koko

koko

Wednesday, June 5, 2013

ကိုးသိန်းသခင်နှင့် ငါးစီးရှင်

မြန်မာ့သမိုင်းတွင် အရေးပါ လျှက်ရှိသော မြန်မာနိုင်ငံ အလယ်ပိုင်းသို့ ပေါက်ရောက် လာသော သျှမ်းများတွင် အသင်္ခယာ၊ ရာဇသင်္ကြန်နှင့် သီဟသူရ အမည်ရှိသော သျှမ်းညီနောင် သုံးဦးမှာ ကျောက်ဆည်ဒေသတွင် အခြစိုက်၍ ထင်ရှားလာသူများဖြစ်သည်။ 

သျှမ်းညီနောင် သုံးဦးမှာ သျှမ်းမှူးမှတ် မျိုးထဲမှဖြစ်ပြီး ဖခင်မှာ ခွန်ဆိုင်ခမ်းဖန်း ဖြစ်၏ ပေါက်ကန်နန်းတော်ကို ဆန်ရေ စပါးအများဆုံး ပံ့ပိုးသော ဤသျှမ်းမိသားစုကို ပေါက်ကန်ရှင်ဘုရင် (တလုတ်ပြေးမင်း) ကဘွဲ့သစ်များဖြင့် ချီးမြှင့်မြှောက် စားလေသည်

အဖေ ခွန်ဆိုင်ခမ်းဖန်း = သင်္ခဗိုလ်
သား ခွန်အိုက်ဆိုင်ခိုင်=အသင်္ခယာ မြင်စိုင်းစား
သား ခွန်ယီဆိုင်ကမ် =ရာဇသင်္ကြန် မက္ခရာစား
သား ခွန်ဆမ်ဆိုင်ရှဲန် =သီဟသူ မြစ်သာစား (ဒေါက်တာ စိုင်းဆန်အိုက်ရေး ဆိုမိသားစု)

အသင်္ခယာသည် ပုဂံမင်း ဥစ္စာနှင့် သုံလူလ တို့၏မြေး စ၀်ဦးနှင့်ဆက်၏ ( ဓါတ်ပုံ ၂၉၁/၁၀ - ၁၄)။ ထိုညီနောင်သုံးဦးတွင် အငယ်ဆုံး သီဟသူရ ကားနောင်တော်များထက်ပို၍ မင်းဖြစ်ရန် လုံ့လပြုသူဖြစ်ပါသည်။ များမကြာမီ မြန်မာတို့ကို စည်းရုံး၍ တရုတ်အားတော်လှန်ရန် လှုံ့ဆော်ကြပါတော့သည်။ ဇင်းမယ် (ချင်းမိုင်)တွင် ရှိသောသျှမ်းတို့၏ အကူညီကိုလည်း ရယူခဲ့ပါသည်။ -

AD- 1295 သီဟသူရသည် ဆင်ဖြူရှင်ဘွဲ့ခံသည်။ (ဓါတ်ပုံ ၃၈၉-၈/၈) နောက်တစ်နှစ်တွင် ထီးဖြူဆောင်းတဲ့ မင်းတစ်ပါးအဖြစ် နေထိုင်းကြောင်းသိရသည်။ (ဓါတ်ပုံ ၂၈၅/၂)၊ ပုဂံထီးနန်း၌ မင်းရှိသောလည်း သျှမ်းညီနောင်သုံးတို့သာလျှင် စင်စစ် တန်ခိုးအာဏာရှိ သူများဖြစ်သည်။ (ဓါတ်ပုံ ၂၈၅/၂) -ဒေါက်တာ သန်းထွန်း မြန်မာရာဇ၀င် စားတမ်း အမှတ်-၁

AD- 1297 ပေါက်ကန်နန်းတွင်း မှူးမတ်များနှင့် ပြည်သူများ၏ သဘောတူညီမှုဖြင့် သျှမ်းညီနောင်သုံးဦးမှ ညီထွေးသီဟသူအား ပေါက်ကန်၏ ဘုရင် ဧကရာဇ်အဖြစ်(ကျော်စွာကိုနန်းချ၍) နန်းတင်ကြလေသည်။ ထိုအချိန် သီရိရာဇာ ဆိုသူမင်းမျိုးတစ်ဦးသည် ကျောက်ဆည်၌ လူသူစုစည်းပြီး သျှမ်းမင်းကိုပုန်ကန်၏။ သီဟသူက ဇင်းမယ်(ချင်းမိုင်) ဘုရင်ပပိုင်ဆီဖူး၏ အကူညီယူ၍ ပုန်ကန်မူကို ဖြိုခွင်းလိုက်သည်။ ထို့ကြောင့် ပိုမိုကျယ်ပြန့်သော နယ်မြေကို သိမ်းသွင်းလိုက်နိုင်သည်။

ထိုကာလ၌ မွန်ဂိုတာတာ တင်မြှောက်ထားသော ကျော်စွာကိုဖြုတ်ချ သောကြောင့်မွန်ဂိုးတို့က မကျေနပ်ဘဲ ပြန်လာကြ၏။ သီဟသူက မှူးမတ်များနှင့် တိုင်ပင်ပြီးသီဟ သူပလ္လင်ပေါ်မှ ဆင်းပေးခါ၊ စောနစ်ကို တင်မြှေက်လိုက်ကြ ပြန်သည်။ မွန်ဂိုးတို့က သူတို့နန်းတင်ခဲ့သော ကျော်စွာ၏သား ပဉ္စင်းဝတ်နှင့် ရှိသော ကုမာရကဿပကိုပါ ခေါ်ဆောင်လာလျှက် သျှမ်းမင်း အုပ်ချုပ်သော မြင်စိုင်းကို AD 1300- January -25 -ရက် တွင်ဝင်ရောက် တိုက်ခိုက်သည်။

သျှမ်းညီနောင်သုံးဦးတို့ ခံစစ်ပြုထား၍ တရုတ်တို့ မြို့ကိုသိမ်းရန် February -28 -ရက် အားသွန်ကြိုးစား တိုက်သော်လည်း မအောင်မြင်ချေ။ March -12 ရက်တွင်ခွန်အိုက်ဆိုင်ခိုင်(ခွန်ဆိုင်ခမ်းဖန်း ခေါ်သင်္ခဗိုလ် ) အသင်္ခယာစေ့စပ်ရန်စကား ကမ်းလမ်းလိုက်သည် မွန်ဂိုးတရုတ်ကို မောင်းထုတ်ခဲ့၍ သျှမ်းညီနောင်များ တလုတ်ကန်မင်း ဟုနာမည်ရလာသည်။

နောက်ပိုင်း၌ သီဟသူက မွန်ဂိုးများနှင့် မိတ်ဖွဲ့လာသည်။ မွန်းဂိုးတပ်၌ သျှမ်းတပ်မူးကြီး ခွန်ယီကွဲခမ်း၊ ခွန်တောင့်နွဲ့ လည်းပါလာ၍ သူတို့၏ ကူညီဖြောင်းဖျပြောဆို ထောက်ခံမှုကြောင့် မွန်ဂိုးဗိုလ်ချုပ်နှင့် ပြေလည်လာ၏။ မွန်းဂိုးများက 1303 -April -4-ရက်တွင် သီဟသူကိုပင် ပေါက်ကန်၏ ဘုရင်ဧကရာဇ်အဖြစ် အသိအမှတ်ပြုကာ ပြန်သွားကြတော့သည်။ (ဒေါက်တာ စိုင်းဆန်အိုက်ရေး ဆိုမိသားစု)

AD- 1342 ခုနှစ် မောဝ်သျှမ်းတို့မြေဖြစ်သော ရွှေလီမြစ်ညာဒေသကို တရုတ်တို့က လုန်ချွန်ကျန်ဟုခေါ်သည်။ မောမြစ်ဟုလည်းခေါ်သည်။ မောဝ်ဒေသကို အုပ်ချုပ်သူမှာ သိုခိုဖွား အမည်ရှိသူပင်ဖြစ်သည်။ မွန်ဂိုအာဏာပိုင်တို့ကို တော်လှန်၍ ယွန်နန်နယ်အတွင်းသို့ မကြာခဏ ၀င်ရောက်တိုက်ခိုက် သူလည်းဖြစ်သည်။ မွန်ဂိုတို့၏ နောက်ဆုံးဧကရာဇ်ဖြစ်သော ယွှန့်ကျန်က AD- 1342 ခုနှစ် တစ်ကြိမ်၊ AD- 1346 ခုနှစ်တွင် တစ်ကြိမ်၊ AD- 1348 ခုနှစ်တွင် တစ်ကြိမ် သုံးကြိမ် တိုင်တိုင် စစ်ခင်းသောလည်း သိုခိုဖွား၏ အင်အားကို ဖျက်ဆီးခြင်းမရှိနိုင်ပါ။ -ဒေါက်တာ သန်းထွန်း မြန်မာရာဇ၀င် စားတမ်း အမှတ်-၁

မောဝ်သျှမ်း ဘုရင်ဖြစ်သော သိုခိုဖွားသည် နောင်တွင် သျှမ်းတို့၏ ကိုးသိန်းသခင်အဖြစ် သမိုင်းတွင် ထင်ရှားလာခဲ့သည်။
ယင်းတို့နှင့် ဆက်နွယ်ခဲ့သော သျှမ်းများသည် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သော သျှမ်းညီနောင်သုံးဦး ပင်ဖြစ်သည်။

ကိုးသိန်းသခင်တို့၏ မျိုးဆက် ငါးစီးရှင်ကျော်စွာ

AD- 1351 ခုနှစ် ပင်းယသီဟသူရ ခမည်းတော်ကြီး နတ်ရွာစံပြီးနောက် ကျော်စွာသည် ပင်လယ်မြို့တွင် နန်းတက်လေသည်။ နန်းတက်ပြီး မကြာမီ ဆင်ဖြူ ငါးစီးရလေသည်။ ထိုအကြောင်းကို နောင်တော်ကြားသော် ညီတော်ကို နန်းအပ်ပြီး မိမိမှာမူ  တောထွက်လေသည်။ နောင်တော်ဥဇနာမင်းသည် သက်တော် ၄၂ တွင် နန်းဆင်းလေသည်။

နောင်တော်နန်းဆင်းသော် ကျော်စွာသည် သက္ကရာဇ် ၇၀၄ တွင် စစ်ကိုင်းမှတပါး ကျန် ခမည်းတော်ပိုင် နယ်မြေများကို သိမ်းပြီး မင်းလုပ်လေသည်။ စစ်ကိုင်းတွင် ညီတော် အသင်္ခယစောယွမ်းမှ မင်းလုပ်နေလေသည်။ ဆင်ဖြူငါးစီးရပြီး ငါးစီးရှင်ကျော်စွာဟု အမည်တွင်လေသည်။ မင်းပြုပြီး မကြာသော်နှစ်တွင် နတ်မြင်းကဲ့သို့ မြန်သော သိန္ဒောမြင်းကို ရလေသည်။

တနေ့လျှင် ကျော်စွာသည် စစ်ကိုင်းကို သိမ်းပိုက်လိုသော်ကြောင့် အသင်္ခယစောယွမ်းရှိရာကို သူရဲကောင်း ငခင်ညိုလွှတ်ပြီး လုပ်ကြံခိုင်းလေသည်။ ငခင်ညိုလည်း သခင်ခိုင်းသည့်အတိုင်း သွားလေရာ အခြေအနေမပေး သဖြင့် မြို့ပြင်တွင် ရက်တိတိ အစာမစားရဘဲ အခွင့်ကောင်းကို စောင့်နေလေသည်။ အခွင့်သာသော် မြို့ထဲသို့ ၀င်လေသည်။

နန်းတော်သို့ဝင်မိသော် နန်းတင်သောထမင်းကိုတွေ့ပြီး ဗိုလ်အလွန်ဆာသဖြင့် စားမိလေသည်။ ထိုနောက် အသင်္ခယစောယွမ်း စက်တော်ခေါ်ရာအဆောင်သို့သွားလေသည်။ ခေါင်းရင်းက ရပ်ပြီး ဤသို့ စဉ်းစား လေသည်။သည်မင်းသည် ယနေ့တွင် ငါ၏ ထမင်းရှင်ဖြစ်လေပြီ၊ ထမင်းရှင်ကို ပြစ်မှားသော် သံသရာတွင် အကြိမ်ကြိမ်သေရမည်ဖြစ်သည်၊ သည်မင်းကို မသတ်၍ ပြန်သော် တစ်ခါသာသေရမည်၊ဟုတွေးပြီး အသင်္ခယစောယွမ်းကို တစ်စီးရှင်သီဟသူရ ချီးမြင့်စားသော ရတနာကျောက်စီဓားကိုသာ ယူခဲ့ပြီး နန်းမြို့သို့ ပြန်ခဲ့လေသည်။

နန်းတော်သို့ရောက်လျှင် မိမိထင်မြင်ပုံကို အကြောင်းစုံလျှောက်လေရာ ဘုရင်မှငါ့ကျွန်သည် ထမင်းတနပ် စားရုံမျှဖြင့် သူကျေးဇူးကို သိတတ်သည်၊ ငါကိုယ်တော်အပေါ်ဆိုလျှင် အဘယ်သို့ ဆိုဖွယ်ရှိအံ့နည်းဟု တွေးပြီး စည်းစိမ်ချမ်းသာ များစွာ ချီးမြင့်လေသည်။ 

ငါးစီးရှင်ကျော်စွာသည် တိုင်းပြည်ကို အုပ်ချုပ်ရင်း သက်တော် ၄၅ တွင် အနိစ္စရောက်လေသည်။

အထက်ပါသမိုင်းသည် သျှမ်းညီအကိုချင်းချင်း အာဏာနှင့်ပါဝါအတွက် စစ်ခင်းလုပ်ကြံခဲ့သော သာတက သရပ်ပင်ဖြစ်သည်။ 

ဒေါက်တာသန်းထွန်းရဲ့ သမိုင်းတွေ့ရှိချက်အရ ကျောက်ဆည်နယ်က မြန်မာတွေ စတင်နေထိုင်ခဲ့တဲ့ တစ်ဆယ့်စ်ရွာရဲ့ နယ်တွေကို စစ်ဆေးကြည့်ရာ။ 

ရွာနာမည် စာလုံးပေါင်းကိုလည်း ကျောက်စာပါ အတိုင်းရေးထားပါတယ်။
ပင်လယ်၊ ပ္လဉ်မနာ၊မ္လစ်သာ၊ ရငုန်၊ မြင်ခုံတိုင်၊ ပနန်၊ တမုတ်၊ သင်တောင်၊ မက္ခရာ၊ တပ္လက်သာနဲ့ ခံလှူ၊ ပေါင်းတစ်ဆယ့်တစ်ရွာဖြစ်ပါတယ်။

ပင်လယ်ဆိုတဲ့ နာမည်က သျှမ်း၊ ခလှူက မွန်၊  ပ္လဉ်မနာ၊ ရငုန်၊ ပနန်၊ မက္ခရာ နဲ့ တပ္လက်သာ ဆိုတာတွေ မြန်မာနာမည် မဟုတ်ပါ၊ မြန်မာနည်မည်ဆိုရင် မ္လစ်သာ၊ မြင်ခုံတိုင်၊ တမုတ်နဲ့ သင်တောင် တို့တွေပဲရှိတယ်။ 

သျှမ်းမင်းများတည်ခဲ့တဲ့ သျှမ်းနာမည်နဲ့ အထင်ကရ မြို့တော်များမှာ ( ယနေ့သျှမ်းပြည်ပြင်ပရှိ)
ပင်လယ်           - လွင်ပြင်ကျယ် ရေပြင်ကျယ်
ပင်းဒယ            - စွယ်တော်ပင်လွင်ပြင်
စကိုင်း (စစ်ကိုင်း)-  ရေစီးသန်မြစ် 
အာဝ (အင်းဝ) - မြစ်ဆုံရာပိတ်၍ တည်ခြင်း။
မိန်းကောင် (မိုးကောင်း) - စည်တော်မြို့ (ဗုံ)
မိန်းယမ်း (မိုးညှင်း ) - ဗျိုင်းမြို့
ကလေး   - ရောင်းဝယ်ရေး ကောင်းတဲ့ဈေး
သောင်သွတ် အ၀အ၀င် မြစ်ကြီးကိုစီးဝင်ရာအ၀င် စသည်တို့သည် မြန်မာမင်းများနှင့် ခေတ်ပြိုင် ထင်ရှားခဲ့သော သျှမ်းတို့ မင်းစိုက်ခဲ့ရာမြို့များပင်ဖြစ်သည်။ ခြားသျှမ်းမြို့နာမည်များမှာ *@@*

ငါးစီးရှင်ကျော်စွာသည် ပင်းယခေတ် တစ်စီးရှင် သီဟသူရ၏ သားတော်အငယ် ဖြစ်သည်။ (ခရစ်-၁၃၅၁)(ကောဇာ-၇၁၃)တွင် နန်းတက်သည်။ နန်းသက် -နှစ်ဖြစ်သည်။ သားတော်သုံးပါးရှိသည်။ သားတော်အကြီးမှာဥဇနာပြောင်မင်း ဖြစ်သည်။ သားတော်အလတ်မှာကျော်စွာငယ်ဖြစ်ပြီး သားတော်အငယ်မှာ နရသူရ (မောပါမင်း) အဖြစ်နာမည်ကြော်သည်။ ငါးစီးရှင်ကျော်စွာ ပြီးနောက် သားတော်အလတ် ကျော်စွာငယ် နန်းတက်သည်။ 

 ငါးစီရှင်သီဟသူ ကွယ်လွန်ပြီးနောက်တွင် မြန်မာတို့ရိုးရာအရ ကိုးကွယ်သည့် အပြင် ၃၇ မင်းအနက် ငါးစီးရှင်နတ် အဖြစ်သို့ရောက်သည်ဟု ယုံကြည်ကြသည်။ မြန်မာတို့၏ အပြင် ၃၇ မင်းလို့ဆိုပြရာ နံပါတ် ၃၇ မြောက်နတ်မင်းသည်။  ယွန်းဘုရင် ဗြသံ ( ယွန်းဘုရင်) ဖေါ်ပြပါရှိသည်။ 
ယနေ့ကိုယ်းကွယ်နေကြသော ကိုးမြို့ရှင် နတ်မင်းသည်လည်း ကိုးသိန်းသခင်ပင်ဖြစ်၍ မြင်းဖြူရှင်သည် ၎င်း၏ စစ်သူကြီးပင်ဖြစ်သည်။

ကိုးသိန်းသခင်နှင့် ငါးစီးရှင်တို့သည် မြန်မာ့သမိုင်းတွင်သာမက မြန်မာ့နတ်ကွန်းနတ်နန်းတွင်လည်း ပါဝင်နေခဲ့သော သျှမ်းသာဖြစ်ကြောင်း တင်ပြရင် သျှမ်းညီနောင်များအတွက်.. ကျားပေါက်

ထုပ်နုပ်
--ဒေါက်တာ စိုင်းဆန်အိုက်ရေး ဆိုမိသားစု
--ဒေါက်တာ သန်းထွန်း မြန်မာရာဇ၀င် စားတမ်း အမှတ်-၁
-- ဦးကုလား၊ မှန်နန်း 

 ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်