koko

koko

Sunday, March 18, 2018

သမိုင်းထဲက မိုးကောင်းစစ်တမ်း

သမိုင်းဟူသည် သက္ကဋ္ဋ(ပါဠိ) ဘာသာအရ က္ကတဟာသဟူ၍ ဆို၏။ မြန်မာလဘာသာ အဆိုအရ သိသမျှသတိရသော အကြောင်းအရာများကို အစဉ်အဆက်မှတ်သားရ လွယ်ကူစေရန် မှတ်တမ်းတစ်ရပ် ရေးမှတ် တည်ရစ်သည်ဟူ၍ အဓိပ္ပယ်ရ၏။ အကြောင်းခြင်းရာတစ်ခုခုကို (ကျောက်စာ၊ ပေစာ၊ စက္ကူစာစသည့် အမှတ်အသား တစ်ခုဖြင့် စာကမည်းရေးထိုး) မှတ်သားအပ်သည်ကို သမိုင်းဟူ၍ ဆိုလိုခြင်းဖြစ်သည်။

ခေတ်သစ်မှာ မိုးကောင်းစစ်တမ်းလို့ ခေါ်လို့ရတဲ့ မိုးကောင်းမြို့သည် တစ်မိုင်းတစ်ဆောင်ဟာ ရှမ်းနီလူမျိုးတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သမိုင်းတစ်ဆောင်ပဲဖြစ်ပါတော့သည်။

AD- 1792 ခုနှစ် ကုန်းဘောင်ခေတ်ဦး ဗုဒုံမင်းနန်းတက်စအချိန်ထိ မိုးကောင်းမြို့တွင် စော်ဘွားအုပ်ချုပ်ရေး ရှိနေသေးကြောင်း မိုးကောင်းစော်ဘွား မြို့သစ်ဟော်သစ် ဆောက်လုပ်ခဲ့သည့် ရှမ်း မှတ်တမ်း ပုရပိုဒ်တစ်စောင်က မိုးကောင်းစစ်တမ်းရယ်လို့ နောင်းတခေတ် ရှမ်းနီတွေအတွက် သမိုင်းသက်သေပြနိုင်ခဲ့သည်။

သက္ကရာဇ် ၁၁၅၄ ခု ၀ါဆိုလဆန်း (၂ )ရက် ဗုဒ္ဓဟူးနေ့ နေတက်ရှစ်ဘ၀ါး အခါမှ ပုဏ္ဏဖုသျှနက္ခတ် ကြဋ်လဂ်၊ပြိဿစန်းမြတ် သို့ရောက်လျှင် မိုးကောင်းမြို့တွင် အရှင်စော်ဘွားကြီး စောဝ်ဆေဆိုင်ခက်ဖှ၊ စောငန်းမိုင်းလုံ၊ နံတော်မှာစနေသား သက်တော် (၄၇)နှစ်၊ သခင်မ မိဖုရားကြီး နံတော်မှာ ကြာသပတေးသမီး အသက်တော်မှာ (၃၇)နှစ် ဘွဲ့တော်မှာ နန်းရွက်တွန်ဆိုင်းမိုင်း ဤသို့သော အမည်တော်ခံ၍ မြို့တော်အမည်ကား ခဲခက်အမော် စည်ဆိုင်ဆာတောင်ခန်း ဟူ၍ အမည်ရှိသော ဘွဲ့တော်ကို သိမ်းအုပ်တော်မူသည်တွင် ဘွဲ့အမည် အရည်တို့ကို ခန့်တော်မူသည်မှာ အမတ်ကြီး (၄) ပါး အမတ်ထောက် (၄)ပါး အတွင်းဝန် (၄)ပါး မြို့စာရေး (၄)ယောက်တို့ဖြစ်သည။

- အမှတ်ကြီးလေးပါး ဘွဲ့အမည်
(၁) သိန်လွန်လှန်း
(၂) သိန်လှန်ပေါမိုင်း
(၃) သိန်ငါးမိုင်း
(၄) သိန်းမိုင်းဆိုင်

- အတွင်းဝန်လေးပါး ဘွ့အမည်
(၁) သိန်ကဟန်
(၂) သိန်ခွန်မိုင်း
(၃) သိန်ခွန်နော်
(၄) သိန်ခန်နော်

- ထမုန်ပေါမိုင်း အမည်
(၁) ကန်မိုင်း
(၂) ထင်မိုင်း
(၃) ရွက်မိုင်း

- မြို့စာရေး အမည်
(၁) ဟိုမိုင်းဆိုင်
(၂) ဟိုဖိုင်းကယ်
(၃) ဟိုမိုင်းမာ ၎င်းသုံးယောက်မှာ အတွင်းအပြင် ရေးရသည်။

စာရေးအကြီးဆုံး အမည်မှာ ဟိန်မိုင်းဆိုင်ဘွဲ့ ခန့်တော်မူ၍ မိုးကောင်းမြို့နယ် လေးရပ်၊ ရှစ်ရပ် သတ်မှသည့်အတွင်း နေထိုင်ကြသည့် အစည်ကျေးရွာတို့ကို စီရင်စေသည်။

၎င်းဘွဲ့မှတ်တော်မူသည် ဆင်တော်ဆင်ပေါက် အမည်ပေးတော်မူသည်ကား ခင်မိုင်ကွန်ဆင်တော်၊ ဆင်မ- မိုင်ဆိုင်ကော်ကဲ ဟူ၍ ဘွဲ့မှတ်တော်မူသည်။
မိုးကောင်းမြို့ အရှင်သခင် စော်ဘွားကြီး စောဆိုင်ဘွလုံငန်းမိုင်း( စောဝ်ဆိုင်ဖှလုံငန်းမိုင်း) မိုင်းလုံသခင်မဘွဲ့အမည်ကား- နန်းရွက်တွန်စွံ့ဆိုင်မိုင်း တို့နှင့် သားတော် သမီးတော် လေးပါးရှိသည်အနက် သားတော်တစ်ပါးမှာ နံတော်စနေသားသည်။

ခြေရင်းတော်မှာနေစေ အသနားတော်မြတ်ခံရသည်။ ကျောက်ရစစ်ရွာကို စားရသည် သမီးတော် ၃ ပါးမှာ ၂ ပါး အပါးတော်မှာ ခစားလျှက်နေသည်။ ၎င်း အကြီးတစ်ပါးမှာ သီရိသူဇာ မဟေသီ ဘွဲ့တော်ပေး၍ သာယာဝတီမြို့ကို စားစေသည်။ အလပ်တပါးမှာ မြတ်စောဒေ၀ီ ဘွဲ့ပေး၍ ရွှေရေးဆောင်မှာ အကြည်သံရွာကို စားစေသည်။ ၎င်းအိမ်ခွန် မြို့တော်ပတ်လည်း ဧရာဝတီ ကောက်ကောက်စင်းစင်း အညာကောင်းတုံထိ၊ အောက်သို့ ရေနံချောင်းထိ အသနားတော်မြတ်ခံရသည်။

သမီးတော်အငယ်မှာ နှင်းစမ္ဗာယ် ငယ်ရွယ်သူဖြစ်၍ မိဘထံသို့ ပြန်နေစေသည်။ ၎င်း သမီးတော်တွင် မြတ်နိုးတော်မူပေသည်။ သမီးတော်နှစ်ပါးမှ အရှင်သခင်စော်ဘွားကြီး စောဝ်ဆေဆိုင်ခက်ဖှ တို့စုံစမ်း မိုင်းလုံသခင်မ ဘုရားကြီး နန်းရွက်ဖွတွန်စွန်ဆိုင်းမိုင်းဘွဲ့ သနားတော်မြတ်ခံ၍ မိုင်းမော်စည်တိုင် ဆာတောင်ခန့် ဟူ၍ အမည်ရှိသောမြို့ကို အုပ်စိုးသည့်နေ့က မိုးကောင်းစီရင်စု ကျေးလက်အစုစု ၎င်းသက္ကရာဇ် ၁၁၅၇ ခု အမရပူရ နေပြည်တော် ဥမင်းတြားကြီးမှ သနားတော်မူသည်။

လည်းကောင်းဘုရားကြီးအမိန့်တော်နှင့် သိမ်းယူသည့် ကျေးရွာခရိုင်တို့ကို ရှေးထုံးစံရှိသည့်အတိုင်း ကျေးရွာဟောင်းသစ် အသီးသီး ရွေးသစ်ခံ၍ စာရင်းတော်ဆက်သွင်းပြီးလျှင် အုပ်စိုးတော်မူသည်။ဘုရင်နောင် လက်ထက်တွင် မိုးကောင်းစော်ဘွား ထီးဆယ်စင်းဆောင်းအဆင့်
ကလေးစော်ဘွားသည် ထီးကိုးစင်းဆောင်းအဆင့် မိုးညှင်းစော်ဘွားသည် ထီးငါးစင်းဆောင်းအဆင့်၊ ၀န်သိုစော်ဘွားသည် ထီးငါးစင်းဆောင်းအဆင့် အသီးသီးရှိကြသည်။ ( ဥဿရော၊ ၂၀၀၆၊ မျက် ၄၇)

ဘုရင့်နောင်အား စစ်ရူံးသောအခါ ရှမ်းနီမင်းတို့ မိုးကောင်းက တစ်နှစ်သုံးကြိမ် ပယင်းခဲများကို လက်ဆောင်တော် ဆက်သရသည်။ ကလေး၊ မိုးညှင်း၊ သီပေါတို့ကလည်း ထို့အတူ ကတိုး အောင်သား တရုတ်ပုဆိုး စသည်တို့ကို တစ်နှစ်သုံးကြိမ် လက်ဆောင်တော် ဆက်သကြရသည်။ မင်းတရားကြီးချီရာသို့လည်း သောင်းတပ်တစ်တပ်ဖြင့် လိုက်ပါအမူထမ်းရသည်။
မင်းတရား မိုးကောင်း၊ မိုးညှင်းတို့ချီတော်မူစဉ် မိုးကောင်းစော်ဘွားသည် တောင် ၄၅ လုံး အရှင်ဖြစ်သည်။ မိုးညှင်းစော်ဘွားက ၃၅ လုံးမိုင်းကိုအစိုးရကြောင်းသိရသဖြင့် မိုးကောင်းက သာလွန်ကြီးကဲသော စော်ဘွားဖြစ်ကြောင်းသိရသည်။ ( ကုလား၊ ၂၀၀၆၊ ဒု၊ ၂၃စ)

ညောင်းရမ်းခေတ်တွင် မိုးကောင်းစော်ဘွားကို ၉၅ လုံး မိုင်းရှင်စော်ဘွားအဖြစ်တွေ့ရှိရသည် ဆိုချင်သည်က မိုးကောင်းစော်ဘွား အုပ်ချုပ်မူအောက်တွင် တောင် ၉၅ လုံးပါဝင်သည်ဟူ၍ ဖြစ်ပါသည်။ (ကုလား၊ ၂၀၀၆၊ တ၊ မျက် ၁၂၂-၂၃)

မိုးကောင်း၊ မိုးညှင်း ၊ မိုးမိတ်တို့သည် ရှမ်းမင်းသား ညီနောင်သုံးဦးတို့မှ တည်ထောင်ခဲ့သော လက်နက်မြပုဂံခေတ်ပြိုင်ခဲ့သော ရှမ်
 

ချစ်သောစာဖတ်ပရိတ်သတ်ကြီးအား အဆင်လေးစားလျှင် - ကျးပေါက်

ထုတ်နုတ်- နန့်ကောင်းမြစ်လွင်ပြင်
-                   - Dr-သန်းထွန်း ခေတ်ဟောင်းမြန်မာ့ရာဇာဝင်
               တို့မှ စုစည်းတင်ပြသည်။




ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်