koko

koko

Sunday, April 21, 2013

မိုင်းနောင်စော်ဘွားကြီး စ၀်အုံးမောင်


မိုးအစ မိုင်းနောင်ကလို့   မြန်မာ့ရာဇာဝင် တွင်ခဲ့ဘူးသော မိုင်းနောင်မြို့သည် သျှမ်းသမိုင်းရာဇာဝင် မြို့တော်ဟောင်းများဖြစ်သော မိုးပါသော သျှမ်း မြို့တော်များသည် မိုးနောင်မြို့စား၏ သားသမီးများမှ ဆက်စပ်ပေါ်ပေါက် ခဲ့သည်ဟု   မြန်မာ့ရာဇာဝင် သမိုင်းတွင် လျှက်ရှိခဲ့သောကြောင့်   မိန်းနောင်သည်
တချိန်က မြို့အပြ လက်နက်နိုင်ငယ်ထိ ကျယ်ပြန့်ခဲ့ဘူးသော သျှမ်းရာဇာဝင် မြို့တမြို့ဖြစ် ထင်ရှားသည်။   စော်ဘွားဆက် မည်မြရှိသည်ကို စီစစ်ဆဲဖြစ်၍ ပဒေရာဇ်သျှမ်းပြည် ဟုခေါ်တွင်သော သျှမ်းစော်ဘွားနယ်ပေါင်း ၃၂ နယ်တွင်ပါဝင်သော မိုင်းနောင် စော်ဘွား ဆက်ဖြစ်တဲ့ မိုင်းနောင်စော်ဘွားကြီး စ၀်အုံးမောင် အကြောင်းကိုတင်ပြလိုပါသည်။

စ၀်အုံးမောင်ကို ၁၂၇၅ ခုနှစ်တွင် ခမည်းတော် စော်ဘွားကြီး စ၀်ခွန်လုံနှင့် မယ်တော်ကြီး  မဟာဒေ၀ီ စ၀်နန်းခမ်းဖှ တို့မှဖွားမြင်သည်။

ငယ်စဉ်အသက် ၁၁ နှစ်တွင် တောင်ကြီးမြို့  အေ ဘီ အမ် ကျောင်း၌ ပညာသင်ကြား၍ ၁၉၄၇ ခုနှစ်တွင် ကျောင်းမှထွက်ပြီး၊ မန္တလေးမြို့ ရဲအရာရှိသင်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ ၎င်းကျောင်းမှထွက်၍ တောင်ကြီးမြို့၊ ၀န်ရှင်တော်မင်းကြီး ရိုး၌ အလုပ်များကို ဆက်လက်သင်ကြားခဲ့ပြီးနောက်၊ ၁၉၃၉  ခုနှစ်တွင် မေမြို့၊ သျှမ်းအပျော်ထမ်း စစ်တပ်တွင် စစ်သင်တန်း တက်ရောက် သင်ကြား အောင်မြင်ခဲ့သည်။
၁၉၄၀ ခုနှစ်တွင် တောင်ကြီးမြို့သို့ တဖန်ပြန်ရောက်ခဲ့ပြီးနောက် အိန္ဒိယပြည် မော်တော်ကားတပ်တွင် ၄ လကြာမျှ သင်တန်းတက်ရောက် သင်ကြား၍ ၎င်းမှ တောင်ကြီးမြို့ သယ်ယူပို့ဆောင်ရေး တပ်တွင် ပြန်လည် အမှုထမ်းခဲ့သည်။
ထိုအချိန် အခါတွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွား၍ ဂျပန်များ ပြန်လည်ပြည်သို့ ၀င်ရောက်လာရာတွင် မဟာမိတ်များ၏ မော်တော်ကားတပ်တွင် ဒုတိယဗိုလ်ကြီးရာထူးဖြင့် ဦးစီကွပ်ကဲ၍ ရှေ့တန်းစစ်မျက်နှာသို့ ခဲယမ်းမီးကျောက်မှစ၍ မဟာမိတ်တပ်ကို သယ်ယူပို့ဆောင်ပေးခဲ့သည်။

၁၉၄၂ ခုနှစ်တွင် ဂျပန်များ မြန်မာပြည်သို့ ၀င်ရောက်သိမ်းပိုက်စဉ်တွင် မိုင်းနောင်နယ်တော်၏ အခွန်တော်ဌာနတွင် တာဝန်ဝင်ရောက်ထမ်းရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဂျပန်များ မြန်မာပြည်မှ စစ်ရှုံး၍ ဆုတ်ခွါ ထွက်ပြေးချိန်၌ မဟာမိတ်စစ်တပ်များ ပြည်လည် ၀င်ရောက်လာသည့်အခါတွင် မဟာမိတ်တို့၏ (၁၀၁) ၀မ်းအိုဝမ်း၊ စစ်တပ်၌ စူပဒါ ရာထူးဖြင့် ဂျပန်များကို မိုင်းနောင်၊ မိုးနဲ၊ မောက်မယ်၊ မိုင်းပန်နယ် များမှနေ၍ ပြန်လည်တော်လှန် မောင်းထုတ်ခဲ့သည်။
ဂျပန်တော်လှန်ရေးကိစ္စ ပြီးဆုံးပြီးနောက် သက်ဆိုင်ရာမှ နာမည်ကောင်းလက်မှတ်နှင့် သေနတ် ၃ လက်ကို ဆုအဖြစ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုမှ မိမိ၏ နယ်တွင်ပြန်လည်ဝင်ရောက်၍ တာဝန်များထမ်းရွက်နေခိုက် ၁၉၄၉ ခုနှစ်တွင်၊ ကေ၊ အင်၊ ဒီ၊ အို များပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းရှိ မြို့ ရွာအများအပြားကို သိမ်းပိုက်ခဲ့ရာတွင် သျှမ်းပြည်နယ်တွင် မြို့ ရွာအချို့ကိုပါ အသိမ်းခံခဲ့ရာမှ ယခုသျှမ်းပြည်နယ် ဥက္ကဌ ကြီး (သိန္နီစော်ဘွားကြီ) က မိုင်းနောင်နယ်၊ ကွန်ဟိန်း တံတားတွင်လူပေါင်း ၅၀ ခန့်နှင့် ထို ကေ၊ အင်၊ ဒီ၊ အို၊ တို့ ဘေးမှ ကာကွယ်ရန် သွားရောက် စောင့်ရှောက်စေခဲ့သည်။

၎င်းမှနေ၍ မိုးနဲနယ်သို့ ကေ၊ အင်၊ ဒီ၊ အို များကို ခုခံတိုက်ခိုက်ရန်မှာကြား၍ မိုးနဲ၊ လဲချား နယ်များမှ ရှိသမျှ အင်အားဖြင့်စု၍ လွယ်လင်မြို့ ကို ကေ၊ အင်၊ ဒီ၊ အို တို့လက်မှ ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့သည်။
၎င်း သူပုန်ရန် အေးချမ်းသွားသသည်အထိ လွယ်လင်မြို့ မှာပင် အမှုထမ်းခဲ့ရပြီး၊ တိုင်းပြည်ငြိမ်းသက်   အေးချမ်း သွားပြီးနောက် မိမိနယ်သို့ပြန်၍ နယ်၏အလုပ်တာဝန်များကို ထမ်းရွက်ခဲ့ရာ၊ ၁၉၄၄ ခုနှစ်တွင် နောင်တော် စော်ဘွားကြီး  စ၀်ခွန်ဆာ နတ်ရွာစံ ကံတော်ကုန်သွားသဖြင့် နယ်ချုပ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရ၍ အလုပ်တာဝန်များကို ဆက်လက်တာဝန်ယူ ထမ်းရွက်ခဲ့သည်။

၎င်း အမှတ်ချုပ်ကြီးအဖြစ်မှ တဖန် မိုင်းနောင်နယ်ကို စော်ဘွားကြီးအဖြစ် ဆက်လက်အုပ်ချုပ်လျက်ရှိသည်။

1948 ခုနှစ် မိုင်းရှုးစော်ဘွား စ၀်မန်ဖ၏ နေအိမ်တွင် စော်ဘွားကြီးများ တံခါးပိတ်အစည်းဝေးပွဲတွင် ပထမ - အချက်ဖြစ်သည့် သျှမ်းပြည် ပြည်သူ့ အစိုးရသို့ အာဏာစွန့်လွှတ်ရေးဆိုသည်ကို စော်ဘွားအားလုံးလိုလို လက်ခံခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် သျှမ်းစော်ဘွားအများစုသည် ခေတ်ပညာတတ် လူငယ်များဖြစ်ကြပြီး။

- ပထမအချက်ဖြစ်တဲ့ ခေတ်ရဲ့ အခြေအနေကို နားလည်သဘော်ပေါက်ကာ  အိန္ဒိယနိုင်ငံ မဟာရာဂျာ
( Maharaja ) စော်ဘွားများသည်ပင် ၎င်းတို့၏ အာဏာကို အစိုးရအား ပေးအပ်စွန့် လွှတ်လိုက်ပြီဖြစ်   သောကြောင့်။ ကမ္ဘာနှင့် အ၀ှမ်းထူးခြားစွာ   ဖြစ်ပျက် ပြောင်းလဲ   နေသော နိုင်ငံရေး အခြေအနေကို မလွန်ဆန်နိုင်တော့ဟုလည်း သိရှိနားလည်ထားကြသူများပင်ဖြစ်သည်။

- ဒုတိယ- အချက်ဖြစ်သည့် လျော်ကြေးငွေယူရန် မယူရန်ကို မှု အငြင်းအခုံဖြစ်ခဲ့ကြ၏ ပြည်ထဲရေးဝန်ကြီး စ၀်မန်ဖက ဖြစ်နိုင်လျှင် လျော်ကြေးငွေကို မယူရန်တင်ပြခဲ့ပါသည်။ နောင်သောအခါတွင် သျှမ်းပြည်၏   ပြည်သူလူထု သားစဉ်မြေးဆက်တို့ အနေဖြင့် သျှမ်းပြည်ကြီးကို သျှမ်းစော်ဘွားများက ငွေကြေးဖြင့် လဲလှယ်၍ ရောင်းစားသွားခဲ့ကြသည်။ ဟူသော သမိုင်းအမည်း စက်ကြီးစွန်းထင်းကျန်ရစ်   နေခဲ့မည်   ဖြစ်ကြောင်း   ရှင်းလင်း တင်ပြခဲ့ပေသည်။ ထိုအဆိုတင်သွင်းချက်ကို သီပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အချို့သော စော်ဘွားငယ် (နယ်ငယ်သောစော်ဘွားများကိုဆိုလိုသည်) များတဦး နှစ်ဦးခန့်ကသာ   ထောက်ခံ ခဲ့ကြပါသည်။

သျှမ်းပြည်နယ် သျှမ်းစော်ဘွားများသည် ပဒေရာဇ်အာဏာရှင်များဖြစ်၍ သျှမ်းမဟုတ်သူများကို ညှင်းဆဲသတ်ဖြစ်ခဲ့သည်ဟု အချို့ရေးသားကြပါသည်၊ အချို့လည်းယနေ့တိုင် ပြောဆိုနေကြပါသည်။ သို့ရာတွင် ယနေ့သျှမ်းပြည်နယ် သျှမ်းစော်ဘွားမျာ လက်ထက်တွင် လူမျိုးစု တစုနှင့်တစု တိုက်ပွဲကြီးများ ကြီးကြီးမားမားဖြစ်ပွားခြင်း၊ လူမျိုးတစုနှင့်တစု မျိုးတုံးသတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့သည်ဟု သမိုင်းတွင်မတွေ့ရပေ၊ မြန်မာ့သမိုင်းတွင် ထင်ရှားသော တိုက်ပွဲကြီးမှာ မွန်၊ မြန်မာ၊ သျှမ်း သုံးပွင့်ဆိုင်  အားပြိုင်မှုကြီး သာလျှင်ထင်ရှားခဲ့သည် ။ အမှန်တကယ် ယနေ့သျှမ်းနယ်တွင် သျှမ်းစော်ဘွားများ သျှမ်းမဟုတ်သူများအား ညှင်းဆဲသတ်ဖြတ်မှုများ လူမျိုးစုတိုက်ပွဲကြီးများ ရှိခဲ့ပါလျှင် ယနေ့ သျှမ်းပြည်နယ်တွင် သျှမ်းလူမျိုးများမှလွဲ၍ အခြားလူမျိုးများ ရှိနေနိုင်ဦးမည်လောဟု သင်ပြရင်း ချစ်သောစာဖတ် ပရိတ်သတ်များအား လေးစားလျှက် ကျားပေါက်

ထုတ်နုတ် - သျှမ်းပြည်နယ် ပြည်သူအုပ်ချုပ်ရေး ပန္နက်ချပွဲစာစောင်

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"