သျှမ်းနီတို့ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်မြို့နယ် ရွာတန်းရှည်အုပ်စု ပဲခွင်= ꨬပး ꨁꨮꨤင် ဆိုတဲ့ သျှမ်းနီရွာငယ်လေးက သမိုင်းဝင် ဖလြားစ၀့်မွန်းဆိုင်(ရှဲန်) စေတီတော်များ
AD.(1557) မြောက်ဘက်တလွှားက တန်ခိုးထွားခဲ့သော မိုးကောင်းအရှင် Sao Peng ၏ သားတော်.. စ၀်ဖှမိန်းကောဝ်.. ဘုရင်နောင်မင်းအား . ပုန်ကန်ခဲ့သောခုနှစ် AD - 1565 နှစ် ( --ရက်--လ) စီစစ်ဆဲဖြစ်သည်။
စ၀့်ဖှမိန်းကောင်ဝ် ခေါ် မိုင်းကောင်းဘုရင်သည် ဘုရင်နောင် မင်းတရားကို စစ်ရှုံးရာမှ မြန်မာဘုရင်တို့၏ သြဇာခံ အဖြစ်သို့ရောက်ခဲ့ရသည်။ ဘုရင်နောင်မင်း လက်ထက်တွင် မိုင်းကောင်းစော်ဘွား ထီးဆယ်စင်း ဆောင်းအဆင့်၊ ကလေးစော်ဘွား ထီးဆယ်စင်းဆောင်းအဆင့်၊ မိုးညှင်းစော်ဘွား ထီးငါးစင်းဆောင်းအဆင့် ၀န်းသိုစော်ဘွား ထီးငါးစင်းဆောင်းအဆင့် အသီးသီးရှိကြသည်။ ( ဥဿရော၊ ၂၀၀၆ မျက် ၄၇) မင်းတရားရွှေထီး မိုးကောင်း၊ မိုးညှင်းသို့ ချီတော်မှုစဉ်က စ၀့်ဖှမိန်းကောဝ် မိုးကောင်း စော်ဘွားသည် တောင် ၄၅ လုံး အရှင်ဖြစ်သည်။ မိုးညှင်းစော်ဘွားက ၃၅ လုံးမိုင်းကို အစိုးရကြောင်း သိရသည်။ (ကုလား၊ ၂၀၀၆ ဒု၊ ၂၃၈)
စစ်ရှုံးသော သျှမ်းနီအပေါင်းတို့က ဘုရာင်နောင်နန်းတော်မှာ နန်တော်မုဒ်ဦး တံခါးပေါက်ကြီး နှစ်ပေါက်ကို ဆောက်လုပ်ပေးရသည်။ ယနေ့တိုင် မိုးကောင်း တံခါးနှင့် မိုးညှင်းတံကားဆိုပြီး သမိုင်းတွင် ကျန်ခဲ့လေသည်။
ဘုရင်နောင်နှင့် စစ်ပွဲမှာ မိုးကောင်းသျှမ်းတပ်ကြီးကို ဦးစီးတာဝန်ယူ ကွပ်ကဲခဲ့ရသူက ပေါလသိုင်းရွာစား အမတ်ချုပ်ကြီးလို့ ဆိုပါတယ်။ ယင်းစစ်ပွဲမှာ ဘုရင့်နောရင်တပ်က အင်အားတာလွန်ပြီးတော့ မိုးကောင်းသျှမ်းဘက်ကတော့ သျှမ်းအားလုံးပူးပေါင်း ပါဝင်မှု မရှိတာရယ် ဘုရင်နောင်မတိုင်မှီ ပြည်၊ ကလေး အင်းဝတို့နဲ့ စစ်ပွဲတွေကြောင့် မိုးကောင်းသျှမ်းဘုရင် ငို့ တပ်တွေက ရေရှည်တောင့် ခံနိုင်ခြင်းမရှိတဲ့အတွက် အရေးနိမ့်သွားခဲ့ပါတယ်။
စစ်ပွဲအခြေအနေ မဟန်တော့မှန်းသိသွားတဲ့ အမတ်ကြီးဟာ သခင်ဖြစ်တဲ့မိုးကောင်းဘုရင် ငို့ကို သိမ်းရှောင်စေခဲ့ပြီး အမတ်ကြီးက နောက်ကနေ ခုခံကာကွယ်ပေးနေရင်း ဘုရင့်နောင်မင်း၏ ဖမ်းဆီးခြင်းလိုက်ရပါတယ်၊။
ဘုရင့်နောင်မင်းဟာ ပေါလသိုင်းအမတ်ကို ဖမ်းမိထားပေမဲ့ သူ့ကိုကြောင်းပြုပြီး သူ့သခင်ဖြစ်တဲ့ မိုးကောင်းအရှင် တိမ်းရှောင်လွတ်မြောက်နေတာကို သိရှိတဲ့အတွက် ဓါးစားခံအဖြစ် ထားရှိပါတယ်။ တိမ်းရှောင်ပုန်းအောင်းနေတဲ့ မိုးကောင်းဘုရင် ငို့ ရှိရာကို လိုက်ပြစေတယ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လမ်းခုလတ်တောတွင်း တစ်နေရာ အရောက်မှာတော့ ပေါလသိုင်းအမတ်ဟာ ထွက်ပြေး လွတ်သွားခဲ့ပါတယ်။
ဒီအချိန်မှာ မိုးကောင်းဘုရင် သိမ်းရှောင်တဲ့ နေရာဖြစ်တဲ့နေရာဟာ မြန်မာပြည်အေနာက်မြောက်ဖျား ချင်းတွင်းမြစ်ရိုး တလျှောက်ဖြစ်တဲ့ ယခု ဖောင်းပြင် ဟုမ္မလင်းဒေသ တ၀ိုက်လို့ဆိုပါတယ်။ ဒါကြောင့် ထွက်ပြေး လွတ်မြောက်လာတဲ့ ပေါလသိုင်းအမတ်ကလည်း သူ့အရှင်သခင်ရှိရာ ဒေသကို တိတ်တဆိတ်ရောက် ရှိလို့လာပါတော့တယ်။
ပေါလသိုင်းအမတ်ကြီးဟာ မိုးကောင်းဘုရင်နှင့်တွေ့ဆုံးပြီး တိုင်းပြည် အခြေအနေတွေ ကို ကြောင်းကျိုးစုံ လျှောက်တင်ပြီး နောက်မှာတော့ ပေါလသိုင်းအမတ်ကြီးဟာ လူ့ဘ၀ကနေ သာသနာဘောင် ရဟန်း ဘ၀ကို ခံယူလိုက်ပါတော့တယ်။ ဘုရင့် ငို့ ကတော့ ဘုရင့်နောင်ကို တိမ်းရှောင်ရင်း လူသူအရာက်ပေါက် နည်းတဲ့ တောတွင်း နေရာမှာပဲ တောရဟော်လေး တည်ဆောက်ပြီး နေထိုင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ အမတ်ချုပ်ကြီးဟာ ရဟန်းဘာဝဖြင့် တောရကျောင်းလေး ဆောက်ပြီး တနေရာပြီး တနေရာ ရွှေ့ပြောင်းလာရင်း ပဲခွင်=ပး ꨁꨮꨤင့် နီးလာတဲ့နေရာကို ရောက်ရှိလာပြီး သတင်းသုံး နေထိုင်ချိန်မှာတော့ သျှမ်းမုဆိုးမ တစ်ဦးက မြင်တွေ့မိရာကနေ အကျိုးအေကြာင်း မေးမြန်းသိရှိသွားကာ ရွာသားတွေ မသိအောင် မုဆိုးမက နေ့စဉ်ဆွမ်းပို့ ကိုးကွယ်ခဲ့ပါတယ်။
သျှမ်းမုဆိုးမကြီးကလည်း အမတ်ချုပ် ဘုန်းကြီးပုန်းခိုနေတဲ့ တောလျှိုကို အခြားသူများ ရောက်ရှိ တွေ့မိမှာ စိုးတဲ့အတွက် အခြားလူများ မသွားရဲအောင် - ဒီလျှိုကြီးမှာ လူဝံသားအမိရှိတယ်၊ မသွားကြနဲ့ ၀ံမကြီး ကုတ်လိမ့်မယ်၊ ငါ့ကိုတောင် ၀ံမကြီးလိုက်လို့ လှံနဲ့ထိုးပြီး မနည်းလွတ်အောင် ထွက်ပြေးခဲ့ရတာ လို့ပြောပြီး ခြောက်လှန့်ခဲ့ပါသတဲ့၊ ဒါကြောင့် ပေါလသိုင်းဘုန်းတော်ကြီး ပုန်းခိုခဲ့တဲ့ အဲဒီလျှိုကြီးကိုတော့ ဝှေ့တိုင်းမီလို့ (၀ံသားအမိလျှို) ရယ်လို့ ယနေ့တိုင် ခေါ်ဆိုနေတာကို တွေရပါတယ်။
မှတ်ချက် (ယခုလည်း ဖောင်းပြင် ဟုမ္မလင်းခရီးကို ဗျူဟာလမ်းမကြီး အတိုင်းသွားပါက ဖောင်းပြင်ဟုမ္မလင်းနယ်ခြား မရောက်ခင်လေးမှာ ဝှေတိုင်းမီ လျိုဖျားကနေစီးလာတဲ့ စမ်းချောင်းကို ဖြတ်ကူးထားတဲ့ ဝှေတိုင်းမီတံတားဆိုတာ တွေ့နိုင်ကြောင်း သင်ပြလိုက်ရပါတယ်)
ဒီလိုနဲ့ ကာလအတန်ကြာလို့ တိုင်းရေး ပြည်ရေး အခြအနေ တည်ငြိမ်အေးချမ်း သွားတဲ့ချိန်ရောက်မှ သျှမ်းမုဆိုးမကြီးဟာ ရွာသားတွေကို အကျိုးအေကြာင်းပြောပြပြီး ဘုန်းတော်ကြီးကို တောထဲနေ ပဲခွဆငို ဆိုတဲ့ သျှမ်းနီရွာလေးကို ကျောင်းထိုင်အဖြစ် ပင့်ဆောင်ကိုးကွယ် ခဲ့ကြပါတော့တယ်။
ရွာသားတွေကေတာ့ ဘုန်းတော်ကြီးကို တောထဲကေန ထူးထူးခြားခြား တွေ့ရှိပြီး ပင့်ဆောင်ခဲ့ရတဲ့ ဘုန်းတော်ကြီးဖြစ်တဲ့အတွက် ပတ္တမြားရတနာလို အမင်တန်မှကိုတန်ဖိုးကြီးတဲ့ ဘုန်းတော်ကြီးလို့ (သို့မဟုတ်) ပေါ်တော်မူ ဘုန်းတော်ကြီးလို့ အမြတ်တနိုး ခေါ်ဆိုလေ့ရှိကြပါတယ်၊ အဲဒါကို သျှမ်းနီလိုတော့ စ၀့်မွန်းဆိုင်(ရှဲန်) လို့ခေါ်ဆိုပါတယ်။ စ၀့်မွန်းဆိုတာတော့ ဘုန်းတော်ကြီး၊ ဆိုင် (ရှဲန်) ရတနာ ပတ္တမြားလို့ အဓိပ္ပါရပါတယ်။
စ၀့်မွန်းဆိုင် ဘုန်းတော်ကြီးဟာ အမတ်ချုပ်ကြီး တစ်ယောက်ဖြစ်ခဲ့ပြီး၊ ထီးရိပ်နန်းရိပ်နဲ့ ရွှေမြို့တော်မှာ ကြီးပြင်းလာခဲ့တဲ့အတွက် မိမိနေခဲ့တဲ့ မိုးကောင်း ရွှေနန်းတော်တွေကို မကြာခဏေအောက့်မေ့ လွမ်းဆွတ်တတ်ပါသတဲ့။ ဒါကြောင့် ရွှေမြို့ေ တ်ာအလွမ်းပြေအေနနဲ့ ကိုယ်တိုင်လည်း ပညာမျိုးစုံတတ်သူ တစ်ယောက်ဖြစ်လေတာ့ စေတီဘုရားပေါင်းများစွာကို ကိုယ်တော်တိုင် တည်းထားခဲ့တယ်လို့ လို့ဆိုပါတယ်။ မိုးကောင်းနေပြည်တော် အလွမ်းပြေစတီများလို့ ပြောလို့လည်းရနိုင်မယ် ထင်ပါသည်။
ဒါပေမဲ့ အဲဒီစေတီတော်တွေကို စ၀့်မွန်းဆိုင်(ရှဲန် ) တည်းထားခဲ့ တဲ့အတွက် ဒေသခံရွာသား တွေကတာ့ စေတီတော်တွေကို တည်ထားခဲ့တဲ့ ဘုန်းတော်ကြီးကို အစွဲပြုပြီးတော့ ဖလြားစ၀့်မွန်းဆိုင် လငို့ လို့ပဲ ဒီနေ့ထိခေါ်နေကြပါသည်။
အခုရောက်နေချိန်မှာတော့ ယင်းစေတီတော်များဟာ ပြိုကျပျက်စီးတဲ့ စေတီက ပျက်စီးနေပါပြီ၊ တချို့စေတီတွေကေတာ့ ပုံမှာမြရင်တဲ့အတိုင်း အကောင်းအတိုင်းမဟုတ်ပေမဲ့ မပြိုကျသေးတဲ့ အချို့ စေတီတော်များကို ပြန်လည် ပြုပြင်ထိမ်းသိမ်း ဖိုနေကြောင်း သိသာနေပါသည်။