koko

koko

Tuesday, February 19, 2013

သမိုင်းထဲက ညောင်ပိန္နဲရိပ်မြို့


 သမိုင်းထဲက ညောင်ပိန္နဲရိပ်မြို့ ကလေးကတော့ သျှမ်းလူမျိုးတို့၏ နေရာဒေသ တခုဖြစ်သည့် မြို့ကြီးများတွင် ယနေ့အချိန်၌ ထင်ရှားသော ဒေသ တစ်ခုမှာ ဟုမ္မလင်း (၈ှုင်းမ၊ဂ်,လ၊င်း) ဖြစ်သည်။

ဟုံး (၈ှုင်း) = ညောင်(ဝါ)အရိပ်၊ မလင်း (မ၊ဂ်,လ၊င်း) ပိန္နဲ ဟူသော အဓိပ္ပါယ်ဖြင့် အဓိကရ ပေါက်နေသည့်   ညောင် ပိန္နဲပင်ကြီးကို အစွဲပြု၍ (၈ှုင်းမ၊ဂ်,လ၊င်း) ဟုန်းမလင်း ဟု ဒေသခံ သျှမ်းတို့ မှည့်ခေါ်ထားသည်။ သျှမ်းရွာငယ် တစ်ရွာအဖြစ် စတင်ခဲ့သော မြို့ဖြစ်သည်။ ၄င်းသည် “ဟုမ္မလင်းအစ ခေါင်ခမ်းက” ဟု ဆိုရ လောက်အောင် “ခေါင် ခမ်း” ကျေးရွာအုပ်စုဝင်ဖြစ်၍ မိုးညှင်းခေတ်ဦးကပင် ရှိခဲ့သည်။

မိုင်းမောဝ်ခေတ်၊ စော်ဘွားကြီး စဝ်ဟော်သျှန် (r၀၀်;ေ၈ှုင်္သင်)လက်ထက် မိုးညှင်းအမတ်ကြီး မယ် နယ်ခွန်ခမ်း (မဲခေဲနုခ်ေနမ်း)နှင့် ကသာအမတ်ကြီးတို့သည် ဥရုမြစ်အတိုင်း တိုင်းခန်းလှည့်လည် လာကြရာ တွင် ယခု ဟုမ္မလင်းမြို့၊ နောင်ပကျစ်တောင်ပေါ် (ခေါ်) ကျဲဆာ (r၀ဲးသု,) အရပ်တွင် ရောက်ရှိစခန်းချသည်။
ထိုမှ ယခုခေါင်ခမ်းရွာကို တည်တော်မူသည်။ ခေါင် (နွင်)= ပိုင်ဆိုင်ခြင်း၊ ခမ်း (နမ်း) = ရွှေ ဟူသော အဓိပ္ပါယ်ဖြင့် “ရွှေရှင်” ခေါင်ခမ်း (နွင်နမ်း) ဟု အမည်ပေးခဲ့သည်။ ကျဲဆာ အရပ်နှင့်ည တစ်ဘက်ကမ်းရှိ မြေနေရာတွင်လည်း ရွာတစ်ရွာကို တစ်ပြိုင်တည်း တည်တော်မူသည်။ ဧရာဝတီမြစ်ဝှမ်း တစ်နေရာရှိ ကသာမြို့(ကတ်ဆာ)နှင့် နေရာအခင်း အကျင်း တူညီနေသဖြင့် ထိုရွာသစ်ကို ကတ်ဆာ (ဂသု)ဟုပင် အမည်မှည့်ခဲ့သည်။ သျှမ်းတို့၏ ဝေါဟာရကို မြန်မာ သံဖြင့် (သျှမ်းအသံ ဆ သံကို သ သံပြု)မြန်မာမှုပြုရာမှ ကတ်ဆာသည် ယခုအခါတွင် ကက်သာ (ဂ၊ဂ့်သု)ဟူသော အမည်ဖြင့်သာ ရပ်တည်နေ တော့သည်။

ခေါင်ခမ်းရွာ (နွင်နမ်း)မှ ဆက်၍ တာပတောင်း (တု,ပတွင်း) =
ပတောင်းပင်ဆိပ်ကမ်း၊ နာနုံး     (ခေုး ခေူင်း) = နုံးမြေရှိသောလယ်၊ နားသဲ (ခေုးသဲ၊း) = သဲဖုံးလေ့ရှိသောလယ်၊ သဲမြေလယ်၊ ပါမလုံ (ပုမလိုင်း) = မအူပင် များစွာပေါက်ရာနေရာ၊ မန်မော် (မ၊ခေ်;မ၀်,/မ၊ခေ်;မ်ု,) = ရွာသစ်၊ ဟုန်းမလင်း (၈ှုင်းမ၊ဂ်,လ၊င်း)= ညောင်ပိန္နဲပင်ပေါက်ရာနေရာ၊ နောင်ပကျစ် (ခွေင်င်္ပတ်,င်္ဂပ်;/ ခွေင်င်္ပတ်;င်္ဂပ်,) စပါးခွံပစ်သောအင်း၊ ခိုပဲဝ (နိုဝ်း ပ၊ဂ်ဝုး/နူဝ်ပ၊ဂ်,၀ုး) အလံတစ်ရာ ရှည်သောတံတား၊ မန်ပင် (မ၊ခေ်;ပ၊င်)= ကိုင်းပင်ပေါက် သောနေရာရှိရွာ အစ ရှိသည့် ရွာများသည် သလ္လာဝတီမြစ် အရှေ့ဘက်ကမ်းတွင် မြောက်မှတောင်သို့ စီတန်းလျက် ဖြစ်ထွန်းတည်ရှိ လာကြသည်။

<---- font="">ဟုမ္မလင်းမြို့စား မိသားစု
ထိုရွာငယ်များကို ခေါင်ခမ်းသူကြီးက အုပ်ချုပ်သည်။ ခေါင်ခမ်း သူကြီးသည် နောင်ပူအောင်ရွာ ထောင်စု မှူး၏ လက်အောက်ခံ   ဖြစ်၍ နောင်ပူအောင်သည် မိုင်းကိုင်းစော်ဘွား၏ သြဇာခံဖြစ်သည်။ အထက်တွင် ပြဆိုခဲ့ သကဲ့သို့ သျှမ်းတို့သည် သလ္လာဝတီနှင့် ဥရုမြစ်ဝှမ်းဒေသတွင် ပေါင်းစည်းမိကြပြီး စော်ဘွားများခေတ်နောက်ပိုင်း အထိ မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ရေးမူဖြင့် မြစ်စဉ် (၁၅)ရွာ၊ ရွှေ (၁၉)ရွာ၊ ဥရု (၁၀)ရွာ စသည်ဖြင့် ခွဲဝေအုပ်ချုပ်ခဲ့ ကြသည်။

ယခု ဟုမ္မလင်းမြို့နယ်၊ ဟင်နောင်ရွာ ဆရာတော် ဦးကလျာဏ သက်တော် ထင်ရှားရှိစဉ်က ဆရာ တော်၏ကျောင်းတိုက်တွင် မိန်းမောဝ်လုံခေတ် ကျားခေါင်းပုံပါ အလံတစ်ခု၊ အင်းဖြင့်စီရင်ထားသော တိုက်မောင်း တစ်လုံးနှင့် စွမ်(r၀ုမ်,/r၀ုမ်;) ခေါ် တံဆိပ်တုံး တစ်ခုတို့ကို တွေ့ရဖူးသည်ဟု မှတ်သားရသည်။ တံဆိပ်တုံးတွင် ပါရှိသော အမှတ်အသားနှင့် စာများမှာ စစ်ကိုင်းမြို့ရှိ သိုဟန်ဘွား (သိုဝ်၈ှ၊ခ်ေငေု.) ကျောက်စာရှိ စာလုံး များနှင့် တူညီသည်။

ဤအချက်များကို ထောက်ရှု၍ ဟုမ္မလင်းမြို့နယ်တွင်းရှိ ဒေသများသည်လည်း မောခေတ် သျှမ်းတို့ ထွန်းကားစဉ်ကပင် သျှမ်းမျိုးနွယ်စုတို့ အစဉ်အဆက် နေထိုင်ခဲ့ပြီး ဖြစ်ကြောင်း သိသာစေနိုင်သည်။

ဟုမ္မလင်းမြို့နယ်တွင်းရှိ နောင်လွန်ရွာ၊ နားနောက်ရွာ၊ နောင်ပိုအောင်ရွာ၊ နန်တောရွာ၊ မောင်းခမ်းရွာ၊ တဇုံး - အုန်းဘက်ရွာများနှင့် အခြားအခြားသော သျှမ်းနီးတိုင်းရင်းသား ကျေးရွာများသို့ ရောက်ရှိလေ့လာရင်း သျှမ်းနီတို့၏ ချစ်စရာ ရိုးရာဓလေ့များကိုလည်း ယနေ့တိုင်တွေ့ရှိနိုင်ပါသည်။ 

မူလ ဟုမ္မလင်းကို ဗြိတိသျှ အစိုးရလက်ထက်တွင် (၁၈၉၈) ခုနှစ်တွင် ရဲဥပဒေ The Police Act အခန်း (၃၄)အရ လည်းကောင်း၊ (၁၈၉၉)တွင် မြေစာရင်းလက်စွဲဥပဒေ အရလည်းကောင်း မြို့အဖြစ် စ တင်ကြေငြာခဲ့သည်။

ကင်းတပ်တွင် ခရိုင်ရုံးစိုက်စဉ်က အထက်ချင်းတွင်းခရိုင် ဟုခေါ်တွင်သည့် နယ်တွင် ပါဝင်ပြီး မော်လိုက် တွင် ခရိုင်ရုံးစိုက်   သောအခါ မော်လိုက်ခရိုင်တွင် ပါဝင်ခဲ့သည်။



လွတ်လပ်ရေးခေတ်၊ စော်ဘွားများ အာဏာစွန့် ပြီးနောက် ဟုမ္မလင်းမြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။ (၁၉၇၄)ခု အခြေခံဥပဒေအရ ဟုမ္မလင်း၊ ခန္တီး၊ လေရှီး၊ လဟယ်မြို့နယ်တို့ကို နာဂတောင်တန်းခရိုင်ဟု သတ် မှတ်၍ ခန္တီးတွင် ခရိုင်ရုံးစိုက်ခဲ့သည်။

ယခု လက်ရှိအချိန်တွင် ခန္တီးခရိုင်တွင် ပါဝင်သည်။ ဤအချက်များကို   ထောက်ရှု၍ ဟုမ္မလင်းမြို့နယ်တွင်းရှိ ဒေသများသည်လည်း မောခေတ် သျှမ်းတို့ ထွန်းကားစဉ်ကပင် သျှမ်းမျိုးနွယ်စုတို့ အစဉ်အဆက် နေထိုင်ခဲ့ပြီး ဖြစ်ကြောင်း သိသာစေနိုင်သည်။



မူလ ဟုမ္မလင်းကို ဗြိတိသျှအစိုးရ လက်ထက်တွင် (၁၈၉၈) ခုနှစ်တွင် ရဲဥပဒေ The Police Act အခန်း (၃၄)အရ လည်းကောင်း၊ (၁၈၉၉)တွင် မြေစာရင်းလက်စွဲဥပဒေ အရလည်းကောင်း မြို့အဖြစ် စတင်   ကြေငြာခဲ့သည်။

 ကင်းတပ်တွင် ခရိုင်ရုံးစိုက်စဉ်က အထက်ချင်းတွင်းခရိုင် ဟုခေါ်တွင်သည့် နယ်တွင် ပါဝင်ပြီး မော်လိုက် တွင် ခရိုင်ရုံးစိုက်သောအခါ မော်လိုက်ခရိုင်တွင် ပါဝင်ခဲ့သည်။



လွတ်လပ်ရေးခေတ်၊ စော်ဘွားများ အာဏာစွန့် ပြီးနောက် ဟုမ္မလင်းမြို့နယ်အဖြစ် သတ်မှတ်ခဲ့သည်။ (၁၉၇၄)ခု အခြေခံဥပဒေအရ ဟုမ္မလင်း၊ ခန္တီး၊ လေရှီး၊ လဟယ်မြို့နယ်တို့ကို နာဂတောင်တန်းခရိုင်ဟု သတ် မှတ်၍ ခန္တီးတွင် ခရိုင်ရုံးစိုက်ခဲ့သည်။  

ယခု လက်ရှိအချိန်တွင် ခန္တီးခရိုင်တွင် ပါဝင်သည်။

 ဟုမ္မလင်းဒေသသည် ယနေ့တိုင် သျှမ်းအသွေး သျှမ်းအသားနှင့် သျှမ်းစကားများပြောနေသေးတဲ့ သျှမ်းနီဒေသတခုဖြစ်ကြောင်း တခါတခေါက်တော့ လည်ရောက်စေခြင်သောကြောင့် သျှမ်းညီနှောင်များအား တင်ပြလိုက်ရပါသည်။  ကျားပေါက်

 ထုတ်နုတ် -  စိုင်းဆေးနွမ် (ဟုမ္မလင်း)ရေး  ဟူးကောင်း သလ္လာ မြစ်ဧရာ သျှမ်းမျိုး နွယ်စု
           - ကန့်သတ် သျှမ်းနီမှတ်တမ်း စာစောင်

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"