းသည်၊ ဦးခင်းနားရွက်၊ နားထင်၊ နှာအိုး၊ နှာမောင်းများ ထူးထူးခြားခြား ကြီးမားသည်၊ စိတ်နေစိတ်ထား ခက်ထန်ကြမ်းတမ်းသည်၊ တောတွင်းရှိ ဆင်သင်းအုပ်ကို အုပ်ချုပ်သည်၊ စွယ်စုံဆင်ပေါက်ထက်အင်အားပိုမို ကြီးမားပြီး ဆင်ပေါက်နှင့် လုံးဝမတည့်ပေ၊ စွယ်စုံဆင်နှင့် ဟိုင်းဆင်သည် အရွယ်တူဖြစ်ပါက ဟိုင်းဆင်က ပိုမိုအင်အား ကြီးပြီး စွယ်စုံဆင်ကိုနိုင်သည်။



- စန့်ဒွေး (ဟံဆင်)

ဟိုင်းဆင်အမျိုးနွယ်ပင်ဖြစ်သည်၊ အစွယ်တိုနှစ်ချောင်းရှိသည်၊ အစွယ်မှာ သေးသွယ်ရှည်လျား ထွားကြိုင်းသန်မာခြင်းမရှိပေ၊ ဟိုင်းဆင်နှင့် စွယ်စုံဆင်လောက် အင်အားကြီးမားခြင်းမရှိပေ၊

- စန့်ငါးလျှို (တည်ဆင်)

မွေးကတည်းကပင် အစွယ်တစ်ချောင်းတည်း ပါလာသည်၊ အစွယ်ညာဘက်ရှိလျှင်ညာတည်။
ဘယ်ဘက်ရှိလျင် ဘယ်တည်ဟုခေါ်သည်၊ အရှားပါးဆုံးဖြစ်သည်၊ ဆင်အုပ်နှင့် တစ်သီးတခြား နေတတ်သည်။ သူ.အစွယ်ကိုအထူးအားကိုသည်၊ တချို့ အစွယ်တစ်ချောင်းကျိုးသွား တည်ဖြစ် လာသည်လည်းရှိသည်။

- စန့်ထမေ (ဆင်မ)
အချို့အစွယ်ပေါက်၍ အချို့လုံးဝမပေါက်ပေ၊ အစွယ်ပေါက်သောလည်း ဆင်ထီးများ.အစွယ်
ကဲ့သို့ ကြီးမားထွားကြိုင်းခြင်းမရှိပေ၊ ဆင်ထီးများထက် ကိုယ်အင်္ဂါထွားကြိုင်းမှု လျော့နည်းသည်၊ စိတ်နေစိတ်ထားနူးညံ့သိမ်မွေ့ပြီး ထိန်းသိမ်းရာတွင်လည်းကောင်း၊ သင်ကြားရေးတွင်လည်းကောင်း၊ အလုပ်ခိုင်းစေရာတွင်လည်းကောင်း အလွယ်ကူဆုံး ဖြစ်သည်၊ ဆင်၏အစွယ်များသည် ငွေရောင်နှင့် ရွှေရောင်များဖြစ်ပြီး "ရွှေရောင်က တန်ဖိုး”ကြီးသည်။

ကျနော့်အဖွားပြောတဲ့ သျှမ်းနှင့်ဆင်
ခန္တီးသျှမ်း နှင့် သျှမ်းနီ တိုင်းရင်းသားတို့တွင် ဆင်နှင့်ပတ်သက်၍ ယုံကြည်ယူဆချက် တရပ်ရှိလေသည်။   ရှေးကမ္ဘာဦးအစ ကာလတွင် ဟိမန္တာတောနက်ကြီးတွင် ခြင်္သေ့၊ ကျားနှင့် ဆင်တို့သည် မိတ်ဆွေဖွဲ့၍ အတူတကွ နေထိုင်လျက်ရှိသည်။ တနေ့သောအခါ ထိုခြင်္သေ့ ကျားနှင့်ဆင်တို့သည် တောထဲတွင် လှည့်လည်   နေရင်းမြစ်ချောင်းကြီး တခုကို၏အနီးသို့ ရောက်ရှိသွားကြသည်။

 ခြင်္သေ့ ကျားနှင့်ဆင်တို့သည် ချောင်းကမ်းပါးမှ မြစ်ချောင်းဘက်သို့ ငေးမောကြည့်ရှုနေကြ၏ ထိုအခါ လူယောင်္ကျားနှစ်ဦးသည် သစ်လုံးဖြင့်ထွင်းလုပ်ထားသော လှေလုံးလှေပဲ့များတွင် ကိုယ်စီမတ်တပ်ရပ်လျက် ၀ါးများဖြင့် ကျွမ်းကျင်လိမ္မာစွာ လှော်ခတ်လျက် ရေစီးသန်လျက်ရှိသော ချောင်းထက်သို့ လွယ်ကူစွာဖြင့် ဆန်တက်သွားနေသည်ကို မြင်တွေ့ကြ၍ ခြင်္သေ့ ဤသို့ဆိုလေသည် လူသတ္တ၀ါတို့သည် ဂါထာမန္တရားနှင်  ဥာဏ်ပညာ ထက်မြက်ကြသဖြင့် သစ်လုံးကိုပင်ရေအထက်သို့ ဆန်တက်စေနိုင်သည်။

ငါတို့လည်း ဤတောနက်ကြီးထဲတွင် အချိန် ကြာမြင့်စွာ နေထိုင်လျက်နေပါက ဂါထာမန္တရား တတ်မြောက်၍ ဥာဏ်နီဥာဏ်နက် ရှိသော ခေါင်းမည်းလူသားတို့က ငါတို့ကိုလည်း သူတို့၏ လိုရာသို့ ခိုင်းစားကြလိမ့်မည် ထို့ကြောင့် ငါတို့ဤတောနက်ကြီးထဲတွင်မနေဘဲ ဝေးဝေးသို့ ရှောင်သွားကြပါစို့ ဟုဆို၏။

ထိုအခါ ဆင်က လူတို့၏ ဦးခေါင်သည် ငါ၏ချေးတုံးမျှသာရှိသည်။ ၎င်းတို့ကိုကြောက်စရာမလိုပါဘူး ဟုပြန်ပြောလေသည်။ ထို့နောက် ခြင်္သေ့သည် လူတို့၏ရန်ကိုကြောက်ရွံ့၍ အခြားနေရာသို့   ပြောင်းရွေ့သွားရာ ယနေ့တိုင် ဟိမန္တာတော၌ မတွေ့ရတော့ပေ ကျားနှင့်ဆင်သာ ကျန်ရှိခဲ့လေသည်။

ထိုအချိန်မှစ၍ လူသားတို့သည်လည်း တောထဲတွင်ရှိသော ဆင်ရိုင်းများကို ဖမ်းဆီးပြီး လူတို့၏ ဆန္ဒအတိုင်း မိမိလိုရာ လုပ်ငန်းများတွင် ခိုင်းစေလေတော့သည်။ ဤသို့ လူသားတို့ ဆင်ကိုဖမ်းဆီး၍ ခိုင်းစားနိုင်ခဲ့သည်မှာလည်း ကမ္ဘာဦး အစကပင် ဗြဟ္မာ မင်းကြီးထနောပိုက ဖန်ဆင်းပြီး အမိန့်ချမှတ်ထားခြင်း ဖြစ်ကြောင်း ယုံကြည်ကြလေသည်။

ခန္တီးသျှမ်းတို့၏ ဆင်ဖမ်းခြင်းအစ

AD- 1600 ခန့် ခန္တီးလုန်နယ်မြေကို စိုးမိုးအုပ်ချုပ်သော လုန်းကျိန်းစော်ဘွားများ လက်ထက်၌ စ၀်အိုက်မိန်းခမ်းတွင် သားတော် တောင့်ကျိန်းမိန်း၊ တောင့်နိုမိန်း၊ တောင့်အိန်မိန်း ဟူ၍ သားတော်သုံးပါး ထွန်းကားလာခဲ့ရာ သားတော် တောင့်ကျိန်းမိန်းကို ခန်ကျိုနယ်၌ လည်းကောင်း၊ တောင့်နိုမိန်းကို ဖိုင်လိုင်(ဟိုကျို) ၌လည်းကောင်း၊ တောင့်အိန်မိန်းကို မကတ်မိန်း၌ လည်းကောင်း အုပ်ချုပ်စေလေသည်။

တောင့်ကျိန်းမိန်းသည် သားတော် စ၀်အိုက်ဆိန်လုပ်ကျိန်းမိန်း အရွယ်ရောက်လာ သောအခါ သားတော်အား မိမိအုပ်ချုပ်ခဲ့သည့် ခန်ကျိုကိုအုပ်ချုပ်စေ၍ မိမိမိမိမှာ ပူတောင်းမြို့သို့ သွားရောက် အုပ်ချုပ်စေသည်။ ဒုတိယသား စ၀်ညီကျိန်းဆိုင်ကိုမှု မှုဒုန်မြို့စားအဖြစ် ခန့်အပ်သည်။ တောင့်နိုမိန်းသည်လည်း သားတော် တောင့်နိုကို မိမိအုပ်ချုပ်ခဲ့သော ဖိုင်လိုင် (ဟိုကျို) ကိုအပ်နှင်း၍ မိမိသည် ပန်ကျိန်းခန်မြို့ကို အုပ်ချုပ်သည်။ ဤကဲ့သို့ အမြို့မြို့ အနယ်နယ်ကို ပိုင်စိုးအုပ်ချုပ်နိုင်သဖြင့် လုန်းကျိန်းတို့ အင်အားသည် ပိုမိုတောင့်တင်းလာလေသည်။

ပူတာင်းမြို့စား တောင့်ကျိန်းမိန်းနှင့် မှုဒုန်စား စ၀်ညီကျိန်းဆိုင်တို့သည် စိတ်ခက်ထန်၊ မာန်မာနကြီးပြီး တိုင်းသူပြည်သားများအား မခန့်လေးစားပြုခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခြင်းတို့ကြောင့် လူထုသည် စိတ်ရှည်သည်းခံခြင်း မရနိုင်လောက်အောင် အခြေအနေ ဆိုးဝါးလျက်ရှိသည်။

မန်စေဟိုခမ်း (နန်းတော်အရပ်) တွင် စ၀်အိုက်မိန်းခမ်းက နန်းတော် ဆောက်လုပ်ရာ၌ အခွန်ဘဏ္ဍာ ကြီးလေးစွာ ကောက်ခံခြင်း ကျွဲနွားတိရစ္ဆာန်ကို တအိမ်ထောင်ကျစီ ကောက်ခံခြင်း သာမကဘဲ ထိန်းကျောင်း မှု မရှိသော တိရစ္ဆာန် များကို ဖမ်းဆီးသိမ်းပိုက်ခြင်း ဈေးဆိုင် လယ်ယာ ခြံများကို အခွန်ကြီးလေးစွာ ကောက်ခံခြင်း အသက်နှစ်ဆယ် နှင့်အထက် ကျောင်းထွက်စယောင်္ကျား ကလေးသူငယ်များမှအစ လူကြီးလူလတ်များကို တယောက်လျှင် ၀ါးတလုံးနှီးတစည်း ကြိမ်တချောင်း သက်ကယ်တစည်း ပို့ဆောင်ပေးရခြင်း လောင်းကစားများ ဖွင့်လှစ်ပေးသဖြင့် သူခိုးဓါးပြ အကျင့်ပျက်သူများ ပေါများလာခြင်း လူထုများ တယောက်မကျန် တာရိုးထူ နန်းတော်ဆောက်လုပ်ရန် လုပ်အားပေးရခြင်း ပျက်ကွက်သူများကို ထိရောက်စွာအရေးယူခြင်း စသောမတရားအနိုင်ကျင့် ဒဏ်များကို ပြည်သားတို့ မကျေနပ်ဖြစ်လာ၍ မှုဒုန်လူထုတို့က စတင်ကာ ဆန့်ကျင်လှုပ်ရှားလာခဲ့ကြသည်။
မှုဒုန်၊ လုန်ဖောင်း၊ မန်ဖိုင်း၊ မန်ဆိုင်၊ မန်တောင်၊ ခမ်းဟိုစသော လူထုခေါင်းဆောင်တို့သည် လူထုကိုစည်းရုံး၍ မှုဒုန်မြို့စား စ၀်ညီ ကျိန်းဆိုင်ကို ပန်ဆိန်ကတ်ဈေးတွင် ၀ို်င်းဝန်းသတ်ဖြတ် ကွပ်မျက် လိုက်ကြသည်။

ထိုအချိန်မှစ၍ လုန်းကျိန်းစော်ဘွားများနှင့် ပြည်သူလူထုတို့သည် ပဠိပက္ခများဖြစ်ပွားလာခဲ့သည်။ အချို့လူထုခေါင်းဆောင် လူကြီးများသည် စော်ဘွားကြီးအမျက်ဒေါသ ပြေငြိမ်းစေခြင်းအလို့ငှာ လက်ဆောင် ပဏ္ဍာပစ္စည်း များဖြင့် သွားရောက် ဆက်သတောင်းပန်ခဲ့ရာ စော်ဘွားကြီးက ခါးမလုမ်းတောက် (ကျွန်က သခင်ကို  လက်ဆောင်ဖြင့် ဆက်သခယခြင်းမမေ့အပ်) စ၀်မလုမ်းကင် ( သခင်က လက်ဆောင် ပဏ္ဍာများ လက်ခံစားသုံးရမည်) ဟူ၍ မချေမငံ ချိုးနှိမ်စွာ ပြောဆိုဆက်ဆံခဲ့သဖြင့် လူထုခေါင်းဆောင်တို့မှာ စိတ်ပျက်အားငယ်ရလေသည်။

ထိုအခါ လူထုခေါင်းဆောင်းများဖြစ်သည်။ ခန်အိုက်တိန်ကိန့်၊ ပိုမိန်းနာနုန်ဆိန်တီ၊ ချိန်လိန်တောင်၊ ချန်ခမ့်ရှန်၊ ချန်ကပ်ထော၊ ချန်ဖောင်လွန်း စသည်တို့သည် မိုးကောင်း စ၀်ဖှလုံ (မိုးကောင်ဘုရင်) ထံသွားရောက်၍ အုပ်ချုပ်သူ အကြီးအကဲ ခေါင်းဆောင် စော်ဘွား အသစ်တောင်းခံတင်ပြရန် ညှိနိုင်းတိုင်ပင်ကြလေသည်။

ထို့ကြောင့် မိုးကောင်း စ၀်ဖှလုံ ဆေဟုမ်ခန်ဖှ ထံ စော်ဘွားသစ်တောင်းခံရန် လက်ဆောင်ပဏ္ဍာအဖြစ် ဆင်ဖမ်းရန် စီစဉ်ကြလေသည်။

AD- 1683 ကောဇာသက္ကရာဇ် (၁၀၄၅) ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက် နေ့ကိုရွေးချယ်၍ ခန္တီးလုန်ဒေသ၏ တောင်ဘက် မုန်းယတ်နယ်၊ မုန်းယတ်ချောင်းဖျားသို့ လူထုခေါင်းဆောင် (၆) ဦးခေါင်းဆောင်ကာ ဆင်ကျုံးပြုလုပ်ရန် သွားရောက်စီစဉ်ကြလေသည်။ ကျုံးတည်ဆောက်မည့် သူတို့သည် ခန္တီးသျှမ်းလို တွန်တီဟုခေါ်သော တောဆင်အုပ်များ အမြဲတစေ ဖြတ်သန်းသွားလာနေသော လမ်းကြောင်းကို ရှာဖွေရွေးချယ်၍ ၎င်းလမ်းကို တခါးဝထားပြီး ကျုံးအ၀ိုင်းကိုတည်ဆောက်ကြလေသည်။

ထိုနေရာသည် တော်ဆင်အလွန်ပေါများသော ဒေသဖြစ်သည့် အတွက် ရက်သတ္တပတ်ကြာသောအခါ ကျုံးထဲတွင် ဆင်ကောင်ရေ (၁၀၀) ခန့်မိလေသည်။ မိထားသော ဆင်များကို ဖမ်းဆီးရန်အတွက် ချန်အိုက်မိန်းတိန်ကိန့်က ကြက်ရိုးဗေဒင် ကိုတွက်ချက်ကြည့်ရာ ခန်ခမ်းရှန်မိန်းယတ်က ဆင်ကျုံးထဲဝင်ပြီး ဖမ်းဆီးပါက အန္တရယ်မရှိဘဲ အလွယ်တကူ ဖမ်းဆီးနိုင်မည်ဟု ဗေဒင်ကိန်းခန်း အရ ပြဆိုသဖြင့် ၎င်းက၀င်ရောက်ဖမ်းဆီးရန် သတ်မှတ်တာဝန် ပေးသည်ကို သဘောတူလက်ခံပြီး ဆင်ဖမ်းရန်အတွက် အသွားအခရီးလမ်းတွင် နမ့်ယတ်ချောင်းထဲဆင်း၍ မျက်နာသစ်ရာ ဆင်ကိုယဉ်ပါးစေနိုင်သည့် ဆင်ယဉ်ပတ္တမြား တစ်လုံးကို ကောက်ယူရရှိသည်ဟုဆိုသည်။ အချို့အဆိုအရ ဆင်ကိုနိုင်သော ရေဆင်တစ်ကောင်ကို ဖမ်းဆီးရမိသည်ဟုဆိုသည်။

ချန်ခမ်းရှန်မိန်းယိတ်သည် ဆင်ယဉ်ပတ္တမြား တန်ခိုးကြောင့် ဆင်လှောင်ထားသော ကျုံးထဲသို့ဝင်၍ ဆင်ရိုင်းများအထဲမှ ဆင် အင်္ဂါအပြည့်အစုံဆုံး အချောအလှဆုံး ဆင် (၆) ကောင်ကို အန္တရယ်မရှိ လွယ်ကူစွာဖြင့် စိတ်ကြိုက်ရွေးချယ် ဖမ်းဆီးယူပြီး ကျန်သော ဆင်ရိုင်းများကို ပြန်လွှတ်လိုက်လေသည်။

ခန္တီးသျှမ်းအခေါ်အရ  ဖန်ဒီ (ဆင်ဖမ်းကျွမ်းကျင်သူ) က ကွမ်ကီ (ဆင်ဖမ်းရာ လိုက်တဲ့ဆင်ယဉ်) ကိုစီး၍ ကျုံးထဲဝင်ပြီး ကျုံးထဲရှိ ဖမ်းမိနေသော တောဆင်များကို ဆိုင်ဖန်ခေါ် ဆင်ဖမ်းကြိုးဖြင့် တောဆင်ရိုင်း၏ လည်ပင်းကို ကြိုးကွင်းပစ်စွပ်ကာ တစ်ကောင်ပြီး တစ်ကောင်ဖမ်းယူရသည်။

လူထုခေါင်းဆောင် (၆) ဦးတို့သည် ဖမ်းဆီးရမိသော ဆင် (၆) ကောင်ကို တစ်ကောင်စီစီး၍ AD- 1683 ကောဇာသက္ကရာဇ် (၁၀၄၅) ခုနှစ် ပြာသိုလဆန်း (၁၄) ရက်နေ့တွင် ခန္တီးလုန်စတင်ထွက်ခွာရာ မိုးကောင်းမြို့တော် (မိန်းကောင်း ) သို့ရောက်ရှိသောအခါ မိုးကောင်း စ၀်ဖှလုံကြီး၏ မှူးမတ်များဖြစ်သည့် ဆိန်လုန်မိုနမ့်ကောင်းဟေး၊ ဆိန်လုန်မိုနမ့်ကောင်းခမ်း၊ ဆိန်လုန်မိုနမ့်ပေမိုင်း၊ ဆိန်လုန်မိုနမ့်နွယ် တို့ လေးဦးနှင့် တွေ့ဆုံညှိနိုင်းပြီး အကျိုးအကြောင်း တင်ပြလေသည်။

ထို့နောက်မိမိတို့ ယူဆောင်လာသော လက်ဆောင် ပဏ္ဍာ ပစ္စည်းများဖြစ်သည့် ဆနပ်လိက်လိုင်းနှင့် ဆင်ခြောက်ကောင်နှင့်အတူ တပေါင်းလဆန်း (၁၄) ရက်နေ့တွင် မိုးကောင်း စ၀်ဖှလုံ ကြီး၏ ဟော်နန်းသို့ဝင်ရောက်ပြီး  စ၀်ဖှလုံ ဆေဟုမ်ခန်ဖှ ထံပါးသို့ အကျိုးအကြောင်းအစုံလင်ကို သံတော်ဦးတင် လျှောက်ထားတင်ပြကြလေသည်။ အထက်ပါ အကြောင်းအရာများသည် ခန္တီးသျှမ်း သျှမ်းနီ လူမျိုးတို့၏ သမိုင်းအထောက်ထားခိုင်လုံသည့် ဆင်ဖမ်းသမိုင်းလည်းဖြစ်တော့သည်။


တောဆင်ရိုင်းဖမ်းနည်းများ

- ကျုံးသွင်းဖမ်းခြင်း၊ -
- တုန်းစန့် သို့မဟုတ် မီလာရှီကာ (ကြိုးကွင်းပစ်ဖမ်းခြင်း)၊
- မေ့ဆေးသေနတ်ဖြင့် ပစ်ဖမ်းခြင်း၊
- တည်ဆင်ဖြင့်ဖမ်းခြင်း  သို့မဟုတ် မြူဆွယ်ဖမ်းဆီးခြင်း တို့ဖြစ်ကြပါသည်။-

တုန်းစန့် သို့မဟုတ် မီလာရှီကာ (ကြိုးကွင်းပစ်ဖမ်းခြင်း)၊ ဤဆင်ဖမ်နည်းကို မြန်မာနိုင်ငံတွင် ခန္တီးသျှမ်း လူမျိုးတို့ ပထမဦးဆုံး လုပ်ဆောင်ခဲ့တာဖြစ်ပြီး  ခန္တီးသျှမ်းနှင့် သျှမ်းနီ  လူမျိုးတို့၏ ရိုးရာဓလေ့လည်းဖြစ်ပါသည်။ ၎င်းသျှမ်းတိုင်းရင်းသားများသည် အိန္ဒိယနှိင်ငံ၊ အာသံပြည်နယ် သို့သွားရောက် လေ့လာသင်ကြား၍ စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊

AD- 1890 တွင် ခန္တီးသျှမ်းလူမျိုး စ၀်ဖမန်းအောင်(မန်နေ) သည် အသက်၁၈-၁၉ နှစ်အရွယ်ခန့် (၁၈၉၀ ပြည့်နှစ်)တွင် ၎င်း၏ ဆွေမျိုးသားချင်း ခန္တီးသျှမ်များရှိရာ အိန္ဒိယနှိင်ငံ အာသံပြည်နယ်သို့သွာရောက်၍ မီလာရှီကာဆင်ဖင်းနည်းကို လေးနှစ်တိုင်တိုင် လေ့လာ သင်ကြားခဲ့သည်။

စ၀်ဖမန်းအောင်သည် ခန္တီးလုန်သို့ပြန်ရာက်ပြီး ထိုဆင်ဖမ်းနည်းဖြင့် ၎င်းကိုယ်တိုင် စ၀်ထိုနီ (လုပ်ငန်းရှင်)နှင့် ဖန်ဒီ (ဆင်ဖမ်းကျွမ်းကျင်သူ) အဖြစ်ဆောင်ရွက်ပြီး ဆင်ဖမ်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ အခြားသူများကိုလည်း သင်ကြားပြသပေးခြင်း ပြုလုပ်ခဲ့ရာမှ ခန္တီသျှမ်း များဤဆင်ဖမ်းနည်းကို တတ်မြောက်ကျွမ်းကျင်လာခြင်း ဖြစ်ပါသည်။

ဆင်ဖမ်းနည်းကို စောစောပိုင်းတွင် သျှမ်းဘာသာဖြင့် တုန်းစန့် ကြိုးကွင်းပစ်ခြင်းဟုသာ ခေါ်ဝေါ်ခဲ့သည်၊ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင်း နိုင်ငံတော်၏ လမ်းညွန်မှုဖြင့် ဆင်ဖမ်း သမ၀ါယမ အသင်းကိုထူထောင်၍ ဆင်ဖမ်းလုပ်ငန်းများကို ကျယ်ပြန့်စွာတိုးချဲ့ လိုပ်ကိုင်လာသည်။ နောက်ပိုင်းတွင် မီလာရှီကာ ဝေါဟာရအခေါ်အဝေါ် ကိုသုံးစွဲလာပါသည် ။ ဝေါဟာရမှုရင်းမှာ အိန္ဒိယနိုင်ငံ အာသံပြည်နယ် ကုလားလူမျိုးများ၏ ဘာသာစကားဖြစ်သည်၊ တောလိုက်မုဆိုးများ တောတောင်ထဲတွင် တောကောင်များကို နောက်မှလိုက်၍ ပစ်ခတ်ဖမ်းဆီးယူသကဲ့သို့ တောထဲတွင်ရှိနေသော တောဆင်ရိုင်းများကို နောက်မှလိုက်၍ လိုက်လံဖမ်းဆီး ယူခြင်းဟု အဓိပာယ်ရှိသည်။

 ဤဆင် ဖမ်းနည်းသည် ကျုံးစနစ်ဖမ်းနည်းထက် အသက်အန္တရာယ် ပိုမိုများပြားပြီး ရဲရင့်စွန့်စားလုပ် ကိုင်ဆောင်ရွက်ရသောလည်း လူအင်းအားနှင့် ငွေကြေးအကုန်အကျမှာမူ ကျုံးဖမ်းနည်းထက် ပိုမိုသက်သာပါသည်။

မီလာရှီကာကြိုးကွင်းပစ် ဆင်ဖမ်းနည်းမှာ ကွမ်ကီခေါ် အထူးသင်ကြား တတ်ကျွမ်းသော ဆင်ယဉ်ကို ဆိုင်ဖလာ ခေါ် ၀မ်းပတ်ကြိုး၊ ဆိုင်ကတ်ခေါ် သိုင်းကြိုး နှင့် ဆင်ဖမ်းကြိုးများ အပြည့် အစုံတပ်ဆင်၍ ဖန်ဒီခေါ် ဆင်ဖမ်းကျွမ်းကျင်သူက ဦးစီးလုပ်ပြီး။ မာအွတ် ခေါ် ဆင်ပဲ့ထိန်းသူက ဆင်အမြီးပိုင်းတွင်ထိုင်ကာ တောဆင်ရိုင်းများ နောက်သို့ အပြေးလိုက်ပြီး မိမိလိုချင်သော တောဆင်ရိုင်း၏ ဦးခေါင်းကို ဆိုင်ဖန်ခေါ် ဆင်ဖမ်းကြိုးကွင်းဖြင့် ပစ်ကာ တောဆင်ရိုင်း၏ လည်ပင်းကို စွပ်ဖမ်းခြင်းပင်ဖြစ်သည်။

ဆင်ဖမ်း ကြိုးကိုလည်း မိမိတို့ကိုယ်တိုင် ၁၀လွန်း၁၂လွန်းတင် ကျစ်ထါးသောကြိုး အတောင်၂၀(သို့)၃၀ ကိုယူဆောင်သွားရသည်။ ထိုကြိုးကို မိုးမစိုရေမထိမိစေရန် သတိထား ထိမ်းသိမ်းထားရသည်။ ဖမ်းမိသောဆင်ကို အခြားဆင်များဖြင့် ညှပ်၍(သို့)တွဲ၍ ခေါ်ဆောင်လါပြီးနောက်  ဇော်ပိုင်ခေါ် ဆင်ချော့တေးဖြင့် ရက်၂၀ (သို့)၃၀ရက်ခန့် ချော့ရသည်။ ထို့အခါဆင်သည် ယဉ်ပါးလါ၍ လိုအပ်သလို ခိုင်းစေလို့ရသည်။ ထိုင်းနုင်ငံတွင်မှု ဆင်၏ အနောက်ခြေထောက်ကို ကြိုးကွင်းပစ်၍ ဖမ်းနည်းကိုသုံးကြပါသည်။

ခန္တီ-သျှမ်းနီတိုင်းရင်းသားတို့၏ မီလာရှီကာဆင်ဖမ်းလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သော ခုနှစ်မှာ ၁၈၉၆-ခုနှစ် စ၀်ဖမန်းအောင် (မန်နေ) ဖြစ်ပါသည်။ ၎င်းသည် မြန်မာပြည်သို့ပြန်ရောက်သောအခါ အင်းတော်ကြီး ဆင်ဖမ်းနယ် လီဒိုလမ်း နောင်မီး ဆင်စခန်းဆောင်ရွက် ခဲ့ပါသည်၊ ၁၈၉၆ ခုနှစ် မတ်လ (၁)ရက်နေ့သည် အင်္ဂလိပ်အစိုးရက မန္တလေးမှ မိုးကောင်းမြို့နယ်ထိ မီးရထားလမ်း   ဖောက်လုပ် ရောက် ရှိသောနှစ်ဖြစ်ပါသည်၊ ထိုနှစ်တွင် စ၀်မန်းအောင်သည် သူ၏ဆင်ဖြင့် မီးရထားတွဲကို ဆွဲပေးခဲ့ရသည်ဟု မှတ်တမ်းများအရ သိရှိရပါသည်၊
မီလာရှီကာဆင် ဖမ်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရန်မှာ စ၀်ထိုနီခေါ် လုပ်ငန်းရှင် တစ်ဦးသန့်သန့်(သိုမဟုတ်) စုပေါင်း၍ဖြစ်ဖြစ် လုပ်ကိုင်နိုင်သည်၊ လုပ်ငန်းပိုင်ရှင်က မိမိကိုယ်တိုင် ဆင်ဖမ်းခွင့်လိုင်စင် လျှောက်ထားရပြီး မိမိကိုယ်ပိုင်လိုင်စင် ဆင်ဖမ်းနယ်တွင် လုပ်ကိုင်နိုင်သည်၊ ကိုယ်ပိုင်လိုင်စင် မရှိသောလည်း သူတစ်ပါး၏ လိုင်စင်နယ်တွင် လုပ်ကိုင်နိုင်ပါသည်၊ ဆင်ဖမ်းလုပ်ငန်းရှင် တစ်ဦးသည် အနည်းဆုံးအားဖြင့် ကွမ်ကီဆင်တစ်ကောင်၊ စခန်းစောင့် ဆင်တစ်ကောင်၊ ဖန်ဒီတစ်ဦး ဆင်လုပ်သား နှစ်ဦးသုံးဦးနှင့် လုပ်ငန်းရှင်အပါဝင် လူငါးဦးခြောက်ဦးနှင့် ဆင်နှစ်ကောင်လိုအပ်ပါသည်။

 မိမိတတ်နိုင်လျှင် တတ်နိုင်သမျှ ကွမ်ကီဆင်များများ စခန်းစောင်များများ ထား၍လည်း လုပ်ကိုင်နိုင်ပါသည်၊ အကောင်းဆုံးမှာ အနည်းဆုံး ကွမ်ကီဆင်နှစ်ကောင်နှင့် စခန်းစောင့်ဆင်တစ်ကောင်ဖြင့် လုပ်သင့်ပါသည်၊ ကွမ်ကီဆင်တစ်ကောင် တည်းဆိုလျှင် တောထဲ့သို့ဆင်ဖမ်းထွက်သည့်အခါ အခက်အခဲများကြုံတွေ့နိုင်ပါသည်၊ ကွမ်ကီဆင် နှစ်ကောင်ဆိုလျှင် တစ်ကောင်နှင့်တစ်ကောင် ၀ိုင်းဝန်းကူညီလုပ်ဆောင်နိုင်သဖြင့် ပိုအဆင်ပြေပါသည်။

ဆင်ဖမ်းရာသီအချိန်သည် ပွင့်လင်းခြောက်သွေ့ ရာသီဖြစ်သည့် တန်ဆောင်မုန်းလမှ တန်းခူလ သို့မဟုတ် အောက်တိုဘာလ မေလအထိဖြစ်သည်၊ ဖန်ဒီ၊ မာအွက်၊ ဆင်လုပ်သားများနှင့် ကွမ်ကီဆင်အကူများငှားလျှင် ဆင်ဖမ်းရာသီအတွက် အခကြေးငွေများ တွက်ချက်ပြီးငှားရမ်းရပါသည်၊ အင်္ဂလိပ်အစိုးရလက်ထက် ဖန်ဒီငှားခသည် တောဆင် လေးကောင် သို့မဟုတ် ငါးကောင်ဖမ်းဆီးရမိလျှင် ဖန်ဒီကိုတစ်ကာင်နှုန်းကျ ပေးရပါသည်၊ အကယ်၍ ဆင်ဖမ်းရာသီကုန်ဆုံးသောလည်း။ သတ်မှတ်သည့် ဆင်လေးကောင် ငါးကောင် မရလျှင်လုပ်ငန်းရှင်က တစ်ရာသီလုံး၏ ရသမျှတန်ဖိုးလေးပုံတစ်ပုံကို ဖန်ဒီကိုပေးရသည်၊ မာအွတ်နှင့် ကျန်ဆင်လုပ်သားများကို မှုတစ်ရာသီလုံးတွင်ရရှိသည့် အမြတ်ပေါ်မှုတည်ပြီး ငွေဖြင့်သတ်မှတ်ပေးချေရသည်၊ ဆင်စခန်းသိမ်းပြီးနောက် လုပ်ငန်းရှင်နှင့်အတူ အမာခံအဖြစ် ဆင်များကို ဆက်လက်ထိန်းသိမ်း ပေးသူများကိုမှု ဆင်ဖမ်းရာသီ  သုံးနှစ်လျှင်တစ်ကြိမ် ဆင်တစ်ကောင်ကျ အဖိုးအခအဖြစ်ပေးရသည်၊ ဖန်ဒီ၊ မာအွတ်နှင့် ဆင်လုပ်သားများ အားလုံး. စားစရိတ် အ၀တ်အထည်နှင့် ဆေးဝါးကုန်ကျစရိတ်အားလုံးကို လုပ်ငန်းရှင်က တာဝန်ယူကျခံရပါသည်၊

ကွမ်ကီဆင်ငါးခမှာ လွတ်လတ်ရေးရခါစ အချိန်တွင် ငွေကြေးဖြင့်ပေးလျှင် ဆင်ဖမ်းတစ်ရာသီအတွက် ကျပ်-၅၀၀ မှ ၁၀၀၀ အထိပေးရပြီး ဆင်ဖြင့်ပေးရလျှင် ဆင်ဖမ်းရာသီ နှစ်နှစ် သို့မဟုတ် သုံးနှစ်လျှင် ဆင်တစ်ကောင်ကျပေးရသည်၊ နှုန်းပေးရသည် အချို့လုပ်ငန်းရှင်များက တောဆင်ရိုင်း တစ်ကောင်ဖမ်းမိတိုင်း ဖန်ဒီကို ၂၅ ကျပ်၊ မာအွတ် ၅ ကျပ်စသည်ဖြင့် အပိုဆုကြေးအဖြစ် ချီးမြင့်ငွေများပေးသည်။

ကွမ်ကီဆင်သည် ဟိုင်းဆင်၊ ဟံဆင်နှင့် ဆင်မများ အကောင်းဆုံးဖြစ်သည်။ စွယ်စုံနှင့် တည်များကိုလည်း သုံး၍ရသော်လည်း အစွယ်ရှည်ကြီးများပါနေသဖြင့် တောဆင်များ ကြောက်လန့်တတ်၍ အနားကတ်မခံကြပေ၊ ဟိုင်းဆင်နှင့် ဟန်ဆင်တို့မှာ ပြင်ပအမြင်အားဖြင့် ဆင်မနှင့်တူပြီး အင်အားမှာ စွယ်စုံဆင်နှင့် ဆင်မထက်ပိုမို အားကောင်းသဖြင့် ပိုမိုကောင်းမွန်အားထားရသည်၊ ကွမ်ကီဆင်ဖြစ်ရန်မှာ နှစ်ဂိုမှုလကပင် အကျင့်စိတ်နေ စိတ်ထားကောင်း၍ အားကိုးအားထားရသော ဆင်များကိုရွေးချယ်ပြီး ဆင်ဖမ်းလုပ်ငန်းတွင်အသုံးပြုခိုင်းစေရင်း အထူးသင်ကြား၍ တတ်ကကျွမ်းလာခြင်းဖြစ်သည် သို့သော ကျွမ်းကျင်ခြင်းနှင့် ပို၍အားကိုးအားထားရခြင်းများကား တစ်ကောင်နှင့် တစ်ကောင်တူညီခြင်းမရှိပေ၊ ထို့ကြောင့် ငှားခပေးရသည်မှာလည်း ကျွမ်းကျင်ခြင်းနှင့် အားထားရခြင်းများကိုလိုက်ပြီး ငွေကြေးပို၍ပေးရပါသည်။

အင်္ဂလိပ်လက်ထက်တွင် တောဆင်တစ်ကောင်ဖမ်းမိလျှင် ၎င်းဆင်ကို အနည်းဆုံးနှစ်ကြိမ် သို့မဟုတ်သုံးကြိမ် ဆင်၏ အရပ်အမြင့်ကို တိုင်းတာပြီး အခွန်ငွေကောက်ယူ၍ ချလန်ငွေရပြေစာကို ထုတ်ပေးသည်။ အရပ် ၅ ပေရှိသောဆင်ကို ပထမအခွန် ဒင်္ဂါး ငွေ၂၅ ကျပ်၊ ဒုတိယအခွန် ၅၀ ကျပ်ပေါင်း ၇၅ ကျပ် အရပ်မြင့် ၆ပေရှိသောဆင်ကို ပထမ ၅၀ ကျပ် ဒုတိယ ၇၅ ကျပ်ပေါင်း ၁၂၅ ကျပ်၊ စသည် စတိုးစတိုး ကောက်ခံသည်။

ပထမဦးဆုံး စ၀်ဖမန်းအောင်( မန်နေ)၊ ဒုတိယ စ၀်ဖရွှေနာ (မန်စေ)၊ တတိယ စ၀်ဖဆောင့်မိန်း၊ စ၀်ဖအန်စု (မုန်းလန်း) နှင့်ညီအစ်ကိုများ စတုတ္ထ စ၀်ထိန့် (မန်ပန်)၊ ပဉ္စမ စ၀်နွဲ့ဟွမ် (မန်စေ) တို့ဖြစ်ကြသည်။နောက်ပိုင်းတွင် လူတော်တော်များများ ဆင်ဖမ်းလုပ်ငန်းကို လုပ်ကိုဆောင်ရွက် ခဲ့ကြသည်။ စ၀်ဖမန်းအောင်သည် ဆင်ဖမ်းလုပ်ငန်းကို လုပ်ကိုင်ရင်း ဆင်စားကျက်ကောင်းမွန်သော နေရာများတွင် ရွာများတည်ခဲ့သည်။ ၎င်းတည်ခဲ့သောရွာများမှာ မန်စေတုန်၊ ကာမိုင်းမြို့နယ်၊ နမ့်ဟိုင်ရွာအနီးနှင့် ဂျပန်ခေတ်နောက် ပိုင်းတွင် မိုင်းကောင်းမြို့နယ် ညောင်ကုန်းရွာကို တည်ခဲ့သည်။ ခန္တီးမြို့နယ် လိုင်စိုင်ရွာတွင် လယ်တစ်စား ဖော်ခဲ့ကြောင်းသိရှိရသည်။ ၎င်းသည် သတ္တိကောင်းသူ ဖြစ်သည့်အပြင် အရပ်အမောင်းကောင်းပြီး ခွန်အားဗလလည်းကောင်းသူဖြစ်သည်။ ၁၉၅၉ ခုနှစ် အသက် ၈၁ နှစ်တွင် ၎င်းတည်ထောင်ခဲ့သော ညောင်ကုန်းမြို့တွင်ကွယ်လွန်ခဲ့သည်။

 AD- 1910 တွင် အင်္ဂလိပ်များ ခန္တီးလုန်သို့ ပထမဦးဆုံးရောက်ခဲ့သောအခါ ခန္တီးလုန်မှ အိန္တိယနိုင်ငံ အာသံနယ်သို့ သွားရောက်ရန် ထိုစဉ်က အသက် ၁၈ နှစ်အရွယ်ခန့်ရှိ စ၀်ဖရွှေနာကို စော်ကန်တောင်ကြားလမ်း အတိုင်း လမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့သည်။ ၎င်းသည် အာသံဝေသာလီသို့ ရောက်သောအခါ မီလာရှီကာဆင်ဖမ်းနည်းကို ဝေသာလီရှိ ဆွေမျိုးများထံမှ လေ့လာသင်ကြားခဲ့ပြန်သည်။ ၎င်းခန္တီးလုန်သို့ ပြန်ရောက်သောအခါ မြစ်ကြီးနားခရိုင်၊ ကားမိုင်းမြို့နယ်သို့ ပြောင်းရွေ့၍ ဆင်ဖမ်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရင်း ပထမဦးဆုံး နမ့်စေပူရွာ (ယခု ကထန်ယန်ရွာအနီး) ကိုတည်ခဲ့သည်။ ဒုတိယ အကြိမ်အဖြစ် မန်ခိုင်ခန်ရွာ (နမ့်စေအင်ရွာတောင်ဘက်) နှင့် တတိယ အကြိမ်အဖြစ် ကားမိုင်းမြို့နယ်၊ နမ့်စေအင်းရွာကိုတည်ခဲ့သည်။ စ၀်ဖှဖြိုးခမ်း (လုပ်ခွန်)သည် မိုးကောင်းမြို့နယ် ဆောင်းခါးရွာ ကိုတည်ခဲ့သည်။

အင်္ဂလိပ်အစိုးကသည် စ၀်ဖှရွှေနာက ခန္တီးလုန်မှ အာသံပြည်သို့ လမ်းပြ ကူညီပေးခဲ့သည့်အတွက် ဆုလာဘ်အဖြစ် နာမည်ကောင်း လက်မှတ်တစ်စောင်၊ နှစ်လုံးခါးချိုးသေနတ်တစ်လက်၊ ဓါတ်ပြားစက်တခုနှင့် လေယာဉ်၊ ရထား၊ သဘောင်္ခရီးဖြင့် ပြန်စေခဲ့ကြောင်းသိရသည်။ ၎င်းသည် ဟုမ္မလင်း အင်းတော်ကြီး၊ ဟူးကောင်း၊ အလိမ်တမာ၊ နမ့်ကောင်းချောင်းပေါက်ဝ၊ ကာဒူ၊ နမ့်ဒဘတ်ချောင်းဖျား စသော ဆင်ဖမ်းနယ် (သျှမ်းခေါ် ခက်စန့်) များကို အင်္ဂလိပ် အစိုးရ ထံမှ လိုင်စင်များယူကာ တုန်းစန့် ခေါ် မီလာရှီကာ ဆင်ဖမ်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

စ၀်ဖှရွှေနာ ကိုယ်တိုင်ကလည်း အာသံဝေသာလီမှ ယူဆောင်လာခဲ့သည် ကွမ်ကီဆင်များဖြစ်သော အိုက်စပ်တက် (ဟန်ဆင်)၊ နင်ညာလာတင်တုပ် (စွယ်စုံ) နှင့် အိုကလီမှု (ဟိုင်းဆင်) သုံးကောင်ဖြင့် ကသာအရှေ့ဘက်သပြေပင်၊ ယင်းခဲ၊ မိုးမိတ်၊ ရွှေလီနမ့်ပန်း၊ ထီးချိုင့်အရှေ့ ဟင်္သာ၊ နမ့်ပေါင်းစခန်းများတွင်လည်းကောင်း ဆင်ဖမ်းလုပ်ငန်းများလုပ် ကိုင်ခဲ့ကြောင်းသိရှိရပါသည်။ ၎င်းသည် စ၀်ဖှမန်အောင် (မန်နေ) ထက် အသက် သုံးနှစ်ခန့်ကြီးပြီး ဂျပန်ခေတ် တွင်းနမ့်စေအင် ရွာတွင် ကွယ်လွန်ခဲ့ကြောင်းသိရှိရပါသည်။

1952  ခုနှစ် ဇန်န၀ါရီလ (၁၀) နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းကြီး၌ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ထိုစဉ်က နိုင်ငံတော် သမ္မတကြီး ဒေါက်တာဘဦး နှင့် ရန်ကုန်မှ ကြွရောက်လာကြသော အထူး ဧည့်သည်တော်များ နှင့်ကချင်ပြည်နယ်မှ ဖိတ်ကြားထားသော ဧည့်သည်တော်များအား အထူးအဆန်းပြပွဲ ပြကွက်ဖြစ်တဲ့ မီလာရှီကာ ဆင်ဖမ်းနည်း လက်တွေ့ သရုပ်ပြပွဲ ကချင်ပြည်နယ် အစိုးရက ကြီးမှူးကျင်းပခဲ့ပါသည်။
ထိုဆင်ဖမ်းနည်း လက်တွေ့သရုပ်ပြ သခြင်းကို မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် ရုံးစိုက်ထားသော ကချင်ပြည်နယ် သမ၀ါယမ အသင်းကြီးလူများက လက်တွေ့သရုပ်ဖော်ပြသခဲ့ပါသည်။

ထုတ်နုတ်- စောနွဲ့ဆားတော် ရေး -ခမ်းတီးရှမ်းတို့၏ မီလာရှီကာ ဆင်ဖမ်းနည်း
သျှမ်းတို့ ဆင်အယူစ လက်ဆင့်ကမ်းစကား

၁၉၈၀ ကျော်ခန့်က ကျားပေါက်တို့ ကလေးဘ၀က မီလာရှီကာ စိုင်းဗေဒါ ဆိုသောရုပ်ရှင်ဇာတ်ကား အမည်ဖြင့် သျှမ်းတို့၏ တုန်းစန့်ခေါ် မီလာရှီကာ ဆင်ဖမ်းနည်းကို ခြေခံထားသော ရုပ်ရှင်ကားသည် ရုံပြည့်ရုံလျှံအဖြစ်ပြသခဲ့ရသလို မင်းသားဖြစ်သော နေအောင်သည် အကယ်ဒမီ ဆုပါရရှိခဲ့လေသည်။

ကျန်ပ်တို့ ဘိုးဘေးများ သမိုင်းစဉ်ဆက် ကိုယ်ပိုင်စာပေဖြင့် ရေးမှတ်သားခဲ့သော တုန်းစန့်လို့ခေါ်တဲ့ မီလာရှီကာ ကြိုးကွင်းပစ် ဆင်ဖမ်းနည်း  သျှမ်းလူငယ်များ သိရှိရန် အစပထမ သမိုင်းဖြစ်ရပ်မှန်ကို တင်ပြလိုက်ရပါသည်။





ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"