koko

koko

Sunday, June 8, 2014

“ မုန်တိုင်းကြားက သျှမ်းစာပေ”


" ၁၁၅၈ ခုနှစ်က သျှမ်းနီပုရပိုက်" သျှမ်းနီရဟန်းတပါးဖြစ်သော အသျှင်စ၀်ခေမာစာရ ရေးသားခဲ့သော
( ပါရာဘ၀သုတ် ) နှစ်ပေါင်း ၂၁၇ နှစ်တိုင်တိုင် ရှိပြီဖြစ်သော သျှမ်းနီစာ ပုရပိုက်ဖြစ်သည်။


“ စာပေမြင့်မှ လူမျိုးတင့်မည်ဟုဆိုပေမဲ့လည်း မုန်တိုင်းကြားက သျှမ်းစာပေအကြောင်းတစေ့တစောင်း ”

သျှမ်းလူငယ်အပေါင်းတို့ရေ ယနေ့ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော လူမျိုးအသီးသီးတွင် သူ့လူမျိုး၊ သူ့ဘာသာ နှင့် သူ့စာပေ အသီးသီးရှိကြသည်။ နိုင်ငံတို့၏ ယဉ်ကျေးမှု (Culture)၊ မြို့ပြယဉ်ကျေးမှု (Civilization)၊ နှင့် ဓလေ့ (Custom) တို့ကို တိုင်းတာရာမှာ စာပေကို ထင်ရှားသော စံတစ်ခု အဖြစ် ပညာရှင်များအားလုံးက တညီတညွတ်တည်း လက်ခံထားကြသည်။ စကားမှ ဖြစ်လာသောစာကို အက္ခရာတင်ရာတွင် ဗျည်း၊ သရများကို ခွဲခြားနိုင်သောစာပေ၊ ဗျည်းသရ မခွဲခြားနိုင်သော တရုတ်စာ၊ အီဂျစ်စာဟူသော စာပေ စသည်ဖြင့် စာပေအဆင့်အတန်း အမျိုးမျိုး ရှိကြသည်။

ထို့အပြင် လူမျိုးများ၏ စာပေများ တိုးတတ်မှုများကို ရွှေပေစာ၊ ငွေပေစာ၊ ကြေးပေစာ၊ ပေစာ၊ ပုရပိုဒ်စာ၊ ကျူစာ၊ ခေါင်းလောင်းစာ၊ အုတ်ခွက်စာ၊ ကျောက်စာ၊ အရိုးအိုးကျောက်စာ၊ အရုပ်စာ၊ မှင်စာ စသည်များမှာ မည်သို့မည်ပုံ ရေးဖွဲ့ခဲ့ကြပုံများကို ကြည့်ခြင်းအားဖြင့် ခွဲခြားလေ့လာနိုင်ပါသေးသည်။ ထိုစာများ အဆင့်အတန်းမြင့်ပါက မြင့်သည့်အလျောက် ထိုခေတ်က လူများ၏ လူနေမှုအဆင့်အတန်း ကိုလည်း တိုင်းတာနိုင်ပါသေးသည်။

သျှမ်းစာပေ သမိုင်းကို လေ့လာကြည့်မည် ဆိုပါက သျှမ်းစာပေမြင့်၍ လူမျိုးတင့်ခဲ့ပုံကို အောက်ပါအတိုင်း စာပေ အထောက်အထား နှင့်တကွ တွေ့နိုင်ပါသည်။

စာ နှင့် စကား၊ စာ နှင့် စာပေ အချို့ဘာသာ စကားများတွင် သုခုမအင်္ဂါနှင့်ပြည့်စုံသော ကဗျာ၊ လင်္ကာ၊ သီချင်းကြီး ( ပန်ကောဝ်)  သျှမ်းနီအခေါ် (မော) စသည်များကို အဆင့်ဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းထား နိုင်သော်လည်း ၎င်းတို့ကို ကျောက်ထက်အက္ခရာ၊ ပေထက်အက္ခရာ စသည်တွင် တင်ထားနိုင်မှ စာပေ အရာမြောက်ကြောင်း ဆိုထားပါသည်။  သျှမ်းစာ၊ သျှမ်းကဗျာများမှာ ရှေးကပင် အက္ခရာတွင်နိုင်ခဲ့၍ သျှမ်းစာမှာ ဂန္တ၀င် စာပေအရာမြောက်သောကြောင့် တခေတ်တခါက ကိုယ့်ထီးကိုယ်နန်း ကိုယ်စာပေဖြင့် ပေးအထက် အက္ခရာတင်နိုင်ခဲ့သော သျှမ်းလူမျိုးများမှာလည်း စာပေနှင့်ပတ်သတ်လျှင် ဂုဏ်တင့်စွာနေတတ်သောသူများဖြစ်ကြောင်း သိနိုင်ပါသည်။

မြန်မာ့လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင် သျှမ်းစောပေသည်  မုန်းတိုင်းကြားက စာပေလောက တို့ ဆိုက် ရောက်ရှိသွားပါတော့ သည်။

ပြည်ထောင်စုအတွင်း မှီးတင်းနေထိုင်ကြတဲ့ သျှမ်းတိုင်းရင်းသား လူမျိုးများရဲ့ စာပေခရီးကြမ်းကို တစေ့တစောင်း တင်ပြလိုပါသည်။ သျှမ်းလူမျိုးများဟာ ဗုဒ္ဓဘာသာကို အထူးသက်ဝင် ယုံကြည်သူများဖြစ်သည့် အလျှောက် ရှေးခေတ် သျှမ်းစာဆိုတော်ကြီးများ ရေးသားပြုစုခဲ့ကြတဲ့ တရားဟော နိပါတ်တော်လာ ကဗျာလင်္ကာများ အလွန် တရာမှ မြတ်နိုးတန်ဖိုးထားကြပါသည်။ ခေတ်အဆက်ဆက်တွင် သျှမ်းစာပေများလည်း ပျံပွားကြီးထွားလာခဲ့ပေ သည်။ နေရာဒေသ ကျယ်ပြန့်လျှင်ကျယ်ပြန့်သလို သျှမ်းစာပေများ တိုးတက် များပြားလာလေသည်။

ဗမာပြည်ကို အင်္ဂလိပ်တွေ သိမ်းပိုက်လိုက်တဲ့အခါ “သျှမ်းစာပေဟာလဲ ရွှေပရပိုက်၊ ငွေပရပိုက်၊ ပေထက်အက္ခရာ၊ မိုင်းကိုင် သျှမ်းစက္ကူတို့မှတဆင့်” ပုံနှိပ်စာလုံးအဆင့် ရောက်တဲ့အထိ ပြောင်းလဲတိုးတက်လာခဲ့ပါသည်။

၁၉၃၉ ခုနှစ်မှာ သျှမ်းရိုးရာ ပုံပြင်စာအုပ်ကို ကျောင်းသုံးပြဌာန်းပေးနိုင်ခဲ့ပါတယ်၊ သျှမ်းစာမှုဟောင်းဟာ ရေးသားပုံစနစ်မပြည့်စုံ သေးတာမို့ သျှမ်းပညာရှင်ကြီးများဟာ မွမ်းမံပြင်ဆင်ဖို့ အတွက် ပြီးတဲ့နောက်မှာဘဲ အကောင်ထည်ဖော်နိုင် ခဲ့ပါတယ်။

၁၉၆၀ ခုနှစ်မှာ သျှမ်းပြည် အစိုးရကနေ မှုလတန်း အဆင့်နှင့် အလည်တန်း အဆင့်အထိ ခေတ်မှီ သျှမ်းစာမူ အသစ်နှင့် (ယခုသုံး-မာ့ဟတို) ဖတ်စာအုပ် ၆အုပ် ပုံနှိပ်ပြဌာန်း ပေးခဲ့ပါတယ်။ စာအုပ် မျက်နှာဖုံးမှာလည်း သျှမ်းအမျိုးသား တို့ရဲ့ သင်္ကေတ အမှတ်အသား ကျားခေါင်း တံဆိပ်ပုံ ပါတဲ့အတွက် ကျားခေါင်း သျှမ်းစာလို့ လူသိများပါတယ် ခေတ်သစ် သျှမ်းစာပေ သမိုင်းမှတ်တိုင် တစ်ခုစိုက်ထူလိုက်ပြီး ကမ္ဘာ့အဆင့် အတန်းကို တက်လှမ်း နိုင်တော့မှာမို့ သျှမ်းရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး ကျေနပ်အားရ ၀မ်းမြောက် နေကြပါတယ်။ ၀မ်းသာလို့မှမဆုံးခင် ဘယ်သူမှ မျော်လင့်မထားဘဲ ရုတ်တရက် ကျရောက်လာခဲ့ ဒါကတော့ ၁၉၆၂ မတ်ခ်ျလ(၂)ရက်နေ့မှာ ဗိုလ်နေ၀င်း အစိုးရကနေ အခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်း လိုက်ပါတော့တယ်။

နေ၀င်းအာဏာသိမ်းပွဲမှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးချုပ်နှောင်ရုံတင်မကဘဲ အပြစ်မဲ့တဲ့ သျှမ်းအမျိုးသားတို့ရဲ့ ဖတ်စာအုပ်များပါ မကျန် ထိမ်းသိမ်း ချိပ်ပိတ်ခံရလိုက်တယ်ဆိုတာ ကနေ့ထိ ကမ္ဘာကသိအုံးမယ်မထင်ပါ။

ထိုအာဏာရှင်စစ်အစိုးရ အဖွဲ့ဝင် ဦးကျော်ဇောဟာ သျှမ်းစာမူသစ်ကို အဖက်ဖက်က ထိုးနှက်တိုက်ခိုက် ပါတယ်။ သျှမ်းဖတ်စာအုပ်ထဲမှာ ဆိုရှယ်လှစ်စနစ်နဲ့ မကိုညီတဲ့ အတွေးအခေါ် အရေးအသားများ ပါဝင်နေကြောင်း အသံကောင်းဟစ်ပါတော့တယ်။ ပြည်သူတွေအသဲစွဲ ရေပန်းစားနေတဲ့ သျှမ်းစာမူသစ်ဟာ သျှမ်းပြည်တ၀ှမ်းလုံး ပျံ့နှံအမြစ်တွယ်စ ပြုနေပါပြီ။ သျှမ်းလက်နက်ကိုင် တော်လှန်ရေး အုပ်စုများလည်း သျှမ်းစာမူသစ်က် အသုံးပြုရေးသားနေတာကို အစွဲပြုပြီးတော့ သျှမ်းစာမှုသစ်ကို သူပုန်စာ မသင်ကြဖို့ မရေးကြဖို့ ခြိမ်းခြောက်ပါတယ်။ စာအုပ်ထုတ်ဝေရေးမှာလည်း သျှမ်းစာမူသစ်ဆိုရင် ခွင့်မပြုတော့ပါဘူး။
ရိုးသားလှတဲ့ သျှမ်းပြည်သူတွေကတော့ ပထမမှာ စိုးရိမ်ကြောက်ရွံ့ ကြတာပါဘဲ...။

ဒီနေရာမှာ ကျောင်းသားတွေရဲ့ အခန်းဟာ အဓိကနေရာကနေ ပါဝင်ခဲ့တယ်ဆိုရင်မမှားပါဘူး။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး တက္ကသိုလ် ကောလိပ်များက သျှမ်းစာပေယေဉ်ကျေးမှု ဆပ်ကော်မတီဝင်၊ သျှမ်းကျောင်းသားများ ဟာ သျှမ်းစာပေအရေးကို ဖြေရှင်းပေးဘို့ တောင်းဆိုလာပါတယ်။ သျှမ်းပြည်သူတွေကြား ဆွေးနွေးပွဲကျင်းပပြီး ဆန္ဒသဘောထားအမှန် ကိုရယူနိုင်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်၊ တောင်ကြီးမြို့  သျှမ်းစာပေရေးထုံး  ကော်မရှင် အစည်းအဝေးမှာ စကားပြောဘို့ အခွင့်အရေးမရတဲ့ ကျောင်းသားတယောက်က သျှမ်းစာမူသစ်ကို ဗိုလ်ချုပ်ကြီး နေ၀င်း ပိတ်ခိုင်းသလားလို့ ကျောက်သင်ပုန်းပေါ် ရုတ်တရက်ရေးချလိုက်တယ်....။

အခန်းအနားမှူးက ခက်ချင်းဘဲ စာကိုဖျက်ပစ်လိုက်ရတယ်။ မကြာပါဘူး၊ ပြည်နယ်ဦးစီးအဖွဲ့ဝင် ဦးကျော်ဇော်ဟာ ရဟန်းရှင်လူ ပြည်သူတွေရဲ့ ဆန္ဒကိုဆန့် ကျင်ပြီး ကျောင်းသုံးဖတ်စာအဖြစ် အတင်းရိုက်နှိပ်ပြဌာန်းတော့တာပါဘဲ။ အများက လက်မခံတဲ့အတွက် ပြသည်သူ့ငွေတွေ အလဟသဖြစ်ရပါတယ်။ အဖြေကတော့ရှင်းပါတယ်။

ကျားခေါင်းသျှမ်း စာလုပ်တွေကို ပိတ်ချင်တာထက်၊ တိုးတက်ခေတ်မှီတဲ့စာရေးစာသာ ပုံစနစ် တိုးတက်တဲ့ အတွေးအခေါ်များရှိ လာမှာကို ပိတ်ချင်တာဖြစ်တယ်။ စစ်အာဏာရှင်တွေဟာ ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွဲနေတယ်ဆိုပေမဲ့၊ တဖက်မှာတော့ သျှမ်းစာမူသစ်ကို ခေတ်ဟောင်းစနစ်ဟောင်းမှာဘဲ ချန်ထားခြင်းဖြစ်သည်။ အဓိကအားဖြင့် သျှမ်းစာမှုသစ်ကို မြန်မာတနိုင်ငံလုံးရှိ သျှမ်းများ သင်ကြား တတ်မြောက်ပါက သျှမ်းအားလုံး တိုးတက်ကြမည် အမြင်ကျယ်မည် စည်းလုံးကြမည်ကို မလိုပေ မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံးလူမျိုးစုကြီး လည်းဖြစ်၍ တချိန်က မိန်းမောဝ် သျှမ်းပြည်ထောင်စုအဖြစ် ကိုယ့်ထီးကိုယ့်နန်း နှင့် အစဉ်သဖြင့် နေလာခဲ့သော လူမျိုးများလည်း ဖြစ်ပေသည်။

လက်ရှိဖြစ်ပေါ်နေသော ဒေသတကာသုံး သျှမ်းစာရေးထုံးမှ ရေးထုံးအချို့ကို ညှိနိုင်းဆွေးနွေးရန် အတွက် သီပေါမြို့ တွင် ၁၉၇၅ ဒီင်္ဇလာလ တစ်ရက်နေ့မှ သုံးရက်နေ့ထိ သုံးရက်တိုင် သျှမ်းစာရေးရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး  မြို့မြို့အနယ်နယ်အတွင်း ၀ိဝါဒကွဲပြားနေသော ရေးထုံးအပေါ် လာရောက် တင်ပြဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။

ထိုဆွေးနွေးပွဲသို့  မြန်မာပြည်မြောက်ပိုင်းမှ ဦးစ၀်နွဲ့မောင်းခွန် ပူတာအိုမြို့၊ ဦးအောင်ဘ မိုးညှင်းမြို့၊ ဦးထွန်းရင် (မောင်းခမ်း) ဟုမ္မလင်းမြို့။ ဦးစ၀်ခွန်ဆိုင် ဇင်္ဂလိန်ခန္တီးမြို့၊ စိုင်းဆန်ခမ်း ဗန်းမော်မြို့ ၊ စိုင်းဝင်းေ၇ွှ သရက်ကုန်း ဘီးလူမြို့ မိုးညှင်း။ ဦးအောင်ရှိန် (ခပ်ချိုရွာ) ၀ိုင်းမော်မြို့ ၊ ဦးမောင်ကို (ခပ်ချိုရွာ) ၀ိုင်းမော်မြို့ ၊ တက်ရောက်ခဲ့ကြသည်။

ယနေ့မြန်မာပြည်တွင် သျှမ်းလူမျိုးကြီး အုပ်စုများဖြစ်သော “မောသျှမ်း၊ သျှမ်းကြီး၊ သျှမ်းနီ၊ ခမ်းတီးသျှမ်း၊ ယွန်းသျှမ်း၊ ဂုံသျှမ်း” များအားလုံးသည် မိမိကိုယ်ပိုင်စာပေများဖြင့် အင်္ဂလိပ်တို့ မြန်မာနှိင်ငံကို မသိမ်းပိုက်မည်က ရှိနှင့်ပြီးသားဖြစ်သည်။ ကံကောင်း၍ ကုလာဖြူများ သျှမ်းစာအားလုံးကို ပေါင်းစည်းပြီး တစုတစည်းထဲ ဖြစ်အောင်ဆိုပြီး အေဘီစီဒီ ဇောက်ထိုးမိုးမျော်နှင့် မလုပ်သွားခြင်းကို ပင်ကျေးဇူးသင်ရမည်။
မည်သို့ပင်ရှိစေကာ ဒီနေ့ မဟာ့တို စာသည် သျှမ်းအားလုံး၏ ဘုံသျှမ်းစာကြီးပင်ဖြစ်တော့သည်။

ယနေ့ သျှမ်းလူငယ်များနှင့် သျှမ်းစာပေ တိုးတက်ပျံ့ပွားအောင် ထမ်းဆောင်နိုင်ကြသူများ ဖြစ်ကြပါစေ။



 `မ´ ꨟꨣꨳတူဝ် `မ´ဟာ့တို(မ၅လုံး)၏ အဓိပ္ပာယ်

꨼။မေꨣလူ ၁။မော်လူ ဖတ်တတ်
꨽။မေꨣတꨰမ်ꨳ ၂။မော်တျန့် ရေးတတ်
꨾။မေꨣꨓပ်ꨵ ၃။မော်နပ် တွက်ချက်တတ်
꨿။မေꨣသွꨓ် ၄။မော်ဆွန် သင်ကြားတတ်
ꩀ။မေꨣပွင်ꨲ ၅။မော်ပွေါင် စီမံခန့်ခွဲတတ်ခြင်း ဆိုတဲ့ အချက် ၅ ချက်ဟာ သျှမ်းစာပေအပေါ်ထားရှိတဲ့ ရည်ရွယ်ချက် အနှစ်သာရတခုဖြစ်ပါတယ်။
ꨡꨯꨤꨳသိုဝ်ငꨤꨓ် - မွꨀ်ꨲꨁမ်း


**** အရှေ့အောင်အာရှ အတွင်းရှိ သျှမ်းလူမျိုးစုကြီးများ ကိုယ်ပိုင်သျှမ်းစာပေများ...***





သျှမ်းစာပေတိုးတက်ပြန့်ပွားရေးအတွက် သျှမ်းတိုင်းတွင်တာဝန်ရှိသည်...ကျားပေါက်



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  

"۩"