koko

koko

Sunday, March 3, 2013

အထင်ကရကြားက ဘုရင်မတပါး


ယနေ့မြန်မာနိုင်ငံဟု မပေါ်ပေါက်ခင်က တိုင်းရင်းသားဒေသများတွင် ကိုယ့်မင်းကိုယ့်ချင်းဖြင့် အစဉ်သဖြင့် အုပ်ချုပ်နေထိုင်လာခဲ့ကြသည်။ မြန်မာဘုရင်ဟုပြောလျှင် ဗမာလူမျိုးများကိုသား အရင်ဆုံးပြေးမြင် ကြပေလိမ့်မည်  သမိုင်းသက်သေ အထောက်ထားခိုင်လုံစွာ မြန်မာနိုင်ငံတွင် ဘုရင်စနစ်ဖြင့် အုပ်ချုပ်နေထိုင် လာခဲ့ကြသော  မွန်၊ ဗမာ၊ ရခိုင်၊ သျှမ်း လေးမျိုးတို့ရှိခဲ့သည်။ ဗမာ ဘုရင်များနှင့် ထီးပြိုင်နန်းပြိုင် အုပ်ချုပ်နေထိုင်လာခဲ့ကြသည်ကို လည်းတွေ့ရသည်။

မြန်မာ့သမိုင်းကို လှန်လော်ကြည့်လိုက်ရင် တိုင်းရင်းသားအထင်ကရ များကိုတွေ့ရှိရသည်။ ထိုအထင် ကရများထဲတွင်    ရှင်စောပု ဟူ၍ မွန်ဘုရင်မတစ်ပါး ထူးခြားစွာ ပေါ်ထွန်းခဲ့ပေသည်။

ထိုအတိတ်သမိုင်းသည် တိုင်းရင်းသားတို့အဖို့ အဖိုးမဖြတ်နိုင်သော အတိတ်သမိုင်းများ လည်းရှိသည်။ ဒီနေ့ခေတ် လူငယ်တွေက သမိုင်းဟုဆိုလျှင် အွန်လိုင်းပဲဖြစ်ဖြစ် စာအုပ်ပဲဖြစ်ဖြစ် မြင်ရင်   နှာခေါင်းရှုံ့   ပြတတ်ကြသည်။ အဟောင်း အမြင်တွေ ပြန်လှန်နေလို့ ဘာအကျိုးရှိမှာလဲ၊ လက်ရှိဖြစ်နေတာတွေကိုပဲ ကြည့်ပါလို့ ပြောလေ့ရှိသည်။ အချို့လူငယ်များနှင့် နိုင်ငံရေးလုပ်စားသော  Active အက်တီးဗစ် အချို့တို့သည်။ သမိုင်းတန်ဖိုးကို လုံးဝနားမလည်ကြပေသည်။ ဒိုနာကြိုက် အမိုက်စော်ကားများ   ပေါများလာပေသည်။ အတိတ်ကို ပြန်မကြည့်ချင်သလို အနာဂတ်ကို လှမ်းမျှော်ကြည့်တာကိုလည်း မကြိုက်ကြ ဘူး။ စိတ်ကူယဉ်နေလို့ အိပ်မက်တွေ မက်နေလို့ဘာမှ ဖြစ်လာမှာမဟုတ်ဘူး၊ ပစ္စုပ္ပန်မှာ ဖြစ်နိုင်တာတွေကို ပဲလုပ်လို့တယ် ဟုဆိုကြသည်။

 ပစ္စုပ္ပန်မှာ လက်တွေ့ကျတယ်ဆိုတဲ့ စကားက ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း  ရှုမြင်၊ အခြေကို အမှန်အတိုင်း သိအောင်လုပ်၊ ပြီးမှ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်လို့ ဆိုလိုတာ ဖြစ်တယ်။ အရှိကို အရှိတိုင်း ကျေနပ်နှစ်သိမ့် နေလိုက်မယ်ဆိုရင် တိုးတက်ပြောင်းလဲမှုဆိုတာ ဘယ်လိုလုပ်ရှိလာမှလဲ ကျောက်ခေတ် အခြေအနေအတိုင်း ဂှုအောင်းပြီး သားစိမ်း ငါးစိမ်းပဲ စားနေရတော့မှာပေါ့။ ရှေးလူကြီးတွေက စိတ်ကူးယဉ် အိပ်မက်တွေ မက်ခဲ့ကြလို့သာ လူသားတွေ ဒီနေ့ အခြေအနေ အဆင့်ဆင့်အတန်းကို ရောက်ရှိလာကြတယ် ဆိုတာကိုသိရှိဖို့တော့လိုပါသည်။

ကျနော် ကျားပေါက်ဖေါ်ပြလိုတာကတော့ မြန်မာ့ အထင်ကရ ကြားကဘုရင်မ တပါး ဖြစ်ပါသည်။
မြန်မာနိုင်ငံသမိုင်း တလျှောက်တွင် ရှင်စောပု ဟူ၍ မွန်ဘုရင်မတစ်ပါး ထူးခြားစွာ ပေါ်ထွန်းခဲ့ပေသည်။ ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက် မင်းဖြစ်သည်။ ရွှေတိဂုံစေတီ   မွန်ကျောက်စာနှင့် အခြား မွန်ကျောက်စာများတွင်ြ၈ီတြိဘုဝနာဒိတျ ပြ၀ရ ဓမ္မဇေတြ လောကျနာထပြဝရ မဟာဓမ္မ ရာဇာဓိရာဇာဒေဝီ ဘွဲ့ခံ ၀ိဟာရဒေ၀ီဟူ၍ လည်းကောင်း၊ ဗညာထာဝ်ဟူ၍ လည်းကောင်း ပါရှိသည်။ မွန်ရာဇ၀င်တွင် ၀ိဟာရဒေ၀ီ၊ ၀ိသုဒ္ဓရာဇာ၊ ဣတ္ထိရာဇာ၊ဗညားထောဝ် (မင်းအို) နှင့်   သေ၀်စါဝ်ပေါအ် (ရှင်စောပု) ဟူ၍ နာမည်အမျိုးမျိုးဖြင့် ဖော်ပြပါရှိလေသည်။

ရှင်စောပုသည် မွန်ရာဇ၀င်တွင် အလွန်ထင်ရှားသည့် ရာဇာဓိရာဇ်ဘုရင်နှင့် မိဘုရား ဒလသုဒ္ဓမာယာတို့မှ ဖွားမြင်သော သမီးတော် ဖြစ်သည်။ ရှင်စောပု၏ မွေးနေ့ သက္ကရာဇ်သည် ၇၃၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်လေသည်။ နေ့နံအရ ၀ိဟာရဒေ၀ီဟု စတင်ခေါ်တွင်ခဲ့ဟန် တူလေသည်။ ယင်းနှင့်အတူ တစ်မိတည်းတွင် ဖွားမြင်သူကား မောင်တော် ဗညားရံ (ဗညားရာံ/ဗညားရာမ) ဖြစ်လေသည်။

သက္ကရာဇ် ၇၇၅ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် ရှိစဉ်ကပင် အသက် ၂၀ အရွယ် ရှိပြီဖြစ်သော ရှင်စောပုအား တူတော် သမိန်စည်သူနှင့် စုံဖက်စေခဲ့သည်။ ရှင်စောပုတွင် သမီးနှစ်ယောက်နှင့် သားတယောက် ထွန်းကားခဲ့လေသည်။ သမီးနှစ်ယောက်ကို မိပကောထော် (မိပ္ကထ၀်) နှင့် မိကာသင် (မိပ္ကသြန်)၊ သားကို ဗညားဗရူး (ဗညားဗရောဝ်) ဟူ၍ အမည်ပေးလေသည်။

သက္ကရာဇ် ၇၈၀ ပြည့်နှစ်တွင် ဗညားဗရူးကို ဖွားမြင်ပြီးနောက် မြောက်သားတော် သမိန်စည်သူ ကံကုန်လေသည်။ ထို့နောက်တွင် ရှင်စောပုသည် မောင်တော် ဗညားကျန်းနှင့်အတူ ဒဂုန်တွင် စံနေရသည်။ သက္ကရာဇ် ၇၈၃ ခုနှစ်တွင် ခမည်းတော် ရာဇာဓိရာဇ် နတ်ရွာစံ၍ သားတော်ကြီး ဗညားဓမ္မရာဇာ(ဗညားကျန်း) နန်းတက်လေသည်။ ထိုမင်း၏ လက်ထက်တွင် ရှင်စောပု အင်းဝသို့ ပါတော်မူ၍ သီဟသူမှအစ မိုးညှင်းမင်းတရားအထိ အင်းဝမင်းလေးဆက်တို့၏ မိဖုရားအဖြစ် အင်းဝတွင် ခုနစ်နှစ်ကြာမျှ စံနေခဲ့ရလေသည်။

အင်းဝသို့ ရှင်စောပု ပါတော်မူပုံကို မွန်ရာဇဝင်များတွင် တမျိုးဖြစ်ပြီးလျှင် မြန်မာရာဇဝင်များ၌ တဖုံဟူ၍ နှစ်မျိုးနှစ်ဖုံ ဖော်ပြထားလေသည်။

မည်သို့ဆိုစေ ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် နေခဲ့ရသည် ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီး တပါးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊ ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ် စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။

ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီ သို့သာ ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သ ဆောက်တည်ကာ ဒါန၊ သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။

ရှင်စောပုသည် မိုးညှင်းမင်းတရား လက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ် အင်းဝ မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထားသည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား   လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။

မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင် တောအတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟုဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ထိုအချိန်တွင် ဟံသာဝတီပြည်၌ ဗညားရံ ထီးနန်းစိုးစံနေသည်။ ဗညားရံသည် နှမတော် ပြန်ရောက်လာလျှင် ဝမ်းမြောက် ဝမ်းသာရှိ၍ နန်းတွင်း၌ အိမ်ဆောက်နေစေသည်။ ရှင်စောပုသည် ဟံသာဝတီပြည်သို့   ပြန်ရောကပြီးနောက်တွင် ပိဋကဓရနှင့် ဓမ္မဉာဏတို့အား ရဟန်းသိက္ခာ အသစ်ပြန်တင်ပေးခြင်း၊ ရဟန်းနှစ်ပါး သီတင်းသုံးရန် ကျောင်းတဆောင် ဆောက်ပေးခြင်း၊ ရဟန်းသံဃာတော် အများအပြား ဆွမ်းကပ်လှူခြင်းစသော ကုသိုလ်ကောင်းမှု အများအပြားကို ပြုလုပ်လေသည်။

သက္ကရာဇ် ၈ဝ၈ ခုနှစ်တွင် ဗညားရံ လွန်လေရာ ရှင်စောပု၏ သားတော် ဗညားဗရူး နန်းတက်သည်။ ဗညားဗရူး လုပ်ကြံခံရသောကြောင့် လွန်ပြန်သော် ရှင်စောပု၏ မောင်တော်ဖြစ်သော ဗညားကျန်းသည် ထီးနန်းရိုက်ရာကို ဆက်ခံသည်။ (မွန်မူတွင် ဗညားကျန်းထောဟုဆိုသည်။) ဗညားကျန်းလည်း နန်းသက် မကြာရှည်ချေ။ ဗညားကျန်း လွန်လျှင် ဗညားရံ၏ သားတော် လိတ်မွတ်ထော် (မမောဟ်ထာဝ် ရှင်စောပု၏ တူတော်) နန်းတက်၍ မင်းကျင့်တရားနှင့်မညီသဖြင့် မှုးမတ်တို့လုပ်ကြံရာ ခြောက်လမျှသာ နန်းစံရလေသည်။ (မွန်မူတွင် ခုနှစ်လဟုဆိုသည်။)

မင်းမော်ဓော ဟုလည်း ခေါ်တွင်သော လိတ်မွတ်ထော်၏ ထီးနန်းရိုက်ရာကို အရီးတော် ရှင်စောပုက ၈၁၄ ခုနှစ်တွင် ဆက်ခံ၍ ဟံသာဝတီပြည်ကြီးအား အုပ်ချုပ်မင်းလုပ်သည်။ နန်းတက်သည့်အခါတွင် သက်တော် ၆ဝ နီးပါးခန့်ရှိပြီဖြစ်ရာ ရှင်စောပုသည် ဗညားထော (ဗညားထာဝ်) သို့မဟုတ် မင်းအို ဟူသော အမည်ကို ခံယူလေသည်။ ဘုရင်မကြီးအား ပြည်သူပြည်သားတို့က ကြည်ဖြူ နှစ်လိုကြသည်တကြောင်း၊ ထို့ပြင် အထက်တွင် အင်းဝတို့အချင်းချင်း တိုက်ခိုက်နေကြ၍တကြောင်း ဘုရင်မကြီး လက်ထက်တွင် ဟံသာဝတီသည် စစ်မက်ဘေးမှ ကင်းလွတ်နေ၍ အေးချမ်း သာယာနေလေသည်။

မြန်မာနိုင်ငံ၏ တစ်ပါးတည်းသော  ဘုရင်မ ရွှေခေါင်းဆောင်းတစ်ခုဖြစ် မွန်ဘုရင်မကြီး  ရှင်စောပု၏ ရွှေခေါင်းဆောင်း(သရဖူ)
အမျိုးအစား - ရွှေခေါင်းဆောင်း
အချိန်ကာလ - ဘုရင်မကြီး ရှင်စောပု(၁၄၅၃-၁၄၆၀)အသုံးပြုခဲ့သည်ဟု ယူဆရသည်။
တွေ့ရှိရာနေရာ -(၁၈၅၅)ရွှေတိဂုံဘုရား ၊ မြန်မာ
ပြုလုပ်ပုံနည်းပညာ -ရွှေသားဖြင့်ပြုလုပ်ထားပြီး ရတနာ စီခြယ်ထားသော ခေါင်းဆောင်း
အရွယ်အစား - မသိလက်ရှိတည်နေရာ - လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်
ပြတိုက်ပစ္စည်း
အမှတ် -ချက်-- ဘုရင်မကြီး ရှင်စောပုအသုံးပြုခဲ့သည်ဟုဆိုသော လန်ဒန်မြို့ ဝိတိုရိယနှင့် အယ်လဗတ်ပြတိုက်ကြီးတွင် ယနေ့တိုင် ပြသထားလေသည်။

This head-dress set with jewels formed part of a gold hoard dating to the 15th/16th century Mon Kingdom of Pegu (see Model Pagoda 02755(IS)). It was excavated in 1855 from a stupa relic chamber at the base of the Shwe Dagon, Rangoon. It is believed to be the ceremonial helmet worn by the famed Mon Queen Shin-saw-bu (r.1453-1460) as she progressed through her royal city of Pegu. Shaped like a turban the dome is moulded to possibly fit a coiled length of hair which was held in place by the long pin passed through the holes at the base. The unusual appendage with the lozenge shaped depression may have held a jewel and was worn to the front over the queen's nose.

ရှင်စောပုသည် ဘာသာရေးတွင်သာ ထက်သန်သူဖြစ်ကာ တိုင်းပြည်ကိုအုပ်ချုပ်ရန် များစွာ စိတ်အားထက်သန်လှသူ မဟုတ်ချေ။ ရွှေတိဂုံစေတီတော်အား ဥာဏ်တော် တိုးမြှင့်ကာပြုပြင်ပူဇော်သည်။ ဘ၀၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဖူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏအား လူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။

ထို့နောက် ဘုရင်မကြီးသည် ပိဋကဓရ ဘိက္ခုအား လူထွက်စေ ပြီးလျှင် သမီးတော် မိပကာထော်နှင့် (မိပ္က’ထဝ်) နှင့် စုံဖက်ပေး၍ အိပ်ရှေ့အရာနှင်းသည်။ ၈၂၁ ခုနှစ်တွင်မူ သမက်တော်အား ဟံသာဝတီ ထီးနန်းကို လွှဲအပ်လေသည်။ သမက်တော်ကား ဓမ္မစေတီမင်းဟူ၍ လည်းကောင်း၊ ရာမာဓိမတိမင်းဟူ၍ လည်းကောင်း ထင်ရှားလေသည်။

 မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကို လေ့လာအားထုပ်ပြီးနေသည်မှာ နတ်ရွာစံသည့် အချိန်အထိပင်ဖြစ်သည်။


ဘုရင်မကြီး ရှင်စောပုသည် သက္ကရာဇ် ၈၃၄ ခုနှစ် သက်တော် ၇၉ နှစ်တွင် ဒဂုန်မြို့၌ စံနေစဉ် ကံကုန်သည်။ ပြည်ထောင်စု မြမာရာဇဝင်တလျှောက်တွင် တစ်ပါးတည်းသောပြည်ကြီးရှင် ဘုရင်မကြီးဟုဆိုသည်။

ဘုရင်မကြီး ရှင်စောပု သည် မြန်မာ့သမိုင်း အထင်ကရကြားက ဘုမတပါးအဖြစ် ထင်းရှားသောကြောင့် ခေတ်လူငယ်များသိရန် တင်ပြလိုက်ရပါသည်။ ကျားပေါက်


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"