koko

koko

Wednesday, May 15, 2013

ဥတ္တရစောဖြူ၏ ပျောက်ဆုံးသွားသော ရွှမြို့တော်



ဥတ္တရစောဖြူ၏ ပျောက်ဆုံးသွားသော ရွှေမြို့တော်ကြီးဟာ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတပုဒ်ဟုဆိုပေမဲ့ အမှန်တကယ် ဖြစ်ရပ်မှန်များသည် တခါတခါ ဒဏ္ဍာရီများထက် ထူးဆန်းအံ့အော ဖွယ်ရာများနှင့် ပြည့်နက် နေသည်ကိုလည်းတွေ့ရသည်။ အိမ်ခြေကိုးသောင်းရှိသော ဥတ္တစောဖြူ၏  ရွှေမြို့တော်ကြီးဟာ သျှမ်းနီလူမျိုးတို့၏ သမိုင်းဦးအစ လို့လည်းပြောလို့ရပေသည်။ မည်သို့ပင်ရှိစေကာမှု စ၀်ဆေဖိခေါ် ကျားဖြူမင်းသာ၏ သားတော်များ တည်ထောင်ခဲ့သော မိန်းကောင်(၀်)၊ မိန်းယမ်း၊ မိန်းမိတ် (စ်) ၀မ်းဆေ၊ လို့ခေါ်တဲ့  မြန်မာလို မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသို စတဲ့ သျှမ်းမြို့ တို့သည် မြန်မာ့သမိုင်းတွင် နေရာယူလျှက်ရှိနေသည်။

ရှေးလွန်လေပြီးသော အတိတ်နှစ်ပေါင်း (၂၅၀၀)ကျော်၊ ဘီစီ(၅၄၄-၅၈၉)ခန့်တွင် ဂေါတမမြတ်စွာ ဘုရားသခင်သည် အနာဂတ် သာသနာတော်တွင် ဖြစ်ပေါ်တွေ့ကြုံမည့်အရေး မျှော်တွေး သိမြင်တော်မှု သဖြင့် အခါတစ်ပါးသော မဇ္ဈိမဒေသမှ ညီတော်အာနန္ဒာနှင့်တကွ ကောင်းကင်ခရီးဖြင့် ဒေသစာရီ ကြွချီတော်မှုရာ ယခုအင်းတော်ကြီး ဖြစ်တည်သည့် ဒေသနှင့် ရွှေမဉ္စူဘုရား တည်ရှိသည့်နေရာ၌ ခေတ္တရပ်တန့်ပြီး နာဌာဂီရိတောင် (ဆင်ခေါင်းတောင်) ထိပ်တွင် ရပ်တန့်တော်မှု၏။ နောင်အခါ အနာဂတ်ကာလ၌ အင်းကြီးဖြစ်တည်လတ္တံသော ကြောင်းချင်းရာနှင့်  ဗုဒ္ဓသာသနာတော်ထွန်းလင်း တောက်ပသည့်    ၏ ဓါတ်တော်မွေတော်များ ကိန်းအောင်း တော်မှုရာစေတီတော် ဘုရားတည်ရှိလတ္တံ့သော ဗျာဒိတ်စကား မိန့်ကြားတော်မှု ခဲ့လေသည်ဆိုသည်။

မှတ်ချက်။ ။ဗျာဒိတ်တော် ပေးတော်မှုစဉ် ရပ်တန့်တော်မှုရာ တောင်၏အမည်ကို ရှေးသျှမ်းသမိုင်း မှုများအရအမည် ကွဲများရှိသော်လည်း နာဌာဂီရိ(ဆင်ခေါင်း) တောင် ဟူ၍သာ အစဉ်အဆက် မှတ်သားရပေသည်။ (အင်းတော်ကြီးအင်းစပ်မှ ခရီး ၂မိုင်ခန့် မိုင်းနောင်ရွာ ထိုရွာမှခရီး တမိုင်ခွဲခန့်တွင် ဆင်ခေါင်းတောင်ရှိသည်။)

သာသနာတော်သက္ကရာဇ် ၂၃၀-ခုနှစ်တွင် နဂါးအမျိုး()မျိုး အကျယ်(၁၁၂၄) မျိုးအနက် ဧရာပတ္တနဂါး မျိုးသားအဖ()ဦးနှင့် နဂါးပေါင်း(၃၈၀၁၂)တို့သည် ဘောဂ၀တီနဂါးပြည်မှ (အိုးသစ်၊ အိမ်သစ်၊ အင်းသစ်) ရှာရန် ထွက်ခွာခဲ့လေသည်။

သက္ကရာဇ်(၂၆၄)ခုနှစ်တွင် လူဦးရေကိုးသန်းရှိသော(ပစ္စန္တရဂန္မာ) ဂုရုရာဇ်တိုင်းတွင် ထမံသီဟူသော သျှမ်းမျိုးနွယ်များ အိမ်ခြေတစ်သောင်း၊ ကျောင်းပေါင်း တစ်ထောင်ရှိသည်ဟုဆိုသည်။ ဗုဒ္ဓ အယူဝါဒ ကျောင်းချင်းမျိုးဟုတ် ၀ါဒဘာသာစုံ ကျောင်းပေါင်း စုံဖြစ်ဖွယ်ရှိသည်။ ဥတ္တရဌာနီ စည်းခမ်းမြို့ ကို တည်ထောင်တော်မူ၍ ဥတ္တရစောဖြူ ဆိုသောမင်းတပါး ဆိုးစံလျှက်ရှိသည်။ 

ဂုရုရာဇ်တိုင်း စည်းခမ်းပြည့်ရှင် ဥတ္တရစောဖြူမင်း၏ သားတော် သမီးတော်များအနက် သားကြီး ဥပရာဇာ သည်။ ( မော်လခေါင် ခေါ် ထမံသီအတတ် Will- Power  ကိုထူးခြားစွာ တတ်မြောက်သူဖြစ်သည်။ မော်လခေါင် ထမံသီအတတ်ဆိုသည်မှာ လူဆင်စစ်က ကျားဘ၀အဖြစ်သို့  ကူးပြောင်းသွားသော အတတ်ပညာ တမျိုးဖြစ်သည်။ သာမန် ထမံသီလူမျိုးများသည် ကျားဘ၀ဖြစ်သွားပါက ရိုးရိုးကျား အသွင်ဖြစ်ပြီး သားကြီးဥပရာဇာသည် သာမန်တို့ထက် ထူးခြားစွာ ကျားဘ၀တွင် ရိုးရိုးကျားဘ၀မဟုတ်ပဲ ၀ါဂွမ်းကဲ့သို့ စွတ်စွတ်ဖြူသော ကျားဖြူဘ၀ကို  ရရှိလေသည်။

ထို့ကြောင့် ထိုမင်းသားကို စ၀်ဆေဖိတ်ဟု သျှမ်းတို့  ခေါ်ဆိုသည်။ စ၀်သည် - အရှင်သခင်၊ ဆေသည် - ကျား၊ ဖိတ်သည် - အဖြူရောင် စ၀်ဆေဖိတ် - အရှင်ကျားဖြူမင်းသား ဟုအဓိပ္ဗါယ်ရရှိသည်။

တနေ့၌ တောဝက်တွေ အုပ်ဖွဲ့တောင်းကျန်း၊ တောင်ယာ၊ လယ်စပါးများကို လာရောက် ဖျက်ဆီးနေပါတယ် ဆိုတဲ့သတင်းကို ရွှေနန်းတော်သို့ ပေါက်ကြား လာလေရာ။ ဒီတောဝက်တွေကို သားတော်ကြီး နှိမ်နှင်းပါ့မယ် ဆိုကာ နောက်လိုက်နောက်လိုက်နောက်ပါး တို့ဖြင့် တောဝက်ရှိရာသွားရောက်ခါ ဥပရာဇာသည် ကျားဖြူဘ၀ဖြင့် တောဝက်များကို လိုက်လံရှာဖွေ သုတ်သင် နှိမ်နှင်းတော့သည်။ ဒီလိုနှင့် တတောင်ဝင် တတောထွက်နဲ့ နယ်ကျွံလာပြီး မှန်ကင်းတောင် သို့ရောက်လာခဲ့လေသည်။ ( ယခုဝန်းသို့မြို့အနီး) မှန်ကင်းတောင်ကနေ ခရီးဆက်ခဲ့ရာ မိန်းသုံ တောင်ထိပ်သို့ ရောက်ရှိလာခဲ့ပေသည်။

မိန်းသုံတောင်ဝန်းကျင်သည် အင်မတန်မှ သာယာလှပပြီး တောင်ထိပ်ပေါ်မှ မျှော်ကြည့်လျှင် အရှေ့ဆီမှ ဧရာဝတီ(နမ့်ကျို)၊ အနောက်ဘက်မှာချင်းတွင်း (နမ့်တာလုံး) မြစ်တို့ တသွင်သွင်တငြိမ့်ငြိမ့် စီးဆင်းနေလေတော့သည်။ ရာသီဥတု အစာအဟာရ အစစအရာရာ သပ္ဗာယ်မျှတနေလေတော့ ဥပရာဇာ စ၀်ဆေဖိတ်ဟာ စည်းခမ်းမြို့တော်သို့ ပြန်ရန်မချင့်မရဲဖြစ်နေလေခိုက်..

မိန်းသုံတောင်ပေါ်မှ ဧရာဝတီမြစ်ကမ်းပါးမှာ လည့်လည်ကျက်စားနေတုန်း မြစ်ကမ်းမှာ ဖောင်တခု ထိုးဆိုက်လာတာ တွေ့လိုက်ရတယ်။ အသေချာ ကြည့်လိုက်တော့.... ဖေါင်ပေါ်မှာ အင်မတန်ချောမော လှပတဲမိန်းကလေး တယောက်...
 ....“ အို… “နှမငယ်” .....“ တယောက်တည်းပါလား ဖေါင်ပေါ်မှာလည်း မသိုးထမင်း မသိုးဟင်း စားမြိန်ထုပ်တွေလဲ ပါလာလေရဲ့  နှမငယ်”...

မိန်းကလေးသည် အသံလာရာဘက်သို့ စူးစိုက်ကြည့်ပြီး “ဟိုစမ်းဒီစမ်း ဟိုကိုင်ဒီကိုင်” လုပ်နေပုံကိုကြည့်ပြီး စ၀်ဆေဖိတ်က မျက်မမြင်မိန်းကလေးပဲကို.....

ရုပ်ဆင်းကြန်အင် လက္ခဏာ အရတော့ မိန်းကလေးသည် သာမန်လူတန်းစားထဲက မဖြစ်နိုင်၊ အကျိုးအကြောင်း မေးမြန်းစုံစမ်းကြည့်လိုက်တော့...

“ဟုတ်ပါတယ် ဒီလိုမျက်မမြင် အကန်းမလေးမို့ ခမည်းတော်က ရှက်ရွံ့လှတာနဲ့ နန်းတော်မှာ မထားပဲအခုလို ဖောင်နဲ့ မျောလာရတာပါ။ ခမည်းတော်က သတ်ပစ်ဖို့တောင် အမိန့်တော်ပေးထားပြီး မယ်တော် တောင်းပန်လို့ အသက်ချမ်းသာခွင့် ရပြီး အခုလိုဖောင်နဲ့ မျောလာရတာပါ။ ”
...“ ဘ၀၀ဋ်ကြွေးပါပဲ မောင်ကြီးရယ်....  လို့ သနားစဖွယ် ပြန်ပြောပြတယ်။

ထိုခါ စ၀်ဆေဖိတ် မင်းသားက ..... “ ဘ၀၀ဋ်ကြွေး ဒီမှာပဲ အဆုံးသတ်လို့ ဘ၀ဖူးစာ ဒီမှာစတင်ပြီပေါ့.....  နှမငယ်ရယ်”….
ဟုဆိုကာ စ၀်ဆေဖိတ်မင်းသားလေးဟာ အကန်းမလေး နန်းမွန်ကို မြင်မြင်ချင်းချစ်ခင် စုံမက်သွားပြီး မိုင်းသုံတောင်ပေါ် ခေါ်လာခဲ့တော့တယ်။ မိုးသုံတောင်ပေါ်က ရတဲ့ နတ်ဆေးမြစ်နဲ့ ချစ်လှစွာသော နန်းမွန်လေးကို ကုသလေတယ်။ ရက်များမကြာမှီ မျက်စိနှစ်ကွင်း လင်းရလို့….

...“ အိုး.. မောင်တော်ရယ် ဒီလောက်လှတဲ့လောကကြီးကို အခုမှပဲ တွေ့မြင်ခွင့်ရတယ်၊.”....
.....“ မောင်တော်ဟာလဲ အင်မတန်ခံ့ညားပြီး ကျက်သရေရှိလိုက်တာ”..

ဒီလိုနဲ့ စ၀်ဆေဖိတ်နဲ့ နန်းမွန်တို့ ပေါင်းသင်းနေထိုင်ရာခဲ့ရာ ရက်လနှစ်တွေကြာလာတာနဲ့ အမျှ သားတော်သုံးပါးတောင် မွေးဖွားကြီးပြင်း လာခဲ့တော့သည်။

ထိုသားတော်သုံးပါး အရွယ်ရောက်လာသောအခါ မိခင်ဘက်မှ ဘိုတော်ထံ အမွေးသွားရောက် တောင်းခံကြရာ ဘိုးတော်မှ ထီးသစ်နန်းသစ်တည်ဖို့ မြေးတော်များကို အတိတ်ကောင်းနိမိတ်ကောင်း အဆောင်ကောင်းများ ပေးသနားတော်မူလိုက်လေသည်။ 

မြေးကြီးဆုံး ဆေဟုံဖှ(ခွန်ရံ)ကို ဓါးမြှောင်တလက် ချီးမြှင့်ပြီး ဓါးကို လေထဲမြှောက်လိုက်ပါ ဓါးပြန်ကျလာပြီး စိုက်တဲ့နေရာမှာ မြို့တည်ပါ။

မြေအလတ် ဆေကော်ဖှ (ခွန်ကံ) ကို စည်တော်ကြီးတစ်လုံး ချီးမြှင့်လေးသည်။ စည်ကြီး အလိုလိုမြည်တဲ့ နေရာမှာ မြို့တည်ပါ။

မြေးအငယ် ဆေကျန်ဖှ (ခွန်အွမ်)ကိုတော့ ဆင်ကြီးတစ်ကောင်ပေးသနားတော်မှုသည်။ ဆင်ဦးကင်းပေါ် ဗျိုင်းလာနားတဲ့နေရာမှာ မြို့တည်ပါ။

သျှမ်းညီနှောင်သုံးဦးတို့၏  ဘိုးတော်ဖြစ်သည့် ဂနာလရာဇ်တိုင်း- ရွှီရွှမ်ဘုရင်မင်းမြတ်သည် မြေးတော်တို့အား အတိတ်နိမိတ်ကောင်း လက်ဆောင်များနှင့်အတူ နောက်လိုက်နောက်ပါများကိုပါ ထဲ့ပေးလိုက်ပြီး မြို့ရွာများတည်ထောင်ကာ မင်းလုပ်အုပ်ချုပ်စေလေသည်။
ထိုအခါ သျှမ်းညီနောင် သုံးဦးတို့သည် မြို့ရွာများကို အသီးသီး စတင်တည်ထောင် ကြလေတော့သည်။ 

အကိုအကြီးဆုံးဖြစ်သော် ခွန်ရံက  မိန်းမိစ်ခေါ် ဓါးမြောင်မြို့ ၎င်း၊  ညီအလတ်ဖြစ်သော ခွန်ကံက မိန်းကောင်(င်) ခေါ် စည်မြို့တော်ကို၎င်း၊  ညီအငယ်ဆုံး ဖြစ်သော ခွန်အွန်က ဆင်းဦးကင်း ဗျိုင်းနားလို့ မိန်းယန်းခေါ် ဗျိုင်းမြို့တို့၎င်း အသီးသီး တည်ထောင် အုပ်ချုပ်စိုးစံလေရာ မိန်းမိစ်၊ မိန်းကာင်(င်)၊ မိန်းယမ်း၊ ဟု သျှမ်းအဆိုမှ ယနေ့တိုင် မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်းဟု မြန်မာ့သမိုင်းတွင် နေရာယူ ထင်ပေါ် ကြော်စော လေတော့သည်။ 

ထိုသျှမ်းညီနောင် သုံးဦးတည်ခဲ့သော မြို့သုံးမြို့ထက် အစောဆုံးမြို့မှာ ဖခင်ကျားဖြူကြီးနှင့် မိခင်နန်းမွန်တို့ဆုံစည်းရာ သျှမ်းလို့ ၀မ်းဆေ ( ၀မ်းသည်- ကွင်း၊ ဆေသည် - ကျား ။ ၀မ်းဆေ ကျားကွင်မှ ယနေ့တိုင် ၀န်းသိုမြို့ဟုကြော်စောလေသည်။

သက္ကရာဇ် ၃၆၀-ခုနှစ်၊ ဘီစီ (၁၈၄)တွင် ကျယ်ဝန်းသောအင်းကြီးကို ရေနတ်နဂါးတို့၏ဘုန်းတန်ခိုး ဖြင့် ဖွဲ့တည်ခဲ့ လေသည်ဟူ၏။ 
(တောင်မြောက်အလျား()တိုင်၊ အရှေ့အနောက်အနံ ()တိုင် (ယခု အခေါ် တစ်တိုင်လျှင်နှစ်မိုင်)

ထို့နောက်တဖန် ကျားဖြူးမင်း၏ မွေးရပ်ဇာတိဖြစ်သော ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးကို ဘောဂ၀တီ နဂါးပြည်မှ နတ်နဂါးများလာရောက်ပြီး (အိုးသစ် အိမ်သစ်) အင်းအိုင်ဖွဲ့ တည်ခဲ့ကြသည်ဆိုသော အချက်သည် ရှေးအဆက်ဆက်သော အင်းတော်ကြီး သမိုင်းအရခိုင်လုံစွာ ရေးဆိုတင်ပြ မှတ်တမ်းတင်ခဲ့သည်။

ဂေါတမဘုရားရှင် လက်ထက်တွင် သုနာပရန္တတိုင်းဟူ၍ ခေါ်တွင်သော တိုင်းနိုင်ငံ၏ မြောက်ဘက်နောင်တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ(စိမ့်တိုင်းဟူ၍ အသီးသီးခေါ်တွင်ခဲ့လေသည်။ 

သာသနာသက္ကရာဇ် ၃၆၀-ခု(ဘီစီ-၁၈၄)တွင် ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးကို (ထမံသီ) သျှမ်းလူမျိုး ဥတ္တရစောဖြူမင်း တည်ထောင် ပြီးသည်မှ နှစ်ပေါင်း ၉၆နှစ် ပြည့်မြောက် သောနှစ်ပေတည်း။

လေးမျိုးသောနဂါးတို့တွင် ဧရာပတ္တ နဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်း စိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တဌာနီ စည်းခမ်းမြို့ကြီးကို အင်းဖွဲ့ရန် ရွှေတာင်နတ်မင်းကြီး၏ အမိန့်ကိုရရှိ သောအခါ ရေနတ် နဂါးမင်းသားက စဉ်းစားတော်မှုသည်မှာ ထမံသီ လူမျိုးများနေထိုင်ပျော်ပါး သောမြို့ကို ငါအင်းဖွဲ့ လိုက်သော် တိုင်းနေပြည်သူလူတို့ သေကြေပျက်စီးကြတော့မည်၊ ထိုသူတို့သေ ကြေလျင် ငါ၌ ပါဏာတိပါတကံ ထိုက်၍အပါယ်ငရဲ၌ ဆင်းရဲကြီးစွာ ခံစားရလိမ့်မည်။ 

ဤနေရာကလွဲ လျှင်လဲအခြား နေရာကို ငါသဘောမကျ မနှစ်သက်ခဲ့၊ ဟယ် သို့သော်လည်း ဤတိုင်းသူပြည်သား လူအများတို့သည် တရားလည်းမကပ်ကြ၊ ကိုယ်ကျင့် သီလမရှိကြ ငါးပါးသီလကို တစ်ပါးမျှ မတည်အောင် ကိုယ်ကျင့်တရားများ အလွန်ပျက်ပြားကြသည်၊ နေ့စဉ် ညတိုင်း ထိုင်းမှိုင်းတွေ ဝေ၍ ငါးပါးအာရုံ ကာမဂုဏ်ကို စုံစုံမက်မက် နှစ်သက်ပျော်ပါးသူသာ များလေသည်၊ သို့ဖြစ်သည်ကြောင့် အလီလီ တွေးဆ၍ ညသန်းခေါင်ရံ အခါ အာကာသ ကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော အသံဖြင့် ကြွေးကြော်လေသည်မှာ ( ဤတိုင်းပြည်၌ နေထိုင်ကြကုန်သော အသင်မနုဿ လူသားတို့သည် ရှေ့ ခုနှစ်ရက် တိုင်လျှင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်၊ ခုနှစ်ရက်မတိုင်ခင် အကြားခရီးဝေးစွာ ထွက်ခွာ သွားကြကုန်လော့ အကယ်၍ မသွားဘဲနေကြလျှင် ရေမွန်းနှစ်၍ သေကြ ကုန်လတ္တံ့ဟု တစ်တိုင်း ပြည်လုံးကြားလောက်အောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်လေ၏)

 ဤသို့ တစ်ပြည်လုံး ကြားလောက်အောင်ကြွေးကြော်ပါသော်လည်း တိုင်းသားပြည်သူများ ဗိုလ်လူတို့၏ မကောင်းမှု ကံစီမံဖန်တီးသဖြင့် အသက်ကြီးသော မုဆိုးမ အဒေါ်အိုတစ်ယောက်အပြင် မည်သူမျှ မကြားမသိကြချေ၊ နံနက် မိုး လင်းသောအခါ အဒေါ်အိုမုဆိုးမက တအိမ်တက်တအိမ်ဆင်းသွား ရောက် ပြောကြားသော်လည်း အယုံတရားမရှိကြဘဲ အီမုဆိုးမသည် မလှသောမျက်နှာ မသာယာ သောမျက်ခွက်ဖြင့် ငါတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သော စကားကိုပြောကြားလေသည်။ 

 ငါတို့ဘိုးဘွား မိဘကစ၍ ငါတို့လက်ထက် ကျအောင် ဤတိုင်း ပြည်နဂရတွင် ထာဝရကြာရှည်စွာ နေထိုင်ခဲ့ကြသည်၊ ဘယ်အခါဘယ်ကာလမှ မကြားစဘူးထူးဆန်းသော အီ စကားကို အဒေါ်အိုမုဆိုးမ ပြောကြားသည်။ ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး ဆိုလိုက်ကြကုန် သတည်း၊ အဒေါ်အိုက ထိုထိုအိမ်ထက်သို့ တက်၍ တဖန်ဝေးရာသို့ရွေ့ပြောင်း ထွက်ခွါသွားကြရန် သည်းခံ၍ ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသ ငေါငေါထ၍ အိမ်ထက်မှ မောင်းနှင်းခြင်း ခံရသော ခုနှစ်ရက်မြောက်သော နေ့၌ အဒေါ်အိုသည် ဤမြို့ရွာရှိ မိမိဆွေမျိုးညာတိမြေး၊ မြစ်များကိုအပါ ခေါ်ငင်၍ ဝေးစွာသောမြို့ အနောက်ဘက်တို့ဘ ထွက်ပြေးကြလေသော် ရေနတ် နဂါးရာဇာက တေဇာကွန့်ဖြိုး နတ်တို့၏ တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးလ်းကြီးလေကြီး မြည်ဟီး ပြင်းချက် လျပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ၀င်းနဲလျှပ်ကနဲ မိုးကလည်း သဲသဲမဲမဲရွာချလေသည်။ 

ထိုအခါ မုဆိုးမသည် ကုန်းမောက်သေလာ ယခုလွဲမွန် ကျေးရွာ၏ ဒက္ခိဏာတောင်ဘက် ယခု အဘယဂီရိခေါ် တောင်ကုန်းပေါ်ထက်သို့ တက်ပြေး၍လာရင်း မိမိနောက်ကြော (အရှေ့)ဘက်သို့ မျှော်ကြည့်လိုက်လျှင် ထမံသီလူမျိုး ဥတ္တရစောဖြူမင်း၏ ဥတ္တရဌာနီ စည်းခမ်းမြို့ကြီး သည် ရေပြင်အတိအင်းကြီးဖြစ်၍ ပျောက် ဆုံးနေလေပြီ ကိုတွေ့မြင်ရလေတော့သည်။ 

ယနေ့တိုင် ထိုမဆိုမ နောက်ကြောဘက်သို့ လှည့်မျော်ကြည့်ခဲ့သောနေရာကို လွိုင်မုင့်တောင်ဟုခေါ်သည်။ လွိုင်သည်သျှမ်းလို တောင်ဟုအဓိပ္ပါယ်၍ မှုင့် သည် မျော် သည်ဟုအဓိပ္ပါယ်ရပါသည်။

မုဆိုးမသည် ဥတ္တရဋ္ဌာနီစည်ခမ်းမြို့ တွင်မွေးဖွား၍ အရွယ်ရောက်သောအခါ သျှမ်းကလိမ်း ခနီး္တ (ထမံသီ) လူမျိုးတစ်ယောက်နှင့် အိမ်ထောင်ကျလေသည်။ လင်ယောက်ျား နောက်သို့ လိုက်ပါသွားပြီးနောက် သမီး (မင်းအ ကိုမွေးဖွားပြီး လင်ယောက်ျား သေဆုံးလေသည်၊ သမီးမင်းအပ်လည်း အရွယ်ရောက်လျင် အိမ်ထောက်ကျ၍ သားကလေး (မောင်သာယ) ကိုမွေဖွားပြီး လင်ယောက်ျား သေဆုံးလေသည်၊ မုဆိုးမသည် ထိုမြို့ ထိုရွာတွင် ဆွေမျိုးရင်းချာ မရှိသဖြင့် သမီးမြေးနှစ်ယောက်နှင့် အတူ ဥတ္တရဋ္ဌာနီ စည်ခမ်းမြို့သို့ ပြန်ရောက်ပြီး နှစ်နှစ် အကြာတွင် ဥတ္တရဋ္ဌာနီစည်ခမ်းမြို့ကြီး အင်းဖြစ်လေတော့သည်။

ယင်း ထမံသီ မျိုးဆက်မှ ဆင်းသက် ပေါက်ဖွားလာပြီး အင်းတော်ကြီး အင်းပြင်ပတွင်သို့ ရောက်ရှိ လွတ်မြောက်သွားသော ထမံသီ လူမျိုးများနေထိုင်သည့် ထမံသီရွာ ဆိုသောနေရာလေးသည် ယနေ့တိုင် ရှိနေပါသေးသည်။

သက္ကရာဇ် ၃၆၀-ခုနှစ်၊ ဘီစီ (၁၈၄)တွင်  ဥတ္တရစောဖြူ၏ ရေဖုံးလွမ်းသွားသော ဧရိယာမှာ တောင်မြောက် အလျား()တိုင်၊ အရှေ့အနောက်အနံ ()တိုင် (ယခု အခေါ် တစ်တိုင်လျှင်နှစ်မိုင်) ကျယ်ဝန်းသော အင်းကြီးကို ရေနတ်နဂါးတို့၏ဘုန်းတန်ခိုး ဖြင့် ဖွဲ့တည်ခဲ့ လေသည်ဟု ဒေသခံသျှမ်းတို့က ယုံကြလေသည်။ 

ဤသို့ဖြင့် ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးသွားသော စည်းခမ်း ရွှေမြို့တော်ကြီးသည် ဒေသခံသျှမ်းတို့က လောင်လုံစည်းခမ်းခေါ် အင်တော်ကြီးအိုင်ကြီး၏ ရေအောင်သို့ ရောက်ရှိလေတော့သည်။

ဒေသခံ သျှမ်းနီလူမျိုးတို့သည် ရေအောက်ရောက် စည်းခမ်းမြို့ကြီး အမှန်တကယ်ရှိခဲ့သည်ဟု ယနေတိုင်ယုံကြည်ဆဲ လက်ခံနေဆဲဖြစ်သည်။ သို့ပါ၍ နိုင်ငံတော်မှ နည်းပညာသစ်များဖြင့် ရှာဖွေ သုတေသန မှတ်တမ်းတင်ယူပေး နိုင်ပါက သျှမ်းလူမျိုးတို့၏ သမိုင်းသည်၎င်း မြန်မာ့သမိုင်းသည်၎င်း ကမ္ဘာပေါ်ဝယ် အထင်ရှားမည်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ချစ်သောစာဖတ် ပရိသတ်များအား လေးစားလျှက် .... ကျားပေါက်
***အင်းတော်ကြီး၏ အံ့ဘွယ်ကိုးပါး***

အင်းတော်ကြီးသည် မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်သည်၊
() အလျား -တိုင်၊ အနံ -တိုင်၊ ကျယ်ဝန်းသောကြောင့်တပါး၊
() အနောဒတ္ထအိုင်ကဲ့သို့ အလွန် ရေသန့်ရှင်းသောကြောင့် တပါး၊
() အလွန်ကျယ်ဝန်းသော အင်းဖြစ်သော်လည်း အင်းထဲတွင် ဆိုးဝါးသော မိကျောင်းစသော ငါးကြီးတို့ကို မဆိုးဝါးရအောင် အင်းတော်ကြီး အရှင် ထိန်းသိမ်းခြင်းကြောင့် အံ့ဘွယ်တပါး၊
()-အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသော
လည်း အနာအဆာမရှိ ငါးကြီးများလည်း အစားဘဲ ကမ်းစပ်ရောက်အောင် လိုင်းပိုတ်ခတ်တင်ပေးခြင်း၊
(- အင်းနားတွင် ရွှေကျင်သော် ရွှေများရရှိခြင်း၊
()-အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊
()-တစ်နှစ် သုံးကြိမ်ကျ သားမက်တော် နန့်တိန်းအရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ကန်တော့ခြင်း၊
() -စစ်တိုက်ရာပါချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ၀င်ခွင့် ပြုခြင်း၊
() -နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လကစ၍ ပြာသိုလ အထိအင်းထဲရှိငါးများကို အင်းတော်ကြီး တောင်ပိုင်း အခြားအကွာ ()မိုင်ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိ ငါးများကိုဆေးခပ်ခြင်း၊တို့ဖြစ်သည်း


ဌာနေသျှမ်းတို့သည် ရေအလယ်တွင် ရွှေမဉ္စူ ခေါ် စေတီတော် ကို တည်ထား ကိုးကွယ်ကြသည်။ ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား) သည်။ ဥတ္တရ စောဖြူမင်း၏ ပျောက်ဆုံး နေသော ရွှေမြို့တော်၏ တည်နေရာ ဖြစ်သလို  မိုးကောင်း၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ် မြို့တည် သျှမ်းညီနောင်သုံးဦးတို့၏ ဖခင် စ၀်ဆေဖိတ်ခေါ် ကျားဖြူမင်းသား မွေးဖွားကြီးပြင် ဒေသလည်းဖြစ်သည်။ ထိုဒေသရှိ သျှမ်းမျိုးနွယ်များကို သျှမ်းနီဟုခေါ်ဆိုကြရာ ယင်းသျှမ်းနီတို့၏ ညီရင်းအကို ဆွေးရင်းမျိုးခြာများမှာ ထမံသီသျှမ်းနှင့် “ ခန္တီးသျှမ်း ” တို့ပင်ဖြစ်ပါတော့သည်။



**တပေါင်းလပွဲတော်ခါ ရွှမဉ္စူသို့** 
အင်းရေညို ရစ်ဝိုင်းလို့
တံတိုင်းက အပြာခံ
မားမတ်ပျော်စံ
ရွှေပေါင်းငယ်ရံ ကြယ်ခြံတဲ့လ၀န်း
ပုထိုးစေတီဂူတို့
ရွှေမဉ္စူကာရံကာညွတ်တယ်
လူလွတ်နတ်ကျွန်း။
မြူမင်းလွင် ကြွေလောင်းတဲ့
တပေါင်းလပွဲတော်ခါ
ကြွေးကြော်ခြိမ့်ညာ
သဲခုံကသာ ရေပြာကအေး
အမောပြေ တထောက်နားလို့
ဘုရားဆီ ရင်ပြင်ဆိုက်အောင်
လိုက်ခဲ့ပါ့လေး
ကျွန်းလယ်ခေါင် သောင်ဦးက
ကြာဖူးထွဋ် သဲသောင်ခုံခြည်းမီပြန်တုံ
လူမျိုးကစုံ ခိုလူံသည့်ပြည့်ကြမ်း
မောင်လဲသဒ္ဒါဝေ၍ မယ်လဲသဒ္ဒါဝေ၍
သည်အင်းမြေ ငွေသောင်ပြန့်မှာ ဖူးအံ့မခန်း
ရေး (ဗန်းမော် ညိုနွဲ့)

မြန်မာ့ စွယ်စုံကျမ်း၌ အကြီးဆုံးသောအင်းသည် အလျား-၁၄မိုင်၊ အနံ-ရမိုင်ရှိသော အင်းသည် မိုးကောင်း ချောင်းဖျားခံရာ၌ရှိပေသည်ဟုဆိုလေသည် မျက်မှောက် ကာလ အတွေးခေါ် မြော်မြင်ရေး(သမိုင်းဗေဒ ကိုဆန့်ကျင်၍) ယုတ္တိဗေဒညာရှင်တချို့ကဆိုလေသည်။

 သမိုင်းဆိုသည် အငြင်းပွားမူလမ်းကြောင်းကို ဖြတ်သန်းလာ စမြဲဖြစ်သည်။ မြေဆီလွာပြတ်ရွှေ့ခြင်းကြောင့် သော်လည်းကောင်း၊ သဘာဝတောတောင်ရေမြေ တို့၏ ဖြစ်ပျက်ပြောင်းလည်းခြင်း ဖြင့်သော်လည်းကောင်း မည်တို့ပင်ဖြစ်စေကာမူ ထူးဆန်းအံ့သြဖွယ်ရာများ ဖြင့်ပြည့်စုံနေသော အင်းကြီး ထိုအင်းကြီး၏ အလယ်တွင် ရွှေမဉ္စူစေတီတော် (ရေလယ်ဘုရား) တည်ထားကိုးကွယ်ကြသည်။ ထင်ပေါ်ကျော်စော တန်းခိုးကြီးသော စေတီတော် ဘုရားတဆူလည်း ဖြစ်လေသည်။ 

 အင်းတော်ကြီးအိုင်သည်၊ မိုးကောင်း ချောင်းဖျားခံရာ၌ ရှိပေသည်၊ အင်း(အိုင်) ရေပြင်သည် စတုရန်းမိုင် (၁၀၀)ခန့်မျှရှိလေသည် အင်၏ဘေးပတ်လည် အရှေ့ဖက် တွင် မိုးကောင်းမြို့နယ် အထိ၊ အရှေ့တောင် ဘက်တွင် ဟိုပင်- မိုးညှင်း ကကျော်တောင်ကြားအထိ တောင်ဘက် တွင် စစ်ကိုင်းတိုင်း (ဟုမ္မလင်းမြို့နယ်) မံစီကြီးအထိ အနောက်ဘက်မြောက်ဘက် တွင်ကာမိုင်းမြို့နယ် ထိ အကျယ်ဝန်း စတုရန်းမိုင် (*** ) ခန့်အ၀န်းတခုလုံးကို အင်းတော်ကြီးဒေသဟူ၍ လည်းကောင်း ယခုအခါ မိုးညှင်းမြို့နယ်၏ နယ်မြေအမှတ် (ဒေသဟူ၍လည်းကောင်း အသိအမှတ်ပြု ခေါ်တွင်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အထက်ပိုင်း (ကချင်ပြည်နယ် တောင်ပိုင်း) အလယ်ရိုးမ တောင်တန်း တွင် ပါဝင်သော တောင်ကုန်း တောင်တန်းတို့ဖြင့် အင်းတောကြီး ဒေသကိုဝန်းရံ ပတ်ဝိုင်းထားလေသည်၊ မြင်မားမတ်စောက်သော တောင်ကုန်း တောင်တန်းများ တည်ရှိ သည်အလယ်ရိုးမတစ်ကြောတွင် အမြင့်ဆုံး ဒေသဟု ဆိုဘွယ်ဖြစ်သည်။

တောင်ပေါ်ပင်လယ်လေးဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြလေသည်။ ရေချောင်း စီးဆင်းရာရေလဲတို့သည်၊ မြောက် ဖက်သို့ (ပြောင်းပြန်)စီး ဆင်းသည်၊ အင်းတောင် ဖက်ရှိသော၊ ဆင်ခေါင်းတောင်၊ ကန့်လန့်ကာ (လော ခွန်း) တောင်တို့မှ စီးဆင်းသော ချောင်းရေ သည်၊တောင်ဖက်မော်ဟန်၊ မိုးညှင်း(နန့်ရင်းချောင်း)သို့ စီးဆင်း၍ မြောက်ဖက်၌အင်တော်ကြီး (အင်း)သို့စီးဆင်း သည်၊ အင်းအနောက်ဖက်ရှိသော နန့်စတုံး (၁၂၂၆)တောင်နှင့် ဒုတိယ ကမ္ဘာစစ်ကာလမှယနေ့တိုင် မှန်ပြ တောင်ဟူ၍ အမည်တွင်ခဲ့သော (၁၇၇၈)တောင်တို့မှစီးဆင်းသော ချောင်းရေသည်အနောက်ဖက်၌ အင်းတော်ကြီး (အင်း) သို့စီးဆင်း၏ အင်းတော်ကြီး (အိုင်)မှ လည်းလောင်း(ခေါ်) စည်ခမ်းချောင်းသည် မြောက်ဖက် ပြောင်ပြန်) စီးဆင်း၍ မိုးကောင်းမြို့ အနီး မိုးကောင်းချောင်း (နန့် ကောင်း)နှင့် ဆုံသည်၊ မိုးကောင်း(နန့်ကောင်း)ချောင်းသည် ဧရာဝတီမြစ်သို့စီးဆင်းသည်။

အင်းတော်ကြီးအင်းဘေးပတ်လည်၌ရှေးနှစ်” ရာစု များစွာကတည်းက လူနေ (မြို့ရွာများ တည်ရှိ ခြင်း ထင်ရှားသည်၊ သာဓကအားဖြင့်ယခု မမုံကိုင်ရွာတောင်ဘက်ရှိ မြို့ဟောင်းကုန်းဆိုသောအရပ်၌ အရေ တွက်မခန့်မှန်းနိုင်သော မြို့ဟောင်းတံတိုင်း ယနေ့ တိုင်တည်ရှိနေသည်။

မမုံကိုင်၊ မိုင်းနောင်ကြား မော်တော်ကားလမ်း ဘေးရှိရှေးဟောင်းဘုရာစေတီပျက် တစ်စဆူသည် သီရိဓမ္မာသောကမင်း တည်သော စေတီပျက်တော်ပေါင်း (၈၄၀၀အနက် တစ်ဆူအပါဝင်ခိုင်လုံသော သမိုင်းအထောက်အထားမရှိသော) ဖြစ်သည်ဟု ရှေးဘိုး ဘေးဘီဘင်များအဆိုအရသိရ၏၊ ဤကဲ့သို့ သမိုင်းအထောက်ထား ကင်းမဲ့နေသော စေတီတော်ပျက်များ အင်းဘေးပတ်လည်၌ ၀မ်းနည်းဖွယ်ရာ အများအပြားတွေ့နိုင်သည်။  အာသောက မင်းသည် အဘိသိတ်မခံမီ () နှစ် ဘိသိတ်ခံပြီး (နှစ် သာသနာသက္ကရာဇ် (၂၁၈) ဘီစီ (၃၂၆) တွင် ၈၄၀၀၀ သော မြို့နိုင်ငံတို့၌ ၉၆-ကုဋေသော အဿပြာ တို့ဖြင့် စေတီတောကျောင်းတော်များ တည်ခဲ့သည်၊။  

ဤသည်ကား မြို့ဟောင်းနှင့် ဆက်စပ်တွေးခေါ်နိုင်ဖွယ် ရှိသေား သာဓကတစ်ရပ် တင်ပြခြင်းသာဖြစ်သည်၊ သို့ရာ၌ အင်းအိုင်ဖြစ်ပေါ်လာသည်ထက် စောနေသည်ကိုလည်း သိရှိရသည်။

အေဒီ ၁၉ - ရာစု ကုန်းဘောင် (မြန်မာ) မင်းများလက်ထက် လူနေမှုမှတ်တမ်း တင်ရချိန်၌ သျှမ်းနီ (တိုင်းလျဲန်) ကချင်နှင့် မြန်မာသွေးရင်းသားရင်များ(မြောက်များစွာ) တို့နေထိုင်ခဲ့လေသည်၊ အချင်းချင်း ယုံကြည် လေးစား ရင်းနှီးခဲ့ကြ၏၊ ထိုစဉ်၌ အင်းတော်ကြီး ဒေသသည် မိုးကောင်းမြို့ စီရင်စု (စော်ဘွား) လက်အောက်ခံတွင် ပေါမိုင်းနယ် ()နယ်နှင့် ()ဋ္ဌာနဟု နယ်နမိတ် သတ်မှတ်ထားခဲ့လေသည်။

ဤသို့တွင်
၁။ မိုင်းပင်း (ကုမမုံ) ပေါမိုင်း
၂။ စည်းခမ်း (လွဲမွန်) ပေါမိုင်း
၃။ ငွန်းဇင်း (နမ့်ဖေါင်းဇင်) ပေါမိုင်း
၎။ မောက်တောင်း (ဟဲပန်) ပေါမိုင်းနှင့် ()မပြင်တဋ္ဌာန ()လောဆွန် တစ်ဋ္ဌာဖြစ်သည်၊ အချုပ်အားဖြင့် () ခရိုင် ()ဋ္ဌာန ဟူ၍နယ်အားဖြင့် ခွဲခြားသတ်မှတ် ခေါ်ဆိုခဲ့သည်။

ပေါမိုင်း သို့မဟုတ် ပေါ်မိန်း ဟူသည် ရှမ်းဘာသာ အခေါ်ဖြစ်၏ မြန်မာလို ပြန်သော ပေါ် - ဖေ၊   မိန်း- မြို့ ၊ မြို့အရှင်သခင် (သူကြီး) ဟူ၍ အဓိပ္ပါယ်ရသည်။
အင်းတော်ကြီးဒေသ လူနေမှုအစဉ်အလာနှင့် အုပ်ချုပ်မှု သမိုင်းမှတ်တမ်းများ တင်ရချိန်၌ အေဒီ(၂၀) ရာစုနှစ် မတိုင်မှီ ရှေးရာစုနုစ် အတန်ကြာ ကာလတွင် သျှမ်းနီ (တိုင်းလျဲန်) တို့သည် မြေပြန့် (အင်းဘေး ) ဒေသတွင် လည်းကောင်း၊ ကချင်(ဂျိမ်းဖေါတို့သည် တောင်ပေါ်(တောင်တန်း) ဒေသတွင် လည်းကောင်း၊ အခြေချနေထိုင်ခဲ့လေသည်။ သာဓကအားဖြင့် ရှေးနှစ်ပေါင်း ရာစုများစွာမှ အင်းလေး၌ နေလာခဲ့သည်ဆိုသော တံငါအဖိုးကြီးတစ်ဦး၏ အမည်ကို သျှမ်းတို့ကပူတွတ်လားဖိုးတွတ်လား ဟူ၍၎င်း၊ အင်းတော်ကြီး မြောက်ဖက် တွင် မြင့်မားမတ်စောက်သော တောင်တစ်လုံး၏ အမည်ကို ကချင်တို့ကက၀ါပွန်အဖေ တောင်ဟူ၍၎င်း ယနေ့တိုင် အမည်တွင်ခေါ်ဝေါ် လျက်ရှိလေသည်။

ရှေးယခင်က သျှမ်းနီ(တိုင်းလျဲန်တို့၏ အခြေချနေထိုင်ရာ ဤအင်းတော်ကြီး ဒေသ၌ သျှမ်းနီ စာပေ ကျမ်းဂန်များ ထွန်းကား ပေါက်မြောက်ခဲ့ရာတွင် (ပုရပိုက်၊ ပေရွက်) ပေထက်အက္ခရာ သျှမ်းနီစာများ ကိုယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ 

သို့ရာတွင်ယနေ့ အခါ၌သျှမ်းနီ (တိုင်းလျဲန်)စာပေ သင်ကြားလေ့လာ တတ်မြောက်သူမရှိသလောက် ရှားပါးလှသည်ကို သျှမ်းနီလောက၌ အထင်အရှားပင်ဖြစ်လေသည်။
အင်းတော်ကြီး အင်း (အိုင်) သည်ယေဘူယျအားဖြင့် အလျား (၁၆-မိုင်) အနံ(-မိုင်) မိုးကောင်းချောင်း (နန့်ကောင်းချောင်း)ဖျားခံ ရာဒေသလည်းဖြစ်သည်။

စတုရန်းမိုင်-၁၀၀ခန့်ရှိသည် မိုးညှင်းမြို့နယ်၏ အမှတ်()ဒေသဟူ၍လည်းကောင်း အသိမှတ်ပြု ခေါ်တွင်လေသည်။ 

နေလင်း အင်းတော်ကြီး-
- အင်းတော်ကြီးသမိုင်း မှတ်တိုင်များမှ ထုတ်နုတ်သင်ပြလိုက်ရပါသည်။

ရွှေမဥူစေတီတော်(ရေလယ်ဘုရား) တည်တော်မှုခြင်း။ သဘာဝ အလျှောက်ဖြစ်တည် ဖန်တီးထားသော သဲသောင်ခုံ သောင်ပြင်ဖြစ်သည်။ မြောက်ဘက် သောင်ပြင်ခုံသည် အင်းစပ်မှ ရွှမဥူ စေတီတော်တည်ရှိရာထိ ရှည်လျားစွာ တည်ရှိလေသည်။ 

ကမ္ဘာ့အကြီးဆုံး ရေကန်ကတော့ ကက်စ်ပီယန် ပင်လယ်ပဲဖြစ်ပါတယ်။ အီရန်နဲ့ရုရှဓနသဟာယ နိုင်ငံနှစ်နိုင်ငံကြားမှာရှိပါတယ်။ ပင်လယ်လို့ခေါ်ပေမယ် သူက သမုဒ္ဒရာ နဲ့ဆက်စပ်မနေဘူး။ ဒါပေမယ့်ကုန်း တွင်းမှာတည်ရှိနေတဲ့ ဧရာမ ရေကန်ကြီး ဖြစ်ပါတယ်။

အနာဂတ်သျှမ်းလူငယ်များ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် ထိမ်းသိမ်းစောင့်ရှောက်ရင် အချင်းချင်း ရိုင်းပင်ကူညီ လက်တွဲလုပ်ကိုင် နိုင်ကြပါစေ။

အင်းတော်ကြီးအလှနှင့် (လေါင်လုံစည်ခမ်း) (သို့မဟုတ်) ရွှေမဉ္စူ ရေလယ်ဘုရား တည်ဆောက်ခြင်း ဆက်ရန်….

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"