koko

koko

Saturday, October 4, 2014

မှန်ကင်းတောင်က ကျားဟိန်းသံ

ကတ္တီပါဖိနပ်စီး ရွှေထီးလည်းဆောင်းခဲ့ဘူးသည် အပိုင်း (၄)

စ၀်ဖှဝမ်းဆေ.. ၀န်းသိုစော်ဘွား ၀စ်အောင်မြတ်တံဆိပ်ခတ် မှုရင်းလက်ရေးတော်

မြူနှင်းဖွေးဖွေး ဆောင်းအေးအေးမှာ မှန်ကင်းတောင်ခြေနှင်းတွေဝေနေဆဲပေါ့.. မကွဲတကွဲနှင်းထုရဲ့ကြားမှာ ကျောက်ရုပ်ပမာ တုံလှုပ်ခြင်းမရှိ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြတဲ့ ဓါး၊ လှံ၊ ဒူးလေး၊ တူမီး မီးပေါက်လက်များနဲ့ သျှမ်းနီတသိုက် တပ်စွဲထားရာ မှန်ကင်းတောင်ကြော တနေရာမှာပေါ့ ...

အချိန်ရယ်က ၁၂၅၂ ခုနှစ် ၁၈၉၁ ဖေဖေါ်ဝါရီလ.. အာရုံမသောက်မီ နင်းပေါက်တို့ကြားမှာ  လှုပ်ရှားမှုဆိုလို့ မြူနှင်းဖွေးဖွေးတွေကျနေတာကလွဲလို့ သိပ်စိတ်ငြိမ်သက်လျှက်ရှိနေသည်။  သူ့ကျွန်မခံလိုတဲ့ ရှေ့ပြေးတော်လှန်ရေးသမားကြီး စ၀်ဖှဝမ်းဆေ စ၀်အောင်မြတ်ရဲ့.. လက်နက်ကိုင် တိုင်းရင်းသားသျှမ်းနီတပ်ကြီး သတိကြီးစွာစောင့်ဆိုင်းနေကြပေမဲ့ နံနံပိုင်းနင်းကွဲချိန်ထိ ထူးခြားမှုမရှိသေးပေ..

ကော်လင်းမြို့မှနေ၍ ချွန်းတောင်မြို့အုပ်မင်းနှင့် အခွန်ဝန်မင်း ဦးစံတို့ထဲမှ အထောက်တော်ရောက်ရှိလာပြီးနောက်။ ထိုအထောက်တော်များက ချွန်းတောင်းမြို့အုပ်မင်းနှင့် အခွန်ဝန်မင်း ဦးစံတို့ ၀န်သိုစော်ဘွားစ၀်အောင်မြတ်နှင့် မြို့ပြင်တနေရာ၌ တွေ့ဆုံဆွေးနွေးလိုပါသောကြောင်း ပြောကြားလာခြင်းကြောင့် မှန်းကင်းတောင်တွင် သျှမ်းနီတပ်ကြီးခေတ္တအခြေချကာ တပ်စွဲလျှက်ရှိတဲ့ မှန်ကင်းတောင်တို့ ချိန်းဆိုလိုက်လေသည်။

အကြောင်းမှုကာ.. အင်္ဂလိပ်တို့သည် ၁၂၄၈ ခု ၀ါဆို ( ၁၈၈၆ ခု ဇူလှိုင်) လမှ ၁၂၅၂ ခု တပို့တွဲ ( ၁၈၉၁ ခု ဇန်န၀ါရီ) လအထိ ၄ နှစ်ခွဲမျှ စစ်အေးတိုက်ပွဲအသွင် ဆောင်ခဲ့သော် လည်း တခါတရံ ၀န်းသိုစော်ဘွား စ၀်အောင်မြတ်၏ ဖမမည်းတော် မိုးကောင်းမြို့ဝန် စ၀်ရွှေသား၏ နယ်ချဲ့ကျုးကျော်စစ် တားဆီးရေး တပ်ဖွဲ့များနှင့် အင်္ဂလိပ်တပ်ဖွဲ့များ၏ အကြိမ်းကြိမ်တိုက်ပွဲငယ်များ ဖြစ်ပွားလျှက်ရှိသည်။ 
၁၂၅၀ ပြည့် နယုန်လဆန်း ၁၁ ရက် ( ၂၀. ၅ ၁၈၈၈ )နေ့တွင် ဗိုလ်ဘိုးစော ဦးဆောင်ခဲ့သော သမိုင်းဝင် မိုးကောင်းတိုက်ပွဲသည်၎င်း၊  မိုးညှင်းစော်ဘွား ဘွဲ့ခံ စ၀်ဘိုးသိန်းတို့၏ ပုံကန်မှုတို့တွင် စ၀်ရွှေသားအနောက်က ပံ့ပိုးကူညီခဲ့သည်ဟု အင်္ဂလိပ်တို့က ယုံကြည်သည်။ ချောင်းခွမင်းသားဟု ခေါ်သော ထိပ်တင်စောရန်ပိုင်၏ ပုန်ကန်မှုတွင် အားပေးသည်ဟုဆို၍ ၀န်းသိုစော်ဘွား စ၀်အောင်မြတ်၏ ဖမည်းတော် မိုးကောင်းမြို့ဝန် စ၀်ရွှေသားအား ဖမ်းဆီးရန်  အင်္ဂလိပ်အစိုးရတို့က အမိန့်ထုတ်လေတော့သည်။

အင်္ဂလိပ်မင်း စစ်ဗိုလ်တို့သည် နောက်ဆုံးတွင် ၀န်းသိုမြို့ကိုလည်း မတိုက်ခိုက်သေးဘဲ အလွယ်တကူနှင့် ၀န်းသိုစော်ဘွား ၀င်ရောက်လာပါက လက်ခံရန် စကားကမ်းပုံမှာ ကန်းဝန်မင်းကြီးမှ တဆင့်ပင်ဖြစ်သည်။ ကင်းဝန်မင်းကြီးသာ ၀န်းသိုမြို့သို့ သွားရောက်၍ ၀န်းသိုစော်ဘွားကြီး စ၀်အောင်မြတ်နှင့် စော်ဘွားခမည်းတော် မိုးကောင်းမြို့ဝန် စ၀်ရွှေသားတို့အား ဖျောင်းဖျနားချပြောဆိုပါက ဘယ်နည်းနှင့်မဆို အောင်မြင်နိုင်သည်၊  ၀န်းသိုစော်ဘွားကြီးသာ အင်္ဂလိပ် မင်းလက်အောက်သို့ ၀င်လာပါက အခြားနယ်များတွင် တော်လှန်ပန်ကန်နေကြသော စော်ဘွားများနှင့် မင်းသားများလည်း စံနမှုနာထား၍ ၀င်ရောက်လာဖွယ်ရှိသည်ဟု ပြောလေသည်။

ဤတွင် ကန်းဝန်မင်းကြီးက "ကောင်းပြီ..  ဒီလိုဆိုရင် ငါကိုယ်တိုင် သွားရောက် စေ့စပ်ပေးမယ်.. အကယ်၍ ၀န်းသိုစော်ဘွား ၀င်ရောက်လာပါက စော်ဘွားရာထူးကို ဆက်လက်ခံခွင့်ပြုရမယ်.. ၀န်းသိုစော်ဘွား လုပ်ကိုင်လျက်ရှိတဲ့ လုပ်ငန်းများကိုလည်း အနှောင့်အယှက် မပြုရ အာမခံရမည် " ဟုဆိုသဖြင့် အင်္ဂလိပ်မင်း၏ ကိုယ်စားလှယ်တို့က ကောင်းပါပြီဟုဆိုကာ ကင်းဝန်မင်းကြီး၏ ဆန္ဒအတိုင်း ဖြစ်စေရမည်ဟု ၀န်ခံကတိပေးလေသည်။ 
ထို့နောက် ကင်းဝန်မင်းကြီးသည် ရွှေဘိုမှတဆင့် ၀န်းသိုသို့ရောက်လာခဲ့သည်။  သို့သော် ၀န်းသိုစော်ဘွားမှာ ဖမည်းတော် မိုးကောင်းမြို့ဝန် စ၀်ရွှေသားထံသို့ ရောက်လျက်ရှိနေကာ မတွေ့လိုရပေ။ သို့ပါသောကြောင့် ကင်းဝန်မင်းကြီးက "  ၀န်းသိုစော်ဘွား မောင်အောင်မြတ် ငါရောက်မယ်မှန်းသိရက်သားနဲ့ လာမတွေ့ဘူး။ တကယ်ဆိုရင် ငါကရွှေဘိုမြို့မြောက်ဖက် ကျတဲ့ နယ်အကုန်ကို ၀န်းသိုစော်ဘွားအအုပ်ချုပ် နယ်ထဲရောက်အောင် လုပ်ပေးနိုင်တဲ့ အာဏာရှိတာ။ အခုတော့ ငါ့စိတ်ကူးထားတာတွေဟာ အလဟသဖြစ်ကုန်တာဘဲ " ဟုပြောဆိုကာ စ၀်အောင်မြတ်နှင့်မတွေ့ရပဲ မန္တလေးသို့ပြန်လာခဲ့လေသည်။

အင်္ဂလိပ်တို့သည် ဇွဲမလျှော့သေးပဲ ၀န်းသိုဆရာတော် ဦးဂုဏမှတဆင့် စေ့စပ်ပြန်လေသည်။ ဆရာတောက စ၀်အောင်မြတ်၏ ငယ်ဆရာလည်းဖြစ် နယ်သူနယ်သားတို့၏ ရိုသေလေးစားချင်းခံရသော ဆရာတော်လည်းဖြစ်တာကြောင့် ချဉ်းကပ်ခိုင်းရာ ဆရာတော်က မောင်အောင်မြတ်သားအဖ ကုလားစစ်တပ်ကို ခံတိုက်နေလို့နိုင်မှာ မဟုတ်ဘူး… သူတို့မှာလူလည်းများတယ်။ ခဲ့ယမ်းမီးကျောက်လဲပေါတယ် အခုကတည်းက သူတို့နှင့်ပေါင်းလိုက်ရင် အိန္ဒြလဲရတယ်၊ ကိုယ့်ဂုဏ်ထူး ရာထူးအတိုင်းနှင့်လဲနေရမယ် စိတ်ကူးမလွဲနှင့်ဟု မိန့်ကြားခဲ့လေသည်။ ထိုအခါ စ၀်အောင်မြတ်က " မှန်လှပါဘုရား ဆရာတော်မိန့်ကြားတဲ့ စကားများဟာ မှန်ပါတယ် ဒါပေမဲ့ တပြည့်တော်တို့မှာ တပါးကျွန်သာဖြစ်လိုပါတယ် နစ်ပါးကျွန်မဖြစ်လိုတော့ပါ နောက်ဆုံး စည်းစိမ်ပျက်စီး ရသည့်အထိ တပြည့်တော်တို့သည် ကုလာမင်းကို တိုက်ခိုက်ပါမည် ကုလာမင်းပေးမည့် စည်းစိမ်ကိုလည်း မမက်မောပါ.. ကုလားမင်းက မတိုက်ခိုက် ရန်မပြုဘဲနေလျင်နေပါစေ.. တပည့်တော်တို့တော့ အင်အားရှိလာတဲ့တနေ့ မန္တလေးကို တိုက်ခိုက်ယူ ပါမည်ဟု လျှောက်ထားလေသည်။ " ဆရာတော် ဦးဂုဏမှာလည်း စေ့စပ်ပေရန်ကိစ္စ လက်လျှော့ လိုက်လေတော့သည်။

နောက်ဆုံးတော့ အင်္ဂလိပ်မင်းက မန္တလေးနေပြည်တော်မှ ချွန်းတောင်မြို့အုပ်မင်းနှင့် အခွန်ဝန်မင်းဦးစံတို့အား စစ်တပ်တစ်တပ်နှင့်အတူ စေလွှတ်လိုက်လေပြီး ၀န်းသိုစော်ဘွား စ၀်အောင်မြတ်နှင့် ဆွေ့ဆုံလျှင် ပထမ အင်္ဂလိမ်မင်းတို့ လက်အောက်သို့ ၀င်မ၀င်၊ မိုးညှင်းမှ မိုးညှင်းစော်ဘွား ဘွဲ့ခံ စ၀်ဘိုးသိန်းအား ဖမ်းပေးနိုင် မဖမ်းပေးနိုင်စသည့်အချက်များကိုလည်း မှားကြားလိုက်လေသည်။ ထိုအခါ ၀န်းသိုစော်ဘွား စ၀်အောင်မြတ်က.. " ဒီလိုဆိုရင် မြို့အုပ်မင်းနှင့် အခွန်ဝန်မင်းကို ကျုပ်မတွေ့ဆုံစရာအကြောင်းမှရှိ တွေ့ဆုံပါမည် … ကျုပ်က မှန်ကင်းတောင်မှာတွေ့ဆုံလိုတယ်" ဟုဆိုကာ မှန်ကင်းတောင် ၌ စခန်းချက စောင့်နေလေသည်။

မှန်ကင်းတောင်၌ စောင့်ဆိုင်းလျက်ရှိစဉ် တနေ့၌ ၀န်းသိုစော်ဘွား စ၀်အောင်မြတ် နေခင်းဖက်တွင် ခေတ္တအိပ်စက်လျက် ရှိရာမှ သေနတ်သံများ ရုတ်တရက် ပေါ်ထွက်လာသဖြင့် လန့်နိုးလာလေသည်။ ဤတွင် မိမိ၏ သေနတ်တို့ကို ကဗျာကရာဆွဲယူ၍ တပည့်များအား- " ဟေ့ငါက မပစ်ခတ်ရလို့ အမိန့်ပေးထားလျက်ကနဲ့ ဘာလို့ပစ်ကြခတ်ကြရတာလဲ " ဟုဒေါသထွက်ကာ သေနတ်နှင့် နှစ်ချက်သုံးချက်မျှ လှမ်း၍ပစ်ဖေါက်အော်ငေါက်လိုက်ရာ.. နေက်ဆုံးတပည့်များက မိမိတို့သည် စော်ဘွားကြီး အိပ်ပျော်နေခိုက် တောင်အောက်မှ စောင့်ဆိုင်းနေကြရာ အင်္ဂလိပ်စစ်သားများ၊ ကုလားစစ်သားများကို မြင်ရသဖြင့် အင်္ဂလိပ်အစိုးရ၏ ကိုယ်စားလှယ်တို့သည် ပရိယာယ်သုံး၍ စော်ဘွားကြီးအား ညှိနိုင်းတွေ့ဆုံရန်ဟုဆိုပေမဲ့လည်း.. ဖမ်းဆီးရန်လာခြင်းပင်ဖြစ်ရမည်ဟု တထစ်ချယုံကြည်၍ ပစ်ခတ်ကြခြင်းဖြစ်ကြောင်း သံတော်ဦးတင်ရာ.. နောက်ဆုံး၌ စော်ဘွားကြီးသည်လည်း နောက်မဆုတ်တော့ဘဲ အင်္ဂလိပ်စစ်တပ်အား တိုက်ခိုက်လေတော့သည်။




နယ်ချဲ့အင်္ဂလိပ်တော်လှန်ရေး တိုက်ပွဲများတွင် ၀န်းသိုစော်ဘွား စ၀်အောင်မြတ်၏ သွေးသောက် သျှမ်းနီတပ်သားကြီးများ ၀တ်ဆင်ခဲ့သော စစ်အကျီင်္ ရှေ့နောက်

ထိုစစ်ပွဲသည် ၀န်းသိုစော်ဘွာ စစ်အောင်မြတ်၏ သျှမ်းနီတိုင်းရင်းသား တော်လှန်ရေး တပ်ကြီးနှင့် အင်္ဂလိပ်တို့၏ ပထဦးဆုံးသော တိုက်ပွဲပင်ဖြစ်တော့သည်။ အဆိုပါ မန်ကင်းတောင် တိုက်ပွဲတွင် ကျဆုံးသာ အင်္ဂလိပ်စစ်သားများအား  အမှတ်အသားအဖြစ် အင်္ဂလိပ်တို့က ကျွန်းတိုင်ကြီး တတိုင်စိုက်ထူ ထားလျှက်ရှိလေသည်။ အင်္ဂလိပ်စစ်တပ်များမှာ နယ်မြေဒေသ၏ အခြေအနေကို ကောင်းစွာသိသူများ မဟုတ်သလို ၀န်းသိုစော်ဘွားနှင့် တွေ့ဆုံညှိနိုင်းမည်ဟု ဆိုကာ ပရိယာယ်သုံး ထောင်ချောက်ဆင်ဖမ်းမည့် အကြံအစီ ပျက်ပြားသွားသောကြောင့် ဆုတ်ခွာသွားကြလေသည်။

ဆုတ်ခွာသွားသော အင်္ဂလိပ်စစ်တပ်နောက်သို့ ၀န်းသိုစော်ဘွားတပ်များ လိုက်တိုက်လေရာ ကောလင်းဖက်မှ ကော်လင်းမြို့ဝန်၏ အပြုအမှုကို မကျေနပ်ကြသော ဗိုလ်မှူး၊ တပ်မှူးများကလည်း ၀န်းသိုစော်ဘွားကြီးဖက်သို့ ၀င်လာကြပြန်သည်။

ဝန်းသိုစော်ဘွား စ၀်အောင်မြတ်သည် နယ်ချဲ့  အင်္ဂလိပ်တပ်များ ကောလင်းမြို့ကို ချုပ်ကိုင်ထားနိုင်ခြင်း မပြုနိုင်အောင် မှန်ကင်းတောင်ကို အခြပြေု၍ ကျူးကျော်စစကို တားဆီးလေသည်။ ၀စ်အောင်မြတ်ရဲ့  သျှမ်းနီတပ်ပေါင်းစုတွင် ဗန်းမောက်၊ ပင်လယ်ဘူး၊ မြေနီ၊ မန်လောင်နှင့် ၀န်းသိုဟု ဆိုအပ်သာ ၅ ခရိုင်နှင့် ရွှေအရှေ့ကြောင်း၊ ရွှေအလယ်ကြောင်း စသည်တို့မှ သျှမ်းနီ၊ ကတူး၊ ကနန်း ချင်း မြန်မာ စတဲ့တိုင်းရင်းသားများပါဝင်ခဲ့ကြလေသည်။ စ၀်အောင်မြတ်၏ တိုင်းရင်းသား သျှမ်းနီတပ်ကြီးသည် မန်းကင်းတောင်မှ ဆုတ်ခွာသွားသော အင်္ဂလိပ်တပ်နောက်တို့ ထပ်ကြပ်မခွာ တရတွန်းလိုလံတိုက်ခိုက်ခဲ့ရာ နယ်ချဲ့ အင်္ဂလိပ်တပ်များ ကောလင်း အနောက်ကြော တမိုင်ခန့်အကွာ ရွာမရွာတွင် ပြန်လည်ခုခံသည်။ တိုက်ပွဲတွင် အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးနှင့် တပ်သား ၂၀ ကျော်ကဆုံးပြီး စ၀်အောင်မြတ်ဖက်မှ တော်လှန်ရေးတပ်သား ၈ ဦးအသက်ပေးခဲ့သည်။ နယ်ချဲ့တို့ အခြေစိုက်စခန်းအဖြစ် အသုံးမပြုနိုင်စေရန် ရွာမရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ၀န်းသိုသို့ စ၀်အောင်မြတ်၏ တပ်ကြီး ပြန်လည်တပ်ခေါက်ခဲ့လေသည်။




ဤသို့ဖြင့် ၀န်းသိုတပ်များသည် အင်္ဂလိပ်တပ်များအား ပထမအကြိမ်တွေ့ဆုံရာတွင် အနိုင်ယူလိုက်လေသည်။ ထိုအခါမှစ၍ ၀န်းသိုစော်ဘွား စ၀်အောင်မြတ်၏ နာမည်မှာ အင်္ဂလိပ်မင်းကိုယ်စားလှယ်များ အုပ်ချုပ်လျက်ရှိသည့် မန္တလေးမြို့မှသည် အောက်ပြည်ဒေသ ရန်ကုန်မြို့အထိပင် ကျောကြားခဲ့လေသည်။ အင်္ဂလိပ်စစ်တပ်များမှာ ၀န်းသိုမြို့ကို ဒုတိယအကြိမ်တိုက်ရန် လက်ရွံ့နေပြန်ရကား နောက်ထပ်ဝန်းသိုဖက်သို့ စစ်တပ်များမပို့ဘဲ အတန်ကြာနေခဲ့ပြီး နှစ်ဖက်တပ်များ အင်အားဖြည့်တင်းလျှက်ရှိနေကြသည်။..

 ဆက်ရန်.. အပိုင်း (၅) မျှော်


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်