koko

koko

Friday, November 4, 2016

နန်းတော်မြို့ရိုး အောက်က အမှန်တရား

နန်းတော်မြို့ရိုး အောက်က အမှန်တရား
မြန်မာနိုင်ငံတွင် အလွန်တရာ မနှစ်မြို့ဖွယ်ကောင်းသေအလေ့ တစ်ခုရှိပါသည်။ မြို့တော်အသစ်တည် သောအခါ မြို့အဝင်တံခါ တစ်ခုစီ၏ အနီးတွင်လည်းကောင်း ၊ မြို့ရိုးထောင့်တစ်ခုစီ၏ အနီးတွင် လည်းကောင်း ကျွန်းတိုင်ကြီး တစ်တိုင်ကို စိုက်ထူသောအခါ အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦး ကို တိုင်အောက်တွင် ဖိသတ် လိုက်ရပါသည် ဆိုသော ဓလေ့ပင်ဖြစ်သည်။

မြို့ရိုး ၊ မြို့တံခါးတွေမှာ ဖုတ်ပြိတ္တာဖြစ်ပြီး စောင့်ဖို့အတွက် လူ အရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်၊ အပေါ်ကတံခါးတိုင်စိုက် ဆိုတာမျိုးတွေ လုပ်လေ့ရှိတယ် ဆိုတာကို အင်္ဂလိပ်လက်ထက် ကျောက်စာဌာန ၏ ကျောက်စာဝန် ဖြစ်တဲ့ချားလ်ဒူရွိုင်ဆယ်ရေးတဲ့ မန္တလေးနန်းတော် လမ်းညွှန်ကြား စာအုပ်မှာ အတိအလင်း အကျယ်တဝင့် ထည့်ရေးသွားတာ တွေ့ရပါတယ် ။ ၁၉၂၅မှာရေး ဒီစာအုပ်ကိုပဲ ၁၉၆၃ခုနှစ်တွင် ရှေးဟောင်း သုတေသနရုံးမှ၊ အမေရိကန်အဖွဲ့တစ်ဖွဲ့သည် “အာရှဖောင်ဒေးရှင်း” ဆီမှ အထောက် အပံ့ယူ၍ မူလခေါင်းစဉ် “ မန္တလေး နန်းတော် လမ်းညွှန်ကြား ” မှ “လမ်းညွှန်”ကိုဖြုတ်၍ “ မန္တလေးနန်းတော် ”ဆိုတဲ့ အမည်သစ် နှင့်ထပ်မံပုံနှိပ်ကာ မြန်မာပြည်အတွင်း တစ်အုပ်ကို ကိုးကျပ်နှုန်းဖြင့် ရောင်းချခဲ့ပါသည်။ 

စင်စစ် အားဖြင့် မြို့တော်ကို ရန်အပေါင်းမှ ကာကွယ်စိမ့်သောငှာ မြို့တည်ချိန်က ပင်လူကိုသတ်၍ ပူဇော်ခြင်းအမှုသည်ကား မြန်မာတစ်မျိုးတည်းသော ထူးထူးခြားခြား လုပ်လေ့ရှိသည်ဟု မဆိုသာ ပါချေ။ ရှေးအခါများက ဥရောပပါမကျန် ယင်းသို့ ပြုလုပ်တတ်သည် ဆိုရမည်ဖြစ်သည် ။ ဤသို့ ပြုမူခြင်းလည်း ဗုဒ္ဓ - တရားတော်၏ ဆိုဆုံးမခြင်းနှင့် လွန်မင်းစွာ ဆန့်ကျင်နေသည်ဟု တစ်ဖက်၌   ပြောဖွယ် ရှိသော်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီက မူလရှေးရိုး ယုံကြည်ကိုးကွယ်မှု အလေ့ အလာတို့နှင့်ကား ညီညွတ်လျက်ရှိနေပါသည်ဟု အခြားတစ်ဖက်၌ ပြောဆိုနိုင်သည့်ပြင် မိရိုးဖလာ နတ်ကိုးခြင်း အမှုသည် အိန္ဒိယ ဇာတိဖြစ်သော ရှင်တော်မြတ်၏ အဆုံးအမ ကြောင့် လူသတ္တဝါတို့ နူးညံ့ ပျော့ပြောင်းသည် မှန်သော်လည်း မပြတ်စွဲမြဲလျက်ပင် ရှိနေသေးကြောင်းတွေ့ရပါသည်။

နောင်အခါ ခံမြို့တို့သည်သာမက ကြီးကျယ်သောနန်းတော်ကဲ့သို့အဆောက်အအုံပြု တိုင်းအခြေခံ အုတ်မြစ်တွင် လူတစ်ဦး သို့မဟုတ် အများကိုပင် ထည့်သွင်းမြှုပ်နှံလာကြမည် ဖြစ်ပါသည်။ ယင်းသို့မြှုပ်နှံရန် အကောင်းဆုံး နေရာတို့ကား ရန်သူက အန္တရာယ် ပြုမည်ဆိုလျှင် လွယ်ကူမည့် အဝင် - အထွက် တံခါးနေရာနှင့် မြို့ထောင့်နေရာများ ဖြစ်ပါသည်။ ယဇ် ပူဇော်ခြင်းသဘော သက်ဝင်သော အဆိုပါ လူသတ်မှုမျိုးကို ကျူးလွန်ကြသည့် အခါ၌ အထူးစက်ဆုပ်ဖွယ်ရှိသာ အကြောင်းမှာ ကိုယ်ဝန်အရင့်အမာ ရှိသည့် အမျိုးသမီးကို အသုံးပြုရန်များစွာ လိုလားခြင်းပင် ဖြစ်ပါသည်။ ကိုယ်ဝန်ရင့်လေ သဘောကျလေဖြစ်၏ ။ ခဲတစ်လုံး ပစ်ရုံနှင့်ငှက်နှစ်ကောင် ရသည်ဟူသော ပမာစကားကိုတင်စား၍ သုံးရလျှင်ကိုယ်ဝန်ဆောင် တစ်ဦးမျှကို ပူဇော်မှုကြောင့် အများအကျိုးအတွက် ကာကွယ်ရေးဖို့ နတ်စိမ်းနှစ်ပါးရသည် မဟုတ်တုံလောဟု ဆင်ခြင်ရန်ရှိပါသည်။

အဆိုပါ ထိတ်လန့်ဖွယ်ရှိသော ပူဇော်ပွဲမျိုးကို ကြိုတင်စီမံထားလေ့ ရှိကြပါသည် ။ အိန္ဒိယအမျိုးသား သို့မဟုတ် များသောအားဖြင့် မဏိပူရပုဏ္ဏားဖြစ်လေ့ရှိသောနန်းတွင်း အခါပေး ပညာရှိက ဤအမှုကို ဆောင်ရွက်ရန် အကောင်းဆုံးနာရီကို တွက်ချက်၍ ပေးရပါသည်။
မည်သို့သော ပုဂ္ဂိုလ်ကိုရလျှင် အသင့်ဆုံးဖြစ်နည်း ဟူ၍လည်း အညွှန်းပေးရပါသည် ။ သို့သော်အညွှန်းအရ ရှာရန်ခက်ခဲလှသည် မဟုတ်ပါ ။ အဘယ့်ကြောင့်ဆိုသော် လက်လုပ် လက်စား သာမာန် အရပ်သားထဲမှ မည်သူနှင့်မဆို တိုက်ဆိုင်သည့် အချက် အလက်တစ်ခုခုကို ညွှန်း၍ လူရှာခိုင်းခြင်း ဖြစ်ရကား မည်သူနှင့်မဆို တိုက်ဆိုင်လောက်သည့် အချက်အလက် တစ်ခုခုကို ညွှန်း၍ လူရှာခိုင်းခြင်း ဖြစ်ရကား မည်သူမဆို ဖြုန်းကနဲဆွဲငင်၍ သေမင်းနိုင်ငံသို့အပို့ခံရနိုင်ဖွယ်ရှိပါသည်။ 
ဘုရားသမိုင်း နတ်သမိုင်းတို့တွင်ဖတ်ရမြဲတွေ့ရမြဲဖြစ်သော အညွှန်းမှာ မည်သည့်နေ့ မည်သည့်အချိန်မည်သည့်အရပ်မှ မည်သည့်အရာ ကိုင်၍ ရှေ့ရှုသွားနေသူ ယောကျာင်္းသို့မဟုတ် ကိုယ်ဝန်ဆောင် မိန်းမကို ဖမ်း၍စတေးပါဟု ညွှန်ကြားကြောင်းတွေ့ရပါသည် ။

မြို့သစ်တည်ခြင်း နန်းသစ်ဆောက်ခြင်း စသောအမှုတို့၌ မြန်မာတို့သည်ထုံးစံရှိသည့်အတိုင်း လိုက်နာရန် များစွာလိုလားကြောင်း အယခင်နှင့်ယခု မြန်မာနိုင်ငံ အမည်ရှိသော စာအုပ်ကို ရေးသော လက်ဖတင်နင်ဂျင်နရယ်ဖိုက်ခ်ျသည် မြို့တံခါး ဆယ့်နှစ်ရပ်မှာ လူတစ်ဆယ့်နှစ်ယောက်ကို ဖမ်းပြီးကြိုးချည်လျက် ဖိသတ်သည်ဟုအသေအချာ ရေးသားပါတယ်။

သို့သော် အရပ်စကားအများ မှတ်သားမိ သည်ကတော့ မန္တလေးတည်စဉ် အခါကယဇ်ပူဇော်ခံရသူ အရေအတွက်ဟာ ထိုမျှမကများစွာပိုပါတယ် ။ အစုစု ကျား၊မကြီးငယ် ငါးဆယ့်နှစ်ယောက်ရှိသည်။

မြို့တံခါးတစ်ဆယ့်နှစ်ရပ်၌ တံခါးတစ်ပေါက်လျှင် လူသုံးယောက် - နှုန်း = ၃၆ယောက်
မြို့ရိုးလေးထောင့်၌ တစ်ထောင့်လျှင်တစ်ယောက် နှုန်း = ၄ယောက်
နန်းတော်သစ် တပ်ထောင့်လေးထောင့်၌ တစ်ထောင့်တစ်ယောက် နှုန်း = ၄ယောက်။
နန်းတော်အဝင် ပေါက်လေး၌ တစ်ပေါက်တစ်ယောက်နှုန်း = ၄ယောက်
သီဟာသနပလ္လင်အောက်၌ = ၄ယောက်
စုစုပေါင်း ၅၂ယောက် တို့ဖြစ်ပါတယ်။

မြန်မာတိုင်းရင်းသားများ ရေးသားပြုစုတဲ့ ရာဇဝင်ကျမ်း တွေမှာ ဤကြောက်မက်ဖွယ် ကောင်းသည့် ကိစ္စကိုထည့်သွင်းရေးသား ကြမည်မဟုတ်ချေ ။ လူတွေနဲ့အတူ မြို့ထောင့်တွေမှာ ဆီထည့်ထား စဉ့်အိုးကြီးတွေ ကို အထိအခိုက် မရှိရအောင် သတိကြီးစွာထားလျက် မြှပ်နှံကြပါသေးတယ် ။ ဆီကိုမြှပ်ရတဲ့ အကြောင်းကတော့ အစောင့်( နတ်စိမ်း ) သည် မပြတ်အမြဲဆက်လက်စောင့် ရှောက်စေရန် သေချာအောင် စီရင်ခြင်းဖြစ်သည်။ စောင့်ရှောက်လျော့နည်းခြင်း ၊ သို့မဟုတ် လုံးဝစောင့်ရှောက်ခြင်းမပြု ဟုသေ
ချာလျှင် လူသစ်အစားထိုး ရန်လိုပါမည် ။ဆီမခန်းခြောက်သရွေ့စောင့်ရှောက်ခြင်း မပြတ်ဟု ယုံကြည် လက်ခံထားပါသည်။
 အင်္ဂလိပ်လက်ထက် မြန်မာဘုရင့်ဝန်ထမ်းတွေကို “လူစတေး”သလားလို့ မေးတဲ့အခါ ခါးခါးသီးသီးပင် မဟုတ်မှန်ကြောင်း ငြင်းဆိုလေ့ ရှိကြပေမယ့် အရပ်ကတော့ မှတ်မိနေကြပါတယ် ။ ရာဇဝင် စာအုပ်တွေထဲ ပါမြဲပါနေကြပါတယ်။ မနုကျယ်ဓမ္မသတ် မှာတောင်မြီခန်းမှာ "မြို့စတေးခံရမည့်သူကို အကြွေးမတောင်းရ" လို့ ပါဝင်နေခြင်းဟာ အဖြေဖြစ်နေပါတယ် ။ ဒီလိုစတေးတာဟာ ကာကွယ်ရေး သဘော အများကြီးပါလို့ အစဉ်အလာ လုပ်မြဲ ၊ ရှိမြဲ ၊ လုပ်လိုစိတ်ကြောင့်သာ ထုံးစံ - ဓလေ့အတိုင်း လုပ်သည်လို့ သတ်မှတ် လို့ရပါ
တယ်။ ထို့ပြင် မြို့ရိုး ၊ မြို့တံခါး၌ စတေးခြင်းခံရသူတို့က အမှန်တကယ် အရာရောက်အောင် စောင့်ရှောက် နိုင်ပါ လိမ့်မည်ဟု ကိုးစားစိတ် မည်မျှကြီးကျယ်သည် ကိုလည်း တွေ့နိုင် ပါတယ်။ တကယ် တော့ဖြင့် ဤ မန္တလေးနန်းမြို့တော် တည်ဆောက်ပုံမှာ တည်ဆောက် ခဲ့တဲ့အချိန်ကာလအရ အမှန်တကယ် ရှိသင့် ရှိထိုက်သော ကာကွယ်ရေးစံနှုန်း မပြည့်မီ ပါချေ ။ ဓါးလှံ လေးမြားမျှသာ ကိုင်စွဲလာသော ရန်သူကိုသာ ကာကွယ်နိုင်သည့် အနေအထားဖြစ်နေသည်။ အင်္ဂလိပ်တို့နှင့် နှစ်ကြိမ်တိုင်တိုင် စစ်ပွဲကြီးဆင်နွဲ ပြီးပြီဖြစ်သော အင်္ဂလိပ်တို့၏ အမြောက်လက်နက်များ၏ အရသာကို မြည်းစမ်း ကြည့်င်္ပြီးပြီ
ဖြစ်သော မြန်မာတို့၏ နန်းတော်မြို့ရိုးတည်ဆောက်ပုံသည် ရှေးရိုးစွဲဟန်သာများ လျက အင်မတန် ခေတ်နောက်ကျ နေသည်ဟု ဆိုရမည်ဖြစ်ပေသည်။ မည်သို့ဆိုစေ ဤခိုင်မာသော စွတ်စွဲချက်များကို ချေဖျက်လိုပါက မြို့ရိုးထောင့်တိုင်းကို တူးကြည့်၍ စုံစမ်းသင့်ပေသည်။ အမှတ်တကယ် လူသတ်စတေးခြင်း ဟုတ်မဟုတ် မန္တလေးရွှေ နန်းတော်ကြီးကို တူးကြည့် သင့်သလို အမရပူရ၊ အဝ၊ ရွှေဘို နန်းတော်ရာမြို့ရိုးများကိုလည်း တူးဖော်ကြည့်သင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

ကျားပေါက်

ထုတ်နုတ်- နယ်လှဲ့ရာဇဝင် ဒေါက်တာသန်းထွန်း ။



ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်