koko

koko

Saturday, May 25, 2013

ခေမရဋ်တိုင်းက ဗုဒ္ဓမြတ်ဆံတော်


သျှမ်းညီနောင်တို့ရေ မပြောမပြီးမတီးမမြည် ဆိုလို့ပါ.. ရွှေတီဂုံဟာ မွန်လူမျိုးတို့ တည်ခဲ့ဘုရား၊  မဟာမြတ်မုနိဆိုတာ ရခိုင်ဘုရား၊ နှစ်စဉ်နှစ်တိုင်း ဗမာတို့ ပွဲကြီးချိမ့်ချိမ့်သည်း ကျင်းပနေတဲ့ တောင်းပြုံးအရပ်  ရွှေဖျဉ်းညီနောင်တို့ အမှုထမ်းလစ်၍ အသတ်ခံရတဲ့ ဆုတောင်းပြည့် စေတီတော်ဟာ စောမွန်လှတည်ခဲ့တဲ့ သျှမ်းဘုရား ဒီလောက်တော့ သိထားသင့်တယ်.... ဆံတော်ရှင် ဆံတော်ရှင်ဆိုလို့ ဝေးဝေးပြေး မမြင်နေကြနဲ့ ဒို့သျှမ်းတွေ ဆီမှာလည်းရှိတယ်ဆိုတာ သင်ပြလိုက်ပါရစေ…

 ဗုဒ္ဓမြတ်စွာဘုရား ၂၄ ၀ါရှိစဉ်အခါက သာတတ္တိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မှုစဉ် အရှင်ဟေမရံသီ ဟုဘွဲ့ တော်ရသောရဟန်း တစ်ပါးသည်၊ ဘုရားရှင်ထံ ခွင့်ပန်ကာ ထိုင်းနိုင်ငံသို့ သာသနာပြုရန် ကြွရောက်တော်မှုသည်။ အရှင်ဟေမရသီသည် ထိုင်းနိုင်ငံတွင် သုံးဝါမျှ သာသနာပြုခဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ကျိုင်းမိုင်၊ ကျိုင်းဟိုင်း၊ ကျိုင်းရှဲန် စသောမြို့များကို သာသနာပြုရင်း ခေမရဋ် ခေါ် ကျိုင်းတုံမြို့ သို့ ကြွရောက်လာခဲ့သည်။

အရှင်ဟေမရံသီ ရှဲမိန်းစေတီကုန်းတွင် သီတင်းသုံးရင်း ရပ်နီးရပ်ဝေးမှ လာရောက်ဖူးမျှော်ကြသော လူပရိတ်သတ်များအား မနေမနား ဗုဒ္ဓတရားတော်များ ချီးမြင့်တော်မှုသည်။ ဓမ္မတရားများကို နားလည်လွယ်အောင် ဟောပြောတတ်ခြင်း၊ သီလ သမာဓိ ပညာ တည်းဟူသော သိက္ခာ ဗုဒ်များပြည့်စုံခြင်း တို့ကြောင့် လအနည်းငယ်အတွင်း အရှင်၏ ကောင်းသတင်းများးအရပ်ရှစ်မျက်နှာ သို့ ပြန့်နှံ့ကာ တရားနာပရိသတ်များ အစဉ်အမြဲ ပြည့်နေလေတော့သည်။

ပန်းသတင်း လေညှင်းဆောင်၊ လူသတင်း လူခြင်းဆောင်ဟူသော ဆိုရိုးစကားအတိုင်း ထိုမင်္ဂလာ သတင်းသည် ကျိုင်းတုံဒေသကို အုပ်ချုပ်နေသော စော်ဘွားကြီး  စ၀်ခမ်းဆွဲ့ နှင့် အိမ်ရှေ့စံ စ၀်ဝိုးခမ်း တို့က ကြားသိကာ မှုးမတ်အပေါင်းတို့အား အရှင်ဟေမရံသီကို ဟော်နန်းသို့ စွမ်းစားပင့်ရန်စေလွတ်တော်မှုသည်။

အရှင်ဟေမရံသီလည်း နောက်တနေ့ ကျိုင်းတုံဟော်နန်းသို့ ကြွတော်မှုသည်။ ဆွမ်းဘုန်းပေးပြီးသည့် နောက်တွင် စော်ဘွားညီနောင်တို့က အရှင်အား တရားဓမ္မများ ချီးမြင့်ရန် လျှောက်ထားသည် အရှင်လည်း ဒါနသီလ ဘာဝနာနှင့် စပ်လျင်းသော တရားတော်များကို သဘောပေါက်-လွယ်အောင် ဟောကြားတော်မှုသည်။ တရားတော်ပြီးဆုံးသွားချိန်တွင် စော်ဘွားကြီးနှင့် အိမ်ရှေ့စံတို့က ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်၍ အရှင်အား စော်ဘွားညီနောင်ကို ပစ္စည်းလေးပါး ဒယကာ အဖြစ်လက်ခံရန် လျှောက်ထားသည် အရှင်လည်း ဂရုဏာရှေ့ထား၍ လက်ခံလေသည်။

အရှင်ဟေမရံသီသည် ရှဲန်မိန်းစေတီတော်တွင် သုံးနှစ်ဝါဆိုခဲ့သည်၊ တနေ့တွင် စော်ဘွားကြီးသည် အရှင်ထံသို့ သွားကာ အလ္လဘ သလ္လာဘ စကားများပြောဆိုရင်း ဤသို့လျှောက်ထားသည် အရှင်ဘုရား တပည့်တော်နှင့် ကျိုင်းတုံမြို့သူမြို့သားများက ဗုဒ္ဓဘုရားရှင်ရဲ့ ရုပ်ပွားဆင်းတုတော်တစ်ဆူ သွန်းလောင်းကိုးကွယ် ရန်ဆန္ဒရှိကြပါတယ်၊ အရှင်ဘုရားကနေ ဦးဆောင်ပြီး သွန်းလုပ်ဖို့ဖြစ်နိုင်ပါသလား အရှင်က ဒကာတော်ကြီး ဤကိစ္စအတွက် ဒို့များပြန်ပြီး ဘုရားရှင်ထံ လျှောက်ထားခွင့်ပန်ပေးပါမယ် ဟုကတိပေးပါသည်။

အရှင်မဟေမရံသီလည်း အိန္ဒယနိုင်ငံသို့ပြန်ကြွသွားကာ ဘုရားရှင်အား အလုံးစုံသော အကြောင်းအရာ များကို လျှောက်ထားလေသည်။ ဘုရားရှင်လည်း သာသနာ့အကျိုးကိုမျှော်ကိုး၍ ခွင့်ပြုသည့်အပြင် အရှင်ပြန်ခါနီးတွင် ဆံချည်တော် (၆) ဆူကိုပါ တိုင်းသူပြည်သူပြည်သားများ ကိုးကွယ်ရန် ပေးအပ်တော်မှုသည်။

များမကြာမှီ ကျိုင်းတုံမြို့သို့ အရှင်မဟေရံသီ ပြန်ရောက်လာပြီး ဘုရားရှင်ခွင့်ပြုကြောင်း စော်ဘွားကြီးထံ အကြောင်းကြားသည်။ စော်ဘွားကြီးလည်းဝမ်းမြောက်ဝမ်းသာစွာဖြင့် တိုင်းသူပြည်သားများသို့ ဆင်းတုတော် သွန်းလုပ်ရန် မောင်းခတ်ကြေငြာသဖြင့် တိုင်းသူပြည်သားများလည်း ရွှေငွေပစ္စည်းများနှင့် ကြေးဝါများကို လာရောက် လှူဒါန်းကြလေသည်။

ဤသို့ဖြင့် အရှင်ဟေမရံသီ ဦးဆောင်ပြီး ဘုရားရှင်၏ ရုပ်ပွားတော်ကို  ညာဏ်တော် ရှစ်တောင်မျှ သွန်းလုပ်ကာ ဦးခေါင်းတော်သည် ရွှေသားအတိဖြစ်သည်။  ထို့နောက်တွင် အရှင်ဟေမရံသီနှင့် စော်ဘွားကြီးတို့ တိုင်ပင်ကြပြီး ဆင်းတုတော်ကို “ သုဝဏ္ဍ      ဂန္ဓဗ္ဗတ္တ သာတဂိရိ (စွမ်ဆီရီတောင်)  တွင်ထားရှိကိုးကွယ်ရန် ရွေးချယ်ကြသည်။ ထို့နောက် မှူးမတ်ဗိုလ်ပါတို့လည်း စော်ဘွားကြီး၏ အမိန့်ဖြင့် စွမ်ဆီရီတောင်ကို ဥမင်ဖေါက်လုပ်ကြရာ( ၆ ) လာအကြာတွင် ဥမင်ကြီးပြီးဆုံးလေသည်။ ဆင်းတုတော်စံမြန်းရန် ကျောင်းတော် တစ်ဆောပါ ဆောက်လုပ်၍ ဆံချည်တော် (၆) ဆုနှင့် အတူ BC- 563 မဟာသက္ကရာဇ် ၁၂၇ ခုနှစ် တွင် ပင့်ဆောင်ထားရှိတော်မှုသည်။

ထိုသို့ ဥမင်းတွင်းတို့ ဆင်းတုတော် ပင့်ဆောင်ထားရှိစဉ်တွင် အရှင်ဟေမရံသီက သာသနာနှစ်ငါးထောင်ကို အကြောင်းပြု၍ ဆီမီးခွက် ၅ ခွက်ထွန်းညှိကာ နှစ်တစ်ထောင်ပြည့်လျှင် ဆီမီးခွက်တစ်ခွက်ငြိမ်းရန်နှင့် နှစ် ၅ ထောင်ပြည့်ပါက ဆီမီးခွက် ၅ ခွက်စလုံးငြိမ်းစေရန် အဓိဌာန်ပြုထားလေသည်။ တချိန်တည်းမှာပင် စော်ဘွားကြီးနှင့် အိမ်ရှေ့စံတို့က အရှင်ဟေမရံသီကို ကံထပ်ပူဇော်ခြင်း၊ ဆင်းတုတော်ကို အနေကဇာတင်ခြင်း၊ ကုသိုလ်ကောင်းမှုများ ရေစက်ချခြင်းစသည့် ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ တပေါင်းလပြည့်နေ့တွင် ကျင်းပလေသည်။


ပွဲတော်ကျင်းပပြီး များမကြာမှီ နဂါးမင်းနှင့်၎င်း၏ တူနှစ်ဦးက အရှင်ထံလာရောက်ဦးခိုက်ကာ ဥမင်တော်ကို ကြည့်ရှုစောင့်ရောက်ရန် တာဝန်ယူပါမည့်အကြောင်း ခွင့်တောင်းသည်၊ အရှင်လည်းခွင့်ပြုတော်မှုသည်။

ကျိုင်းတုံစော်ဘွားညီနောင်တို့သည် အကျင့်သီလ ၀ိနည်းသိက္ခာပုဒ်တောတို့နှင့် ပြည့်စုံသော အရှင်ဟေမရံသီကို ကိုယ်းကွယ်ဆည်းကပ်ရင်း ဗုဒ္ဓဆင်းတုတော်ကိုလည်း မပြတ်ပူဇော်သည်။ ဤသို့ကောင်းခြင်း အဖြာဖြာတို့နှင့် ပြည့်စုံသော ကျိုင်းတုံဒေသတွင် မိုးလေ၀သ မှန်ကန်ကောင်းမွန်၍ ဆန်ရေစပါး ပေါများကြွယ်ဝခြင်း၊ သူခိုးဓါးပြများ ကင်းရှင်းခြင်း၊ ကိုယ်ကျန်းမာစိတ်ချမ်းသာ၍ တိုင်းသူပြည်သားများ ညီညွတ်မှုရှိသောကြောင့် တိုင်းတစ်ပါးသားတို့ ၀င်ရောက်စော်ကားခြင်းမရှိသဖြင့် တိုင်းပြည်သာယာဝပြော နေလေတော့သည်။

စော်ဘွားကြီး စ၀်ခမ်းဆွဲ့ သက်တော်ရှစ်ဆယ်တွင် နတ်ရွာစံသည်။ အိမ်ရှေ့စံ စ၀်ဝိုးခမ်း စော်ဘွားကြီး အရာဆက်ခံပြီး ဆက်လက်အုပ်ချုပ်သည်။ များမကြာမှီ အရှင်ဟေမရံသီ မထေရ်လည်း ရှဲန်မိန်း စေတီကုန်းတော်တွင် ပျံလွင်တော်မှုသည်။ စော်ဘွားကြီး စ၀်ဝိုးခမ်းသည် ဗုဒ္ဓတရားတော်နှင့်အညီ ကျင့်ကြံ၍ ဆင်းတုတော်ကို ဆက်လက်ဝေယျာဝစ္စများ ပြုလုပ်ကာ ဓမ္မာရုံကြီးတစ်ဆောင်ကို ဥမင်ဝတွင် ဆောက်လုပ် လှူဒါန်းလေသည်။ တပေါင်းလပြည့် ဗုဒ္ဓပူဇော်ပွဲနှင့် ဆွမ်းတော်လောင်းပွဲကို နှစ်စဉ် ဦးဆောင်ကျင်းပသည်။

ရှေးပဝေသဏီကပင် တန်ခိုးကြီးကျော်ကြားခဲ့သော စွမ်ဆီရီစေတီတော်သို့ တပေါင်းလပြည့်နေ့၏ အဖိတ်နေ့တွင် အရပ်ရှစ်မျက်နှာမှ တိုင်းသူပြည်သားများသည် မပင့်မဖိတ်ရဘဲ လှူဖွယ်ပစ္စည်းကိုယ်စီဖြင့် လာရောက်ညအိပ်ကြသည်။ လပြည့်နေ့နံနက်အာရုံတက်ချိန်တွင် စုပေါင်းဆွမ်းတော် တင်ကြကာ သံဃာတော်များ စုံလေလျှင် စုပေါင်းဆွမ်းလောင်း လှူကြသည်မှာ ယနေ့တိုင်အောင် နှစ်စဉ်စည်ကားဆဲ ဖြစ်သည်။ အရင်က တပို့တွဲလဆုတ်ရောက်လျှင် တပေါင်းပွဲတော်ကို တပေါင်းစေတီတော်ဝင်း အတွင်း (ယခု နောင်ဖါရွာ ဗလခါးတန်ကျောင်းနေရာ) တွင်ကျင်းပကြသည်။ တပေါင်းစေတီတော်ကြီးသည်လည်း စွန်ဆီရီစေတီတော်မှ အုဋ္ဌ်သုံးချပ်ကိုယူ၍ တည်ဆောက်ခဲ့သော စေတီတော်ကြီးဖြစ်သည်။

သာသနာသက္ကရာဇ် ၂၄၆၃ ခု (ကောဇာသက္ကရာဇ် ၁၂၈၁ ခု) တွင် ကျိုင်းတုံစော်ဘွားကြီး စ၀်ကွန်းကျောက် အင်းထလဲန်သည် တိုင်းသူပြည်သားများကို ဦးဆောင်၍ ဘုရားပြုပြင်ခြင်း ဗုဒ္ဓပူဇော်ပွဲများ ကျင်းပခြင်းတို့ကို ရှေးထုံးမပျက်ပြုလုပ်ခဲ့သည်။ ဗလငါးတန်ကျောင်းတည်ထောင်သော အရှင် ကုဏ္ဍလဆရာတော် လက်ထက်တွင် ဘုရားပရိဝုဏ်အတွင်း ကျယ်ပြန့်ညီညာစေရန် လူအားစက်အား  သုံး၍ ယခုမြင်ရသကဲ့သို့ နှစ်ထပ်ဖြစ်အောင် မြေညှိခဲ့လေသည်။

ကျောင်းထိုင်ဆရာတော်များအဆက်ဆက်မှ သီတင်းသုံးသွားခဲ့သော စွမ်းသီရီဓမ္မာရုံကြီးသည် သင်္ခါရတရားများကို မလွန်ဆန်နိုင်ဘဲ ယိုယွင်းပျက်စီးလာခဲ့ရာ ကော်ဇာသက္ကရာဇ် ၁၃၅၃ ခုနှစ်တွင် တာချီလိတ်မြို့ ပုံလို့စေတီတောရ ဆရာတော် အရှပညာစာရမှ ဦးဆောင်ကာ ကျိုင်းတုံမြို့ သျှမ်းဂိုဏ်းသံဃာတော်များ၊ ရပ်နီးရပ်ဝေးနေဒကာ ဒကာမများစုပေါင်း၍ ဓမ္မာရုံဟောင်းကို ဖြိုဖျက်ပြီး ခရစ်သက္ကရာဇ် ၁၉၉၃ ခုနှစ် ဖေဖေါ်ဝါရီလ ၆ ရက်နေ့တွင် ဓမ္မာရုံကြီးတည်ဆောက်ရန် အုဋ္ဌ်မြှစ်ချခဲ့ကြသည်။

ဤသို့ဖြင့် တည်ဆောက် လာခဲ့ရာ ဓမ္မာရုံကြီး တစ်ဆောင်၊ လျှောင်းတော်မှုကြီး တစ်ဆူ၊ ဘုရားကြီး ၆ ဆူတို့တည်ဆောက်ခဲ့ပြီး။ ထပ်မံ၍ အရင်အဟောင်း များဖြစ်တဲ့ လျှောင်းတော်မှုကြီးကို ပြုပြင်ခြင်း၊ ဟောင်းနွမ်း နေသော ဘုရားလေးဆူ၊ ရှင်ရဟန္တ ၅ဆူကိုပြုပြင်ခြင်း၊ စေတီတော်ကြီး ၁ ဆူနှင့် အရံစေတီငယ် ပေါင်း ၃၄၈ ဆူကိုပြုပြင်ခြင်း၊ ဘုရားရှစ်ဆူ ကျောင်းဆောင်ကို ပြုပြင်ခြင်း၊ ဟောင်းနွမ်းနေသော စေတီ ၁၅ ဆူကိုပြုပြင်ခြင်း၊ နှင်တကွ ကုန်းကျောင်းရပ်နေ ဆရာစိုင်းထွန်းအောင်တို့ အဖွဲ့ တည်ဆောက်လှူဒါန်းသော စေတီကြီး ၁ ဆူစသည်တို့ကို ( ၁၅ နှစ် ၃ လ နှင့် ရက်ပေါင်း ၂၇ ရက်ကြာအောင် မွမ်းမံခဲ့လေသည်။ (တောရအရှင် ပညာစာရသည် ကိုရင်ဘ၀မှ စ၍သာသနာပြုခရီးအတွင်း တည်ခဲ့သော စေတီပေါင်း ၅၂၈ ဆူရှိသည်။)
ကျေးဇူးရှင် ဆရာတော်ဘုရားနှင့် ဓမာရုံဟောင်း
ထိုသို့ ကျိုင်းတုံမြို့သူမြို့သားများစေတနာရှင်များ မဆုတ်မနှစ်သော ဇွဲလုံ့လဖြင့် နှစ်ပေါင်းဆယ်စုနှစ်ကျော် အောင်တည်ဆောက်လာခဲ့ရာ ၂၀၀၈ ခုနှစ်တွင် အောင်မြင်စွာပြီးဆုံးခဲ့လေသည်။ ထိုသို့ပြုခဲ့သော ကောင်းမှုကုသိုလ် များကို ( ၉- ၆- ၂၀၀၈)ရက်နေ့တွင် ရေစက်ချအမျှပေးဝေပွဲကြီးနှင့် ဆရာတော် အရှင်ပညာစာရ၏ မွေးနေ့မင်္ဂလာပွဲကိုပါ တပါတည်းကျင်းပပြုလုပ်ခဲ့လေသည်။
 ချစ်သောစာဖတ်ပရိသတ် အပေါင်းအား လေးစားလျှက်... ကျားပေါက်...

ဦးစိုင်းနော်ရှဲန်
ကုန်းကျောင်းရွာ၊ ကျိုင်းတုံမြို့


 ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်