koko

koko

Friday, March 22, 2013

နမ့်တာလုံးက သိပါသည်


ဒီနေ့  ဖက်ဒရယ် ပြည်ထောင်စုစနှစ်တို့ တက်လှမ်းလိုကျတဲ့ တိုင်းရင်းသားညီအကို မောင်နမများခင်ဗျာ မိမိဒေသမိမိလူမျိုးအတွက် မည်သူမဆို ဖွံ့ဖြိုးတိုးတက်လိုသည့် ဆန္ဒရှိနေကြသည်မှာ မလွဲမတွေပါ။ ဖက်ဒရယ် ပြည်ထောင်စုစနှစ်အရ မိမိဒေသတို့ အခြားလူမျိုးများ လွမ်းမိုးအုပ်ချုပ်လိုသည်ကိုလည်း မည်သူမဆို လက်ခံမည်မဟုတ်ဟု ထင်ပါသည်။ ထို့နည်းတူစွာ မိမိသည်လည်း အခြားသူများဒေသတို့ အုပ်ချုပ်လွမ်းမိုးလိုစိတ်ခဲ့လျှင်လည်း ဖက်ဒရယ်ကို ဆန့်ကျင်နေသည်ဖြစ်ကြောင်းကို သတိမှုသင့်ပါသည်။ 

ဒီနေ့ နည်းပညာနဲ့ မီဒီယာခေတ်ကြီးမှာ ကမ္ဘာကြီးဟာသေးငယ်သွားလို့ ဒီမိုကရေစီနှင့်လူအခွင့်ရေး ဟာလည်း တပြိုင်ထဲ  လေးစားလိုက်နာရမည့် အချိန်ဖြစ်လာခဲ့ပါသည်။  ဒီမိုကရေစီရဲ့ အနှစ်သာရဟာ အများသဘောဆန္ဒပါ..

ကျနော်လက်လမ်းမှီသော ကျနော်တို့ ဘိုးဘေးများ မှတ်တမ်းတင်ရေးထားခဲ့တဲ့ ပုရပိုက်၊ စာစောင်တွေထဲက ဇင်္ဂလိန်းခန္တီးနဲ့ ဟုမ္မလင်းမြို့ အကြောင်းလေးပါ ..

ဇင်္ဂလိန်း ခန္တီးမြို့ လေး မဖြစ်ပေါ်ခင် လွန်ခဲ့သော နှစ်ပါင်း (၇၀၀) ကျော်က သျှမ်းလူမျိုးများသည် တမျိုးနှင့်တမျိုး နယ်မြေသစ် ချဲ့ထွင်ကြရင်း အချင်းချင်း မသင့်မမြတ်မှုများ အကြိမ်ကြိမ်စစ်ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် မိုးကောင်း သျှမ်းဘုရင်မင်းမြတ် (သျှမ်းတို့က စ၀်ဖှမိန်းကောင်း) စောစန္ဒာ (သျှမ်းတို့က စ၀်ဖှလုံ မိန်းကောင်း စ၀်စန်တာ) က နယ်မြေချဲ့ထွင်မှုအတွက် ဟူးကောင်းလွင်ပြင်တွင် ယခင်က နေထိုင်ခဲ့ကြသော အိုက်တာခမြန် များကိုတိုက်ထုတ်ပြီး ခန္တီးလုံပြည်ကြီးကိုတည်ထောင်ခဲ့သည်။ ဟူးကောင်းဆိုသောစကားမှာ ( မိုင်းကောင်း ဘုရင်မင်းမြတ် စည်တော်ဗဟိုခေါင်း လည့်သောအရပ် ဟို -သည် ခေါင်း ကောင်းသည် စည် စည်တော်ဗဟို ထားသောအရပ်လို့ အဓိပ္ဗါယ်ရပါသည်။

ဇင်္ဂလိန်း ခန္တီးမြို့ နင့် ပတ်သက်၍ ဇင်္ဂလိန်း ခန္တီးမြို့သည် ကျနော်တို့ ဒေသခံသျှမ်းတိုက နမ့်တာလုံးဟုခေါ်သော ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းတွင် တည်ရှိပြီး ခန္တီးစော်ဘွားကြီး နန်းစိုက်ရာမြို့   ဖြစ်ပါသည်။   မြန်မာသက္ကရာဇ် ၁၁၉၆ ခရာဇ်သက္ကရာဇ် ၁၇၈၁ မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက်၌ ၀စ်ညီခေါင် ခေါင်းဆောင်သည့် ခန္တီးလုံကြိန်း သျှမ်းမျိုးနွယ်တစုသည် ခန္တီးကြီး (သျှမ်းလိုခန္တီးလုံ) ပူတာအိုမြို့ မပေါ်ပေါက်ခင် ယင်းဒေသမှ ဆင်းလာကြပြီး ယခုခန္တီးမြို့စေတီတော် တည်ရှိရာ ကုန်းတော်နေရာအနီးတွင် ခန္တီးမြို့ဟု တည်ထောင်ပြီး နေထိုင်ခဲ့ကြောင်း သိရသည်။ ဘိုးတော်ဘုရားမှ စ၀်ညီခေါင်အား ခန္တီး လုံကြိန်းသျှမ်းအမျိုးနွယ်များ အခြေစိုက်ရာဒေသနှင့် ပတ်ဝန်းကျင်နယ်ပယ်ကို အပိုင်းစားရန်  စော်ဘွားအဖြစ် အသိမှတ်ပြုခဲ့သည်ဟု ခန္တီးမြို့နယ် မှတ်တမ်း စာမျက်နှာ (၆ဂ) တွင်ဖော်ပြထားပါသည်။

 ခန္တီလူမျိုးများသည် မှုလဆင်းသက်လာရာ ပူတာအိုခေါ် ခန္တီလုံသည် ခန္တီးကြီးဖြစ်၍  ဇင်္ဂလိန် ခန္တီး ဟုသျှမ်းစကားဖြင့် သတ်မှတ်ခေါ်ဝေါ်သည် ဟုဆိုသည်။ ဇင်္ဂလိန် ဟူသော မသံထွက်ကိုမှု ခန္တီးနှင့် သျှမ်းနီတို့ က ဆန်ကလိန်ဟု အသံထွက်သည်။ ဆိုလိုသည်မှာ အငယ် သို့မဟုတ် လက်နက်နိုင်ငံငယ်လေးဟု ဓိပ္ဗါယ်ရ၍ အထက်ပူတာအိုဒေသတွင် ခန္တီးလုံခေါ်သော ခန္တီးကြီး ရှိနေတာကြောင့်  ဇင်္ဂလိန် ခန္တီး၊  ခန္တီးငယ်ဟု   ခေါ်ဆိုခြင်းဖြစ်သည်။ စာမျက်နှာ၆၇ အရဖေါ်ပြရာတွင် ဇင်္ဂလိန်း ခန္တီးကို အခေါ်နောက်ထပ်တမျိုးမှာ ဇင်္ဂလိန်းအမည်သည် ဇလုပ်လူမျိုး၏ စကားအရ မိုးမခပင်၊ အဓိပ္ဗါယ်ရ၍ မိုးမခပင်ပေါက်ရောဒေသ ခန္တီးဟုခေါ်ဆိုခြင်း   ဖြစ်ကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။

ခန္တီးမြို့၏ နောက်ဆုံး စော်ဘွားကြီး စ၀်မြစိန် သသည် ၁. ၂. ၁၉၅၂ ခုနှစ်မှစ၍  စော်ဘွား အာဏာကို စွန်းလွှတ်ခဲ့ပါသည်။ မြသိန်းတန်စေတီတော်ကြီး လည်းယနေ့တိုင် သက်သေရှိနေပါသည်။

 ခန္တီးမြို့တည်ထောင်ခဲ့သည်နှင့်အမျှ အရှေ့ဖက်မှ လုံကြိန်းက နမ့်တာလုံး (ချင်းတွင်း) မြစ်ရိုးတလျောက် ရွာငယ်များ တည်ထောင်ပြီး အများမပြား နေထိုင်လာခဲ့ကြပါသည်။

မနုဿကျော်ဝင်း ရေးသားပြုစုသည် နောက်အော် နာဂစာစောင်၊ စာမျက်နှာ (၇)၊ စာပိုဒ် (၃)တွင် ဇင်္ဂလိန်း ခန္တီးမြို့ အပါဝင် ချင်းတွင်း မြစ်ရိုးတလျောက်တွင်မှုကာ သျှမ်းနီများ နေထိုင်ကြသည်ဟုပါရှိပါသည်။ မည်သို့ပင်ရှိစေကာမှု လူမျိုးစုတခု အားနည်းနေ လျင်အခြားလူမျိုးစုများ ၀င်ရောက်နေထိုင်လာမည်မှာ သဘာဝပင်ဖြစ်သည်။ ဇင်္ဂလိန်ခန္တီးမြို့ မဖြစ်ပေါ်မှီ အခြားလူမျိုးများလည်း ရှိလျင်လည်း ရှိနိုင်သည်   သေခြာသည် သေခြာသည်တခုတော့ ဇင်္ဂလိန်ခန္တီးမြို့ ကို သျှမ်းတို့တည်ခဲ့လို့ သျှမ်းစော်ဘွားများ နောက်ဆုံး အာဏာစွန့်ရချိန်ထိ နေထိုင်ကြောင်း စာပေမှတ်တမ်းအရသိရသည် ယနေ့တိုင်လည်း သျှမ်းနီလူမျိုးများ အများဆုံးနေထိုင် နေကြသည်ကိုလေးတွေ့ရပါသည်။

 မောင်းခမ်းမြို့လေး

သျှမ်းတို့ နမ့်တာလုံးခေါ် ချင်းတွင်းမြစ်ကမ်းပေါ်ရှိ မောင်းခမ်းရွာ နှင့် ပတ်သက်၍ တင်ပြလိုပါသည်။   ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဗဟိုမှတ်ပုံတင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထုတ်ဝေထားသည့် ၁၃၃၆ ခုနှစ် ပြာသိုလ  ဝေသာလီ (သျှမ်းလိုဝေဆာလီ) အာသံလူမျိုးများ ယခု မောင်းခမ်းရွာ၏ တောင်ဖက် (၁) မိုင်ခန့်အကွာရှိ ချောင်းဘေးတွင်တည်ထောင်နေခဲ့ကြပါသည်။ တဖြည်းဖြည်း လူဦးရေတိုးပွားပြားများ လာသောအခါ မြို့ငယ်ဖြစ်လာ၍ သျှမ်းဘာသာဖြင့် မိုင်းနွဲ့ ဟုခေါ်ဆိုကြပါသည်။ ထို့နောက် မိုင်းနွဲ့၏   မြောက်ဘက် (၁)မိုင်လောက် အကွာရှိ မြေကမှုကြီးနေရာမှ ရွှေထွက်သဖြင့် လည်းကောင်း   နေရာသို့ ပြောင်းရွေ့နေထိုင်ကြပါသည်။ လည်းကောင်းနေရာကို သျှမ်းဘာသာအားဖြင့် မောင်းခမ်း ဟုခေါ်သည်။ မောင်းသည် - မောင်း၊ ခမ်းသည် - ရွှေုဖြစ်ကြောင်း ဦးဖိုးအို၏ ပြောဆိုချက်ကို ရေးသားထားပါသည်။

သမိုင်းထဲက ပိန္နဲရိပ်မြို့

သမိုင်းထဲက ပိန္နဲရိပ်မြို့ ကလေးကတော့ သျှမ်းလူမျိုးတို့၏ နေရာဒေသ တခုဖြစ်သည့် မြို့ကြီးများတွင် ယနေ့အချိန်၌ ထင်ရှားသော ဒေသ တစ်ခုမှာ ဟုမ္မလင်း (၈ှုင်းမ၊ဂ်,လ၊င်း) ဖြစ်သည်။
ဟုံး (၈ှုင်း) = ညောင်(ဝါ)အရိပ်၊ မလင်း (မ၊ဂ်,လ၊င်း) ပိန္နဲ ဟူသော အဓိပ္ပါယ်ဖြင့် အဓိကရ ပေါက်နေသည့်   ညောင် ပိန္နဲပင်ကြီးကို အစွဲပြု၍ (၈ှုင်းမ၊ဂ်,လ၊င်း) ဟုန်းမလင်း ဟု ဒေသခံ သျှမ်းတို့ မှည့်ခေါ်ထားသည်။ သျှမ်းရွာငယ် တစ်ရွာအဖြစ် စတင်ခဲ့သော မြို့ဖြစ်သည်။ ၄င်းသည် “ဟုမ္မလင်းအစ ခေါင်ခမ်းက” ဟု ဆိုရ လောက်အောင် “ခေါင် ခမ်း” ကျေးရွာအုပ်စုဝင်ဖြစ်၍ မိုးညှင်းခေတ်ဦးကပင် ရှိခဲ့သည်။ ယနေ့တိုင် သျှမ်းနီလူမျိုးများ အများဆုံးနေထိုင်ကြသည်ဟုဖေါ်ပြသည်။

သျှမ်းလူမျိုးများသည် ဗု ဒ္ဓဘာသာကိုသက်ဝင် ယုံကြည်သူများ ဖြစ်သည့် အလျှောက်  ရောင့်ရဲ တင်းတိမ် အေးအေးလူလူ နေထိုင်လို စိတ်သဘော ရှိသူများပင်ဖြစ်သည်။ မြန်မာ့နိုင်ငံ သမိုင်းကိုရေးလျှင် သျှမ်းမပါလို့ မပါ။


 ဒေသခံ သျှမ်းနီ အဖိုးအဖွားများရဲ့ ဒီရိုးရာအ၀တ်အစားဟာ ကုလားဖြူများ မရောက်ခင်ထဲကဖြစ်သည်။

ဆက်လက်ပြီး
အင်္ဂလိပ် ကိုလိုနီ ကုလာဖြူများသည် မြန်မာနိုင်ငံအား သိမ်းပိုက်ပြီးနောက် တောင်ပေါ်နဂအမျိုးသား နယ်မြေများကို 1896 ခုနှစ် ချင်းတောင်တန်း ဥပဒေ ( The Chin Hills Regulation 1986 ) ထုတ်ပြန်   ကြေညာအုပ်ချုပ်ခဲ့ပြီး သောင်သွပ်နှင့် ခန္တီးစော်ဘွားနယ်အား (The Hsawnghusup and Singkling Khamti Aet , 1926 ) သောင်သွပ်နှင့် ဇင်္ဂလိန်း ခန္တီးဥပဒေ ကြေညာထုတ်ပြန်၍ အုပ်ချုပ်ခဲ့သည်။

အင်္ဂလိပ် ကိုလိုနီကုလာဖြူများသည်  ခန္တီးစော်ဘွားနယ်အား အထက်ချင်းတွင်းခရိုင်မှ ခွဲ၍ တောင်ပေါ်   ဒေသအပါဝင် နာဂတောင်တန်းခရိုင်အဖြစ် 1939 ခု၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် စတင်ဖွဲ့စည်း အုပ်ချုပ်ခဲ့ပါသည်။အင်္ဂလိပ် ကိုလိုနီ ကုလာဖြူများသည် မြန်မာနိုင်ငံအား သိမ်းပိုက်ပြီးနောက် တောင်ပေါ်နဂ အမျိုးသား နယ်မြေများကို 1896 ခုနှစ် ချင်းတောင်တန်း ဥပဒေ ( The Chin Hills Regulation 1986 ) ထုတ်ပြန်   ကြေညာအုပ်ချုပ်ခဲ့ပြီး သောင်သွပ်နှင့် ခန္တီးစော်ဘွားနယ်အား (The Hsawnghusup and Singkling Khamti Aet , 1926 ) သောင်သွပ်နှင့် ဇင်္ဂလိန်း ခန္တီးဥပဒေ ကြေညာထုတ်ပြန်၍ အုပ်ချုပ်ခဲ့သည်။

အင်္ဂလိပ် ကိုလိုနီကုလာဖြူများသည်  ခန္တီးစော်ဘွားနယ်အား အထက်ချင်းတွင်းခရိုင်မှ ခွဲ၍ တောင်ပေါ်   ဒေသအပါဝင် နာဂတောင်တန်းခရိုင်အဖြစ် 1939 ခု၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် စတင်ဖွဲ့စည်း အုပ်ချုပ်ခဲ့ပါသည်။

1952- ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှ စ၍ ခန္တီးစော်ဘွား စောဝ်မြစိန်သည် စော်ဘွားအာဏာကို စွန့်လွတ်ခဲ့ရသည်။ 1952- ခုနှစ် နိုဝင်ဘာ (၃၀)ရက်နေ့မှစ၍ အာဏာစွန့် လွတ်ကြောင်းသိရှိရပါသည်။

ကျနော်တို့ ဒေသခံ သျှမ်းများသည်လည်း သျှမ်းဆိုလျှင်နီနီပြာပြာဝါ၀ါ သျှမ်းတမျိုးထဲရှိသည်ဟု လက်ခံသူများ ပင်ဖြစ်သည်။ တို့ပေမဲ့ ကျနော်တို့ ငယ်စဉ်ကျောင်းနေတုန်းအခါမှာ တာဝန်ကျ ၀န်းထမ်းသား သမီးများ ပြောင့်ရွေ့ ရောက်လာပါသည် ဘာလူမျိုးလည်းဟုမေးရင် သျှမ်းလို့ပြောလိုက်ရင် ဘာကြောင့်ကချင်ပြည်မှာ ရောက်နေတာလည်း သျှမ်းပြည်နယ်မှာမနေဘူးလား ဒီမှာမွေးသာလား မိဘတွေကရော ဘယ်ဇာတိလည်း စသည်ဖြင့် မေးခွန်းပေါင်းစုံ၍ ဘယ်ကစလို့ ဘယ်ကဖြေရမှန်းမသိပါ။

ကျနော်နည်းနည်း နားလည်သိတတ်လာသော အခါ ကျနော်တို့ ကျောင်းမှာသင်ခဲ့ရတဲ့ ကျောင်းသင်ခန်းစာ ထဲက သမိုင်းဟာ အတုကြီးပါလား၊ ပြည်ထောင်စုကြီးကရော,,, ယနေ့ပြည်နယ်တွေကရော ,,,, တိုင်းတွေကရော,,,,  
မြန်မာနိုင်ငံတော်ကြီးကို ဖက်ဒရယ်ပြည်ထောင်စု စနှစ်ဖြင့် ချီတက်လိုကြသော တိုင်းရင်းသား ညီအကိုမောင်နမ များသည်  ဒီမိုကရေစီနဲ့ လူအခွင့်ရေးကို လေးစားလိုက်နာ ယုံကြည်ကြမည်ဟု   မျော်လင့်ရင်း ဒီမိုကရေစီ၏ အနှစ်သာရဟာများအတွက် စစ်မှန်သော ရွေးချယ်တင်မြောက် ဆုံးဖြတ် အုပ်ချုပ်ပိုင်ခွင့်များရှိကြပါစေလို့ ဆုတောင်းရင်း.... ချစ်သောစာဖတ် ပရိတ်သတ်များအား လေးစားလျက် ကျားပေါက်

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"