koko

koko

Thursday, June 13, 2013

သျှမ်းနီသမိုင်းဝင် ဖလားစန့်ခေါဖိတ်

 မြန်မာ့သမိုင်း ဆရာ အချို့တို့သည် မြောက်ဘက် တလွှား မောသျှမ်းများကို ဗုဒ္ဓဘာဝါဒီ များဖြစ်အောင် ဘုရင့်နောင် မင်းတရားကြီးက သွတ်သွင်း ခဲ့လေသည်ဟု အာဘောင် အာရင်း သန်သန်ဖြင့် အမြဲရေးလေ့ ရှိကြသည်။ သမိုင်း အခိုင်အလုံ ရှိသော ဌာနေ သျှမ်းနီတို့  ဖလား စန့်ခေါဖိတ် စေတီတော် တည်ထား ကိုယ်းကွယ် နေချိန် ဘုရင်နောင် မင်းတရား လူဘ၀တောင် မရောက် ရှိသေးသည်ကို သမိုင်းက ပြဆိုပေသည်။

AD-11 ရာစုတွင် သျှမ်းညီနောင် သုံးဦး ဖြစ်သည့် ခွန်ကံ ခေါ်(ဆေကော်ဖှ) ခွန်ရံ ခေါ် (ဆေတုံဖှ) ခွန်အွန် ခေါ် (ဆေကျန်ဖှ) တို့သည်။ မိန်းမိတ် ခေါ် (မိုးမိတ်-ဓါး) မိန်းကောင်း ခေါ် (မိုးကောင်း- အိုးစည်) မိန်းယမ်း ခေါ် ( မိုးညှင်း-ဗျိုင်း) စသည့် လက်နက် တိုင်းနိုင်ငံ အသီးသီးကို သက္ကရာဇ် (၃၀၀၊ ၃၀၁၊ ၃၀၂၊) ထူထောင်လေသည်။ ဆေကျန်ဖသည် ဗျိုင်းကို အတိတ် နမိတ်ယူပြီး မိန်းယမ်း (ဗျိုင်းမြို့)သည် ရှေးအခါက တိုင်းဆယ်တိုင်း အနက် မှုးလွင်ပြင် အာဠ၀ီတိုင်း၏ မြို့တော်ဟုခေါ်သည်။ မိမ်းယမ်းသည် အရန်မြို့ငယ် ၃၇-မြို့ (ဆမ်ဆစ်ကျစ်-မိန်း) ရှိခဲ့သည်၊

ကာလရှည်ကြာသော မိမ်းယမ်းမှ ယခု မိုးညှင်းမြို့ (ကချင်ပြည်နယ်တွင်းရှိ) ဟုခေါ်ဆိုလာကြသည်။ ယင်းသည် ပထမ - မိန်းယန်း (မိုးညှင်းမြို့)ဖြစ်သည်။

 သက္ကရာဇ် ၇၆၃-၇၈၃ အင်းဝရွှေထီးရွှေနန်းကို ပထမ မင်းခေါင် မင်းပြုစိုးစံသော အချိန်တွင်ဖြစ်သည်။ မိုးညှင်းတွင် အုပ်ချုပ်ရေးအကြီးအကဲ ကင်းနေသဖြင့် မိုးညှင်းသျှမ်းများက မိုးမိတ်စော်ဘွားနှင့် ညှိနှိုင်းပြီး အင်းဝဘုရင် ရွှေနန်းရှင် မင်းခေါင်ကြီးထံ မင်းလျာတောင်းကြလေသည်။ ဘုင်မင်းခေါင်ကြီးသည် ပညာရှိ အမှတ်ကြီး ဘိုးရာဇာကို ခေါ်ကာ မြို့လှစားဥဒိန်သည် ငါ၏ငယ်ရင်းဖြစ်သည်။ ကြိုးစားအားထုတ်၍ ဇွဲလုံးလရှိသူလည်းဖြစ်သည်၊ မြို့လှစားဦးဥဒိန်ကိုပေးရသော သင့်မည်လော ဟုတိုင်ပင်တော်မူသည်။

ဘိုးရာဇာလည်း သင့်မြတ်လှကြောင်း အကြံပြုလျှောက်လေသော ဘုရင်မင်းခေါင်ကြီးက မြို့လှစား ဦးဒိန်အား သက္ကရာဇ် ၇၆၄ -ခုနှစ်တွင် “ သတိုးဘွဲ့  သရဖူကိုဆောင်းကာ တောင်တွင်းမင်း၏ သမီး ရှင်မိမြတ်နှင့် နန်းတက် စုံဖက်တော်မူစေပြီး ထိုအချိန်က မိန်းယမ်း ခေါ်(မိုးညှင်း)ကို စားစေတော်မူခဲ့လေသည်။ (မိုးးညှင်း သတိုးသည် ပဂုံပြည်နရပတိ စည်သူမင်းကြီး၏ အနွယ်တော်ဖြစ်လေသည်။ ခမည်းတော်မှာ မြေနဲမြို့စား စောဒိကာဖြစ်၍ မယ်တော်မှာ ညောက်ရမ်းမြို့စား စောမွန်နစ်၏ သမီးတော်ဖြစ်သည်။ ငယ်အမည်မှာ မင်းနံစီ ဟုအမည်တွင်ပြီး မင်းကြီးစွာစော်ကဲ၏သားတော် မင်းဆွေပထမမင်းခေါင်ဘွဲ့ အမည်ဖြင့် ထီးနန်းစိုးစံ၍ ငါးလအကြာ ဥဒိန် အမည်ဖြင့် မြို့လှကိုစားခဲ့သည်။)

မြို့လှစား ဥဒိန်သည် သတိုးဘွဲ့ ဖြင့် မိန်းယမ်း (မိုးညှင်းမြို့) ကိုရလျှင် မိုးညှင်းသို့ မသွားမီ မြင်းကောင်း ကကြိုးအစုံတစ်စီးနှင့် လက်ဆောင်ပြ၍ ဘိုးရာဇာထံသွားလေသည်။ ဘိုးရာဇာ မတော်မူ၍ မိုးညှင်းကို အကျွန်ုပ် ရတော်မူပေပြီ၊ မည်သို့ ကျင့်ရလျှင် စည်ပင်ဝပြောသာယာအံ့နည်း ဟုမေးလေသော ဘိုးရာဇာလည်း ပြည်ရွာစည်ပင်စေအပ်သော အပဟာနိယဓမ္မ ခနှစ်ပါး၊ မင်းတို့သင်္ဂဟတရားလေးပါး တို့ကို နှလုံးလှနှင့် လက်ရုံးလှတို့တွင် နှလုံးလှကို ကြိုက်လေ ဟုမှာလေ၏။ သတိုးသည် မိန်းယမ်း (မိုးညှင်း) သို့ရောက်လျှင် မြို့နန်းတည်ပြု၍ ပြည်သူတို့အား ၀မ်းထွက်သားသကဲ့သို့ သိမ်းပိုက်အုပ်ချူပ်သဖြင့် ပြည်ရွာစည်ပင်သာယာ ၀ပြောလေသည်။ ယင်းသည် ဒုတိယ-မိန်းယမ်း (မိုးညှင်းမြို့) ဖြစ်လေသည်။ 

မိုးညှင်းသတိုးမင်းသည် ထေရ၀ါဒ သာသနာတော်ကို စတင်တည်ထောင်ခဲ့၏။ ပုဂံနေပြည်တော်မှ ကြွရောက်တော်မူလာကြသော အရှင် ဗုဒ္ဓ၀ါဒ၊ မထေရ် နှင့် အရှင်သုမနမထေရ်သည် မိုးညှင်းတွင် ထေရ၀ါဒ သာသနာတော် ပြန့်ပွားထွန်းကားခဲ့လေသည်။ မိုးညှင်းသတိုးသည် ရတနာသုံးပါး ဘာသာတရားတို့၌ အလွန်ပင်ကြည်ညို ရိုသေခြင်းရှိလေ၍ မိုးညှင်းမြို့ အနောက်ဘက် ငါးမိုင် ဘီလူးမြို့ ဟောင်းကျေးရွာ (ယခင် အာဠ၀တီတိုင်း ယက္ခပူရမြို့) တွင် သီရိ ဓမ္မာသောက မင်းမြတ်ရာဇာ၏ ကောင်းမှုတော် မဟာရွှေဘုံသာ ဘုရား စေတီတော်ကို ပြန်လည်ပြုပြင်၍ ရောင်တော်ဖွင့်ခဲ့လေသည်။

မိုးညှင်း သတိုးမင်းသည် ပြုသူများ ကြည်ညို သဒ္ဓါပွားစေနိုင်ရန် ရည်သန်၍ သက္ကရာဇ် ၇၆၅ ခုနှစ် တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့ နံနက် ၄ချက်တီးအချိန်တွင် မြို့နန်းတည်ရာ အနီးပထ၀ီ ဇေယျကျော်ကိန်းရသော ဘူမိနက်သန် မြေကြန် လက္ခဏ မဟာမင်္ဂလာနှင့် ပြည့်စုံသည့် ကုန်းမြေမြင့်တွင် ရှင်ဓမ္မ၀ိလာသ နှင့် ရှင်ဥတ္တမကျော်တို့ကို ဦးစီးစေပြီး ရဟန်း သံဃာတော်များ စုံလင်စွာပင့်ဖိတ်၍ မြို့သူမြို့သား နယ်သူနယ်သားမကျန် စေတနာသဒ္ဓါထက်သန်စွာ သတိုးမင်းကိုယ်တော်တိုင် ရွှပန္နက် ငွေပန္နက်တင်ပြီး ရွှေအုတ် ငွေအုတ် ပတ္တမြားအုတ် တို့ကို ချတော်မှုကာ စေတီတော်ကို တည်ထားကိုးကွယ် တော်မူသည်။ (စေတီတော်ကြီး ဖိနပ်တော် ပေ- ၈၀ကျော် အောက်ဋ္ဌာပနာတွင် ရွှေငွေကျောက်သံ ပတ္တမြား လှည်းကိုးစီးတိုက် ဋ္ဌာပနာခဲ့ကြပြီး ဒုတိယပစ္စယံနှင့် အထက်ပစ္စယံတွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော် ဆင်းတုရုပ်တုတော်များနှင့် ရတနာ မျိုးစုံတို ဋ္ဌာပနာထားသည်ဟု မှတ်တမ်းများက ဆိုသည်။)

မိုးညှင်းသတိုးသည် စေတီတော်တီသော အခါ သတိုးတင်း၏ အားကိုးရဆုံးသော လိမ္မာပါးနပ်လှသည့် ဆင်လည်ဖြူကြီး တစ်စီးကို ဘုရားကြီးပြီးမြောက်အောင်မြင်သည် အထိ အုတ်ရရှိစေရန် မြေနှင်း မြေသနစ်ခြင်း ကောင်းမှုကို ပြုစေသည်။ ဆင်လည်ဖြူကြီးမှာ အမြင့် ရှစ်တောင်ခန့်ရှိ၏။ တစ်ကိုယ်လုံးတွင် စိမ်းညိုသော အမွေးနှင့် လည်ကုတ်တွင် ဖြူဖွေးသော အမွေးပေါက်လေသည်။ နှာမောင်းဖျား၊ နှုတ်ခမ်းဖျား၊ မျက်ဝန်းအနားတို့သည် ဟင်္ဟာပြဒါး ကဲ့သို့ အဆင်းရှိသည်။ အစွယ်နှစ်ဖက်တို့မှာ နှာမောင်းအိုးမှ နှစ်တောင့် တစ်ထွာရှည်ပြီး စိမ်းညိုသော အရောင်ကဲ့သို့ အဆင်းရှိသည်။ ခွာလေးဘက်တွင် ခြေသည်း လက်သည်းတို့သည် ဖြူနီလာအဆင်းရှိ၍ အမြီးဆံမှာ ကြေးနီရောင်ကဲ့ သို့ရှိသည်။ ယင်းထူးခြားသည့် ဆင်းကြီးကို သျှမ်းဘာသာစကားဖြင့် “ စန့်ခေါဖိတ်ဟုခေါ်ကြသည် ။ မြန်မာအဆိုအားဖြင့်စန့်-ဆင်၊ ခေါလည်ပင်း၊ ဖိတ်-ဖြူ ဆင်သော လည်ပင်းဖြူး (သို့) ဆင်လည်ဖြူ ဖြစ်လေသည်။ စေတီတော်ကြီး ပြီးမြောက်အောင်မြင်သည် အထိ လုပ်အားဒါနပါဝင်ခဲ့သော ဆင်လည်ဖြူကြီး စွမ်းအားကို ဂုဏ်ဆောင် ထောပနာပြုကြကာ ဌာနေသျှမ်းတို့က “ ဖလားစန့် ခေါဖိတ် ဟု ဘွဲ့တော်မည်တော်မူခဲ့လေသည်။

မိုးညှင်းသတိုးသည် အင်းဝသီဟသူ မင်းနတ်ရွာစံစဉ် သက္ကရာဇ် ၇၈၈-ခုနှစ် နယုန်လတွင် အင်းဝရွှေထီး ရွှေနန်းကို သိမ်းမြန်း စိုးစံတော်မူပြီး မိုးညှင်းမင်းတရာကြီး (သီရိတြိဘ၀နာ ဒိတျာပ၀ရပဏ္ဍိတ ဓမ္မရာဇာ) မင်းဘွဲ့တော်ဖြင့် မင်းပြု အုပ်ချုပ် တော်မူခဲ့လေသည်။ မိုးညှင်းသတိုးဘွဲ့ သရဖူဖြင့် သက္ကရာဇ် ၇၆၄ မှ ၇၈၈ထိ ၂၄နှစ်တိုင် မိုးညှင်းမြို့ကို အုပ်ချုပ်ပြီး သက္ကရာဇ် ၈၀၁- ခုနှစ်အထိ သီရိတြိဘ၀နာ ဒီတျပရဏ္ဍိတ ဓမ္မရာဇာ မိုးညှင်းမင်း တရာကြီး ဘွဲ့တော်ဖြင့် နန်းစံသက် ၁၃-နှစ် အင်းဝတွင် မင်းပြုတော်မူခဲ့ပြီး သက်တော် ၆၄-နှစ်တွင် ကံတော်ကုန်လေသည်။

 AD - 1524 သက္ကရာဇ် (၈၄၂-၈၆၄) ဒုတိယမင်းခေါင် အင်းဝ ရွှေထီးနန်းကို စိုးစံစဉ်ကာလတွင် ဖြစ်သည်။ စောဝ်လုံ (ခေါ်) စလုံစော်ဘွားသည် မိုးညှင်းကို အုပ်ချုပ်လေသည်။သတိုးရာဇာ ရဲကျော်စွာနှင့် ကျေညာထင်ပေါ် ညီတော်ဘုန်းရှိ နရပတေ့ တသုန် ပြည့်စုံမင်းဖျားသားတော် မင်းခေါင် မြန်အောင် ရိုက်မွန်း ရွှေနန်းကြော့ရှင်း အောင်မြင်ရန်နင်း ထီးခြောက်စင်းကား မိုးညှင်းမင်းမျိုး နွယ်တရိုးသည် သတိုးဖျား မင်းတရာက စသည်ရေတွက် ဆယ့်သုံးဆက်တိုးရန် ခက်ချိုးနွံ စိုးမိုးစံသည် နိုင်ငံအလွ စည်းပြီးတည့်ဟုနောင်လာမှတ်စဉ် မင်းစာစဉ်တွင် စပ်ဆိုထားသည်။ 

မိုးညှင်းသတိုး ဆယ့်သုံးဆက်နောက် စောဝ်လုံ (ခေါ်) စလုံစော်ဘွားသည် လျှမ်းလျှမ်းတောက် ဘုန်းတန်းခိုးကြီးခဲ့လေသည်။” 

စ၀်လုံစော်ဘွားသည် ပညာရှိမှူးမတ်တို့နှင့် တိုင်ပင်ပြီး မဟာဝင်၊ သာကီဝင်၊ ဒီပ၀င်၊ ရာဇ၀င်အဆို အိမိန့်များနှင့်ညီ၊ မင်းကျင့်တရား ဆယ်ပါး၊ အပရိဟာနိယ ဓမ္မ () ပါးနှင့် ပြည့်စုံသော မင်းအဖြစ် ဆောင်ရွက်ခြင်း စသည့် အင်္ဂါရပ်တို့ကို ပြည့်စုံအောင် ဆောင်ရွက်လေသည်။ မိုးညှင်းမြို့ နန်းတည် နယ်နိမိတ်အတွင်း နဂရ ဈေးရှိသော အရပ်၊ ဂါမ-မြို့ သာရှိ၍ ဈေးမရှိသော အရပ်၊ နိဂါမ-ဈေးမြို့ မရှိသော အရပ်၊ ဇနပဒ- မင်းနေသော ခရိုင်၊ ရာဌ-မြို့ ကိုဖွဲ့စည်းအုပ်ချုပ်လေသည်။

“ အစွန်းငါးခု ပသျှအဌဒီဃ သက္ကရာဇ် ၈၈၅- ခုနှစ် တပို့တွဲလဆန်း ၁၂-ရက် စနေနေ့ဖြစ်သည်။ သြကာသလောက၌ နိမိတ်ပြပုံကား ကောင်းကင်တွင် ဖျောက်ဆိတ်သည် လတွင်းချင်းသည် ကြယ်ကြီးထက် ကြယ်ငယ်နားသည် ဟူ၏။ မိုးညှင်းစလုံစော်ဘွား မိုးညှင်းမြို့စားမြို့ကို အုပ်ချုပ်ခဲ့ရာ ကြီးကျယ်ခမ်းနားသော ဟော်နန်းကြီးများဖြင့် ကြက်ပျံမကျ စည်ကားလေသည်။ ဤသည်ကာ မော်သျှမ်းကြီးနွယ်တို့၏ အသျှင်သခင်ဘုရင် ပင်ဖြစ်သလို မြန်မာ့သမိုင်း တွင်လည်း မြန်မာ့နိုင်ငံကို အုပ်ချုပ်ခဲ့သော ဘုရင်တပါးပင်ဖြစ်သည်။

ယင်းသည် တတိယမိန်းယမ်း (မိုးညှင်းမြို့) ဖြစ်လေသည်။ ယဉ်ကျေးမှု ထွန်းကားပြီး ဗုဒ္ဓသာသနာတော် လည်း ပြန့်ပွားစည်ပင်ခဲ့လေသည်။ သက္ကရာဇ ၈၈၈ခုနှစ် သည် မိုးညှင်းသည် အလုံးစုံအမြင့်ဆုံး အထွဋ်အထိပ်သို့ ရောက်နေချိန်ဟု ဆိုရပေမည်။ မိုးညှင်း စောဝ်လုံစော်ဘွားသည် မိုးညှင်းမြို့ကို အုပ်ချုပ်စဉ် မင်းကျင့်တရားဆယ်ပါး၊ အပရိဟာနိုယဓမ္မ ()ပါး နှင့် ပြည့်စုံပြီး သာသနာဘာသာကို ရိုသေကြည်ညိုသူ ဖြစ်သဖြင့် မိုးညှင်းသတိုး (မိုးညှင်းမင်းတရားကြီး) တည် ထားတော်မူခဲ့သော“ စန့်ခေါဖိတ် ” စေတီတော်ကြီး ဟောင်းနွမ်း ယိုယွင်းနေသည်ကို မြင်လေရာ ရဟန်းသံဃာပညာရှိ မှူးမတ်တို့နှင့် တိုင်ပင်ပြီး စောဝ်လုံ စော်ဘွား ကိုယ်တော်တိုင် ဦးဆောင်ကာ မြို့ရွာနယ်ပယ်ရှိ အပျို- လူပျိုများစုပေါင်း၍ အုတ်တစ်ချပ် စီထည့်ပြီး ကုသိုလ်ပြုမွမ်းမံ ရောင်တော် ဖွင့်လေသည်။ 

မိုးညှင်းစောဝ်လုံစော်ဘွား သည် သက္ကရာဇ် ၈၄၈ -ခုနှစ် တန်ခူးလ၊ တနင်္ဂနွေနေ့တွင် ဖွားမြင်သည် အိမ်နိမ့်စံ ၄၅- ခုနှစ် မိုးညှင်းကို အုပ်ချုပ်ပြီး သက္ကရာဇ် ၈၈၈ -ခုနှစ်တွင် အင်းဝ ရွှေထီးရွှေနန်းကို သိမ်းမြန်းမြင်းပြု စိုးစံခဲ့လေသည်။ အထက်ပါ “ ဖလားစန့် ခေါဖိတ် သမိုင်းသက်သေ အထောက်အထါးများ အရ မိန်းယမ်းခေါ် မိုးညှင်း သျှမ်းမင်းများသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြကြောင်းသိနိုင်သည်။ “ ဖလားစန့် ခေါဖိတ် စေတီတော်ကြီးသည် ယခုတိုင် မိုးညှင်းမြို့ နမ့်ပုတ် ရွာမျက်နှာစာတွင် ရှိနေပါသည်။ သျှမ်းဘိုးဘေးများ ပါဝင်ပတ်သက်ခဲ့သော သျှမ်းသမိုင်းဝင် စေတီတော်ဖြစ်၍ အနာဂတ် သျှမ်းလူငယ်များ သိရှိရန် တင်ပြလိုက်ရပါသည်။
ထုတ်နုတ်-
မိုးအောင် (မျိုးမြန်မာ)ပြုစုသည်
စန့်ခေါဖိတ် (ခေါ်) ရန်မောင်မြင် စေတီတော်သမိုင်း


မြန်မာရာဇ၀င် ဆရာ အချို့တို့သည် မိုးညှင်းစောဝ်လုံနှင့် သားဆေခန်ဖှ (သိုဟန်ဘွား) ဆိုရင် မိစ္ဆာ အယူအဆရှိသူများဟု ရေးသားကြလေသည်။ ဖလားစန့်ခေါဖိတ် သမိုင်းကို ထောက်ရူခြင်းဖြင့် မောသျှမ်းကြီးများအနွယ် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ် သျှမ်းများသည် ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြောင်း ခိုင်လုံသော သက်သေ အထောက်ထားပင် ဖြစ်သည်။ 

ဒေါက်တာ-သန်းထွန်းက မြန်မာရာဇ၀င် ဆရာတို့သည် မဖြစ်ဘူးသည်ကို အဖြစ်လုပ်ခဲ့သလို
 ဖြစ်ဖူးသည် ကိုလည်း မသိမကြားဘူးသကဲ့သို့ ချွင်းချန်၍ ထားခဲ့သည်များကို တွေ့ရပါသည်။နိဂုံးအနေဖြင့်လည်း မြန်မာရာဇ၀င်ကို မြန်မာများကပင် အကဲအပိုမပါစေဘဲ ရေးသား၍ ကမ္ဘာကို တင်ပြချိန်ရောက်ပြီဟု ဆိုချင်ပါသည်။  နိဂုံးအနေဖြင့် အင်္ဂလိပ်၊ ကုလားစသည်တို့က မဟုတ်မမှန် လီဆည်၍ မြန်မာအဆိုးဟု ရေးလေသည် တို့ကိုလည်း ဖော်ထုတ်ပြင်ဆင်၍ ဟုတ်သလောက်မူ ၀န်ခံပါဟု တိုက်တွန်းလိုပါသည်။

ဤနိဂုံး၌ပါသာ စကားသုံးချက်ကား ကျွန်တော်များ အစဉ်တစိုက် ဆက်လက်ထုတ်ဝေရန် ရည်သန်သော မြန်မာရာဇ၀င်စာတန်း များ၏ ၀ါဒပင် ဖြစ်ပါသည်။
ထုတ်နုတ်
မြန်မာရာဇ၀င်စာတမ်း အမှတ်-
ဒေါက်တာသန်းထွန်း


သျှမ်းလူငယ်အပေါင်းတို့ အသောကမင်းကြီး၏ တည်ထားခဲ့သော စေတီဟောင်းများကို မွမ်းမံပြင်ဆင် ခဲ့သော ရွှေတောင်ဦးရှင်ကြီးမထေရ်၏ သမိုင်းအရ မန္တလေးအထက် စေတီပေါင်း (၂၇)ဆူ ရှိလေရာ လက်လှမ်းမှီသလောက် ကိုဖေါ်ပြပါမည်။ ထိုခေတ် ထိုအခါက မန်းလေး အထက်သည် သျှမ်းတို့နယ်မြေများ ဖြစ်၍ လက်လှမ်းမှီ သမျှ သမိုင်းစေတီပုထိုးများရှိပါက ပေးပို့ ပေးကြပါရန် တောင်းပန်အပ်ပါသည်။ လေးစားလျှက် .. ကျားပေါက်..


 ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်