koko

koko

Tuesday, August 5, 2014

ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်း


မည်သည့်အရာက ခေါင်းဆောင်တို့၏ အရည်အချင်းကို အဆုံးအဖြတ်ပေးပါသနည်း….

Alexander the Great အဆိုအမိန့်တစ်ခုက ခေါင်းဆောင်များ၏ အရေးပါပုံကို ပြတ်ပြတ်သားသား ဖော်ညွှန်းပေးသည်။

" I am not afraid of an army of lions led by a sheep;I am afraid of an army of sheep led by a lion"
““
ခြင်္သေ့အပေါင်းကို သိုးတစ်ကောင်က ဦးဆောင်လာသော စစ်တပ် ကြီးကို ကျုပ်မကြောက်ပါ။ သို့သော်လည်း သိုးအပေါင်းကို ခြင်္သေ့တစ် ကောင်က ဦးဆောင်လာခဲ့သော စစ်တပ်ကိုမူ စိုးရိမ်မိပါသည်””
တစ်ချိန်က အမေရိကန်တို့လည်း ပြည်တွင်းစစ်အနှစ်(၄၀)ကြာ ဖြစ်ပွားခဲ့ပြီး၊ အသွင်ကူးပြောင်းရေး မှန်ကန်သွားခဲ့သောကြောင့် ယနေ့ အားလုံး၏ရှေ့က အမေရိကန်ဟူ၍ ဖြစ်လာရခြင်း ဖြစ်သည်။မည်သို့ပင် ဒီမိုကရက်၊ ရီပတ်ဘလီကင်ဟူ၍ ကွဲပြားစေကာမူ အားလုံးသည် အမေရိကန်လူမျိုးတို့၏ အကျိုးစီးပွားနှင့်ဆက်စပ်လာခဲ့ပါက နှစ်ဖွဲ့ ခေါင်း ဆောင်များရင်ကြားစေ့၊ ကျောချင်း ကပ်သွားခဲ့သည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်ခု တိုးတက်ရခြင်း၏ အကြောင်းရင်းဟု မြင်သည်။ လွှတ်တော်ထဲ တွင် ထိုပါတီကြီးနှစ်ခု မည်မျှငြင်းခုံနေကြစေကာမူ ပြင်ပ၌လည်ပင်းဖက် နိုင်ကြသူများဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမားများ အတုယူဖွယ်ရာကောင်း သည့် ယဉ်ကျေးမှုဟု ဆိုချင်သည်။
သူများထက် ပို၍မြင်နိုင်ရန် လိုသည် အများထက် သာလွန်သည်ဟု ယူဆ၍ ခေါင်းဆောင်အရာတွင် ထားရှိခြင်းဖြစ်သည်။ သာမန်လူတို့ထက် အရည်အချင်းများစွာ မြင့်မား သင့်၏။ စီမံခန့်ခွဲရေးဆိုင်ရာ ဂုရုတစ်ပါးဖြစ်သူ Warren G.Bennis က "Leadership is the capacity to translate vision into reality" ဟုဆိုထားသည်။

ခေါင်းဆောင်မှုဆိုသည်မှာ အနာဂတ်အမြင် (မျှော်မှန်းချက်) ကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်သော အရည်အချင်းဟု ဆိုလိုပါသည်။ အခြေအနေ၊ အချိန်အခါ အရပ်ရပ်ကို ကောင်းစွာသိရှိပြီး ထိုသိမှုအပေါ် အခြေခံကာ ဖြစ်လာနိုင်သည့်အကျိုးဆက်များကို မြင်အောင်ကြည့်နိုင် ခြင်း၊လက်တွေ့
ဖော်ဆောင်နိုင်ခြင်းလည်း ဖြစ်သည်။ ဤတွင် Vision ဟူသည့် မျှော်မှန်းချက်မှာ စိတ်ကူးယဉ်ခြင်း မဟုတ်သလို၊ ဆန်္ဒအပေါ် အခြေခံခြင်းလည်း မဟုတ်ရချေ။ Art of possibilities ဟူသော ဖြစ်နိုင် ချေများကို ရှာဖွေခြင်း၊ အကောင်အထည်ဖော်ခြင်းသာ ဖြစ်သည်။ လက်တွေ့ကျသော အနာဂတ် အမြင် မျှော်မှန်းချက်သာ ဖြစ်ဖို့ ကောင်းသည်။

- ဆရာကြီး Leory Eimes က ပို၍ အသေးစိတ်မီးမောင်းထိုးပြလိုက်သည်မှာ..

"A leaderis one who sees more than others see,who sees father than others see,and who sees before other see"
““
အခြားသူများ မြင်တွေ့သည်ထက် ပို၍မြင်နိုင်ရခြင်း၊ အခြားသူမျာ မြင်နိုင်သည်ထက် ပို၍ ဝေးကွာစွာ မြင်နိုင်ခြင်း၊ အခြားသူများ မမြင်နိုင်သေးသည်ကို မြင်နိုင်ခြင်းသည် ခေါင်းဆောင်တို့၏ အရည် အချင်းဖြစ်
သည်ဟု ဆိုလိုပါသည်။ မနက်ဖြန် သဘက်လောက်နှင့် တစ် နှစ်၊ နှစ်နှစ်အတွင်း ဘာဖြစ်လာမည်ကို မြင်နိုင်ခြင်းသည် ခေါင်းဆောင် များအတွက် စာဖွဲ့လောက်သည့် မြင်ခြင်းမျိုး မဟုတ်ချေ။ အနည်းဆုံး ဆယ်စုနှစ်တစ်ခု၊ နှစ်ခုလောက်တွင် ဖြစ်လာနိုင်သည်တို့ကို ခေါင်းဆောင် လုပ်သည့်သူ၊ ခေါင်းဆောင်လုပ်မည့် သူတွေ ကြိုတင် မြင်ကြည့်နိုင်ရန် လိုပါလိမ့်မည်။
ခေါင်းဆောင်တို့၏ အရည်အချင်း အဆင့်မတူကြ ခေတ်သစ်တွင် ခေါင်းဆောင်မှု အရည်အချင်းကို တိုင်းတာသော စံနှုန်းများစွာရှိနေသည်။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွား ရေးဘက်မှ CEO များအတွက် စံနှုန်းများမှာ များစွာမြင့်မားလာခဲ့သည်။ သီအိုရီအမျိုးမျိုး၊ သဘောတရားအမျိုးမျိုးရှိသည်။ အများအလွယ် သိစေ နိုင်မည့် ထင်ရှားသော စံနှုန်းနှစ်ခုကို ခေါင်းဆောင် လုပ်ကြမည့်သူများ အသေအချာ သိထားရန်လိုမည်ဟု ယူဆသည်။ Cognitive Resources Theory ဖြစ်သည်။ 

ဘာသာရပ်ဆိုင်ရာထက် လက်တွေ့ကျသော အငွေ့ အသက်က ပိုများသည်ဖြစ်၍ ရေးရခြင်းဖြစ်သည်။ Cognitive ကို "Connected with mental process of understanding" ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ အခြေအနေအရပ်ရပ်ကို မည်မျှနားလည်၍ အဆုံးအ ဖြတ်ပေးနိုင်ပါသလဲဟူသော စိတ်ပိုင်းဆိုင်ရာ စီစစ်လက်ခံနိုင်မှု အရည် အချင်းဟူ၍ အနီးစပ်ဆုံး အဓိပ်္ပာယ်ဖော်နိုင်ပါလိမ့်မည်။ နောက်အဓိပ်္ပာယ် က ပို၍ရှင်းသည်။
" The process by which knowledge and understanding is developed in mind"
ဟူ၍ ဖြစ်၏။
မိမိတို့၏ပညာနှင့်နားလည်မှုမည်မျှဖွံ့ဖြိုးတိုးတက်လာပြီလဲ ဟူသော စီစစ်လက်ခံနိုင်မှု ဖြစ်သည်။ ခေါင်းဆောင်တိုင်း တစ်ဦးနှင့်တစ်ဦး နောက်ခံ၊ အတွေ့အကြုံများ မတူညီနိုင်ကြ။အခြေအနေတစ်ရပ်တည်း အပေါ် နားလည်နိုင်သောခေါင်းဆောင်၏ ခံယူမှုနှင့်အခြေအနေ အရပ်ရပ်အပေါ် နားလည်နိုင်သော ခေါင်းဆောင်တို့၏ သိမြင်မှုအရည် အသွေးများ မတူနိုင်ကြချေ။

အတွေ့အကြုံများ၍ ဉဏ်ရည်နိမ့်ပါး ....
"Great experience-Low experience"
ဟူသော အမျိုးအစားတွင် ပါဝင်သော ခေါင်းဆောင်ဖြစ်သည်။ အချို့အတွေ့အကြုံများကြ၏။ သို့ သော်လည်း အတွေ့အကြုံမှ ထုတ်ယူနိုင်သော သင်ခန်းစာနည်းပါးတတ် ကြသည်။ ဤနေရာတွင် Intelligence ကို ဉာဏ်ရည်ဉာဏ်သွေးဟု သုံးနှုန်းလိုပါသည်။ မည်မျှလေ့လာ သင်ယူပြီး မည်မျှပညာ ဖြစ်စေနိုင်သော အရည်အသွေး ဖြစ်သည်။ 
အသက်အရွယ်သည် အတွေ့အကြုံနှင့် သက် ဆိုင်သည် မှန်သော်လည်း၊ မိမိတို့လုပ်ဆောင်နေရသော အလုပ်က ပို၍ သက်ဆိုင်သည်ဟု ဆိုရပါလိမ့်မည်။ အရွယ်လွန်သော်လည်း လုပ်ငန်း တာဝန်များများ၊ကြီးကြီး မထမ်းဆောင်ခဲ့ရပါလျှင်၊ အရွယ်ငယ်သော်လည်း လုပ်ငန်းကြီးကြီး၊ အခက်အခဲနှင့် စိန်ခေါ်မှု များစွာရှိသော ပြဿသနာ တို့ကို ကောင်းစွာ အဆုံးအဖြတ်ပေး ကိုင်တွယ်ခဲ့ရသည့် လူလတ်တစ်ဦး၏ ပညာမျိုးကိုရရှိနိုင်မည် မဟုတ်ပါချေ။ ဤတွင် အယူအဆတစ်ခုမှာ အရွယ်သည် သာမန်အသိ Conventional Wisdom ကိုသာ ရရှိစေမည် ဟု သတ်မှတ်နိုင်ပြီး၊ အလုပ်နှင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြတ်သန်းခြင်း ကသာ လေးနက်သော ပညာကို ဖြစ်စေပါလိမ့်မည်ဟူသောအယူအဆ ဖြစ်သည်။
-- နောက်ခေါင်းဆောင်တစ်မျိုးက ....
"Higher intelligence-Low experience"
ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်သော်လည်း အတွေ့အကြုံ နည်း ပါးသော ခေါင်းဆောင်မှုမျိုး ဖြစ်သည်။ ပရော်ဖက်ရှင်နယ်တစ်ခု၌ ဆိုင်ရာ အတွေ့အကြုံကို ကောင်းစွာရထားနိုင်ရန် လိုသည်။ စီးပွားရေးသီအိုရီ များကို ထုတ်ဖော်ခဲ့ကြသော ပါမောက်္ခကြီးများ၏ ဉာဏ်ရည်ဉာဏ်သွေး မှာ မြင့်မားတတ်ကြ ပါသော်လည်း၊ အဘယ့်ကြောင့် လက်တွေ့စီးပွားရေး တွင် မအောင်မြင်ကြရပါသနည်း။ လက်တွေ့စီးပွားရေးတွင်အတွေ့အကြုံလိုအပ်နေသေးသော ကြောင့်ဟုသာ ဖြေရပါလိမ့်မည်။အတွေ့အကြုံသည် မေ့ထား၍ရစကောင်းသောအရာ မဟုတ်သည်မှာ ဤဥပမာအရ များစွာရှင်းလင်းပြီး ဖြစ်ပါလိမ့်မည်။

--ခေါင်းဆောင်တစ်မျိုးက အကောင်းဆုံးဖြစ်သည်....
"Great experience-Higher intelligence"
အတွေ့အကြုံကောင်းများလည်းရှိ၊ ဉဏ်ရည်ဉဏ်သွေးကောင်း များလည်းရှိသော ခေါင်းဆောင်မှုမျိုးဖြစ်သည်။ စာရေးသူစိတ်ကြိုက်ဖြင့် ဆိုရလျှင်လီကွမ်ယူလိုလူမျိုး ဖြစ်သည်။ သူတွေ့ခဲ့သော အတွေ့အကြုံ ကိုပညာအဖြစ်
ပြောင်းလဲနိုင်ပြီး၊ ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးလည်း ထက်မြက်သူ ဖြစ်သည်။
ဤနေရာတွင်ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ခြင်းကိုသွက် လက်ချက်ခြာခြင်းနှင့် ရောထွေး၍ မမြင်ရန်လိုသည်။ သွက်လက်ချက် ခြာခြင်းမှာ တုံ့ပြန်မှုမြန်ဆန်ခြင်းသာဖြစ်၍ပညာဖြစ်သောအလုပ်၊မှန်ကန် သောအတွေးများကိုအကောင်အထည်ဖော်နိုင်သူမဟုတ်ချေ။မိမိတပ်ဘက်တွင်တာဝန်ထမ်းဆောင်စဉ်က အကူရဲဘော်တစ်ယောက်ရှိ သည်။ငါးပိဟုဆိုလျှင်ဖုတ်ပြီးသားခင်ဗျဟု ဆိုရလောက်အောင် သွက်လက်ချက်ခြာသူဖြစ်သည်။ သို့သော်လည်း မကြာခဏ ပြဿသနာရှာတတ်သူလည်း ဖြစ်နေပြန်သည်။
အပျိုပေါက်အကူးအပြောင်း မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို စိတ်ကစားတတ်သော အပျို ပေါက်နှင့် တင်စားနိုင်မည်ထင်သည်။ နိုင်ငံရေးခေါင်းဆောင်များ၏ ပုံဖော်ထုဆစ်ရာ ပေါ်လိုက်၍ ပေါ်လာမည့် ပုံဖြစ်သောကြောင့်ပင်၊ ၂၀၁၁- ရှေ့ပိုင်းအခင်းအကျင်းဟောင်းမှ ၂၀၁၁-နောက်ပိုင်း အခင်းအကျင်းသစ် ကို အာဏာရပါတီက ပုံဖော် ထုဆစ်ခဲ့သည်။ 

ယခုအခါ ၂၀၀၈-ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် အနာဂတ် မြန်မာ့နိုင်ငံရေးကို ပုံဖော်ရန် အာဏာရ ပါတီရော၊ အတိုက်အခံ ပါတီ ရောကပါ ကြိုးစားနေကြပါသည်။ထုဆစ်ရန်ဟူသော သဘော တရား၌ အကွဲအပြား မရှိကြ သော်လည်း မည်သည့် ပုံကို ထုဆစ်မည် ဟူသော အပိုင်း၌မူ တစ်ထပ်တည်း မကျကြ သည်ကို တွေ့ရ ပါသည်။ နိုင်ငံရေး ခေါင်းဆောင် များ၏ အရည်အချင်းနှင့် အင်အားက နောက်ဆုံး အဆုံးအဖြတ် ပေးသွားကြ ပါလိမ့်မည်။ ပါတီ တစ်ခုက PR ဟူသော အချိုးကျ ကိုယ်စားလှယ် စနစ်ကို ရွေးကောက်ပွဲ၌ ကျင့်သုံး သင့်ကြောင်း အဆိုကို တင်သွင်းရာတွင် ထောက်ခံသူ များခဲ့သဖြင့်ဆက်လက် ဆွေးနွေးကြမည် ဖြစ်၍ မြန်မာ့အနာဂတ် နိုင်ငံရေးပုံကို ကောင်းဆုံး ထုဆစ်နိုင်ကြလိမ့်မည်ဟု ယူဆရပါသည်။ 

များမကြာသေးမီက လွှတ်တော်ပြင်ပနိုင်ငံရေး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ သည်ကို တွေ့ရသည်။ များစွာ မရေးလိုတော့၊ လွှတ်တော်နိုင်ငံရေးသို့ တဆင့်တက်လှမ်း လာခဲ့ကြပြီဖြစ်၍ နောက်ဆုံး လွှတ်တော်တွင်းမှသာ အဆုံးအဖြတ်ပေးကြပြီး မြန်မာ့နိုင်ငံရေး အနာဂတ်ပုံ ပေါ်လာမည်ဟု ယူဆပါသည်။ယခုပေါ်နေသောပုံသည် ဆက်လက်ခရီးနှင်ရန် ရှိနေသေးသော မြန်မာ့အနာဂတ် (၂၀၁၅-၂၀၂၀) အတွင်း ဖြစ်လာမည့် ပုံကြမ်းသာ ဖြစ်ပါလိမ့်ဦးမည်၊ ပီပြင်သော၊ အနုပညာမြောက်သော၊ အသက်ဝင်လှုပ် ရှားဟန်ရှိသော မြန်မာ့အနာဂတ် နိုင်ငံရေး ပုံကောင်းတစ်ခု ဖြစ်လာရန် များစွာ ကြိုးပမ်းရပါလိမ်ဦးမည်။ 

နိုင်ငံရေးပါတီများကိုဦးဆောင်ကြမည့် နိုင်ငံရေးခေါင်းဆောင်များ၏ အရည်အချင်းပေါ်၌ များစွာ တည်မှီ နေသည်ဟု ဆိုချင်ပါသည်။ 

““ 
လူဆိုးတစ်ထောင်ကဲ့ရဲ့ခြင်းထက် ပညာရှိတစ်ဦး ကဲ့ရဲ့ခြင်းကို လေးထားပါ ”” ဟူသောစကားပုံ ရှိထားသည်။ ခေါင်းဆောင်များသည် "Might" ကို လိုက်မလား၊ "Right" ကို လိုက်မလားဟူသော စိန်ခေါ်မှု များနှင့် ရင်ဆိုင်ရမည်မှာ မလွဲချေ။ အသိကြီးသူ အနည်းငယ်၏ ရွေးချယ် သောလမ်းကို လျှောက်သင့်သလား။ အသိနည်းသူ အများ၏ ရွေးချယ် သောလမ်းကို အလေးပေးမည်လား ဟူသည်မှာ ဒီမိုကရေစီနိုင်ငံသို့ ကူး ပြောင်းကြမည့် နိုင်ငံတိုင်း မလွဲမသွေ တွေ့ရလေ့ရှိသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ 

-- ခေါင်းဆောင်များ၏ အတွေ့အကြုံ၊ ပညာ၊ ဉဏ်ရည်ဉဏ် သွေးက နောက်ဆုံး အကောင်းဆုံး အဆုံးအဖြတ် ပေးသွားနိုင်လိမ့်မည်ဟု ယူဆပါသည်။

စတုတ်္ထမဏ္ဍိုင်၏ ယခင်နှင့်မတူသော အရွေ့အနည်းငယ် ကို စတင်တွေ့လာခဲ့ပါ၏။ ကောင်းသော လက္ခဏာ တစ်ရပ်ဖြစ်ပါသည်။ အမှန်ဆုံး၊ အဖြစ်သင့်ဆုံးသောလမ်းကို ရွေးချယ်ထုဆစ်နိုင်ကြပါစေရန် ဆန္ဒပြုရပါသည်။


နေဇင်လတ်
JOB seekers JOURNAL
Vol.3,No.8

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်