koko

koko

Wednesday, October 16, 2013

ယွန်းထည်အစ ရှမ်းကလာ



ငယ်စဉ် ကလေးဘ၀က "ဆွမ်းအုပ်နီနီ အမေရွက်လို့ မနက်ဖြန်မနက် ကျောင်းတက်မယ်".. ဆိုတဲ့သားချော့ တေးကဗျာလေးကို လူတိုင်း ကြားဖူးကြပေလိမ့်သည်။ သို့ပေမဲ့အဲ့သည် ဆွမ်းအုပ်ကို ယွန်းထည်ပစ္စည်းဟုခေါ်ပြီး ယွန်းထည်ပစ္စည်းကို သျှမ်းလူမျိုးတို့ ဦးစွာပထမ စတင်သုံးစွဲ ခဲ့ကြောင်းကိုတော့ သျှမ်းတိုင်မသိခဲ့ကြပါ..

ယွန်းထည် ပစ္စည်းကို ဘီစီ ၁၅၇၀ မှ ဘီစီ ၁၀၄၅ အထိ တရုတ်ပြည် ဟွမ်ဟိုမြင် ( မြစ်ဝါမြစ်ဝှမ်းတွင်) တွင် ဘုရင်နိုင်ငံတစ်ခု တည်ထားစိုးစံခဲ့သော သျှမ်းမင်းဆက်တစ်ခုထိအောင် ယွန်းထည် သမိုင်းကို ပြုလုပ်သုံးစွဲနေပြီ ဖြစ်ကြောင်း အထောက်အထားများ တွေ့ရှိရသည်။ တရုတ်ပြည်ကို သူတို့ အုပ်စိုးစဉ်ကစ၍ ရှေးဟောင်းပစ္စည်း ရုပ်ကြွင်းအစအန တို့အဖြစ် အစောဆုံး နမူနာတို့မှာ သူတို့ ပထမ စတင်လုပ်ခဲ့သည့် ယွန်းထည်များမှပင် ဖြစ်ကြသည်။

ယနေ့အခေါ် ယူနမ် တချိန်က နန်ချောင် (လန့်ကျောက်) အင်ပါယာကိုဖြတ်၍ အေဒီ ပထမ ရာစုနှစ် လောက်တွင် လော၊ ထိုင်းတို့ဘက် ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံ ထဲကိုတော့ ယင်းယွန်းထည် ပစ္စည်း ရောက်လာခဲ့တာဟာ 16 ရာစု ဘုရင့်နောင်မင်း လက်ထက်မှာ မဏိပူ၊ ချင်းမိုင်၊ လင်းဇင်း ကို သိမ်းပိုက် အနိုင်ယူပြီး အဲဒီက လက်မှုပညာရှင်တွေကို ခေါ်လာခဲ့ချိန်ကစပြီး ချင်းမိုင်နယ်သား        "လာအို ခေါ် ယနေ့လော သျှမ်းလူမျိုး မစ္စတာ Yun" က စတင်မိတ်ဆက် ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ယွန်း လို့ ခေါ်တယ်လို့ သိရပါတယ်။

မြန်မာစာရေးဆရာ အချို့သည် ယွန်းကို မြန်မာ့အနုပညာ မြန်မာတို့စခဲ့သည်ဟု ထင်ရောင် ထင်မှားဖြစ်အောင် ရေးသားကာ ပုဂံခေတ်ထဲက ရှိခဲ့သသည်ဟုအမြဲ  ပြောဆိုလေ့ရှိကြသည်။

ပုဂံခေတ်တွင် ပန်းဆယ်မျိုး စလုံးအပြည့်အစုံ မတွေ့ရသေးပါ။ ပန်းဘဲ (ပန်းပဲ)၊ ပန်းခီ (ပန်းချီ)၊ ပန်းထျာန်(ပန်းထိမ်)၊ ပုရာမ်(ပန်းရံ)၊ ပန်းရန်ထိုမျှသာ ကျောက်စာ၌တွေ့ရ သည်။ အင်္ဂတေပန်း၊ အင်္ဂတေရုပ် ထုလုပ်သူတို့ကိုလည်း ပန်းတော့ဟု ဝေါဟာရ မရှိသေးပါ။

အမတ် ညာဏပိစည် (၅၉၉) ကျောက်စာတွင် ပန်းရံသမား၊ ပန်းချီ သမားတို့၏ အမည်ကိုတွေ့ရသည်။ ဂူပန်းရံ သမား ဗုဒ္ဓလင်္ကာနှင့် ပန်းချီ သမား စိတ္တရာဗိစည်တို့ဖြစ်သည်။ ဂူထွက်သမား၊ ဘုရားသမား၊ အင်္ဂတေ အသုံးအခေါ်ကိုလည်း တွေ့ရသည်။ ပန်းဆယ်မျိုးအတတ်ပညာ အပြည့် အစုံစတင်ဖော်ပြသော ခေတ်မှာ အင်းဝနှင့် ညောင်ရမ်းခေတ်မှဖြစ် သည်။

ဒုတိယ အင်းဝခေတ် (ညောင် ရမ်းခေတ် ၉၅၉-၁၁၁၃) ပခန်းကြီး အရှင်ကုမာရကဿပ၏ ဓမ္မရာသီပျို့ တွင်- "စိအုဉ်ပန်းရန်၊ ကောင်းမွန်ပြေ ပြစ်
အင်္ဂတေအတတ်၊ မည်မှတ် ပန်းတော့
တမော့ကားကျောက်၊ လက်ရာ မြောက်လွန်း
ဤတသွန်းကား၊ ထူးဆန်း ရုပ်ထု
ပန်းပုခေါ်မည်၊ ရေးသည်ပန်းချီ
လုံးညီခံမှတ်၊ ပန်းပွတ်တဖြာ
ပူတာလုပ်ငြား၊ ပန်းခေတ်များက
တခြားဝေဖန်၊ ဤတသွန်နှင့်
ထက်ချွန်လှံ ဓား၊ သံအားခိုင်မြဲ
ပန်းပဲတရေ၊ ကြေးမှတ်တတ်သည်
ပန်းတဉ်းမည်၏။ အရည်လျှံထွေ
ရွှေ၊ ငွေကစ၊ တတ်သမျှကား မည်ရသဘော
ပန်းထိမ်လောသား၊ ဖော်နှောရုံးမှု
ဤအစုသည်" ဟုတွေ့ရသည်။


ဤတွင် ပူတာ ပန်းခက် အတတ်ဟုသာ ပြဆိုသေးသည်။ ပန်းယွန်း အတတ်ဟု မပြဆိုသေးပါ။ ပူတာကို ဆရာယုဒသန်က အဖုံးပါသော တောင်း၊ တံတင်းပူတာအား ကျော် အောင်စံထား ဆရာတော်က ဥစ္စာ သိုမှီရာ၊ သစ်ဘဏ္ဍာ၊ နှီးဘဏ္ဍာ၊ ဆရာကြီး ဦးဖိုးလတ်က ပူတာ ဆိုသည် ဝါးနှီးရက်ထည် ပစ္စည်းစသည် ဖြင့် ဖွင့်ဆိုကြသည်။ ပူတာ ပန်းခတ် အတတ်မှာ ပန်းယွန်းအတတ်ပညာ ရှေ့ပြေးဟု ယူကောင်းယူရမည်ထင် သည်။ သို့သော် ပန်းယွန်းအသုံးကိုမူ ကုန်းဘောင်ခေတ်နောက်ပိုင်းမှ သုံးလာခဲ့ကြောင်း သာ အထောက်အထား ခိုင်လုံသည်။
<-- font="" size="2">အရှေ့ပိုင်း ကျိုင်းတုံလက်ရာ

ယွန်းထည်မှာ ပိုမိုသိမ်မွေ့သည့် အရည်အသွေး အနုပစ္စည်းတခုအဖြစ် တိုးတက်ဖြစ်ပေါ် လာခဲ့သည့်တပြိုင်တည်းပင် ကုန်းဘောင်ခေတ် ရောက်လာချိန်မှာတော့ မြန်မာ့ရှေးရိုးစဉ်လာ အနုအလှ ပစ္စည်းပစ္စယတို့၏ ဟန်ပန်လက်ရာ တမျိုးအဖြစ် မြန်မာပိုင်ဖြစ်လာခဲ့သည်။

မြန်မာတို့ အသုံးပြုခဲ့သော ခေတ်အရ ခိုင်လုံသော သမိုင်းတခုမှာ သက္ကရာဇ် (၉၉၉) ခုနှစ် ရာဇာမဏိဠိစေတီ (ကောင်းမှုတော်) ကျောက်စာတွင် " ရွှေခွန်၊ သစ်စေးခွန် မွန်းတော်မူသည်တွင် သစ်စေးကို သစ်စေးတော်ဖြစ်စေ၍ သစ်စေး ဆက်ပွဲတော် မှုသည့်ကာလ ၎င်းရွာနှင့် အပါဝင် (၂၄) ရွာတို့ကို တချိန်တည်း သစ်စေးတော် နင်းပွဲသည်။ ရွှေခွန်တော် (၄၁) ရွာတော်ပွဲတော်မှုသည်။ ကျောင်းလည်း လေးမျက်နှာ ပွဲခတ်အလုပ်တော်မှုသည် တွင်လည်း သံဆက် (၂၄) ရွာ ပွဲတော်မှု၍ သံ၊ ရွှေ၊ သစ်စေး သုံးဦးသားတို့ကို ၎င်းထံတော် ဘုရားရှင် ၌ အသုံးပြုတော်မှု၍ နောက်နောင်နန်းစဉ် ရွှေတိုက်ဖြစ်စေ။

ဘုရားတည်ကာလ ၎င်းထံတော်တွင် ဘုရားရှင်အား သစ်စေးခွန်၊ သံခွန်၊ ရွှေခွန် အသုန်းလောက်စေ ဟူ၍ သုံးဦးသုံးရပ်ကို ပွဲတော်မှု၍ ( ၉၉၉ ) ခုနှစ် ခပ်သက်မင်္ဂလာ ပြုတော်မူသည်  ၌  သံတော်က ဓားစည်းနှယ် နှင်းပွဲတော်မှုရာတွင် " ဟူ၍ ရေးထိုးထားသည်။

ယွန်းထည်ပစ္စည်းသည် သျှမ်းတို့၏ အရှေးရို အမွေအနှစ်ဖြစ်၍ ယနေ့တိုင် သျှမ်းရွာများတွင် ယွန်းရေပုံ၊ ယွန်းကွန်းအစ်၊ ယွန်းပန်းတောင်း၊ ယွန်းဆွမ်းအပ်၊ ယွမ်းအုပ်စောင်းများကို ယနေ့တိုင် ရှေးမှုမပျက် သုံးစွဲနေသည်ကို တွေ့ရှိရပါသည်။

 ပေါက္ကာရာမခေါ် ပုဂံပြည်နှင့် ပြည်မြို့ကား ယနေ့ဆိုလျှင် ယွန်းထည်ထုတ်လုပ်ဖြစ်မြောက်ရာ ဗဟိုချက်ဒေသတို့ ယနေ့ ဖြစ်လာခဲ့ပါသည်။ သို့ကလို ယွန်းထည်အစဉ်အလာ အခိုင်အမာရှိလာကြသည့် နောက်မြို့တော်တို့ကား မန္တလေး ကျောက္ကာနှင့် ကျိုင်းတုံ တို့ဖြစ်ကြပါသည်။
ယွန်းစေးကို သစ်စေးပင်က ရပါတယ်။ ဝါးနဲ့ ယက်လုပ်ထားတဲ့ ပစ္စည်းပေါ်မှာ သစ်စေးအထပ်ထပ် သုတ်လိမ်းပြီး အလှဆင်ထားတာ ယွန်းထည်ပစ္စည်းလို့ပြောလို့ရပါတယ်။

အရည်သွေးကောင်းတဲ့ မြန်မာ့ယွန်းထည် ပစ္စည်းရဖို့ အဆင့် 16 ဆင့်လောက်ပြုလုပ်ရပြီး သစ်စေးသုတ်လိုက် အခြောက်ခံလိုက် ဆေးခြယ်လိုက်နဲ့ ခြောက်လလောက် အချိန်ကြာမြင့်ပါတယ်။ ယွန်းထည်လုပ်ငန်းတွေကို ပုဂံ၊ ကျောက်ကာ နဲ့ ကျိုင်းတုံ တို့မှာ အများဆုံး တွေ့နိုင်ပါတယ် ။ ပုဂံမှာ ယွန်းပညာကျောင်း ရှိနေပါတယ်။

ယွန်းလုပ်ငန်းတွင် အဓိက လုပ်ငန်းပိုင်းကြီးသုံးရပ် ရှိသည်။ ( ၁ ) အဖြူ ထည်လုပ်ငန်း ( ၂ ) အနက်ထည်လုပ်ငန်း ( ၃ ) ယွန်းထိုး၊ ယွန်းခွဲဆေး ရောင်သွင်းလုပ်ငန်း တို့ဖြစ်သည်။ လုပ်ငန်းပိုင်း သုံးခု ကွဲပြားကြသလို ထုတ်လုပ်သူတို့ကိုလည်း လုပ်ငန်း အလိုက် အစွဲပြု၍ ရှေးခေတ်ကပင် အမည်ခွဲခြားပေးပြီး ခေါ်ဝေါ်ခဲ့ ကြသည်မှာ ယနေ့အထိဖြစ်သည်။ အဖြူထည် ထုတ်လုပ်သူတို့ကို အဖြူ သမား၊ အနက်ထည် ထုတ်လုပ်သူ တို့ကို တိုက်သမား၊ ယွန်းထိုး၊ ယွန်း ခွဲ သူတို့ကို ယွန်းသမား၊ ကြိုးတိုက် သူတို့ကို ကြိုးသမားဟူ၍ ခွဲခြားခေါ် ကြသည်။ ထုတ်လုပ်သည့် ပစ္စည်းတို့ ကိုလည်း အဖြူထည်၊ အနက်ထည်၊ ယွန်းထည်ဟူ၍ သုံးမျိုးခွဲခြားထားခဲ့ ကြသည်။

သို့နှင့် သစ်စေးနှင့်ပြုလုပ်ထားသည့် ပစ္စည်းအမျိုးမျိုးပေါ်တွင် ပန်းယွန်းအတတ်၊ ရွှေရေး၊ ရွှေချအတတ်၊ သားရိုးခင်း အတတ်ပညာတို့ဖြင့် ဖော်ကျူးထားသော အနုပညာ လက်ရာပါမှသာ ပန်းယွန်းဟူသော အသုံးအနှုန်းကိုမူ ကုန်းဘောင်ခေတ် နောက်ပိုင်းမှ လှိုင်လှိုင် သုံးလာခဲ့ကြသည်။

 ရှေးခေတ်က အဖြူသမားတို့ သည် ရွှေလီမှလာသော ရွှေလီ တင်းဝါးကိုသာ ရက်ထည်၊ ခွေထည်ပြု လုပ်ရန် အသုံးပြုခဲ့ကြသည်။ ရွှေလီ တင်းဝါးမှာ ၁၃ တောင်ခန့်ရှည်ပြီး အလုံးချော၊ ရင်ဖျားညီ၊ အဆစ်ရှည် ဝါးဖြစ်၍ ဝါးမျက်စိကျဉ်းကာ ဝါး သားကျစ်၍ ချောသည်။ နှီးကိုင်၊ နှီး ဖြာ၊ နှီးစိတ်၊ နှီးတုပ်ရာတွင် လုပ် ငန်းအတွက် အစစအဆင်ပြေသည်ဆိုသည်။

ယွန်းထည်အတွက် သစ်စေး

ယွန်းလုပ်ငန်းသည် သစ်စေးကို အဓိကထား၍ ရေလဲသုံး၍ ထုတ်လုပ်ကြရသည်။ အနက်ထည် ထုတ်လုပ်သူ တိုက်သမားများသည် နိစ္စဓူဝ သစ်စေးကို ကိုင်တွယ်၍ အလုပ်လုပ်ကြရသူများ ဖြစ်သည်။
 မြန်မာနိုင်ငံ၏ အကောင်းဆုံး သစ်စေးမှာ သျှမ်းပြည်နယ်၊ ကျိုင်းတောင်း၊ ကျိုင်ပန်၊ မောက်မယ်၊ ကဒူးကြီး၊ ကဒူးကလေးဒေသမှ လာသော သစ်စေးတို့ကို ပထမတန်းစား၊ ထိုပထမ တန်းစားသစ်စေးများအနက်မှ ယွန်းလုပ်ငန်းအတွက် အကောင်းဆုံး သစ်စေးအဖြစ် ကျိုင်းတောင်းသစ်စေးကို သတ်မှတ်ကြသည်။

ဗန်းမော်၊ ကသာ၊ ရပ်စောက် သစ်စေးတို့ကို ဒုတိယတန်းစား။ နေပြည်တော်ပျဉ်းမနား၊ လယ်ဝေး၊ ရေနီ၊ ယောသစ်စေးတို့ကို တတိယတန်းစား စသည်ဖြင့် သစ်စေးသမားများက ခွဲ ခြားထားကြသည်။

သျှမ်းလူမျိုးတို့ ရှေးယချင်ထဲက အသုံးပြုနေသော ယွန်းထည် ပစ္စည်းများအတွက် ယွန်းထည်လုပ်ရန် အဓိက ကုန်ကြမ်းဖြစ်သော ၀ါး နှင့် သစ်စေးတို့သည်လည်း သျှမ်းတို့နေထိုင်ရာ ဒေသများတွင် အကောင်းဆုံး ၀ါးနှင့် အကောင်းဆုံး သစ်စေးများ ထွက်ရှိကြောင်း တွေ့ရသည်။

ယောနယ်သူနယ်သားများ 
      မြန်မာနိုင်ငံ၏ ယွန်းထည်အမျိုးမျိုးမှာ
    1.    ကျောက္ကာထည် (ရိုးရိုးစင်းစင်းပြောင်ချောယွန်းထည်များ)
    2.    ယွန်းထည်ရိုးရိုး (ဆေးသွင်းယွန်းထည်)
    3.    ရွှေဇဝါးထည် (ရွှေသွင်းယွန်းထည်)
    4.    သရိုး (ရုပ်ကြွပုံသွင်းယွန်းထည်)
    5.    မှန်စီရွှေချယွန်းထည် (သလင်းမှန်ရောင်စုံနှင့်ရွှေချယွန်းထည်)
    6.    မှန်ဖရာ့ သို့မဟုတ် နှီးဖရာ့ (ယွန်းချောက်ထည်)

ကျောက္ကာထည်
ကျောက္ကာထည်ယွန်းပစ္စည်းဆိုသည်တို့က ပဓါနအားဖြင့် အိမ်တွင်းသုံး အသုံးအဆောင်ပစ္စည်းများ ပါဝင်၍ ဥပမာ လင်ပန်း ခွက် ပန်းချင်း ပန်းခံ ရေခွက်နှင့် ကွမ်းအစ်များ ဖြစ်ကြ၏။ ဤရိုးရိုးယွန်းထည်မျိုးကား အဝတွင် အနက်အမှောင်ရောင်နှင့် အတွင်းသားကအနီသားဖြစ်ပါသည်။ မည်သည့်တန်ဘိုးရှိသည့် အနုပညာလက်ရာမှ ထည့်သွင်းအသုံးချထားခြင်းမရှိ။ ကျောက္ကာဆိုသည့် အမည်ကိုယ်၌က ယင်းစခဲ့သည့် ဇာတိရပ်မြေ ကျောက္ကာရွာမြေကို အကြောင်းပြုထားခြင်းဖြစ်ပါသည်။ ယင်းရွာသည် ချင်းတွင်းမြစ်ဘေး မုံရွေးမုံရွာ သလ္လာဝတီနံဘေး မဝေးလှသည့်အရပ်တွင် ရှိ၏။ ကျောက္ကာထည်တို့ကို သိပ်မများလှသည့် ဈေးနှုန်းနှင့် ရနိုင်ပါသည်။

ယွန်းထည်
ယွန်းထည်တို့ကို တန်ဆာဆင်ရေးနှင့် အဆောင်ယောင်တို့အဖြစ် ပဓါနထုတ်လုပ်ကြသည်။ ဥပမာ ပရိဘောဂများဖြစ်၍ စားပွဲ စင် ထိုင်ခုံမှာ နမူနာပါ အိုးခွက် ပန်းချင်း ပန်းတင်ဘန်း နံရံအလှဆင် ရတနာကြုတ် သို့မဟုတ် ဘူး ရှေးစောင်းပစ္စည်း သေတ္တာ လက်သုတ်ပုဝါစည်း အဆင့်မြင့်ထမင်းဘူး ဝါးတူနှင့် လက်ကောက်တို့လည်း ပါပါသည်။ ယွန်းထည်တို့မှာ အကြီးအကျယ် အဆင် အပြင်တို့ ဖြစ်ကြလျက် ဆေးသွင်း ခြယ်သမှု့တို့ကို မျက်နှာပြင်အမဲအမှောင်ပေါ်တွင် သိမ်မွေ့လှသော အရေးအကြောင်းပုံသဏ္ဍန်ကို ကနုတ်ပန်းနှင့် အထူးအဆန်း တိရစ္ဆာန်နှင့် လူသားပုံတို့ဖြင့် ဖြည့်ဆည်းရာ၌ အနီ အဝါ လိမ္မော် အပြာ အစိမ်း နှင့် အဖြူရောင်တို့ ချယ်မှုန်းကြပါသည်။

ရွှေဇဝါထည်များ
အထူးတလည်တင့်တယ်ခန်းနားဖို့တွက် အခြေခံအားဖြင့် မည်သည့်အရာဝတ္ထုမဆိုဖြစ်နိုင်သော ရွှေဇဝါယွန်းခေါ် ရွှေရေးယွန်းထည်တို့မှာ မြင်ရသမျှတို့တွင် အတူမရှိသလောက် ဖြစ်ပါသည်။ သက်ဆိုင်ရာအသီးသီးသောအရာဝတ္ထုတို့၏ ဟန်ကျပန်ကျသားသားနားနား ရေးသွင်းထားသော အရာအားလုံး ရွှေရေးယွန်းထည်တို့တွင် အပါအဝင်ဖြစ်ပါသည်။ ယင်းတို့မှာ ရွှေပြားခပ်သွင်းထားသလို စစ်စေးသုတ်ပစ္စည်းအပေါ်တွင် အထင်းသားလှပတင့်တယ် ရှုစဖွယ်ဖြစ်ကြပါသည်။ (စက္ကူမကပါးလှအောင်ခသပ်ထားသည့်ရွှေပြား) အသုံးပြုထား၍ ပြောင်မြောက်လှသည့်အနုပညာလက်ရာတို့ အသုံးပြုထားခြင်းကြောင့် ရွှေဇဝါယွန်းထည်တို့မှာ အခြားနှင့်ယှဉ်လျှင် အလွန်ဈေးကြီးတတ်ပါသည်။

သယိုးယွန်းထည်များ
သယိုး ဆိုသည်က ပုံသွင်းယွန်းပုံနှင့် အထည်သတ္ထုတို့ ဖြစ်၍ မည်သည့်အရာကိုမဆို သယိုးကိုင်နိုင်ပါသည်။ ထို့ကြောင့် ယွန်း ဘူးအစ်ငယ်လေး တို့မှ အစ သေတ္တာ နှင့် ပရိဘောက များအဖြစ်ထိ ယင်း သယိုယွန်းထည်ပြုလုပ်၍ရပါသည်။ အမည်ကဆိုသည့် အတိုင်း သတ္တ၀ါတို့၏ ပြာချ အရိုးကို သယိုးဟုခေါ်၍ ယင်းကို စပါးခွံနှင့် ရောပြီး လွှစာမှုန့်လည်းထည့် တခါတရံ နွားချေးတောင်ပါ လိုက်သေးသည့်အပြင် စစ်စည်းနှင့် သမလိုက်သည့်အခါ ချောမွေ့ပြီး လိုရာပုံသွင်း သည့် ပလာစတာခေါ် ပျော့ပြောင်းပုံလုပ်ကိုင် နိုင်သည့် အပျော့ထည်ရလာသည်နှင့် လိုအပ်သော သက်ဆိုင်သည့် ပစ္စည်း၏ စစ်ဆေးသုတ်ထားမျက်နှာ ပြင်အနှံ့ ဖုံးအုပ်ဖိသွင်းလိုက် သည်နှင့် ယင်းဆင်ယင်ခြယ်သမည့် ပစ္စည်း တို့ကလည်း ရွေးခြယ်ထားသည့် ပုံအတိုင်းဖြစ်ပေါ်လာသည်။ သွပ်သွင်းလိုက်သည့် ဖေါ်ပြပါ ပလာစတာ ကို ယွင်းသရိုးကိုကြိုက်သလောက် အထုအလုံးစသဖြင့် ရအောင်ကြိုးသဖွယ်ဖြစ်ရေး တတ်နိုင်သလောက် တငြိမ့်ငြိမ့် လှိမ့်ပေးရသည်။ သို့ကလို ယိုးသွင်းပြီးသည်နှင့် ၀တ္တုမျက်နှာပြင်ပေါ် ၀ယ်အခိုင်အမာစွဲနေပြီး ဖြစ်သည့် လိုရာပုံကို အခြောက်ခံ၍ စစ်စည်းလည်း အထပ်ထပ်သုတ်ရသည်။ နောက်ဆုံးအဆင့် တွင် သွင်းထားသည့် ပုံတို့ကို ရွှေ့ချသင့်ရာချ အခြားအရောင် သွင်းသင့်ရာသွင်းပြီး လိုရာပုံရုပ်သွင်းထားသည့်အတိုင်း ထွင်းထားသည့် နှယ့် ပုံပန်းအရုပ်ဝတ္တုပစ္စည်းများဖြစ်လာပါတော့သည်။

မှန်စီရွှေချယွန်းထည်
မှန်စီရွှေချ ယွန်းထည်ကား စင်စစ် ရွှေဇ၀ါး နှင့် သရိုးယွန်းထည်ပစ္စည်းဖြစ်၍ ဖါလ်မှန်စကျောက်သလင်း နှင့် ခရုသင်း ပုလဲ ဘော်ကြယ်သွင်း ပစ္စည်းများပင်ဖြစ်ပါသည်။ ယင်းဝတ္တုပစ္စည်းတို့ကို အထင်အရှား အကျော် ဒေးယျ ၀တ္တုများ အဖြစ် အဆောင် အယောင်အခြယ်အသ တန်ဆာပလာ အသုံးခံစရာ သာမက ပရိဘောဂ ဘမ်းတင်ဖို့လည်းအသုံးပြုကြသည်။တဖက်၌မူ ယင်း ပစ္စည်း တို့မှာ လူ့အသုံးအဆောင်ပုံသွင်း ပစ္စည်းအဖြစ်တော့ သုံး၍မသင့်လှ တန်ဖိုးကြီးရှားပါးလင့် ကစား အခြားတဖက်တွင်မူ လက်တွေ့တခု ခုအသုံးချဖို့အတွက်လည်း အတိုင်းအတာ အကန့် အသတ်လည်း ရှိပါသည်။ ယင်း ယွန်းသရိုးနှင့် မှန်စီရွှေချထားသည့် အထည်တစုံ တခုမှာ မလွဲမရှောင်သာဘဲ အရွယ်အရောင် အမျိုးမျိုး နှင့်ဖာလ်စမှန်စသတင်း ဘော်ကြယ်ခရုယင်း ပုလဲ အစအနတို့မှုပ်သွင်းထားခြင်းကြောင့် သို့ အနုစိပ်လုပ်ဖို့မှ ညလည်းအထူး စေးကပ်လှသည့် စစ်စေးတို့ကို ပင် သုံးထားရ သောကြောင့် ဖြစ်သည်။ နောက်အဆင့်တွင် မူ ရွှေပြားခပ် အချပ်တို့ကို ဖယ်လိုက်သည့်အခါ ရွှေသားရွှေထည် ပကတိလို ဖြစ်ရှိလားခြင်းဖြစ်သည်။ ဖယ်ရှားပုံလည်း ယင်းအပေါ် ရေနှင့် ဆေးချလိုက် ရုံသာဖြစ်ပါသည်။ စစ်စည်းထိရောက်ထားရာနေရာတိုင်းမှ ထိဖိထားသည့် ရွှေစတို့ မှာမယိုယွင်းအမြဲက ပလျက်ခဲ့ပါသည်။ သုံးရသည့် ပစ္စည်း နှင့် အနုလက်ပညာအရပ်ရပ်သွင်းထားအပ်သည့် အရာခြင်းခြင်း ကြောင့်ထို့အပြီး ဖြစ်ရှိခဲ့သမျှ ပစ္စည်း အလှတို့ကလည်း အလွန်အဖိုးတန် ရတနာတခုလိုဖြစ်၍ မှန်စီရွှေချ ယွန်းထည် ဟူသမျှမှာ စရိတ်စကကြီးလှသည်။

မှန်ဖရား
ပြကတေ့စာအဆိုက စစ်စည်စချောက်ပစ္စည်းထယ်ဖြစ်၍ မြန်မာနိုင်ငံတွင် ယင်းယွန်းပစ္စည်း တို့ကို အထူးသဖြင့် ဗုဒ္ဓရုပ်ပွားတော်များ နှင့် စေတီပုထိုး တို့အတွက်ခြယ်သပူဇော်ရန် အသုံးပြုခြင်း ကြောင့်ယွန်းအခြောက်ထည်များဖြစ်လာရပါသည်။ယင်းအမည်ကိုယ်၌က ပစ္စည်းထုတ်လုပ်သည့်နည်းပညာနှင့် သက်ဆိုင်လှသည်မဟုတ်ပါ။ သစ်သား ခေါင်းပွပစ္စည်းမျက်နှာပြင် အပေါ်စစ်စည်းသုတ်ဖို့ မှာ(မံ) သည်ဟု မြန်မာလိုဆိုကြ၍ ဖရာ့ဆိုသည်ကတော့ (ဘုရား) ပင်ဖြစ်သည်။ နှောင်းပိုင်း အရောက်တွင် ဘုရားတစ်ဆူအတွက် ခေါင်းပါစစ်စေး သုတ်ပစ္စည်း ဖြစ်လာပါတော့သည်။ ၀ါးခေါင်းပွနှီး စတို့ဖြင့်အမာခံလုပ်ထားသော ဗုဒ္ဓဆင်းတု ဘောင်ခံပစ္စည်းမှာ (နှီး) ဟုခေါ်၍ ယင်းဘုရားတို့ကို နှီးဘုရားဟုခေါ်သည်။ သို့သော် အထက်၌ဖော်ပြခဲ့သည့်အတိုင်း လက်တွေ့ကျကျနည်းပညာ နည်းပညာဆန်ဆန်မှည့်ခေါ်နိုင်သည်က စစ်စည်းအခြောက်ခံ ပစ္စည်းဖြစ်သည်။ စစ်စည်းအခြောက်ခံ ပစ္စည်းလုပ်ဖို့မှာ လချီကြာသည့် အလုပ်စဉ် တစ်ခုဖြစ်၍ ကုန်ထုတ် ၁၂ ခု ရှိလျက် အခြေခံပစ္စည်းက လောင်းဖို့ အေးမြကြာသာသော ရာသီ လေတဖြူးဖြူး နှင့်မြူးဖို့ကလည်း လို၊ ဖုန်အမှိုက်သရိုက်ကင်းရာ အခြောက်ခန်းတို့အပြင် တကယ်အဆင့်မြင့်သည့် အနုပညာလက်ရာမြောက်ရေး အဓိကကျပါသည်။ ဘကာစုံ ပြည့်စုံပါက ထွက်လာရသည့် ရလဒ်မှာ ရိုးရိုးနှင့် မတူ အဆင့်မြင့်တင့်တယ်လှပသည့် ယွန်းထည် တခုဖြစ်ပေါ် ရရှိလာနိုင်ပါသည်။
အရှေ့ပိုင်း ကျိုင်းတုံသျှမ်းတို့လက်ရာ ပထမတန်းစား

အောက်တွင်ဆက်ဖော်ပြထားသည့်အတိုင်း ကုန်ထုတ်အလုပ်စဉ်တခုလုံးမှာ စစ်စည်းစုဆောင်းရာမှ စရာပါမည်။ စစ်စည်း ပြုလုပ်နည်းမှာ သန့်စင်၍ ရေဖယ်ရှားပြီးသား (ရပ်စ်ဝါနီစီဖီရာ) ခေါ် အရှေ့တောင်အာရှတွင် သာအတွေ့များသည်။ အစေးထွက်ချုံပင်တမျိုးမှာ အစေးများ ဖြင့်လုပ်ယူရပါသည်။ ယင်းသည် သာ အာရှနိုင်ငံတို့တွင် ယွန်းလက်ရာတို့ကို အစဉ်အလာထား လုပ်ခဲ့ကြသော အခြေခံပစ္စည်း ဖြစ်ပါသည်။ သေရည်တမျိုးဖြစ်သည့် ရှယ်လက်ဆိုသည့် ပစ္စည်းမှာ ဥရောပ နှင့် အမေရိကတိုက်တို့၌ အလားတူ ယွန်းထည်းတို့အတွက် အစဉ်အလာ ထားသုံးစွဲကြသည်မှာ ( လက်စီဖာလက်ကာ ခေါ် အကြေးခွံ ပါသည့်ပိုးကောင်ငယ်များ ထွက်သည့် အရည်အစေးတို့မှာ ထုတ်ယူနိုင်ရာဖြစ်ပါသည်။)

ပထမအဆင့်တွင် မြန်မာနိုင်ငံတွင် ကော်ပတ်ပင်မှ ခြစ်၍ အစေးထုတ်သလို အလား တူနည်းနှင့် အပင်မှ ရယူရပါသည်။ စစ်စည်းပင် သည် ရုက္ခဗေဒအခေါ် (မှလာနိုရိုဆာ ယူစီတာတစ်ဆီမ) သျှမ်းပြည်တလွှား အရိုင်းအပေါက်များ သို့မဟုတ် စိုက်ပျိုးထားပင်တို့မှ ရယူရပါသည်။ စေးထန်းထန်းအညိုမဲ အရောင်ထွက်လာသည့် အစေးတို့မှာ လေနှင့်တွေ့သည်နှင့် ပိုခဲ၍ ခဲလာသည့် သဘောရှိသည်။
နောက် ၀ါး ခေါင်းပွ သို့မဟုတ် နှီးဝတ္တုခပ် ပေါ့ပေါ့ တို့အပေါ် မြင်းမွှေးသို့မဟုတ် ဗူဗေါင်းများသည့် ပိုစားထားသလို ခပ်ပွပွသစ်ပစ္စည်းတို့ ဖြင့် အထူးအဖြင့် လုပ်ကြပါသည်။ ပဓာန ပစ္စည်း ၂ ခုအနက် ဒုတိယပစ္စည်းက အဆင့်မြင့်ရသည် ထို့ကြောင့် စရိတ်စကကြီးသည်။ ပထမ ပစ္စည်းက အဆင့်နိမ့်၍ရ၏။ (အကြောင်း က ပေါပေါ ရနိုင်သည့်အပြင် သိပ်လည်း ကောင်းဖို့မလို ကိုင်တွယ်ရလည်း လွယ်ကူသည်။) ထိုနှစ်မျိုး ပေါင်းလုပ်ရသည့် အရာဝတ္တုပစ္စည်းအစုစုမှာ သိပ်မကြီးလှသည့် ဈေးနှင့် ရနိုင်လာသည်။ ပြီးမြောက်ပြီဆိုလျှင် အမြုတေအမာခံ အထည်ကြမ်းကို စစ်စည်း နှင့် ရွှံစေး ခပ်ကျဲကျဲရော စပ်ထားသမျှဖြင့် သုတ်လိမ်းရသည်။

နောက်ယင်း ပထမအချော အဆင့်ထည်ကို လေ၀င်ထွက်ကောင်းခြောက်သွေ့သော်လည်း အေးမြရသည့် အခန်းတွင်တဖြည်းဖြည်း သွေ့ခြောက်သွားအောင် ၃ ရက်မှ ၄ ရက် ထိအခြောက် လှန်းရပါသည်။ အောက်ပါ ကုန်ထုတ် အလုပ်စဉ်တွင် အထည်ပစ္စည်းကို စစ်စည်းနှင့် ပြာထပ်ရောခါ သုတ်ရပြန်သည်။ အခြားအထောက်အကူ ပစ္စည်းတို့ မှာအထည်ကို ကောင်းမကောင်း အဆင့်မှီမမှီ သတ်မှတ်ပေးမည့် အရေးပါရာတို့ဖြစ်ပါသည်။ အရာဝတ္တု၏ မျက်နှာ၌ အနှံ့ ချောမွတ်အောင် သရသည်မှာ အထည်ခြောက်ပြီးမှ ဖြစ်ရ၍ သို့ကလို ချောကိုင်ဆေး သုတ်သလို သုတ်ရခြင်းမှာ အထပ်ထပ် အကြိမ်ကြိမ် ဖြစ်ပါသည်။ သို့မှသာ အသေးအဖွဲ ဆုံးပုံမမှန်သမျှ ပြေပျောက်သွားဖို့ ဖြစ်ပါသည်။ ယခုဆိုလျှင် အထည်မှာ အပ၌ အမည်းအထဲ၌လည်း နည်းတူဖြစ်နေပါပြီ။ ထိုစဉ်ဆေးသွင်းဖို့ ထွင်းမလား ရွှေရေးချမလား ပန်းတို့ခြယ် သအလှဆင်မလား ဘော်ကြယ်အစ ဖလာန်မှန်သလင်း စတို့ဖြန့်ကျက်မလား သို့မဟုတ် ယင်းတို့အနက် တမျိုးထက် ၂ မျိုး ၃ မျိုး စပ်၍ ပြုလုပ်မည်လား စသည့်ဆုံးဖြတ်ချက်ကို ချမှတ်ကြမြဲဖြစ်သည်။

အတွင်းသားများပြုလုပ်ပုံ
မြန်မာပြည်တွင် ပထမဆုံး ယွန်းထည်လုပ်ငန်းကို ၁၂-၁၃ ရာစုလောက်တွင် စတင်ထွန်းကားခဲ့သည်ဟု ယူဆရလေသည်။ ရှေးအကျဆုံး ယွန်းထည်များကို ၁၃ ရာစုတွင်တည်ထားခဲ့သော မင်္ဂလာစေတီ တွင်တူးဖော်ရရှိခဲ့ပါသည်။ ပုဂံသည် ယွန်းထည်နှင့်ပတ်သတ်၍ နာမည်ကြီးပင်ဖြစ်လေသည်။ ချင်းပြည်နယ်မှ လာသောဝါးများကို ပုဂံသို့ လှေများဖြင့်သယ်ယူကြပြီး ယွန်းထည် အတွင်းသားများကို ပြုလုပ်ကြလေသည်။ ၀ါးကို ခွာ၍ချောမွတ်အောင်ပြုလုပ်ပြီး အလိုရှိရာ အိုး၊ ခွက်၊ ပန်းကန်၊ ပန်းအိုး၊ သေတ္တာ စသည်တို့ရရှိအောင် ပုံကြမ်းဖော်ကြရလေသည်။ အများအားဖြင့် ပြုလုပ်တတ်ကြသည်မှာ ကွမ်းအစ်ပုံ ဖြစ်ပါသည်။ ၀ါးစိတ်သူက ၀ါးများကို ပုံစံတကျ ခွဲပေးရလေသည်။ တချို နေရာများတွင်မူ မြင်းအမြီးကို ပင်သုံး၍ ဂရုတစိုက် ခွဲရလေသည်။

ယွန်းသွင်းခြင်း
ပထမဆုံးယွန်းထည်မပြုလုပ်မီ အတွင်းခံဝါးကို ယွန်းနှင့် ပြာများရောစပ်ထားသော ပလာစတာတစ်မျိုးနှင့် သရိုးကိုင်ရလေသည်။ ထိုလုပ်ငန်းစဉ်ကို များသောအားဖြင့် လက်သက်သက်ကိုသာ အသုံးပြု၍လုပ်မှ ရလေသည်။ အကောင်းဆုံး  ယွန်းထည်ကို ရရှိရန် အတွင်းခံအလွှာကို ၇ လွှာခန့်အထိ ပြုလုပ်ရလေသည်။ ယွန်းထည်၏ ကောင်းခြင်းဂုဏ်အင်ကို ယွန်းအလွှာများနှင့် သတ်မှတ်ပါသည်။ ထိုအလွှာများကို ချောမွေ့  စေရန်နှင့် မြဲမြံစေရန်အတွက် လက်များနှင့် သေချာစွာ စပ်ဆက်ရပါသည်။ များသောအားဖြင့် ထိုအဆင့်ကို လုပ်ကိုင်သူများမှာ နည်းလမ်းကို ဆွေစဉ်မျိုးဆက် လက်ခံလာ သူများဖြစ်ပါသည်။ ထို့အတူ ယွန်းထည် လုပ်ငန်းကို လုပ်ကိုင်သူများမှာလည်း မိရိုးဖလာ လုပ်ငန်းကို လုပ်ကိုင်ကြသူများဖြစ်ပါသည်။

အခြောက်ခံခြင်း
ဝါးများကို ယွန်းနှင့် မံပြီးသောအခါ စိုထိုင်းသော အမှောင်ခန်းထဲတွင် အခြောက်ခံပေးရပါသည်။ အခြောက်ခံရချိန်မှာ ခန့်မှန်းချေ တစ်ပတ်နီးပါးအထိ ကြာမြင့်ပါသည်။ ထို့ကြောင့် ယွန်းထည်ကောင်းများ၏ အရည်အသွေးမှာ ယွန်းထည်များကို ထုတ်လုပ်သူနှင့် ထားရှိသောနေရာ၊ သိမ်းဆည်းတတ်ပုံနှင့် လိုအပ်သော အရာများကို တိတိကျကျ ဖြည့်ဆည်း ပေးနိုင်မှုအပေါ်တွင် များစွာမူတည်နေလေသည်။ စိုထိုင်းမှုမှာ မတိကျ မလုံလောက်ပါက ယွန်းထည် ကောင်းကောင်း ထွက်လာမည် မဟုတ်ပါ။

ဆေးကြောခြင်း
အခြောက်ခံပြီးသောအခါ ယွန်းထည်များကို ရေဖြင့် ဂရုတစိုက် ဆေးကြောပေးရကာ လိုအပ်ပါက ကော်ပတ်ပါ စားပေးရလေသည်။ ယခုအဆင့်သည် ယွန်းထည်၏ အရည်အသွေး အတွက် အလွန် အရေးပါသော အဆင့်ဖြစ်ပါသည်။ ကော်ပတ်စားခြင်းကို ရိုးရိုးကော်ပတ်နှင့် စားရခြင်းမဟုတ်ပါ။ ကျွန်းသစ်ကို မီးဖုတ်ပြီးရလာသော မီးသွေးခဲဖြင့် ကော်ပတ်စားရခြင်း ဖြစ်လေသည်။

အရောင်တင်ခြင်း
ပထမဆုံးအခြောက်ခံပြီး သေချာစွာ ကော်ပတ်စား၊ ရေဆေးပြီးသော ယွန်းထည်များသည် တစ်လွှာပြီး တစ်လွှာ ၇ လွှာပြည့်သည် အထိ အဆင့်ဆင့် ပြန်လည်ပြုလုပ်ပေးရလေသည်။ ထိုသို့ တစ်လွှာပြီးတစ်လွှာ လည်ပတ်ချိန်တွင် ပြာနှင့် အမဲရိုးကို ရောထားသော အမှုံများနှင့် ပွတ်ပေးရလေသည်။ အလွှာသစ် တစ်လွှာပြီးတိုင်း လက်ရာများ ထင်ကျန်နေခြင်းကို အလွယ်တကူ ပျက်သွားစေပြီး အရောင်မှာလည်း တောက်လာလေသည်။

ယွန်းလွှာ ၇လွှာ
ထို့ကြောင့် ယွန်းထည် ဖြစ်လာဖို့ အကြိမ်ကြိမ် အခါအခါ အခြောက်ခံ အရောင်တင်ရလေသည်။ တစ်ကြိမ်နှင့် တစ်ကြိမ်တွင် ယွန်းတစ်လွှာပြီး တစ်လွှာ တိုးလာလေသည်။ ထို့နောက် နောက်ဆုံးယွန်းလွှာကို ဆေးရောင် ခြယ်တော့လေသည်။ အရောင်များမှာ များသောအားဖြင့် အနီ၊ အစိမ်း၊ နှင့် အ၀ါတို့ဖြစ်ပါသည်။ ထိုဆေးရောင်များကို ပြဒါးများနှင့်ရော၍ ယွန်းထည်များကို ဆိုးပေးရလေသည်။ ၄င်းကိုမူ ဟင်္သာပြဒါးဟု ခေါ်ကြလေသည်။ နောက်ဆုံး ၇ ကြိမ် (သို့) ၈ ကြိမ် အခြောက်ခံပြီးသောအခါ ယွန်းထည်ကို ကျွန်းသစ်၏ ပြာများနှင့် ပွတ်ပေးရပြန်လေသည်။ ထို့နောက် သေချာစွာ ဂရုတစိုက်ဆေးကြောပြီး အချောကိုင်လေတော့သည်။
အချောသတ်ခြင်း

အချောသတ်ခြင်း

ပုံကြမ်းမြောင်းဖော်ခြင်းကို လက်ချည်းသက်သက်ဖြင့် ပုံစံမရှိပဲ အာရုံအရ စုတ်တံနှင့် ဓားပါးလေးများကိုသုံး၍ လက်တန်းဆွဲကြရလေသည်။ ယွန်းထည်များသည် မပြောင်းလဲနိုင်ပေ။ နှစ်ပေါင်းများစွာ ကြာသည်အထိ အလှမပျက် အသစ်အတိုင်းတည်ရှိကြလေသည်။ ထို့ကြောင့် ယွန်းထည်များကို အသေးအမွှားလေးများ သာမက ဘီဒီု၊ ကြောင်အိမ်၊ စားပွဲ၊ ထိုင်ခုံ၊ စသည့် အိမ်ထောင်ပရိဘောဂနှင့် အလှဆင်ပစ္စည်းများ အဖြစ်လည်း ဆေးရောင်စုံများ ဖြင့်လှပစွာ ခြယ်မှုန်း ပြုလုပ်ကြပါသည်။

ကညစ်ယွန်း ဒီဇိုင်းများ

 ပန်းဒီဇိုင်း
 ၁။ တစ်လိပ်ပန်း(သဇင်ခွေ)
 ၂။ ကြာဖတ်
 ၃။ ကြာပွင့်
 ၄။ ကြာစိတ်
 ၅။ ရွက်လှပန်း
 ၆။ ပန်းပေါက်
 ၇။ ပန်းပွား
 ၈။ ဇာပန်း
 ၉။ နဂါးလိမ်
 ၁ဝ။ ခိုနန်းခန်းပြတ်
 ၁၁။ ဇင်းမယ် (ယိုးဒယားပန်း)
 ၁၂။ ရွှေပြည်ကြီး(တမာရွက်ပုံ)
 ၁၃။ မြတဘက်(နှင်းဆီရွက်ပုံ)
 ပန်းယွန်းအမျိုးအစား
 ၁။ ကြည်တော်မူယွန်း
 ၂။ ရုပ်ကြီးယွန်း
 ၃။ ရုပ်သေးယွန်း
 ၄။ အခန်းယွန်း
 ၅။ ရှောက်ယွန်း
 ၆။ တို့ယွန်း
 ၇။ ရွှေဇဝါယွန်း(ရွှေရေး)
 ၈။ သားရိုးပန်းယွန်း
 အရုပ်ဒီဇိုင်း
 ၁။ ရုပ်ကြီး
 ၂။ ရုပ်သေး
 ၃။ ရုပ်သေးစုံ
 ၄။ ရုပ်သေး ရုပ်ပြ
 ၅။ ဂြိုဟ်ကြီးရှစ်လုံး
 ၆။ (၁၂)၊ ရာသီရုပ်
 ၇။ ရုပ်လှ၊ ပန်းကြွ
 ၈။ ထွက်စည်ဝင်စည်
 ၉။ ရုပ်ကြီးနန်းထိုင်
 ၁ဝ။ ရုပ်လုံးကြီးနန်းထိုင်
 ၁၁။ ရာမဇာတ်
 (ညောင်ရမ်းခေတ်)
 ၁၂။ ဇာတ်ကြီးဆယ်ဘွဲ့
 (အင်းဝခေတ်)
 ၁၃။ ငါးရာငါးဆယ်
 (ရတနာပုံခေတ်)
 ၁၄။ ဖွားတော်မူခန်း(ပုဂံခေတ်)
 ၁၅။ တောထွက်ခန်း(ပုဂံခေတ်)
 ၁၆။ ဆံတော်ပယ်ခန်း(ပုဂံခေတ်)
 ၁၇။ နံရံပန်းချီမျိုးစုံ
 (ခေတ်လေးခေတ်)
 ယွန်းဆင်
 ၁။ အကြမ်းဆင်
 ၂။ ရုပ်သေးဆင်
 ၃။ ရုပ်ကြီးဇာတ်ကွက်ဆင်
 ၄။ အခန်းဆင်
 ၅။ ဇာယွန်း
 ၆။ ကွင်းယှက်
 ၇။ မြင့်မိုရ်
 ၈။ ဆီးကြိုဆယ်
 ၉။ နဂါးလိမ်
 ၁ဝ။ ရုပ်စုံ
 ၁၁။ ရုပ်သေးရုပ်စုံ

 ထုတ်နုတ်-
- မောင်ကြည်ပန်း (မြင်းကပါ)
- ယွန်းထည် မုတ်စုအုပ်

Pt: Kyaw Ye Myint Aung 
Pt:  ယောနယ်သူနယ်သားတို့ ဆုံစည်းရာ