koko

koko

Thursday, March 15, 2018

မြန်မာ့နန်းတွင်းထဲက ရှမ်းမင်းများနှင့်ရှမ်းမိဖုရားများ

မြန်မာနိုင်ငံတွင် နေထိုင်ကြသော မြေပြန့် မြို့ကြီးသားဆိုသူတွေက တိုင်းရင်းသားဟု ပြောလိုက်လျှင် လန်ကွတ်တီ ဖင်ပြောင်ကြီးနဲ့ ကျားစွယ်၊ ၀က်စွယ်တွေ လယ်မှာဆွဲလို့ ငှက်မွေးကိုခေါင်းမှာထိုး ရုပ်ဆိုးဆိုးကို ပြေးမြင်တတ်ကြပေသည်။ မြေပြန့် ဗမာလူမျိုးတို့ထက်စာလျှင် ဘာမှမသိမတတ် အူလည်လည် တောင်ပေါ်သားတွေဟု ထင်မှတ်ယူထားကြသူ အများဆုံးဖြစ်သည်။ ဆင်စစ်သော်ကာ တောင်ပေါ်သားနှင့် တိုင်းရင်းသားကို သေခြာမကွဲပြားကြသည်ကို တွေ့မြင်ရပေသည် မြန်မာ့သမိုင်းကို လှန်လော်ကြည့်လိုက်လျှင် ဗမာလူမျိုးတို့နှင့် ထီးပြိုင်နန်းပြိုင် နေထိုင်လာခဲ့ကြသော တိုင်းရင်းသား လေးမျိုးရှိသည်ကိုတွေ့ရသည်။

ထိုလေးမျိုးတို့မှာ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း-ရှမ်းနီ တို့ဖြစ်ကြပြီ ကျုံး နန်းမြို့ရိုး ပြသာဒ်တို့ဖြင့် ဗမာတို့နှင့်အတူ ထီးပြိုင်နန်းပြိုင် ယှဉ်ပြိုင်ကာ နေထိုင်လာကြသော လူမျိုးများဖြစ်ကြောင်း သမိုင်းအထောက်အထား ခိုင်လုံသည်။

AD- 1044-1077  မြန်မာသက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅ - ဆက် အနက် ၄၂ ဆက်မြောက် မင်းဖြစ်ပြီး ပထမ မြန်မာနိုင်ငံကို တည်ထောင်သည်ဟု အဆိုရှိသော အနိရုဒ (ခေါ်) အနော်ရထာမင်း (Anawrahta) နန်းတက်လေသည်။ ထို အနော်ရထာမင်းသည် မိမိ တိုင်းပြည်ကြီး၏ အရှေ့ဖက်တွင် ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ခေါ်) တရုတ်ပြည်သို့ ဗုဒ္ဓဘုရားရှင် မြတ်စွယ်တော်ရှိသည်ကို ကြားသိ၍ မြတ်စွယ်တော် ပင့်ယူရန် သွားခဲ့လေသည်။
ထိုခရီးမှ အပြန်တွင် မောဝ်ရှမ်းပြည်ကြီးသို့ ရောက်ရာ မောဝ်ကိုးပြည်ထောင်စုကို အစိုးရသော   မောဝ်ဘုရင် စ၀်လုံဟိုမိန်းနှင့် မဟာမိတ်ဖွဲ့ခဲ့ကြပြီး မောဝ်ပြည်ရှိ ဆည်မြောင်း ကန်သင်းများဖြင့် လယ်ယာစိုက်ပျိုးနေမူ များအားလည်းကောင်း အနော်ရထာသည် နက်သက်အားကျ တော်မှုလျှက်ရှိရာ မောဝ်ဘုရင် ခွန်ဟိုမိန်းထံ လယ်ယာလုပ်ကိုင် ကျွမ်းကျင်ပညာရှင်များကို တောင်းခံလေသည်။

 မောဝ်မင်းကြီး စ၀်လုံခွန်ဟိုမိန်းသည်လည်း နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးစေရန် အလိုငှါး လယ်ယာကန်သင်း လုပ်ငန်းကျွမ်းကျင်သော လယ်တောင်သူ ဦးကြီးများပင်မက အနော်ရထာမင်းအား မိမိသမက် နိုင်ငံတော်အဖြစ် နှစ်သက်လို၍ သမီးတော် လှကညာ မောဝ်မင်းသမီးလေး စောမွန်လှ (Sawmunhla) ကိုပါ လက်ဆက် ထိမ်းမြားပေးလိုက်လေတော့သည်။
ချစ်သမီးတော် မောဝ်မင်းသမီးလေး စောမွန်လှခင်မျာမှာ အခြွေအရံများနှင့်တကွ ဆည်မြောင်းကန်သင်း လယ်ယာလုပ်ကိုင် ဦးများနှင့်အတူ ပုဂံပြည်ကြီး လိုက်ပါသွားခဲ့ရ လေသည်။
ပုဂံရာဇာဝင်အကြောင်း ပြောရလျှင် အနော်ရထာမင်းစော အကြောင်း မပါလို့မရသဆို အနောရ ဘုရင်း လာခဲ့ပါလျှင် စောမွန်လှ ပါလာရစမြဲပင်ဖြစ်သသည်။
ထိုသို့ပါလာခြင်းသည်ကလည်း စောမွန်လှနှင့် အတူပါသွားကြသော ရှမ်းတောင်သူ ဦးကြီးများထဲတွင် နောင်အခါ မြန်မာ့ သမိုင်းတွင် ထင်းရှားလာမည့် ရှမ်းညီနောင် သုံးဦး၏ ဖခင်  ခွန်ဆိုင်ခမ်းဖန်းခေါ် သင်္ခဗိုလ် (Thinkabo)  ကြောင့်ပင်ဖြစ်တော့သည်။

ရှမ်းလူမျိုးတို့၏ ရှေးဆိုရိုး စကားပုံအရ..“ ဖိုင်မီးခေါင်ပင်စောဝ် ဖိုင်မီးခေါင်ပင်ခွန်” ဟု အဆိုရှိသည်။.. မြန်မာလိုပြန်ရသော  ဖိုင်မီးခေါက်ပင်စောဝ် မည်သူက ဥစ္စာပစ္စည်းပေါကြွယ်ဝလျှင် သူဌေးဖြစ်ပြီး၊ ဖိုင်မီးခေါက်ပင်ခွန် မည်သူက ဆန်ရေစပါးပေါကြွယ်လျှင် အရှင်သခင်သာဖြစ်ဟုဆိုလိုခြင်းဖြစ်သည်။ ထို့နောက် ကျောက်ဆည်နယ်တွင် အခြေချနေထိုင်ကြသော စော်မွန်လှနှင့် နောက်လိုက်ပါ ရှမ်းတို့သည် လယ်ယာကန်သင်း အတတ်ကို ကျွမ်းကျင်သောကြောင့် ပေါက်ကန်နန်းတော်ကို ဆန်ရေ စပါးအများဆုံး ပံ့ပိုးသော သူများဖြစ်လာခဲ့ရာ ဤရှမ်းမိသားစုကို ပေါက်ကန်ရှင်ဘုရင် (တလုတ်ပြေးမင်း) ကဘွဲ့သစ်များဖြင့် ချီးမြှင့်မြှောက် စားလေတော့သည်။

 အဖေ ခွန်ဆိုင်ခမ်းဖန်း = သင်္ခဗိုလ် (Thinkabo)
သား ခွန်အိုက်ဆိုင်ခိုင်= အသင်္ခယာ (Athinhkaya) မြင်စိုင်းစား
သား ခွန်ယီဆိုင်ကမ် = ရာဇသင်္ကြန်(Yazathingyan) မက္ခရာစား
သား ခွန်ဆမ်ဆိုင်ဆိုင် = သီဟသူ (Thihathu)  မြစ်သာစား

AD- 1287  ခုနှစ် နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် မွန်ဂိုတို့၏ရန်စစ်ကြောင့် ပုဂံမှာပျက်စီးခြင်းတို့ ရောက်ရသည်။  မွန်ဂိုတို့တိုက်ခိုက်ဖျက်ဆီး၍ အပြန်တွင် ကျော်စွားအား ပုဂံမင်းအဖြစ်နန်းတင်ခဲ့ကြသည်။ ထိအချိန်တွင် အမှန်တကယ် အင်အားကြီးနေခဲ့ကြသူများမှာ ကျောက်ဆည်နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် အသင်္ခယာ၊ ရာဇသင်္ကြန် နှင့် သီဟသူတို့ ရှမ်းညီနောင်သုံးဦးပင်ဖြစ်သည်။

AD- 167- 1287 ခုနှစ် ပုဂံပျက်သုဉ်းပြီးနောက် ရှမ်းညီနောင် တို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ဧရာဝတီမြစ် အရှေ့ပိုင်း ရှိတွင် ပင်းယမြို့တော်ကို တည်သည်။ ဧရာဝတီမြစ် အနောက်ပိုင်း ကို လွှမ်းမိုးသော စစ်ကိုင်းနှင့်လည်း ခေတ်ပြိုင်နိုင်ငံပြိုင်ဖြစ်သည်။ ထိုခေတ်ကို မြင်စိုင်းခေတ် ဟုလည်းခေါ်သည်။ ရှမ်းညီနောင်သုံးဦး တို့သည် မက္ခရာ၊ မြင်စိုင်းနှင့်ပင်လယ်တို့တွင် အသီးသီး မင်းလုပ် အုပ်ချုပ်ခဲ့ကြသည်။
အငယ်ဆုံးဖြစ်သည့် ပင်လယ်မင်း သီဟသူက နောင်တော်များကို လုပ်ကြံကာ AD- 1313 ခုနှစ်တွင် ပင်းယနန်းတည်၍ မင်းပြု အုပ်ချုပ်သည်။ အဆင်ဖြူအသေ တစ်စီးမျောလာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့ခံသဖြင့် သမိုင်းတွင် “တစ်စီးရှင်သီဟသူ” အဖြစ်၎င်း၊ ပင်းယမြို့တည်သီဟသူ အဖြစ်လည်းကောင်း ကျော်ကြားသည်။

AD-1229 - 1310 ခုနှစ်တွင် တစ်စီးရှင်သီဟသူ၏ သားတော် သင်္ခယာစောယွန်း မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ်တွင် စစ်ကိုင်းကိုတည်သည်။
 AD1364- 1367 ခုနှစ် သတိုးမင်းဖျား အင်းဝကိုတည်ခဲ့သည်။ မူလအစ အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ သုံးကြိမ်တိုင်တိုင်တည်သောလလည်း မြစ်ရေ တက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။ ထို့ကြောင့် ပင်းယသို့ ပြောင်းရွေ့နန်းတည်ခဲ့ခြင်းဖြစ်သည်။ သတိုင်းမင်းဖျား အင်းဝမြို့တည်စဉ်က ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့သည်။ အင်းများရှိရာ အရပ်ဖြစ်သောကြောင့်  မြစ်နှစ်ကြောင်း ဆုံရာ ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် (ဒုဌ၀တီမြစ်) တို့ဆုံရာအရပ် မြစ်ဝတွင်ရှိ၍ ရှမ်းတို့က မိန်းအာဝ (အ၀) ဟုခေါ်ဆိုခဲ့ကြသည်။ အင်းဝ၊ အင်းန၀၊ ရွှေဝ အ၀နှင့် ရတနာပူရတို့ဟု ခေါ်ဆိုကြသည်။ ထိုခေတ်ကို ပထမ ရှမ်းခေတ်ဟုလည်း ခေါ်ဆိုမှတ်တမ်းတင်ခဲ့သည်။

AD- 1527- 1543 မိုးညှင်းစလုံ ခေါ် မိုးညှစ်းစော်ဘွားစ၀်လုံ နှင့်သား သိုဟန်ဘွား ခေါ် စ၀်ဆေဟန်ဖှ တို့ အင်းဝရွှေနန်းကျော့ရှင် နရပတိမင်းနှင့်စစ်ခင်းကာ နရပတိ ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ အင်းဝကို သိမ်းပိုက်၍ အင်းဝတွင် သိုဟန်ဘွားမင်းအဖြစ်အုပ်ချုပ်သည်။ ရှမ်းခေတ်ဟု ခေါ်ဆိုရေးမှတ်ခဲ့ကြသည်။ ရှမ်းမင်း သိုဟန်ဘွားအား မင်းကြီးရန်နောင်က လုပ်ကြံခဲ့သည်။
AD- 1543 ခုနှစ်တွင် သိန္ဒီစော်ဘွား အုန်းဘောင်ခုမှိုင်းကို မင်းကြီးရန်နောင်က မင်းအဖြစ် တင်မြောက်လေသည်။
AD- 1545- 1551 ခုနှစ် မိုးဗြဲနရပတိသည် ဘုန်းဘောင်ခုံမှိုင်း၏ သားတော်ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၀၇) အေဒီ ၁၅၄၅ ခုတွင် မိုးဗြဲမင်း နရပတိဟူသောအမည်ဖြင့် အင်းဝရွှေနန်းကို တက်တော်မူသည်။ ထိုခေတ်ကို ဒုတိယရှမ်းခေတ်ဟု ပြောဆိုရေးမှတ်ခဲ့ကြသည်။

မြင်စိုင်း ပင်းယ စစ်ကိုင်း အင်းဝ တို့ကို တည်ထောင်ခဲ့သောသူများသည် ရှမ်းမင်းများဖြစ်ပြီ မြို့တော် များမှာလည်း ရှမ်းအမည်ရှမ်းအခေါ်များသာဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါဒေသများတို့ ဗမာများ ၀င်ရောက် နေထိုင်လာကြသလို ရှမ်းကြာ ဗမာဖြစ်ဆိုသလို ရှမ်းလူမျိုးများ ပျောက်ဆုံးက ဗမာ ဖြစ်သွားကြလေတော့သည်။

 “ ကုန်းဘောင်ခေတ်”

ကုန်းဘောင်မင်းဆက် ၁၁ ဆက်.. အတိုကောက်အားဖြင့် လောင်း၊ နောင်၊ ဆင်၊ စဥ့်၊ မောင်၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်းသီ။
AD- 1853- 1878  ခုနှစ် မင်းတုန်းမင်းကြီး၏ မိဖုရား (၄၅) ပါးစားရင်းတွင် လဲချားမိဖုရား၊ လောင်းရှည်မိဖုရား၊ မိုးနဲမိဖုရားစသော သူများသည် ရှမ်းမင်းသမီးများဖြစ်ကြပြီး ရှမ်းစော်ဘွားကြီးများ၏ သမီးတော်များ တူမတော်များသာပင် ဖြစ်ပေသည်။

AD- 1878 - 1885  သီပေါမင်း၏ မိခင်မှာ (သီရိမဟာမင်္ဂလာသုပဘာဒေ၀ီဘွဲ့ခံ) လောင်းရှည်မြို့စား မိဖုရားဖြစ်သည်။ လောင်းရှည်မိဖုရား၏ ဖခင် ဦးမှေးမှာ ဗဒုံမင်း၏ သားတော် (အိမ်ရှေ့မင်းသား) ဦးပေါ် + မိဖုရား နန်းမွေးခန်း တို့မှ မွေးဖွားမြင်ခဲ့သည်။ ဦးမှေးသည် စစ်ကိုင်းမင်းလက်ထက်တွင် သတိုးမင်းရဲ ကျော်စွာဘွဲ့ဖြင့် ရမ္မာဝတီမြို့စားဖြစ်ခဲ့ပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် သီပေါမြို့စား ဖြစ်လာ ခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးအဖြစ် အမှုထမ်းရသည်။
လောင်းရှည်မိဖုရား၏ မိခင် မယ်အိ မှာ ဟံသာဝတီဆင်ကြားရှင်၏ အဆက်အနွယ်ဖြစ်သည်။ မြေဒူးမင်း ဇင်းမယ် (ယခုချင်းမိုင်) ကို တိုက်ခိုက်အောင်မြင်သည့်အခါ ဇင်းမယ်သို့ ရောက်ရှိနေသော ဆင်ကြားရှင် သည် နေပြည်တော်သို့ ပြန်လည်လိုက်ပါလာခဲ့သည်။ ဆင်ကြားရှင် ၏သမီး ရှင်အောင်လံ သည် စစ်သူကြီး ဒလပန်း၏ညီ ပုတ္တကျော်နှင့် စုံဖက်ရာမှ ရှင်ပုဇွန် ကိုမွေးဖွားသည်။ ရှင်ပုဇွန်သည် ညောင်ရမ်းမြို့စား စကြာဝန်ကြီး ဦးမြတ်ရာနှင့် လက်ဆက်ရာမှ လောင်းရှည်မိဖုရား၏ မိခင် မယ်အိကို မွေးဖွားသည်။ လောင်းရှည်မိဖုရားကို ဦးမှေး+မယ်အိ တို့မှ ၁၈၁၅ ခုနှစ်တွင် မွေးဖွားပြီး ၁၈၈၁ ခု၊ ဇွန်လတွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ မွေးချင်းများမှာ ခေါင်းတုံးမြို့စား ဦးဖိုးကြီးနှင့် မင်းဂါမဏိ တို့ဖြစ်ကြသည်။

ရှမ်းသွေးပါသော မြန်ပြည်ကြီး၏ နောက်ဆုံးမင်းဆက် သီပေါမင်း

သီပေါမင်း၏မွေးချင်းမောင်နှမများ

(၁) (သုသီရိပဘာဝတီဘွဲ့ခံ) ချွန်းတောင်းမင်းသမီး အချို့ဖော်ပြချက် တို့တွင် ချွန်းတောင်းမင်းသမီး မပါဝင်ပဲ သီပေါမင်း၏မွေးချင်းကို ၃-ဦးသာ ရေတွက်ပြသည်။
(၂) (သုသီရိရတနာဒေ၀ီဘွဲ့ခံ) မိုင်းခိုင်းမင်းသမီး (ပခန်းကြီးစုဖုရား) – ၁၉၅၇ ခုတွင် မွေးဖွားသည်။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်တို့ ခန့်အပ်သော သီပေါစော်ဘွား စောခွန်ဆိုင်နှင့် စုံဖက်ခဲ့သည်။ မန္တလေးမြို့၊ ဆိုင်းတန်းရပ်တွင် နေထိုင်ခဲ့ပြီး ၇-၃-၁၉၁၁ နေ့တွင် ကွယ်လွန်သည်။ -သာသမီး မထွန်းကားဟု ဆိုသည်။
(၃) (သီရိမဟာဓမ္မရာဇာဘွဲ့ခံ) သီပေါမင်းသား – ၁-၁-၁၈၅၉ နေ့တွင် မွေးဖွားပြီး အမည်ရင်းမှာ ဦးမျိုးဆက် ဖြစ်သည်။ စာပေထူးချွန်၍ အနေအထိုင် အေးဆေးတည်ငြိမ်သည်။ အသက်(၁၆)နှစ်အရွယ်တွင် ရှင်သာမဏေ ၀တ်ခဲ့ပြီး ပထမကျော်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၂-၁၀-၁၈၇၈ နေ့တွင် ရတနာပုံထီးနန်းအား ဆက်ခံခဲ့ပြီး နန်းစံသက် (၇)နှစ်ခန့်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အပြီးတိုင်သိမ်းယူခဲ့သဖြင့် ၃၀-၁၁-၁၈၈၅ နေ့တွင် ထီးနန်းမှ ဆင်းခဲ့ရသည်။

အင်္ဂလိပ်တို့သည် သီပေါမင်းနှင့် မိသားစုအား အိန္ဒိယနိုင်ငံသို့ ခေါ်ဆောင်ခဲ့ရာ ၁၅-၁၂-၁၈၈၅ နေ့တွင် မဒရပ်မြို့သို့ ရောက်ရှိခဲ့သည်။ မဒရပ်စံအိမ်တော်၌ (၁၅)နှစ်ခန့် နေထိုင်ခဲ့ပြီး ၁၃-၁၁-၁၉၁၀ နေ့တွင် ရတနာဂီရိသို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၂-၁၂-၁၉၁၆ နေ့တွင် ရတနာဂီရိစံအိမ်၌ နတ်ရွာစံခဲ့သည်။

အထက်ပါ သမိုင်းအထောက်အထားများသည် ရှမ်း/ ရှမ်းနီလူမျိုးများ မြန်မာ့ထီးနန်းကို စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့ကြသော သမိုင်းဖြစ်ရပ်မှန်များအား ရှမ်းလူငယ်တို့နှင့် တိုင်းရင်းသားညီနောင်များသိစေရန် တင်ပြလိုက်ရပါသည်။


ကျးပေါင်းစုစည်းတင်ပြသည်။




ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်